Wednesday, January 29, 2020

ဖသာဝါလုဒ်ယာနဝီကျမ်း အတွဲ ၁

📚ဖသာဝါလုဒ်ယာနဝီကျမ်း အတွဲ ၁📚

                         📖အကီဒဟ်📖

အမှတ်စဉ် ၁
သာသနာ၏ အဓိကအချက်များကို ငြင်းပယ်ခြင်းဖြင့်
ကာဖိရ်ဖြစ်/မဖြစ်

မေး...မွဖ်သီဆဗ်ခင်ဗျား
မကြာခင်က ကျွန်ုပ်တို့အရပ်သို့ အဖွဲ့တစ်ဖွဲ့ေ
ရောက်ရှိလာပါသည်။ထိုအဖွဲ့ဝင်များသည် ဖဂျရ်
အဆွရ်နှင့် အိရှာအ်နမားဇ်များသာ ဝတ်ပြုကြပါသည်။

စုံစမ်းကြည့်သောအခါ "ကုရ်အာန်၌ ဖော်ပြပါရှိသော
နမားဇ်များသာဖတ်ကြသည်"ဟုသိရပါသည်။

ကုရ်အာန်တစ်ခုတည်းကိုသာ လက်ခံသောဤအဖွဲ့ကို မည်သို့ခေါ်ပါသနည်း။သိလိုပါသည်။ဖြေကြားပေးပါ။

ဖြေ...
ထိုအဖွဲ့အား "မွန်ကေရီးနေဟဒ်ီးဆ်"
(ဟဒီးဆ်လက်မခံသူများအဖွဲ့)ဟုခေါ်သည်ကို
လူတိုင်းသိသည်။

ကုရ်အာန်ကျမ်းတော်မြတ်အား ခေတ်အဆက်ဆက် သံသယမရှိလက်ခံခဲ့ကြသကဲ့သို့ နမားဇ်ငါးကြိမ်
ကိုလည်း ခေတ်အဆက်ဆက်မှ သံသယမရှိ
အဆက်မပြတ်လက်ခံခဲ့ကြသည်။

နမားဇ်ငါးကြိမ်ကို လက်မခံသူသည် ကုရ်အာန်
ကျမ်းမြတ်ကိုလည်း လက်ခံသူမဟုတ်ပါ။
တမန်တော်မြတ်နှင့် အစ္စလာမ်သာသနာတော်ကိုပါ
ငြင်းပယ်သူဖြစ်သည်။

တမန်တော်မြတ်ထံမှတစ်ဆင့်ကွင်းဆက်မပြတ်
အတိအကျအထောက်အထားရှိသော အစ္စလာမ့်
ပညတ်ချက်များကို "ဇရူရိယာသေဒီးန်"ဟုခေါ်သည်။

ထိုပညတ်ချက်များအား လက်ရှိပကတိအတိုင်း
ခြွင်းချက်မရှိလက်ခံရန်အရေးကြီးသည်။
ထိုအချက်များအနက် တစ်စုံတစ်ခုကို ငြင်းပယ်ခြင်း၊ ပကတိအတိုင်းမယုံကြည်ခြင်းဖြင့် ကာဖိရ်ဖြစ်၏။

ထို့ကြောင့် နမားဇ်ငါးကြိမ်အနက်သုံးကြိမ်ကိုသာ
လက်ခံသောအဖွဲ့သည် အစ္စလာမ်ဘာသာဝင်များ
မဟုတ်ပါ။

အလ်မီဇာန်စာအုပ်မှ ကူးယူဖော်ပြပါသည်။

မော်လဝီ ဟာဖိဇ် မုဟမ္မဒ် ယူစွတ်ဖ် အိဗ်နေ ယာစီးန်
နိုအ်မာနီ - ဇီးကုန်း

No comments:

Post a Comment