တံလျှပ်ကိုရေထင် ရွှေသမင်အလိုက်မှား
ဟဇရသ်ကြီး မောင်လာနာ ယူစွတ်ဖ်ဆပ် (ရဟေ့)
မိန့်တယ်။
လူတွေက ငွေကြေးချမ်းသာရင် ငါ့ဘဝ အောင်မြင်ပြီ
ထင်နေကြတာ
အလ္လာဟ်အသျှင်မြတ်က သူဌေးကြီးး ကာရူးန်ကို
မြေမြိုစေပြီး ဖျက်ဆီးပစ်ခဲ့တယ်။
ဆင်းရဲလှတဲ့ ဟဇရသ်အလီ(ရသွေ့)ကို နှစ်ဘဝ
အောင်မြင်မှုပေးခဲ့တယ်။
လူတွေက အာဏာရှိရင် ဘဝ အောင်မြင်ပြီ
ထင်ကြတယ်။
အလ္လာဟ်အသျှင်မြတ်က အာဏာရှင်ကြီးဖစ်ရ်အောင်န်
ကို နှစ်မြုပ်ဖျက်စီးပစ်ခဲ့တယ်။
ကိုယ့်ဘဝတောင် ကိုယ်မပိုင်တဲ့ ကျွန်ဘဝမှာရောက်နေ
တဲ့့ ဟဇရသ် ဘေလားလ်(ရသွေ့) နှစ်ဘဝ အောင်မြင်မှု
ဆွတ်ခူးသွားတယ်။
လူတွေက အရောင်းအဝယ်ကိုအောင်မြင်တဲ့ ဘဝရဲ့
အာမခံချက်လို့ထင်နေကြတယ်။
အလ္လာဟ်အသျှင်မြတ်က ကုန်သည်ကြီးတွေဖြစ်တဲ့
အိုင်ကဟ်နယ်သားတွေကို နှလုံးကွဲလောက်တဲ့
အသံကြီးနဲ့ ဖျက်စီးပစ်ခဲ့တယ်။
သာသနာ့ပညာမှာပဲ လုံးပန်းနေတဲ့ ဆွတ်ဖ်ဖာက
ဆွဟာဗာတွေ နှစ်ဘဝ အောင်မြင်သွားတယ်။
လူတွေက လလယ်ယာကိုင်းကျွန်းတွေရှိရင်
အောင်မြင်ပြီ ထင်နေကြတယ်။
စဗအ်အမျိုးသားတွေဟာ ဥယျဉ်ခြံမြေတွေ အလျှံအပယ်
ရှိလျှက်နဲ့ ဆည်ကျိုးပေါက်ပြီးနစ်မြုပ် ပျက်ဆီး
သွားခဲ့တယ်။
ဟဇရသ်အစ်မာအီးလ်(အ)ကို မြက်တပင်မှ မရှိတဲ့
ကန္တာရ ခေါင်းခေါင်မှာ ရှင်သန်ထိန်းသိမ်းခဲ့တယ်။
လူတွေက စစ်အင်အားရှိရင် ဘဝလုံခြုံတယ်
ထင်နေကြတယ်။
အဗ်ရဟာဟာ ဆင်တပ်အလယ်မှာ အဘာဘီးလ်
ငှက်ငယ်လေးတွေရဲ့ ခဲစာမိပြီး ပျက်ဆီးသွားခဲ့တယ်။
တမန်တော်မြတ်(ဆွ)နဲ့ ဟဇရသ်အဗူဗကရ်(ရသွေ့)ကို
စောင်းရ်လှိုင်ဂူထဲမှာ ပင့်ကူအိမ်လေးနဲ့့ ထိန်းသိမ်း
ခဲ့တယ်။
အဓီကအောင်မြင်မှုက
ဥစ္စာဓနမှာလည်း မရှိဘူး။ အာဏာမှာလည်း မရှိဘူး။
စီးပွားရေး ထဲမှာလည်း မရှိဘူး။ စိုက်ပျိုးရေးထဲမှာလည်း
မရှိဘူး။စစ်အင်အားမှာလည်း မရှိဘူး။
နှစ်ဘဝရဲ့အောင်မြင်မှုက အလ္လာ့ဟ်အမိန့် နာခံခြင်း
ထဲမှာပဲရှိတယ်။
နှစ်ဘဝရဲ့ အောင်မြင်မှုက ဒီးန်ထဲမှာပဲရှိတယ်။
နှစ်ဘဝရဲ့ အောင်မြင်မှုက အီမာန်အအ်မာလ်ထဲ
မှာပဲရှိတယ်။
မော်လာနာ ဟာဖိဇ် မုဟမ္မဒ် မက်ဆူးဒ် အဟ်မဒ်ခန်း
ဆိုလိုင်မာနီ - ဟင်္သာတ
No comments:
Post a Comment