Friday, August 14, 2020

ကုရ်အာန်ဗဟုသုတများ.|| Myanmar Bayan

 

♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡
💌 ၁။ တမန်တော်မုဟမ္မဒ် (ﷺ) သည် မဒီနာ
‌ရွှေမြို့တော်တွင် ဘယ်နှနှစ်ကြာ ၀ဟီဗျာဒိတ်
‌တော်ကို ရရှိခဲ့ပါသနည်း။
🔰 အဖြေ ➜ ၁၀ _ နှစ်
💌 ၂။ ပထမဆုံးသော စူရဟ်ကို ဘယ်ဒေသမှာ
ချပေးခဲ့ပါသနည်း။
🔰 အဖြေ ➜ မက္ကာမြို့
💌 ၃။ ကုရ်အာန်တစ်အုပ်လုံး အစအဆုံးပြီးပြည့်စုံ
‌စေရန် နှစ်ပေါင်း မည်မျှကြာအထိ ၀ဟီ
(ဗျာဒိတ်တော်)ချပေးခဲ့ပါသနည်း။
🔰 အဖြေ ➜ ၂၂ - နှစ်၊ ၅ - လ၊ ၁၄ - ရက်
💌 ၄။ ဆွလားသ်၏ ရကအသ်တိုင်းတွင် မဖတ်မနေ
ဖတ်ရသော ကုရ်အာန်၏ စူရဟ်မှာ အဘယ်နည်း။
🔰 အဖြေ ➜ စူရဟ် ဖွာတေဟာ
💌 ၅။ အလ္လာဟ်အရှင်မြတ်က ဆုဒုအာတစ်ခုအဖြစ်
သင်ကြားပေးခဲ့သော စူရဟ်မှာ အဘယ်စူရဟ်နည်း။
🔰 အဖြေ ➜ စူရဟ် အလ်ဖွာတေဟာ
💌 ၆။ စူရဟ် ဖွာတေဟာကို ကုရ်အာန်၏အစတွင်
ဘာအကြောင်းကြောင့် ထားခဲ့ရပါသနည်း။
🔰 အဖြေ ➜ ၎င်းသည် ကုရ်အာန်၏ တံခါးမဖြစ်
ပါသည်။
💌 ၇။ ကုရ်အာန်ထဲတွင် သူမ၏အမည်ကို တွေ့ရှိ
ရသော တစ်ဦးတည်းသော အမျိုးသမီးကား
မည်သူနည်း။
🔰 အဖြေ ➜ မရ်ယမ်သခင်မ
💌 ၈။ ညွှန်ကြားချက်အများဆုံးကို ကုရ်အာန်၏
မည်သည့်စူရဟ်မှာ တွေ့ရှိရပါသနည်း။
🔰 အဖြေ ➜ စူရဟ် အလ်ဗကရဟ်
💌 ၉။ ဗစ္စမီလ္လာဟ်နှင့် စတင်ထားခြင်းမရှိသည့်
စူရဟ်ကား အဘယ်နည်း။
🔰 အဖြေ ➜ စူရဟ်သောင်ဗဟ်
💌 ၁၀။ ကုရ်အာန်၏ မည်သည့်စူရဟ်တွင်
ဗစ္စမီလ္လာဟ် နှစ်ကြိမ်ပါရှိသနည်း။
🔰 အဖြေ ➜ စူရဟ် အလ်နမလ်
💌 ၁၁။ တမန်တော် အသီးသီး၏နာမည်ဖြင့်
အမည်တပ်ထားသော စူရဟ်များမှာ ကုရ်အာန်ထဲ
တွင် ဘယ်နှစ်ခုပါရှိသနည်း။
🔰 အဖြေ ➜ (က) စူရဟ် အလ်ယူနွတ်စ်၊
(ခ) စူရဟ် အလ်ဟူးဒ်၊
(ဂ) စူရဟ် အလ်ယူစုဖ်၊
(ဃ) စူရဟ် အလ်နူးဟ်၊
(င) စူရဟ် အလ်မုဟမ္မဒ်၊
💌 ၁၂။ ကုရ်အာန်၏ မည်သည့်အပိုင်းမှာ
အာရ်တွလ်ကုရ်စီ (ပလ္လင်တော်ကဏ္ဍ)ကို
တွေ့ရှိနိုင်ပါသနည်း။
🔰 အဖြေ ➜ တတိယပိုင်းအစ
(ကဏ္ဍ ၂၊ ပါဒ ၂၅၅)
💌 ၁၃။ ကုရ်အာန်ထဲတွင် ဂုဏ်ပေးဖော်ပြထားသော
တမန်တော်မဟုတ်သည့် လူပုဂ္ဂိုလ်သုံးပါး၏
အမည်ကား အဘယ်နည်း။
🔰 အဖြေ ➜ လွတ်ကမန်း အဇီဇ်(အီဂျစ်မှ)
နှင့် ဇုလ်ကရ်နိုင်း
💌 ၁၄။ ကမ္ဘာပေါ်တွင် လူသန်းပေါင်းများစွာက
အာဂုံဆောင်ထားခဲ့ရသော တစ်ခုတည်းသော
ကျမ်းစာကား မည်သည်နည်း။
🔰 အဖြေ ➜ ကုရ်အာန်ကျမ်းတော်မြတ်
💌 ၁၅။ ကုရ်အာန်၏ အာယသ်အချို့ကို ကြားနာခဲ့
ကြသော ဂျင်န်များက အချင်းချင်းဘယ်သို့
ဆိုခဲ့ကြပါသနည်း။
🔰 အဖြေ ➜ ကျွန်ုပ်တို့သည် မှန်ကန်သောလမ်း
ကို ညွှန်ပြသည့် စံတုမဲ့ ရေးသားချက်ကို ကြားနာ
ခဲ့ရပါသည်။အမှန်ပင် ကျွန်ုပ်တို့ ယင်းကို
ယုံကြည်ခဲ့ကြပါသည်။
💌 ၁၆။ ကျမ်းမြတ်ကုရ်အာန်ကို ကမ္ဘာ့ဘာသာစကား
ဘယ်နှမျိုးနှင့် ဘာသာပြန်ဆိုပြီးခဲ့ပါပြီနည်း။
🔰 အဖြေ ➜ ၁၀၃-မျိုးခန့်
💌 ၁၇။ ကုရ်အာန်ထဲတွင် ယင်း၏ မျိုးဆက်သုံး
ဆက်မှ တမန်တော်များကို ဖော်ပြခံထားရသော
တမန်တော်၏အမည်ကား အဘယ်နည်း။
🔰 အဖြေ ➜ အီဗရာဟီမ် နဗီ
💌၁၈။ ကမ္ဘာကြီး၏ အစနှင့်အဆုံး နိဂုံးကို အရှင်း
လင်းဆုံးဖော်ပြထားသော ကျမ်းဂန်ကား
အဘယ်နည်း။
🔰 အဖြေ ➜ ကုရ်အာန်ကျမ်း
💌 ၁၉။ ကုရ်အာန်အရ မက္ကာမြို့ကို အခြား
မည်သည့်အမည်ဖြင့် ခေါ်ဆိုထားပါသနည်း။
🔰 အဖြေ ➜ ဗက္ကာဟ်နှင့် ဗလဒုလ်အမီးန်
💌 ၂၀။ မဒီနာမြို့ကို ကုရ်အာန်ကပေးထားသော
အခြားအမည်တစ်ခုကို ပြောပြပါ။
🔰အဖြေ ➜ ယသရိဗ်မြို့
💌 ၂၁။ ကုရ်အာန်က မည်သူ၏မျိုးဆက်ကို
ဗနီအစ္စရာအီလ်ဟူ၍ ခေါ်ဆိုထားပါသနည်း။
🔰 အဖြေ ➜ တမန်တော်ယာကုဗ်၏မျိုးဆက်
💌 ၂၂။ ကုရ်အာန်ထဲတွင် တိရစ္ဆာန်အမည်နှင့်
ရှိနေသော စူရဟ်မည်မျှရှိသနည်း။
🔰 အဖြေ ➜ စူရဟ် ၆-ခုရှိသည်။
(က) အလ်ဗကရဟ်(နွားမကဏ္ဍ)
(ခ) အလ်အန်အမ်း(သားကောင်များကဏ္ဍ)
(ဂ) အလ်နဟလ်(ပျားများကဏ္ဍ)
(ဃ) အလ်နမလ်(ပုရွက်ဆိတ်ကဏ္ဍ)
(င) အလ်အန်ကဗူးသ်(ပင့်ကူကဏ္ဍ) စူရဟ်
(စ) အလ်ဖီးလ်(ဆင်ကဏ္ဍ)
💌 ၂၃။ မည်သည့်စူရဟ်ကို လအမည်ပေးထား
သနည်း။
🔰 အဖြေ ➜ အလ်ကမရ် (စူရဟ် ၅၄)
💌 ၂၄။ ကြယ်အမည်နှင့် မည်သည့်စူရ်ဟ်ကို
ပေးထားသနည်း။
🔰 အဖြေ ➜ အလ်နဂျမ် (စူရဟ် ၅၃

No comments:

Post a Comment