· *↶✺ ﷽✺↷*
【ဒေါသမြို ခြင်းကြောင့် ဆုလဒ်"၄ရပ်】
┄┅═══════❁❁═══════┅┄
အလ္လာမဟ် အာလူစီ "ရဟ်"သခင်က
မိမိရဲ့ကျမ်းမှာ ဒေါသနဲ့ပတ်သက်ပြီး
ဟဒီးစ် လေးပုဒ်ကို သဖ်စီရ်ဖွင့်ဆိုတယ်။
ပထမ ဆုလဒ်-
တစ်ဦးတစ်ယောက်က ဒေါသထွက်နေတယ်။
တစ်ဖက်လူကို လက်စားလည်းချေနိုင်တယ်။
ဒါပေမဲ့ သူ့ဒေါသကိုမြို ချပစ်လိုက်တယ်။
အဲ့လိုလူကို…မိန့်ကြားတယ်။
من كظم غيظا وهو يقدر علی انفاذه،
အကြင်သူဟာ ဒေါသထွက်ပြီး ဒေါသအတိုင်း
ပြုလုပ်နိုင်စွမ်းရှိပါလျက်နဲ့ အလ္လာ့ဟ်အတွက်
ဒေါသကို မြို ချပစ်မယ်ဆိုရင်…
ملاءالله قلبه امناوايمانا،
အလ္လာဟ်အရှင်မြတ်က သူ့ရဲ့စိတ်နှလုံးသားကို
ပြည့်ဝတဲ့အီမာန်၊ ငြိမ်းချမ်းသာယာမှုနဲ့ တည်ငြိမ်
အေးချမ်းမှု စသဖြင့် ဖြည့်ဆည်းပေးတော်မူမယ်။
ဒုတိယ ဆုလဒ်-
ဒေါသထွက်ပြီးနောက် ထွက်နေတဲ့ဒေါသအတိုင်း
လက်စားချေနိုင်စွမ်းရှိပါလျက်နဲ့ အလ္လာ့ဟ်ကို
ကြောက်ပြီး လက်စားမချေသူကို အလ္လာဟ်က
فليختر من ایّ حورشاء، رواه ابوداؤد:ج٢۔ص٣٠٣،
အသင် ကြိုက်နှစ်သက်တဲ့ "ဟူရ်ကညာပျူ ိကို
ရွေးချယ်လိုက်ပါ။ အသင်သည်းခံခဲ့တဲ့အစား
အသင်ရရှိမည် ဆိုတဲ့ အခွင့်အရေးကို ချီးမြှင့်
တော်မူမယ်။
(အဗူဒါဝူးဒ်ကျမ်း-အတွဲ၂ စာမျက်နှာ၃၀၃)
တတိယ ဆုလဒ်-
ကိယာမသ်နေ့မှာ အလ္လာ့ဟ်ထံတော်ပါးမှ
من كان اجره علی الله،
တစ်ဦးတစ်ယောက်ရဲ့ အခွင့်အရေးတစုံတရာ
နှင့်စပ်လျဉ်းပြီး အလ္လာဟ်အရှင်မြတ်က ပေး
ဆပ်ရန်ကျန်နေပါလျင်
فليقم،
ထိုသူ မတ်တတ် ရပ်လိုက်ပါ ဟုမိန့်ကြားမယ်။
ပြီးတော့
فلا يقوم الاانسان عفا، روح المعانی:ج٤۔ص ٥٨،
ဒွန္နယာလောကမှာ တစ်ဦးတစ်ယောက်ရဲ့
လွန်ကဲမှုကို ခွင့်လွှတ်ခဲ့သူမှအပ အခြား
ဘယ်သူမှ မတ်တတ်ရပ်လိမ့်မည် မဟုတ်ပေ။
စတုတ္ထ ဆုလဒ်-
ဘယ်သူဟာ ကိုယ့်အတွက် ဂျန္နသ်မှာ
မြင့်မားတဲ့အဆောက်အဦး တည်ဆောက်ခြင်းနဲ့
မြင့်မြတ်တဲ့အဆင့်အတန်းကို ရလိုပါလျှင်…
ထိုသူ့အနေနဲ့ မိမိအပေါ် မတရားပြုသူအား
ခွင့်လွှတ်ခြင်းနှင့် မိမိနှင့် အဆက်အသွယ်
ဖြတ်တောက်သူအပေါ် ကောင်းမွန်စွာ
ပြန်လည်ဆက်ဆံမှုပြု သင့်ပေသည်...ဟု
မိန့်ကြားခဲ့တယ်။
روح المعانی. ج٤۔ص٥٨،
(ရူဟွလ်မအာနီကျမ်း-အတွဲ၄ စာမျက်နှာ ၅၈)
No comments:
Post a Comment