Sunday, August 30, 2020
Saturday, August 29, 2020
Monday, August 17, 2020
Sunday, August 16, 2020
Friday, August 14, 2020
ရဟ်မားန် အနန္တဂရုဏာရှင်၏ ဗန္ဒဟ်များ (သို့) အရှင့်ကျွန် ပီသသူတို့၏ အရည်အချင်းများ (၃၁) Myanmar Bayan
........











........
(ဟဇရသ် အုမရ်သခင် အခုလို မိန့်ရတဲ့)အကြောင်းရင်းက
ပိုပြီးအရေးကြီးတာက ဖရ်ဇ်နမားဇ် ဖြစ်နေလို့ပါပဲ။
တကယ်လို့ လူတစ်ယောက်က သဟဂ်ျဂျုဒ်တော့ ဖတ်နေ
တယ်။ ဒါပေမယ့် ဖရ်ဇ်နမားဇ် ဂျမာအသ်နဲ့ မဖတ်နိုင်ရင်
ဒီလို သဟဂ်ျဂျုဒ်က ဖရ်ဇ်တွေ ၊ တခြားတာဝန်တွေကို
ထမ်းဆောင်တဲ့ နေရာမှာအတားအဆီး ဖြစ်နေလိမ့်မယ်။
ဒါဟာ မှန်ကန်တဲ့ပုံစံ မဟုတ်ဘူး။
တကယ့် ပုံစံအမှန်က အမျိုးသားတွေက သဟဂ်ျဂျုဒ် နမားဇ်
လည်း ဝတ်ပြုရမယ်။ ဖဂ်ျရ်နမားဇ်ကိုလည်း ဂျမာအသ်နဲ့
ဝတ်ပြုရမယ်။
ဒါပေမယ့် အမျိုးသမီးတွေ အတွက်ကတော့ ဖဂ်ျရ်နမားဇ်ကို
ဖဂ်ျရ်အချိန် ဝင်တာနဲ့ ဝတ်ပြုပြီး အိပ်လိုက်လို့လည်း ရတယ်။
ဒါမှမဟုတ် အိရှ်ရားက်အချိန်ထိ ဆက်နေပြီး သိလာဝသ် နဲ့
တခြား အိဗာဒသ်တွေ လုပ်နေလို့ ရတယ်။
ညရဲ့ နောက်ဆုံးယံမှာ ထပြီး သဟဂ်ျဂျုဒ် ဝတ်ပြုမယ် ပြီးရင်
ဖဂ်ျရ်နမားဇ်ကို ဂျမာအသ်နဲ့ ဝတ်ပြုမယ် ဆိုတဲ့ နီယသ်နဲ့
အိပ်စက်ရင် အဲဒီအိပ်စက်ခြင်းကလည်း အိဗာဒသ် ဖြစ်တယ်။
ကျွန်တော် မိတ်ဆွေတို့ကို ကိုယ်တော်မြတ်(စွ)က သဟဂ်ျဂျုဒ်
နမားဇ်ကို ရှည်လျားစွာ ဖတ်တော်မူလေ့ ရှိကြောင်း ပြောပြ
ခဲ့ပြီး ဖြစ်တယ်။ (သဟဂ်ျဂျုဒ်ဝတ်ပြုပြီး) တစ်ဖန် ကိုယ်တော်
မြတ်(စွ)က ဖဂ်ျရ်အချိန် မတိုင်ခင်လေးမှာ အနားယူဖို့
လှဲလျောင်းတော်မူလေ့ ရှိတယ်။ တစ်ခါတလေမှာ ဖဂ်ျရ်ရဲ့
စွန္နသ် နှစ်ရကအသ် ဖတ်တော်မူပြီးမှ ခန လှဲလျောင်းနေ
တော်မူတယ်။ ပြီးမှ ဟဇရသ် ဘိလားလ်(ရသွေ့)က
ကြွမြန်းလာပြီး ကိုယ်တော့်ကို အသံပြုတော်မူတဲ့ အခါ
ကိုယ်တော်မြတ် ထပြီး ကြွမြန်းသွားတော်မူလေ့ ရှိတယ်။
အဲဒီတော့ မိမိကိုယ်ကို မိမိ သက်တောင့်သက်သာ ထားတာ၊
လိုအပ်သလောက် အိပ်ရေးဝဝ အိပ်တာတွေကလည်း ဒီးန်ရဲ့
အစိတ်အပိုင်း နဲ့ အိဗာဒသ်ထဲမှာ အကျုံးဝင်ပါတယ်။ အဲဒါ
ကြောင့်ပဲ မြောက်များစွာသော ပညာရှင်တွေရဲ့ ထံမှာ
သဟဂ်ျဂျုဒ် ဝတ်ပြုပြီးနောက် ခနတဖြုတ် လှဲလျောင်းခြင်း
ကလည်း စွန္နသ်နဲ့ အတည်ဖြစ်ထားတယ်။ မုစ်သဟဗ်
ဖြစ်တယ်။
ဒီနေရာမှာ ကျွန်တော် မိမိရဲ့ ဆရာသခင် ဖြစ်တဲ့ ဟဇရသ်
မောဝ်လာနာ အိဒ်ရီးစ် ဆွာဟိဗ် ကာန်ဒေလဝီ (ရဟိ)ရဲ့
စကားလေး သွားသတိရမိတယ်။ အဲဒီ ဆရာကြိးရဲ့ ခေတ်
မှာ ဂိုင်းရ်မုကလ္လိဒ်(စလဖီ) တစ်ချို့ ရှိခဲ့ကြတယ်။ သူတို့က
ဗလီကိုလာတယ်။ လာပြီးရင် ဖဂ်ျရ်ရဲ့ စွန္နသ် နှစ်ရကအသ်
ဖတ်ပြီးဗလီထဲမှာပဲ လှဲလျောင်းလေ့ ရှိကြပြီး ခနကြာရင်
ထပြီး ဖဂ်ျရ်နမားဇ် ဂျမာအသ်နဲ့ ဝတ်ပြုကြတယ်။ ဆိုတော့
ဟဇရသ် မောဝ်လာနာ အိဒ်ရီးစ်ဆွာဟိဗ် ကာန်ဒေလဝီ
သခင်က စာသင်ရင်းနဲ့ အမိန့်ရှိတယ်။
"ကိုယ်တော်မြတ်(စွ)က ညရဲ့ ခြောက်ပုံထဲက နှစ်ပုံမှာ
သဟဂ်ျဂျုဒ် ဝတ်ပြုတော်မူတယ်။ ပြီးတော့ မောပမ်းသွားတာ
ကြောင့် ခနတဖြုတ် မိမိရဲ့ အိမ်တော်မှာပဲ လှဲလျောင်းတော်
မူလေ့ ရှိတယ်။ (ကိုယ်တော့်ရဲ့ အိပ်စက်ခြင်းက ဝူဇူကို
မပျက်စေဘူး) ပြီးမှ ထတော်မူပြီး ဖဂ်ျရ်နမားဇ်ကို ဂျမာအသ်နဲ့
ဦးဆောင်ဝတ်ပြုဖို့ အတွက် ဗလီကို ကြွမြန်းသွားတော်မူလေ့
ရှိတယ်။ ဂိုင်းရ်မုကလ္လိဒ် တွေကတော့ အိမ်မှာ တောက်
လျှောက် အိပ်နေပြီး မှ ဗလီကိုလာ စွန္နသ်နှစ်ရကအသ်
ဝတ်ပြုပြီး ဗလီမှာပဲ အိပ်လိုက်ကြတယ်။ အဲတော့ တစ်ညလုံး
အလ္လာဟ်အရှင်မြတ်ရဲ့အိဗာဒသ် လုပ်ပြီး ခနတဖြုတ်
အိမ်မှာ လှဲလျောင်းလိုက်ခြင်းက စွန္နသ်တော်ရဲ့ နောက်လိုက်
ခြင်းဖြစ်တယ်။ ဒါပေမယ့် တစ်ညလုံး အိပ်နေပြီးမှ စွန္နသ်
နှစ်ရကအသ် ဖတ်ပြီး လှဲလျောင်းတာ ၊ ဗလီမှာ အိပ်လိုက်
တာတွေက ဘယ်လို စွန္နသ်ရဲ့ နောက်လိုက်မှုမျိုးလဲ?
ဒါကတော့ စိတ်အလိုရဲ့ နောက်လိုက်မှု ပြုခြင်းပါပဲ။"
စကားက ဟိုဖက်ဒီဖက် ရောက်သွားတယ်။ ပြောနေတဲ့
စကားကတော့ သဟဂ်ျဂျုဒ်ကို ဂရုတစိုက် ဝတ်ပြုရမယ်။
အဲဒါကြောင့်ပဲ ဟဒီးဆ်တော်တစ်ရပ်မှာ လာရှိထားတယ်။
နဗီယေကရီးမ် (စွ) အမိန့်ရှိတော်မူတယ်။
[عَلَيْكُمْ بِقِيَامِ اللَّيْلِ]
အလိုသဘောက အသင်တို့အပေါ်မှာ ညအချိန်ကို နိုးထ
အိဗာဒသ်လုပ်ဖို့ အရေးကြီးတယ်။ အသင်တို့ ညအချိန်
နိုးကြားပြီး သဟဂ်ျဂျုဒ် ဝတ်ပြုခြင်းကို အလေးထားကြ လို့
ဆိုလိုတာ ဖြစ်တယ်။
ဆက်လက်ပြီး အမိန့်ရှိတော်မူတယ်။
"သင်တို့ထက်အရင် လောကကို ရောက်ရှိလာခဲ့ကြသော
သူတော်တော်ကောင်းတို့ရဲ့ လမ်းစဉ် ဖြစ်တယ်"
ဆိုလိုတာက နဗီတမန်တော်(အ)အားလုံး နဲ့ အဲဒီနဗီ
တမန်တော်တွေရဲ့ ဆွဟာဗဟ်တွေရဲ့ လမ်းစဉ်က ညအချိန်
ထပြီး အလ္လာဟ်အရှင်မြတ်ရဲ့ အိဗာဒသ် ပြုလုပ်ခြင်းပဲ
ဖြစ်တယ်။
ဆက်လက်ပြီး အမိန့်ရှိတော်မူတယ်။
"အဲဒီ(ကိယာမုလ်လိုင်းလ်)နဲ့ပဲ အသင်တို့ မိမိအရှင်ရဲ့
နီးစပ်မှုကို ရမယ်။ အသင်တို့ရဲ့ မကောင်းမှုတွေလည်း
အဆုံးသတ်သွားမယ်။ အပြစ်ဒုစရိုက်တွေလည်း အဆုံး
သတ်သွားမယ်။"
(မိရှ်ကားသ်ကျမ်း ၁/၃၈၇)
အဲဒါကြောင့် သဟဂ်ျဂျုဒ်ကို ဂရုတစိုက် ဝတ်ပြုရမယ်။
အလ္လာဟ်အရှင်မြတ် ကျွန်တော့်ကိုကော မိတ်ဆွေတို့ကိုပါ
အမလ် လုပ်နိုင်စွမ်း ချီးမြှင့်တော်မူပါစေ။ ။အာမီးန်။
___________________။။။__________________
(မော်လာနာ မုဖ်သီ မဟ်မူးဒ်အရှ်ရဖ် အုစ်မာနီ(DB)
ဟောကြားတော်မူသည်)
ဆက်လက်ဖော်ပြပါမည်။
အလ္လာဟ်အရှင်မြတ် လက်တွေ့ကျင့်ကြံနိုင်တဲ့
သောဝ်ဖီးက် ကျွန်တော်တို့အားလုံးကို ချီးမြှင့်
ပေးသနားတော်မူပါစေ။ အာမီးန်။
Saeed Ahmad
Khaan
Subscribe to:
Comments (Atom)

