Thursday, January 30, 2020

Tin Kan Sar 216 | Moulana Maqsood Ahmad Khan | Sulaimani | Hinzada | Mya...

https://youtu.be/4LLrp1vMFLI

Niyyat Yeezu Chat Ko Tin Yuu Chin || Moulana Jafar Svahib || Mawlamyine ...

https://youtu.be/WDxQKe922Ck

Tin Kan Sar 217 | Moulana Muhammad Maqsood Ahmad Khan | Sulaimani | Hinz...

https://youtu.be/igTxhuIHGaM

Manar Loo Wontoo Mhu Ei Yalat || Moulana Jafar Svahib || Mawlamyine || M...

https://youtu.be/RLwRSqYgEKc

Munafik So Tar || Mufti Shakeel Svahib || Yangon || Myanmar Bayan || Umm...

https://youtu.be/-_iTo6FYDjU

“အလ္လာဟ့်အချစ်၏ အနှစ်သာရ” || Mufti Muhammad Nurullah Svahib || Yangon |...

https://youtu.be/nOsI6oBV7xo

Mufti Obaidullah Svahib || Myanmar Bayan || Ummaty Ummaty

https://youtu.be/nmHQHUOqPCg

Mufti Aadam Yangon || 23-1-2020 || Part 6 || Myanmar Bayan At Mandalay |...

https://youtu.be/pU9EAiIpJAE

Tafseer Surah Kahaf | Part 1 | Mufti Muhammad Nurullah Svahib | Yangon |...

https://youtu.be/6lDNn26icCY

Alah Chit Taw Eimaan Shin || Mufti Muhammad Anas Svahib || Yangon || Mya...

https://youtu.be/XS3xcbILqNg

Tafseer Surah Feel || Part 3 || Mufti Inaam ul Hasan Svahib || Malaysia ...

https://youtu.be/cTpBt8bm_uU

Wednesday, January 29, 2020

မန္တလေးမြို့ မြို့နယ်အလိုက်ပလီဝတ်ကျောင်းတော်များ

မန္တလေးမြို့  မြို့နယ်အလိုက်ပလီဝတ်ကျောင်းတော်များ

ချမ်းအေးသာစံမြို့နယ်

ဂျွန်းပလီ ( 1863 )
တိုက်တန်းပလီ  ( 1865 )
အမြောက်တန်းလေးပလီ (1863 )
တောင်ဆင်ကျုံးပလီ ( 1863 )
မြောက်ဆင်ကျုံးပလီ (  1863 )
တောင်အိုးဘိုပလီ (  1863 )
မြောက်အိုးဘိုပလီ  ( 1875 )
တောင်ဘလူပလီ  ( 1863 )
အရှေ့ကုန်းရိုးပလီ  (  1900 )
အနောက်ကုန်းရိုးပလီ (  1900 )
အိုးတော်ပလီ (  1875 )
ကပ်ကြေးတန်းပလီ ( 1863 )
စကြာမြောက်ပလီ  ( 1863 ) အမြောက်တန်းကြီး
စကြာတောင်ပလီ(   1863 )အမြောက်တန်းကြီး
စကြာဖလံဘိုပလီ (  1863 )အမြောက်တန်းကြီး
ကုလားပျိုတောင်ပလီ ( 1858 )
ကင်းတပ်ကုလားပျိုမြောက်ပလီ ( 1863 )
ဆိုင်းတန်းပလီ ( 1863 )
ဒေါင်းရိုးပလီ  (  1863 )
ကိုယ်ရံတော်ပလီ  (  1870 )
အရှေ့အပ်ချုပ်တောင်ပလီ  (  1863 )
အရှေ့အပ်ချုပ်မြောက်ပလီ ( 1863 )
အနောက်အပ်ချုပ်ပလီ  ( 1919 )
ရတနာပုံပလီ ( 1863 )
ဒေးဝန်းပလီ (  1875 )
သျီအာပလီ (  1864 ) 
မြောက်ကြယ်ခတ်ပလီ (  ယခုမရှိ )

အောင်မြေသာစံမြို့နယ်

စူရတီပလီ ( 1859 )
သူဌေးတန်းပလီ (  1863 )
ကျောက်ပလီ ( 1878 )
မင်္ဂလာပလီ ( 1870 )
စစ်ကိုင်းတန်းပလီ ( 1863 )
နှင်းဆီခြံပလီ ( 1935 )
ဟင်ဒွတ်စ်စသာနီပလီ ( 1905 )
ဧချိုင့်ပလီ  ( ယခုမရှိ )
အလယ်ဘောင်ပလီ ( 1863 )
ရွှေပန္နက်ပလီ   (  ယခုမရှိ )
နန်းရှေ့စျေးပလီ  ( 1880 )
ဝလီခႏၸလီ ( 1863 )
ရွာသာပလီ ( 1883 )
မိဘေစ်းပလီ  ( 1880 )
မြောက်နွားခြံကုန်းပလီ
ခဝါစုပလီ (  ယခုမရှိ )
ဥယျာဉ်တော်ပလီ  (  ယခုမရှိ )
ဃရာနာပလီ (  ယခုမရှိ )
စိတ်ပုတီးစုပလီ (  ယခုမရှိ )
ဦးရွှေတောင်ပလီ ( ယခုမရှိ )

မဟာအောင်မြေမြို့နယ်

သံလမ်းပလီ (  1863 )
လွှတောင်ပလီ ( 1863 )
ယပ်ထမ်းပလီ (  1863 )
မြကုန်းပေါ်ပလီ (  1870 )
ရွှေဘုန်းရှိန်ပလီ ( 1785 )
စိန်ပန်းဘင်္ဂါလီပလီ ( 1905 )
ပန်းဆက်ပလီ ( 1863 )
ဝေါခြံပလီ (  ယခုမရှိ )
ပန်းသေးပလီ ( 1878 )
ဘုန်းအိုးပလီ ( 1863 )
မင်္ဂလာအလယ်ပလီ ( 1863 )
အနောက်ပလီ ( 1863 )
ဆူးလေပလီ (1863 )
လက်ပံပလီ ( 1863 )
တောင်ပုဏ္ဏားကုန်းပလီ (  ယခုမရှိ )

ချမ်းမြသာစည်မြို့နယ်

ဒေါနခြံတောင်ပလီ ( ( 1785 )
ဒေါနခြံမြောက်ပလီ (  ယခုမရှိ )
ဒေါနခြံဇာဝေယာပလီ ( 1903 )
သိုးခြံပလီ ( 1785 )
ကံရွာပလီ ( 1785 )
ဆင်ဖြူကန်ပလီ  (  ယခုမရှိ )

ပြည်ကြီးတံခွန်မြို့နယ်

တောင်မြင့်မင်္ဂလာပလီ ( 1785 )
အရှေ့ပလီ ( 1785 )
အလယ်ပလီ (  1785 )
အနောက်ပလီ  ( 1785 )
ကောသာလီပလီ (  ယခုမရှိ )
ရေတွင်းပျက်ပလီ ( ယခုမရှိ )
                                 
   ဟာဂျီထက်နောင်ဦး

Mftအလီဆပ်ကိုပွဲခံတာ Mftအာဒမ်ဆပ်နဲ့တွေ့ပြီ

Mftအလီဆပ်ကိုပွဲခံတာ Mftအာဒမ်ဆပ်နဲ့တွေ့ပြီ
ဘယာန်တွေမှစုံထောက်လာလုပ်ပြီးပို့စ်တင်ဆဲတဲ့
အာလင်မ်တွေကိုနည်းမျ ိုးစုံနဲ့စော်ကားစွတ်စွဲနေတဲ့
စအ်ဒီယာနီများကိုမုဖ်သီအာဒမ်ဆပ်ပြောလိုက်ပါပြီ
⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️
စအ်ဒီယာနီတွေရဲ့ဂျွန်းဗလီရှဗ်ကိုဇာရီကြသပတေး
နေဇာမွဒ်ဒီးန်းနဲ့မော်လဝီစအဒ်ရဲ့ကြီးကျယ်မှုပြောတဲ့
အစီစဉ်မှာတောင်လူမရှိတော့ပဲအလ္လာဟ်နဲ့ ရစူလ်ရဲ့
ကုရ်အာန်ဟဒီးစ်ဘောင်ထဲကပြောတဲ့ဆရာအာဒမ်
အမြောက်တန်းဗလီမှာလုပ်တဲ့ဒီအစီအစဉ်မှာကော
နောက်ဗလီတခုမှာပြုလုပ်နေတဲ့ မုဖ်သီရှကီးလ်ဆပ်
တို့ရဲ့ဘယာန်မှာလူတွေပြည့်လျှံသွားကုန်ကြတယ်
ဆရာကြီးတွေခင်ဗျာရှာကျောင်းပိတ်ရက်လေးတွေ
မှာပဲ အွမ္မသ်အတွက်ယခုလိုဟက္က်စကားပြောခွင့်ရ
လို့ ရှဗ်ဂိုဇာရီအစီစဉ်နဲ့ တိုက်ဆိုင်စွာလုပ်ရရှာတာပါ

မိတ်ဆွေများအထူးနားထောင်ရန်သင့်တဲ့ဘယန်ပါ
ဆရာကြီးမုဖ်သီအာဒမ်ဆပ်ရဲ့ကြာသပတေးနေ့ည
မန္တလေးဘယန်အလွန်အင်မတန်ှတန်ဖိုးရှိပါတယ်
အပိုင်း ၁ မှ ၆အထိတင်ပြပေးသွားမည်ဖြစ်ပါသည်

_______________ပြီးခဲ့တဲ့အရင်တပတ်တုန်းက
မန္တလေး၌အနှောက်ယှက်ပြုလုပ်ခံရတဲ့ကြားကနေ
ဟက္က်သမားပီသစွာရဲဝံ့ပြတ်သား၍စံပြနမူနာအဖြစ်
ဟောကြားခဲ့တဲ့မုဖ်သီအလီရောင်ဝ်နက်ရဲ့ဘယန်

အော်လူတွေသဗ်လီးဂ်လုပ်ရင်းနဲ့အလ္လာဟ်အတွက်
မဟုတ်တော့ဟစရသ်ကြီးဆိုသူအတွက်ဖြစ်ကုန်ပြီ

အမှန်တရားလိုလားတောင်းတသူ || Banda Abu Yusuf Allah

မော်လဝီအဖွဲ့ချုပ် ဗဟိုဤလက်ရှိဖြစ်ပေါ်လျှက်ရှိသောငွေစာရင်းရှင်းတမ်းပြသနာနှင့်ပတ်သတ်၍ ၂၈ ဥိးကော်မတီမှအမှန်တရားဖော်ထုတ်ပေးပါရန်တဆင့်ပြိးတဆင့်လုပ်ဆောင်စေခဲ့ပြိးအများသိ့စေရန်နိုင်ငံပိုင်သတင်းစာများတွင်အလွဲသုံးစားပြု့လုပ်မှု့များကိုကြေးမုံသတင်းစာနှင့် မြန်မာ့အလင်းသတင်းစာတိုတွင်အဖြစ်မှန်ကိုကြေငြာခဲ့ပြိးဖြစ်သလို
အထက်အာဏာပိုင်အဆင့်ဆင့်ကိုလဲတိုင်ကြားခဲ့ပြိးစစ်ဆေးပြုလုပ်မှု့များ
လဲပြုလုပ်ခံခဲ့ရပြိးဖြစ်ပါသည် ကျန်ရှိသောဌာနများကလဲ စစ်ဆေးမှု့များပြုလုပ်အုံးမည်ဟုလဲကြားသိ့ရပါသည်

ထိုသို့အဖွဲ့ချုပ်ပြသနာတက်နေသည် ဝင်ရောက်ဖြေရှင်းမှု့မရှိ့ဘဲ
ဘေးကနေ ဗုံဝိုင်းတိးပေးနေသောပြည်နယ်နှင့်တိုင်းမော်လဝီအဖွဲ့ချုပ်များမှအဖြစ်
မှန်ကိုမသိ့ အလွဲသုံးစားလိမ်လည်ပြိး ဖသဝါ များကိုဆရာကြိးနှင့်အခြို့သောအာလင်မ်များကိုခုတုံးလုပ်မိသားစုစိးပွား
ရေးသဖွယ်ပြုလုပ်နေသည်ကိုမသိ့ရှိဘဲ အာလင်မ်ဆိုသူများနှင့်လည်ကောင်း မှုးချုပ်မှမွေးထားတဲ့တပည့်တပန်းများက အဖွဲ့ချုပ်ဗဟိုမှ ဥက္ကဌ နှင့်အထွေထွေအတွင်းရေးမှုးချုပ်တို့နှင့်အတူသဘောထားရပ်တည်ချက်များပေးပိုပြိးအဖွဲ့ချုပ်မှပြုလုပ်သောကိစ္စများကိုရပ်တည်ပါတယ်
အတူပါဝင်ဖြေရှင်းသွာမည်ဆိုကြောင်း ပြည်နယ်နှင့်တိုင်းမှတပုံစံထဲစာသားတူညီစွာပေးပိုတာကိုလဲမြင်တွေ့ရပါ
တယ် အလွန်ပင်ဝမ်းနည်းစွာတွေ့ရှိရပြိ လွန်စွာစိတ်ပျက်မိ့ပါတယ် ဒိလိုသဘောထားပေးပိုလိုအဖြေမှန်ရောက်ရှိသွားမှာမဟုတ်သလို
ပြသနာကပြိးဆုံးသွားမည်မဟုတ်ပါ ပြသနာကပို၍ပို၍ ကြိးထွားသွားမည်မှာအမှန်ပင်ဖြစ်ပေသည်

တိုင်းနှင့်ပြည်နယ်အဖွဲ့ခွဲများအနေဖြစ် အမှန်တရားကိုဖော်ထုတ်ဖိုလိုသလို အမှန်တရားကိုသိ့ရှိနိုင်ရန်ကြိုးပမ်းအားထုတ်ဖို့လိုအပ်နေပြိ ပုဂ္ဂိုလ်ရေးကို
ရှေ့တန်းတင်၍ ဆရာ ကောင်းတပည့်များပီပီ မော်လဝိအဖွု့ချုပ် ဗဟို
ဤ အကျိုးကိုမရှ့ရှု့ဘဲ အဖွဲ့တိုးတက်ရာတိုးတက်ကြောင်းကိုမကြည့်မငှဲ့ကွက်ဘဲမိမိတို ထိုင်ခုံ
နေရာ ရာထူးအာဏာကို မက်မောစိတ်ထားကာ မိမိတိုအခွင့်အရေးကို
လက်လွှတ၍် မျက်ကန်းမျိုးချစ်သလိုမျိုး စွတ်ပြိးသဘောထားထုတ်ပြန်ချက်ပေးပိုတာဟာ မွတ်စ်လင်မ်တစ်ယောက်ရဲ့လုပ်ရက်မျိုး လုံးဝ မဟုတ်ပေ
အလွဲသုံးစားလိမ်လည်ပြုလုပ်သူကို ထောက်ခံမယ်  အားပေးမယ်
ကူညိမယ်ဆိုရင် လည်ကောင်းသူများသည်လဲ ဥပဒေအရ အားပေးကူညီ
မြောက်ပေသည် မည်သို့ဆိုစေကာမှု အလ္လာဟ်ဟုအရှင်မြတ်သခင်အမှန်
တရားနု့အတူရှိသည်ဆိုသည်အလ္လာဟ်အရှင်မြတ်သခင်၏ ဂတိတော်
အတိုင်းကျွန်ုပ်တို အလုပ်အမှု့ဆောင် ၂၈ ဥိးသည်အမှန်တရားအတွက်
ဆက်လက်လုပ်ကိုင်စရာများကို လုပ်ဆောင်သွားရဥိးမည်ဖြစ်ပါကြောင်း

 အမှန်တရားအတွက်ပါဝင်ဆင်နွဲနေကြသော မြန်မာနိုင်ငံလုံးဆိုင်ရာ
မော်လဝီအဖွဲ့ချုပ် ဗဟို အလုပ်အမှု့ဆောင် ၂၈ ဥိး၏ ရည်ရွယ်ချက်
ရည်မှန်းချက်ပန်းတိုင်သို တစ်ဆိုက်မတ်မတ်လျှောက်လှမ်းနိုင်သော
သောက်ဖီးက် စွမ်းအားများအလ္လာဟ်အရှင်မြတ်သခင်ချိးမြှင့်ပေးကမ်းတော်မူပါ။

  အမှန်တရားကိုချစ်ခင်မြတ်နိုးသူများအားပေါ်ပေါက်စေတော်မူပါ

                             အမှန်တရားလိုလားတောင်းတသူ

                                              بنده ابوسيف الله

Zikir Ye Ayee Kyi Mhu || Mufti Nizwamuddeen Svahib || Myanmar Bayan

https://youtu.be/elKdA9MeRRM

Moulana Muhammad Yusuf || Azizi || Yayni || Myanmar Bayan

https://youtu.be/-hSAevIOsGA

Moulana Mufti Nurulameen Svahib || Pyay || Mahmudi || Myanmar Bayan

https://youtu.be/1f53MuIDh2w

Moulana Muhammad Yusuf Svahib || Azizi || Pyay || Myanmar Bayan

https://youtu.be/APfYxc2VhdA

Moulana Hafiz Qasim Svahib || Mahmudi || Pyay || Myanmar Bayan

https://youtu.be/ULaG4H2-duc

ဖသာဝါလုဒ်ယာနဝီကျမ်း အတွဲ ၁

📚ဖသာဝါလုဒ်ယာနဝီကျမ်း အတွဲ ၁📚

                         📖အကီဒဟ်📖

အမှတ်စဉ် ၁
သာသနာ၏ အဓိကအချက်များကို ငြင်းပယ်ခြင်းဖြင့်
ကာဖိရ်ဖြစ်/မဖြစ်

မေး...မွဖ်သီဆဗ်ခင်ဗျား
မကြာခင်က ကျွန်ုပ်တို့အရပ်သို့ အဖွဲ့တစ်ဖွဲ့ေ
ရောက်ရှိလာပါသည်။ထိုအဖွဲ့ဝင်များသည် ဖဂျရ်
အဆွရ်နှင့် အိရှာအ်နမားဇ်များသာ ဝတ်ပြုကြပါသည်။

စုံစမ်းကြည့်သောအခါ "ကုရ်အာန်၌ ဖော်ပြပါရှိသော
နမားဇ်များသာဖတ်ကြသည်"ဟုသိရပါသည်။

ကုရ်အာန်တစ်ခုတည်းကိုသာ လက်ခံသောဤအဖွဲ့ကို မည်သို့ခေါ်ပါသနည်း။သိလိုပါသည်။ဖြေကြားပေးပါ။

ဖြေ...
ထိုအဖွဲ့အား "မွန်ကေရီးနေဟဒ်ီးဆ်"
(ဟဒီးဆ်လက်မခံသူများအဖွဲ့)ဟုခေါ်သည်ကို
လူတိုင်းသိသည်။

ကုရ်အာန်ကျမ်းတော်မြတ်အား ခေတ်အဆက်ဆက် သံသယမရှိလက်ခံခဲ့ကြသကဲ့သို့ နမားဇ်ငါးကြိမ်
ကိုလည်း ခေတ်အဆက်ဆက်မှ သံသယမရှိ
အဆက်မပြတ်လက်ခံခဲ့ကြသည်။

နမားဇ်ငါးကြိမ်ကို လက်မခံသူသည် ကုရ်အာန်
ကျမ်းမြတ်ကိုလည်း လက်ခံသူမဟုတ်ပါ။
တမန်တော်မြတ်နှင့် အစ္စလာမ်သာသနာတော်ကိုပါ
ငြင်းပယ်သူဖြစ်သည်။

တမန်တော်မြတ်ထံမှတစ်ဆင့်ကွင်းဆက်မပြတ်
အတိအကျအထောက်အထားရှိသော အစ္စလာမ့်
ပညတ်ချက်များကို "ဇရူရိယာသေဒီးန်"ဟုခေါ်သည်။

ထိုပညတ်ချက်များအား လက်ရှိပကတိအတိုင်း
ခြွင်းချက်မရှိလက်ခံရန်အရေးကြီးသည်။
ထိုအချက်များအနက် တစ်စုံတစ်ခုကို ငြင်းပယ်ခြင်း၊ ပကတိအတိုင်းမယုံကြည်ခြင်းဖြင့် ကာဖိရ်ဖြစ်၏။

ထို့ကြောင့် နမားဇ်ငါးကြိမ်အနက်သုံးကြိမ်ကိုသာ
လက်ခံသောအဖွဲ့သည် အစ္စလာမ်ဘာသာဝင်များ
မဟုတ်ပါ။

အလ်မီဇာန်စာအုပ်မှ ကူးယူဖော်ပြပါသည်။

မော်လဝီ ဟာဖိဇ် မုဟမ္မဒ် ယူစွတ်ဖ် အိဗ်နေ ယာစီးန်
နိုအ်မာနီ - ဇီးကုန်း

ပို့စ်တစ်ခု ရေးလည်းရေးချင်နေတယ်။ Myanmar Bayan

ပို့စ်တစ်ခု ရေးလည်းရေးချင်နေတယ်။

ဆရာကြီး လုပ်တယ်ပြောခံရမှာလည်း စိုးတယ်။
ပြောလည်းမတက်နိုင်ဘူး။ နည်းနည်းတော့
ရေးလိုက်မယ်။

သာသနာ့နဲ့ပက်သတ်တာကို အဓီက  လုပ်ရမှာ
အာလင်မ်တွေရဲ့ အလုပ်ပဲ။ လုပ်တဲ့သူတွေကတော့
လုပ်နေတယ်။ ဒါပေမယ့် လူနည်းစုပဲ။

အာလင်မ်တွေက မလုပ်တော့ ဒီနေ့ အွမ္မသ်က
ဂျင်းထည့်ခံနေရတယ်။

ကြက်သွန်နီကိစ္စကတစ်မျိုး
ရမသွာန်သတင်းပေးရင် ဘာဖြစ်တယ်ဆိုတာကတစ်မျိုး

Online သုံးနေတဲ့ အာလင်မ်တိုင်းသာ မိမိကို
အလ္လာဟ်အရှင် ချီးမြှင့်ထားတဲ့ ပညာကို
ဗလီတွေ ကျောင်းတွေမှာ ပြန်လည်ပို့ချနေသလို

မိမိ အွန်လိုင်းသုံးတဲ့ အချိန်မှာလည်း အွမ္မသ်ကို
ဖြန့်ဝေပေးနေရင် အွမ္မသ်ကို ဂျင်းထည့်နေတာတွေ
လျော့နည်းသွားမယ်။

ခုလိုပြောလို့ အဆင်မပြေလည်း unfri / block သာ
သွားကြဗျာ။

မေိာလဝီ ဟာဖိဇ် မုဟမ္မဒ် ယူစွတ်ဖ် အိဗ်နေ ယာစီးန်
နိုအ်မာနီ - ဇီးကုန်း

အလ္လာဟ် ခွင့်လွှတ်တော်မူမယ် || Myanmar Bayan

အလ္လာဟ် ခွင့်လွှတ်တော်မူမယ် !

ကျနော့်ကို TV show တွေဘာတွေလုပ်တဲ့ Anchor
တစ်ယောက်က ဖုန်းနဲ့အစီစဉ်လုပ်တယ်။
ဖုန်းထဲမှာ သူကဘာမေးလဲဆိုတော့ !!

မောင်လာနာပြောလေ့ရှိတယ်။ ဂုနာဟ်လုပ်ပြီး
သောင်ဗာဟ်လုပ် လုပ်ပြီး ပြန်ပြီးသောင်ဗာဟ်
ချိုးဖောက်တယ်။ အကြိမ်ကြိမ် ပြန်သောင်ဗာဟ်
လုပ်ချိုးဖောက်တယ်။ ပြန်လုပ်တယ်ဆိုရင်လည်း
အလ္လာဟ်လက်ခံမယ်လို့ပြောတယ် ဆိုတော့

ဥပမာ - မောင်လာနာ့ရဲ့ အိမ်ကအလုပ်သမားက
ခဏခဏ အမှားလုပ်အပြစ်လုပ်မယ်ဆိုရင်
မောင်လာနာက သူ့ကိုဆက်လက်ခံထားမှာလား...?
မောင်းထုတ်ပြစ်မှာလားတဲ့ ...?

ကျနော်က
 ခင်ဗျာကျနော့်ကို ဘယ်လိုပြောလိုက်တာလဲ ...?
အလ္လာဟ်နဲ့ သွာရီးက်ဂျမီးလ်ကို ယှဉ်ပြီးပြောလိုက်
တာလား...?

ခင်ဗျာသိရမှာက အလ္လာဟ်ကအလ္လာဟ်ပဲ။
သွာရီးက်ဂျမီးလ်က သွာရီးက်ဂျမီးလ်ပဲ !!

သွာရီးက်ဂျမီးလ်က အလုပ်သမားမပြောနဲ့ ။
သားကိုတောင် ကိုယ့်စကားနားမထောင်ရင် ၂/၃
ကြိမ်မှအမိန့်နာမခံရင် ၄ ကြိမ်မြောက်ကို  အိမ်က
နှင်ချပစ်လိုက်မှာ !! အလုပ်သမားဆိုလို့ကတော့
ပြောမနေနဲ့တော့ဗျာ !!

ခင်ဗျာဘာပြောနေလဲ ...?
ကျနော့်အဖေကိုယ်တိုင် ကျနော်ကို အိမ်ပေါ်ကနေ
နှင်ချခဲ့တာ။ တခြားသူအကြောင်း ဘာပြောမလဲ ..?
ကိုယ်အိမ်ကိုယ့်အဖေအကြောင်းပဲပြောရတာပေါ့ !!!

ကျနော့်အဖေက "မင်း မော်လဝီ ဖတ်မယ်ဆို သွား
ထွက်သွား ငါ့အိမ်မှာ မင်းအတွက် နေရာစရာနေရာ
မရှိဘူး။ အခုဆင်းသွားအိမ်ပေါ်ကနေ" လို့ပြောပြီး
ကျနော့်ကို နင်ချခဲ့တယ်။

အဲ့ခေတ် အဲ့ခါကကျနော်တို့အသိုင်းဝိုင်းမှာ မော်လဝီ
ဖတ်တယ်ဆိုတာ သိက္ခာကျတဲ့အလုပ်လို့ယူဆ
ထားကြတာဆိုတော့ ကျနော် နှင်ချခံလိုက်ရတယ်။

အဲ့တော့ မိတ်ဆွေ သိထားပါ။ အလ္လာဟ်ဟာ အလ္လာဟ်
ပဲဖြစ်တယ်။ ခင်ဗျာ ဘယ်နှစ်ခေါက် တောင်းခံမလဲ ..?
သောင်ဗာဟ် လုပ်မလဲ ..?  အဲ့သလောက် မားဖ်
လုပ်မယ် လက်ခံတော်မူမယ်။

မှတ်ထား ကျနော်ပြောနေတဲ့ စကားမဟုတ်ဘူး။
အလ္လာဟ်ပြောနေတာကို တဆင့်ပြန်ပို့ချနေတာ။

အလ္လာဟ်ပြောနေတာ ကျနော်ကခင်ဗျာတို့ကို
ဂုနာဟ်ကျူးလွန်ခိုင်းနေတာမဟုတ်ဘူး။

နားထောင်။ အလ္လာဟ်ကပြောနေတာ

မြေပြင်ပေါ်ကနေ ဂုနာဟ်တွေထပ်လိုက် ကောင်းကင်
ယံအထိ ပြည့်နက်သွားပါစေ။ ဒွန္နယာတစ်ခုလုံးက
လူသားတွေဝိုင်းပြီးပြောနေပါစေ။ ဒီလူဟာ ဂျဟန္နမီ
ပဲလို့ အသင်ငါအလ္လာဟ်ထံမှာ တစ်ကြိမ်ပဲပြောလိုက် အလ္လာဟ် ကျနော့်ကိုမားဖ်လုပ်ပါလို့

ငါအလ္လာဟ်အရှင် အသင့်ကို အပြစ်တွေအားလုံးမှ
မားဖ်လုပ်ပေးတော်မူမယ်။

(မောင်လာနာ သွာရီးက် ဂျမီးလ် ဆွာဟိဗ်)
#crd

Moulana Muhammad Maqsood Ahmad Khan || Sulaimani || Hinzada || Myanmar B...

https://youtu.be/mWqRHt4Wga0

Moulana Muhammad Maqsood Ahmad Khan || Sulaimani || Hinzada || Hazrat Sh...

https://youtu.be/vwozOWFIMbM

Tin Yuu Ya Mae Deen Pinyar || Moulana Saeed Ahmad || Asadi || Myanmar Bayan

https://youtu.be/nXb2eqXq4U8

Achin Tine Mhar Taubah Pyu Nay Par || Moulana Hafiz Muhammad Qasim || Ma...

https://youtu.be/KvO-rgolMbM

Alout Tine Ko Bismilaah Phyit Sa Par || Moulana Hafiz Muhammad Qasim || ...

https://youtu.be/p8MlXn5q-j0

Tuesday, January 28, 2020

Moulana Ziyaurrahman Svahib || Hakimi || Pyay || Myanmar Bayan

https://youtu.be/o8RduognI0s

ငါးမိနစ်သင်ခန်းစာ နေ့စဉ် ပို့ချချက် အမှတ်စဉ် ၇ || မွဖ်သီ နူရွလ်အမီးန် - ...

https://youtu.be/VVJsDO3YL4E

Moulana Mufti Nurul Ameen Svahib || Pyay || Myanmar Bayan

https://youtu.be/YLu5YIC-lN8

Surah Yaseen Tafseer || Part 1 | Mufti Muhammad Nurullah Svahib | Yangon...

https://youtu.be/Tk2hPnn8tME

Hazrat Twalha R.D.A || Mufti Muhammad Nurullah Svahib || Yangon || Myanm...

https://youtu.be/CVI06YxWf4M

Hazrat Ali R.D.A || Mufti Muhammad Nurullah Svahib || Yangon || Myanmar ...

https://youtu.be/DRz-FfirzjQ

Mufti Ali Myitkyina || Myanmar Bayan || Ummaty Ummaty

https://youtu.be/qaB-sJSYOho

“လိမ်လည်ပြောဆိုခြင်း၏ မကောင်းမှု” || Mufti Muhammad Nurullah || Myanmar ...

https://youtu.be/Nwjk3ej0irI

Monday, January 27, 2020

ဖြစ်ပေါ်နေသည့်ရောဂါဆိုးမှကာကွယ်ရန်

ဖြစ်ပေါ်နေသည့်ရောဂါဆိုးမှကာကွယ်ရန်

၁။အိစ်သိဂ်ဖွါရ်များများဖတ်ပါ။

၂။တတ်အါးသရွေ့ဆွဒ်ကဟ်ပြုပါ။

၃။يامالك.ياقدوس.ياسلام. ( ယာမာလိကု ယာကွတ်ဒူးစု ယားစလားမ်) နံက်.၁၁.ကြိမ်.ညနေ.၁၁.ကြမ်ဖတ်ပါ။

၄။အစားအသောက်စားသုံးသည့်အခါတိုင်းစူရဟ် ကဒရ် اناانزلنا.(၃).ကြိမ်ဖတ်ပြီးမှုတ်၍စားပါ။

‌ခါန်ကာအင်မ်ဒါဒီယဟ်အရ်ှရဖွီယဟ်.၁၃၈.လမ်းမအူကုန်း။

Wifaqul Makatib Jalsa || Yangon || Mufti Muhammad Nurullah || Myanmar Ba...

https://youtu.be/MbvgS5G0CiM

Masalah Part 1 || Sunnat Namaz Myar Ei Masalah Myar || Mufti Muhammad Nu...

https://youtu.be/E03LC8Xs2eY

ယနေ့ခေတ်မှာ အလွယ်ဆုံးအလုပ်ဟာ သူတစ်ပါးကို စိတ်ဒုက္ခပေးခြင်းပဲ။

ယနေ့ခေတ်မှာ
အလွယ်ဆုံးအလုပ်ဟာ သူတစ်ပါးကို စိတ်ဒုက္ခပေးခြင်းပဲ။ အမေကို ငိုသွားစေတဲ့ စကား ပြောလိုက်တယ်။ ဒါပေမယ့် ဒီကလေးမသိရှာဘူး။ သူ့အမေရဲ့မျက်ရည်တစ်စက်က ကေယာမသ်နေ့မှာ ဘယ်လောက်တောင်ကြီးတဲ့ မုန်တိုင်းတွေယူလာလိမ့်မလဲ။
- တချို့က အမေကို စိတ်ဒုက္ခပေးတယ်
- တချို့က အဖေကို စိတ်ဒုက္ခပေးတယ်
- တချို့က ဇနီးကို စိတ်ဒုက္ခပေးတယ်
- တချို့က ခင်ပွန်းကို စိတ်ဒုက္ခပေးတယ်
- တချို့က မိတ်ဆွေကို စိတ်ဒုက္ခပေးတယ်
- တချို့က အိမ်နီးချင်းကို စိတ်ဒုက္ခပေးတယ်
အခြားသူကို စိတ်ဒုက္ခပေးတာ မပြောပလောက်တဲ့ အရာတစ်ခုလို့ ထင်နေကြတယ်။
သူတော်စင်တွေဟာ ဒီအချက်ကို သိပ်ရှောင်ကြဉ်ခဲ့ကြတယ်။
ဒါကြောင့် သူတစ်ပါး စိတ်ဒုက္ခရောက်စေမယ့်အလုပ်မျိုး ဘယ်တော့မှ မလုပ်ပါနဲ့။

ဘာသာပြန်- မွဖ်သီ နူရွလ္လာဟ်

Sunday, January 26, 2020

ကျွန်သူတော်စင် တစ်ပါးအကြောင်

ကျွန်သူတော်စင် တစ်ပါးအကြောင်း
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
ပုဂ္ဂိုလ်တစ်ဦးက ကျွန်တစ်ယောက်ကို ဝယ်တယ်။
ကျွန်က သခင်ကို ပြောတယ်။

ကျွန်တော့်ရဲ့ သခင် ခင်ဗျား!
ကျွန်တော် သခင့်ဆီကနေ အချက်သုံးချက်ကို
တောင်းဆိုပါရစေ။

ပထမ တစ်ချက်က
နမားဇ်အချိန် ကျလာရင် ကျွန်တော့်ကို  နမားဇ်ဝတ်ပြု
ခြင်း ကနေ မတားဆီးပါနဲ့။

ဒုတိယ တစ်ချက်က
နေ့အချိန်မှာပဲ ကျွန်တော့်ကို အလုပ်ခိုင်းပါ။ ညအချိန်
မှာတော့ မခိုင်းပါနဲ့။

တတိယ တစ်ချက်က
ဘယ်သူ တစ်ဦးတစ်ယောက်မျှ မဝင်မယ့် အခန်းလေး
တစ်ခန်း စီစဉ်ပေးပါ။

သခင်က အသင် တောင်းဆိုတဲ့ အတိုင်း ရစေမယ်။
ဒီအိမ်ခန်းတွေကို အသင်ကြည့်ပါလို့ ပြောတော့

ကျွန်က အဲဒီ အိမ်ခန်းတွေကို လှည့်ပတ်ကြည့်ပြီး
ချောင်ကျကျ ယိုယွင်းနေတဲ့ အိမ်ခန်း တစ်ခန်းကို
တွေ့ပြီးအဲဒီ အခန်းကို ရွေးလိုက်တယ်။

သူ့သခင်က ဒီယိုယွင်းနေတဲ့ ချောင်ကျကျ နေရာကို
ဘာကြောင့် ရွေးရတာလဲ...? လို့ မေးတော့
ကျွန်က "အိုသခင်! ယိုယွင်းနေတဲ့ နေရာက အလ္လာဟ်
အရှင်မြတ်နဲ့ အတူရှိနေရင် စည်ပင်ဝပျောပြီး ပန်း
ဥယျာဉ်ကဲ့သို့ ဖြစ်သွားသည်ကို မသိလေသလော...?
လို့ ပြန်ဖြေတယ်။ကျွန်က အဲဒီ အိမ်ခန်းလေးမှာ ညဖက်
သွားနေလေ့ ရှိတယ်။

တစ်ညမှာ သခင်ဖြစ်သူက အရက်ဝိုင်းတွေ အပျော်
အပါးတွေ(ပါတီပွဲ)လုပ်နေတယ်။ညဉ့်တစ်ဝက်လောက်
 ရောက်တော့အပေါင်းအသင်းတွေ ပြန်ကုန်တော့
မိမိရဲ့ ခြံဝင်းထဲလှည့်ပတ်လျှောက်ရင်း အမှတ်မထင် သူ့ကျွန်ရဲ့ အိမ်ခန်းအရှေ့မှာ ရပ်လိုက်မိတယ်။

ကြည့်လိုက်တော့ နူရ်အလင်းရောင်အပြည့်နဲ့ မီးအိမ်တစ်လုံး ကောင်းကင်ကနေတန်းလန်းကျနေတယ်။
ကျွန်ကတော့ စဂ်ျဒဟ်မှာ မိမိရဲ့အရှင် အလ္လာဟ်
အရှင်မြတ်ထံမှာ ဒိုအာပြု လျှောက်ထားနေတယ်။

သူက "
အိုအရှင်မြတ်! အရှင်မြတ်က နေ့အချိန်မှာ သခင့်ရဲ့
 ခေဒ်မသ်ကို ကျွန်တော့်အပေါ်မှာ ဝါဂျိဗ် သတ်မှတ်
ထားပါတယ်။အကယ်၍ သခင့်ရဲ့ ခိဒ်မသ် တာဝန်သာ
မရှိရင်ကျွန်တော်မျိုး အရှင်မြတ်ရဲ့ အပါးတော်မှာပဲ
ခစားမှာပါ။ နေ့အချိန် မခစားနိုင်တဲ့ အကြောင်ပြချက်ကို အရှင်မြတ်လက်ခံပေးတော်မူပါ။" လို့ လျှောက်ထား
လျှက်ရှိတယ်။

သခင်က အဲဒီကျွန်ကို ကြည့်နေရင်း ကြည့်နေရင်း
မိုးသောက်ချိန်ရောက်တော့ မီးအိမ်က ကောင်းကင်ပေါ်
တက်သွားပြီး အမိုးက ပိတ်သွားတယ်။

သခင်က ဒီအဖြစ်အပျက်ကို မိမိရဲ့ ဇနီးကို ပြောပြလိုက်တယ်။နောက်တစ်ည ရောက်တော့ သခင်နဲ့ သူ့ဇနီးက အိမ်ခန်းနားမှာရပ်ပြီး ကြည့်တော့ မီအိမ်က တွဲလောင်း
ကျနေပြီး ကျွန်ကစဂ်ျဒဟ်ထဲမှာ ဒိုအာပြုလျှောက်ထား
ခြင်းထဲမှာ မိုးသောက်ချိန်အထိ ရှိနေတယ်။

ပြီးတော့ သခင်ဇနီးမောင်နှံက ကျွန်ကို ခေါ်ပြီး
"အသင်တောင်းပန် တိုးလျှိူ းနေတဲ့ အရှင့်ဆီမှာ အခစား
ဝင်နိုင်ဖို့ အလ္လာ့ဟ်အတွက် အသင် ကျွန်ဘဝက
လွတ်ပြီး သူကောင်း ဖြစ်သွားပြီ" လို့ ပြောပြီး သူတို
မြင်လိုက်ရတဲ့ အဲဒီကျွန်ရဲ့ ကရာမသ်တွေကိုပါ
ပြောလိုက်ကြတယ်။

အဲဒီ စကားတွေကို ကြားတော့ သူက မိမိရဲ့ လက်ကို
မြှောက်ပြီး "အိုအရှင်မြတ်! ကျွန်တော့်ရဲ့ လျှိူ့ဝှက်ချက်ကိုမဖော်ပြဖို့ အရှင်မြတ်ဆီမှာ တောင်းခံခဲပါတယ်။

အခုအရှင်မြတ်က ကျွန်တော့်ရဲ့ အခြေအနေမှန်ကို
ဖော်ပြပေးလိုက်ပြီး ဖြစ်တဲ့အတွက် ကျွန်တော်မျိုးကိုသာရုတ်သိမ်းလိုက်ပါတော့"လို့ ဒိုအာ လုပ်လိုက်တယ်။
ချက်ချင်းပဲ လဲကျပြီး အလ္လာဟ်အရှင့် အမိန့်တော် ခံယူ
သွားပါတော့တယ်။(ရဟိမဟုလ္လားဟ်)

(ရှိုင်ခ် အဟ်မဒ် ရှဟာဗွဒ္ဒီးန် ကလ်ယူဗီး(ရဟေ့)၏
ကိသားဗုလ် ကလ်ယူဗီးကျမ်း စာ ၃)

သင်ခန်းစာ။  ။
၁။ ။ရှေးယခင်က ကျွန်တွေထဲမှာလည်း အာဗိဒ်
(အိဗာဒသ်မှာ မွေ့လျော်သူ)တွေ ရှိခဲ့ကြတယ်။
၂။ ။အလုပ်ကြမ်းတွေ လုပ်နေရတဲ့ကြားက အချိန်
ထုတ်ပြီး အေဗာဒသ် လုပ်လေ့ရှိကြတယ်။
ကျွန်တော်တို့က အားမှ စိတ်ပါမှ အေဗာဒသ် လုပ်
လေ့ရှိကြတယ်။ဒါဟာ မှားယွင်းနေတဲ့ အချက်ဖြစ်တယ်

၃။ ။သူတော်စင်တွေက မိမိတို့ရဲ့ ကရာမားသ်တွေကို
ဖုံးကွယ် ထားလေ့ရှိကြတယ်။ကျွန်တော်တို့က မရှိ
ရှိတာကို မရမက ထုတ်ပြတတ်ကြတယ်။

၄။ ။မည်သူ့ကိုမျှ အထင်မသေးရ။မျက်နှာမွဲတွေ၊
သူဆင်းရဲတွေ၊ ကျွန်တွေ၊ အလုပ်သမားတွေ အစရှိတဲ့
အောက်ခြေ လူတန်းစားတွေထဲမှာလည်း သူတော်စင်တွေရှိကြတယ်။

အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့ အားလုံးကိုလည်း
အတုယူ အမလ်လုပ်နိုင်တဲ့ သောဝ်ဖီးင် ချီးမြှင့်တော်
မူပါစေ။  ။အာမီးန်

Saeed AhmadKhaan

အတုယူဖွယ် မိန့်ကြားချက်တခု

အတုယူဖွယ် မိန့်ကြားချက်တခု

ဟဇရသ်ကြီးမောင်လာနာအစ်လ်ယားစ် (ရဟေ့)မိန့်တယ်။
ကျွန်ုပ်ကို သာမာန်မွတ်စ်လင်မ်တယောက်ထက် ပိုပြီး မြင့်တယ်လို့ မယူဆထားကြနဲ့။ကျွန်ုပ်ပြောတာကိုပဲ ကြည့်ပြီး လိုက်လုပ်ရင် ဒါ သာသနာမဲ့ ရာကျမယ်။ကျွန်ုပ်ပြောသမျှကို ကုရ်အာန်ဟဒီးစ်နဲ့ ကိုက်ကြည့် ကိုယ့်ဟာကို ချင့်ချိန် ပြီးမှ ကိုယ်အမလ် ကိုယ်တာဝန်ခံပြီးကျင့်သုံးကြပါ။ကျွန်ုပ်ပြောတယ်ဆိုတာ မရ်ှဝရာ အကြံပြုရုံ သက်သက်ပါ။

ရှေ့ဆက်အမိန့်ရှိတယ်။

ဟဇရသ်အိုမရ်သခင်ဟာ မိမိမိတ်ဆွေတွေကို မိန့်ကြားလေ့ရှိတယ်။အသင်တို့ဟာ ကျွန်ုပ်ကို အင်မတန်ကြီးလေးတဲ့ တာဝန်ကို ထမ်းခိုင်းလိုက်တာပဲ။အသင်တို့ ကျွန်ုပ်လုပ်သမျှကို စောင့်ကြည့်နေကြပါ။

ကွန်ုပ်လည်း ကျွန်ုပ်မိတ်ဆွေတွေကို အတန်တန် ခယစွာနဲ့ မေတ္တာရပ်ခံချင်တာကတော့ ကျွန်ုပ်ကို စောင့်ကြည့်ကြပါ။မှားတာနဲ့ ချက်ချင်း သတိပေးကြပါ။ကျွန်ုပ် ဖြောင့်မတ်မှန်ကန်နေဖို့လည်း ဒိုအာ လုပ်ပေးကြပါ။

(မောင်လာနာအစ်လ်ယားစ်သခင်၏နှုတ်ချွေစကားများကျမ်း စာ၁၆၉)

🌴ဇင်မင်းထိုက် မျှဝေသည်🌴

Mufti Saeedullah Mahmudi

دل گلستاں تھا تو ہر شے سے ٹپکتی تھی بہاریں
دل بیاباں ہوگیا  عالم بیاباں ہو گیا

حضرت والاؒ
နှလုံးသားဟာ အလ္လာဟ်အရှင်မြတ်ရဲ့ အချစ်နဲ့ စိမ်းလန်းစိုပြေနေမယ်ဆိုရင် အရာရာတိုင်းဟာ သာယာလှပနေမယ်။ နှလုံးသားက အရှင့်အချစ်မရှိတော့ပဲ သာယာမှုကင်းမဲ့ပြီး ခမ်းခြောက်သွားပြီဆိုရင်တော့ အရာရာတိုင်းဟာလည်း ခမ်းခြောက်သွားမှာပဲ။

     ကျေးဇူးရှင် ဆရာသခင်ကြီး အာရိဖ်ဗိလ္လာဟ် ဟဇရသ် မောင်လာနာ ရှားဟကီးမ်မုဟမ္မဒ် အခ်သရ်ဆွာဟိဗ် (နောဝ်ဝရလ္လာဟုအရ်ကဒဟူ)

     ဘာသာပြန်👉 မုဟမ္မဒ် စအီဒုလ္လာဟ် မဟ်မူဒီ

ကျနော်တို့ဟာ သာသနာအတွက် အသက်ပေးဖို့ ဆိုရင်တော့ အသင့်ပဲ မာရှာအလ္လာ

ကျနော်တို့ဟာ သာသနာအတွက်
အသက်ပေးဖို့ ဆိုရင်တော့ အသင့်ပဲ
မာရှာအလ္လာ

ခက်နေတာက
ကျနော်တို့ဟာ သာသနာ့အဆုံးအမတွေကို
လိုက်နာကျင့်သုံးဖို့ကျရင်တော့ အသင့် မရှိကြဘူး။

စည် သူ အောင်

Moulana Maqsood Ahmad Khan || Sulaimani || Hinzada

အမေး။ ။သူများကို ဂျာဒူ ပြုလုပ်တရ်သူခံစားရမယ်ငရဲကိုပြောပြပေးပါရှင့်,အတင်းပြောသူခံစားရမယ်ငရဲကိုလဲပြောပြပေးပါရှင့် ။.မေးသည်ထဲအမှားပါရင်မာဖ်လုပ်ပါ

အဖြေ။ ။ ဂျာဒူ လုပ်ခြင်း ဂျာဒူလုပ်ခိုင်းခြင်းသည် ဟရာမ် မပြုပိုင်သည့် ကိစ္စ ဖြစ်သည်။
ဂျာဒူပြုလုပ်သည့် အချို့ပုံစံများတွင်မူ လူသားကို အီမာန်ပျက်ပြီး ကာဖိရ်ဖြစ်စေသည်အထိ ရှိပေသည်။
အစ္စလာမ့်နည်းကျ အုပ်ချုပ်သည့် နိုင်ငံဖြစ်လျှင် လူတယောက် ဂျာဒူလုပ်ကြောင်း ခိုင်လုံသည့် သက်သေအထောက်အထားပြနိုင်သည့်အခါ ထိုသူ့ကို သေဒဏ် အပြစ်ပေးရမည်ဟု ပြဌာန်းထားပေသည်။
ထို့ကြောင့် ဂျာဒူလုပ်ခြင်း လုပ်ခိုင်းခြင်းသည် အလွန်ကြောက်စရာကောင်းတဲ့ အပြစ်ဒုစရိုက်ကြီး ဖြစ်တယ်။

အတင်းပြောခြင်းဟာလည်း ကြီးလေးတဲ့ အပြစ်ဒုစရိုက် ဖြစ်သည်။
ကျမ်းမြတ်ကုရ်အာန် နဲ့ ဟဒီးစ်တော်များမှာ အတင်းပြောခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပြီး သူ့ရဲ့ လောကီ လောကုတ္တရာ ဆိုးကျိုးတွေကို ဖော်ပြထားပါတယ်။
ဥပမာ
အတင်းပြောခြင်း ဟာ
မိမိညီနောင် သေဆုံးပြီးနောက် သူ့အသားကို လှီးစားသကဲ့သို့ ဖြစ်ကြောင်း
အတိုးတကာ အတိုးထဲမှာ အဆိုးဆုံး အတိုးဟာ မိမိညီနောင်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်း ဖြစ်ကြောင်း
အတင်းပြောခြင်းဟာ ဇေနာလုပ်ခြင်းထက် ပိုပြီး အပြစ်ကြီးကြောင်း
နှုတ်မှ ပြောသမျှကို မှတ်တမ်းတင်ထားပြီး.စစ်ဆေးမေးမြန်းခြင်း ခံရမှာ ဖြစ်ကြောင်း
အချင်းချင်း အမုန်းပွားစေသည့်အရာ
 ဖြစ်ကြောင်း
စသည်ဖြင့် လာရှိထားပါတယ်။

🍃မောင်လာနာ မပ်က်ဆူးဒ်အဟ်မဒ်ခါးန် (ခ) စည်သူအောင်🍃
          🌴ဇင်မင်းထိုက် မျှဝေသည်🌴

အလ္လာဟ်တစ်ပါးတည်းပဲ နောက်ဆုံး ကျန်မယ်။

အလ္လာဟ်တစ်ပါးတည်းပဲ နောက်ဆုံး ကျန်မယ်။
အဲဒီနောက် ဒုတိယအကြိမ် ပြန်လည်ဖန်ဆင်းမယ်။

အဲလို ပြန်ဖန်ဆင်းတဲ့အခါ ဟိုးကမ္ဘာဦးအစ
ဘာဘာ အာဒမ်ကနေစပြီး ကေယာမသ်နေ့အထိ
မွေးဖွားလာတဲ့လူတွေအားလုံးပြန်လည် ရှင်ပြန်
ထလာမယ်။

တမန်တော်မြတ် ( ဆွ ) ရဲ့ ညာဘက်မှာ
ဟဇရသ်အဘူဗကရ် ရှိနေလိမ့်မယ်။ဘယ်ဘက်မှာ
ဟဇရသ် အုမ္မရ် ရှိနေလိမ့်မယ်။တမန်တော်မြတ် (ဆွ )
ရဲ့ခြေထောက်အောက်ကနေ ဟဇရသ် ဘေလား
ထလာမယ်။

ခန္ဒာကိုယ်တွေမှာ အ၀တ်အစားပါမှာ မဟုတ်ဘူး။
မိခင်၀မ်းထဲက ထွက်လာတုံးကဘယ်လို ပုံစံလဲ ။ အဲဒီအတိုင်း ဟရှရ်မှာ ရှင်ပြန်ထရလိမ့်မယ်။ ပထမဦးဆုံး ဟဇရသ် အီဗရာဟီးမ် ( အ) ကို အ၀တ်အစား
၀တ်ပေးလိမ့်မယ်။

အလ္လာဟ်အရှင် မိုးကောင်းကင်ကနေ ဆင်းလာမယ်။
ဖရှရ်သာတွေ တန်းစီးနေလိမ့်မယ်။ ဖရှရ်သာကြီး ( ၈ ) ပါး အလ္လာဟ်ရဲ့ အရ်ရ်ှတော်ကိုထမ်းထားလိမ့်မယ်။
တဖက်မှာ ဂျန္တွသ်ကို ယူလာမယ်။ နောက်တဖက်မှာ
ဂျဟန္တွမ်ကို ယူလာမယ်။နောက် ပွလ်ဆွေရသ်တံတားကို ခင်းခိုင်းမယ်။ အဲဒီနောက် မီဇာန်ချိန်ခွင်ကို
ယူလာမယ်။

အဲဒီနောက် အလ္လာဟ် တစ်ယောက်ချင်း
တစ်ယောက်ချင်းကို ခေါ်ပြီးလူတိုင်းရဲ့ လက်ထဲမှာ
စာရင်းစာအုပ်ကို ပေးလိုက်မယ်။

အသင့်ရဲ့ စာရင်းစာအုပ်ကို အသင်ယူပါ။
အသင်ကြည့်ပါ ။ အသင်ဖတ်ပါ။

အဲဒီစာရင်းစာအုပ်ထဲမှာနှမ်းစေ့လောက် ကောင်းတာ
ကို ရေးထားတာလည်းတွေ့ရမယ်။ နှမ်းစေ့လောက်
မကောင်းတာ ရေးထားတာကိုလည်း တွေ့ရမယ်။
ကျနော်တို့ ဒွန္တွယာမှာ လုပ်ခဲ့တာတွေ အားလုံး
တွေ့ရမယ်။

အဲလိုတွေ့ပြီးတော့ ကျနော်လူသား ထိန့်လန့်သွားမယ်။
အိုအလ္လာဟ် ဒီစာအုပ်ဟာ ဘယ်လိုစာအုပ်လဲ။
ဒီစာအုပ်ထဲမှာ ကဗီရာဟ် စွဂီရာဟ် ဂိုနဟ်အားလုံး
ရေးထားတယ်ပါလား။

ကျနော်လူသား အလ္လာဟ်ကို စောဒက တက်မယ်။
အို အလ္လာဟ် . . . . .

မော်လဝီ ဟာဖိဇ် မုဟမ္မဒ် ယူစွတ်ဖ် အိဗ်နေ ယာစီးန်

ဖရဇ်နမာဇ် ရဲ့နောက်မှာ အိဂျ်သိမာအီ (အားလုံးတူတူစုပြီး)ဒုအာတောင်းချင်းပိုင်ပါသလား

ဖရဇ်နမာဇ် ရဲ့နောက်မှာ အိဂျ်သိမာအီ (အားလုံးတူတူစုပြီး)ဒုအာတောင်းချင်းပိုင်ပါသလား

ဖရဇ် နမာဇ်ပြီးနောက် တောင်းတဲ့ဒုအာသည် ကဗူလ် ပြုခြင်း ခံရတဲ့ အချိန်များအနက်မှ အချိန်တချိန်ဖြစ်သည်

عن أبي إمامة رضي الله عنه قال: قيل لرسول الله صلى الله عليه وسلم: أي الدعاء أسمع؟ قال «جوف الليل الآخر ودبر الصلوات المكتوبات».

တမန်တော်ကို ပုဂ္ဂိုလ်တယောက်မေးတယ်
ဘယ်ဒုအာက အလ္လာဟ့်ထံတော်ပါးမှာ ကဗူလ် အဖြစ်ဆုံးလဲ
တမန်တော်အဖြေပေးတော်မူသည်မှာ
ညရဲ့ နောက်ဆုံးယံ မှာ တောင်းတဲ့ဒုအာ
ပြီးနောက် ဖရဇ်နမာဇ်ပြီးတဲ့အချိန်တောင်းတဲ့ဒုအာ ဖြစ်တော်မူတယ်

ထိုနည်းတူစွာ ဟဒီဆ်တော်တွေအမြှောက်အများလာရှိလေသည်

ကုရ်အာန်အာယသ်ဖြစ်တဲ့{فَاِذَا فَرَغْتَ فَانْصَبْ
အသင်ပြီးသွားပြီဆို ကောင်းစွာ ကြိုးစား အားထုတ် ပါ
ထိုအာယသ်ရဲ့ သဖ်စီရ် (အကျယ်ရှင်းလင်းချက်) ကို  အဗ်ဒ် ဘင်န် ဟုမိုင်ဒ်
အိဗ်နေ ဂျရီးရ်   အိဗ်နေ မွန်ဇိရ်
အိဗ်နေ အဘီ ဟာသင်မ်  အစရှိတဲ့ပုဂ္ဂိုလ်များက ဟဇရသ် အိဗ်နေ အဗ္ဗာစ် ရဲ့ စနဒ်(ဆင့်ကဲ)မှ အောက်ပါအတိုင်း သဖ်စီရ် ပြုလုပ်ကြသည်

အသင်နမာဇ်ကနေ ပြီးဆုံးသွားရင် ဒုအာဆုမွန်တောင်းခြင်းဖြင့် ကြိုးစား အားထုတ်မူ့ပြုပါလေ

ထိုနည်းတူစွာ   ဟဇရသ်အိဗ်နေ မဆ်အူးဒ်
ဟဇရသ်မုဂျာဟိဒ်    ဟဇရသ်ကဒါဒဟ်
ဟဇရသ် ဒွက်ဟ်ဟာက်  အစရှိသော ပုဂ္ဂိုလ်တွေထံကနေလည်း فَاِذَا فَرَغْتَ فَانْصَبْ   ထိုအာယသ်ရဲ့သဖ်စီရ်ကို 

အသင်နမာဇ်ကနေ ပြီးဆုံးသွားရင် ဒုအာဆုမွန်တောင်းခြင်းဖြင့် ကြိုးစား အားထုတ်မူ့ပြုပါလေ    ဟု ပြုလုပ်ထားလေသည်

ထိုနည်းတူစွာ  နှစ်ဘဝသခင်ကျေးဇူးတော်ရှင်တမန်တော်မြတ်ကြီး (စွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ဒုအာတောင်းသောအခါ လက်မြှောက်ပြီး တောင်းလေ့ရှိသည်

أنَّ النَّبِيَّ صَلَّى اللهُ عَلَيهِ وَسَلَّمَ كَانَ إِذَا دَعَا فَرَفَعَ يَدَيهِ مَسَحَ وَجْهَهُ بِيَدَيهِ

ထိုနည်းတူစွာ ဒုအာတောင်းနေစဉ် အာမီန်ဟုဆိုခြင်းမှာလည်း ဟဒီစ်နဲ့ အတည်ဖြစ်ထားလေသည်

اِنَّ مِن آدابِ الدُّعاءِ تأمينَ الْمُستَمِع

တမန်တော်မြတ်(စွလ္လလ္လာဟုအလိုင်ဟိ ဝစလ္လမ်)
ဖရဇ်နမာဇ်ပြီး ဒုအာတောင်းခြင်းနဲ့ပတ်သက်ပြီးလည်း မြှောက်များစွာသော စွဟာဗာ တွေထံကနေ ဆင့်ပြန်ချက်တွေလာရှိတယ်

အနှစ်ချုပ်အနေနဲ့ ပြောရမည်ဆိုပါက
ဖရဇ်နမာဇ်ပြီး အိမာမ်ရဲ့နောက်ကနေ အာမီန် အာမီန် လို့ ဆိုပြီးဒုအာလုပ်ခြင်းကို အရေးကြီးတယ်လို့ မသတ်မှတ် ရဖူး

  မတောင်းပဲထသွားတဲ့သူကို  ရှုံ့ချတဲ့ အကြည့်နဲ့ မကြည့်ရဖူး

အိမာမ် ဒုအာစတောင်းတာနဲ့ ကိုယ်လည်း လိုက်တောင်းရမယ်  အိမာမ်ပြီးတာနဲ့ ကိုယ်လည်းပြီးရမယ်လို့ မသတ်မှတ်ထားရဖူး

အိမာမ်တောင်းတာက်ု အာမီန် လိုက်လို့ရသလို
ကိုယ့်လိုအပ်ချက် ကိုယ်တောင်းတာသည်ပို ကောင်းတယ်

ကိုယ့်လိုအပ်ချက် ကိုယ်တောင်းပြီး အိမာမ်မပြီးသေးလည်း ထသွားခွင့်ရှိတယ်
အိမာမ်ပြီးသွားလို့ ကိုယ့်လိုအပ်ချက် ကိုယ်တောင်းတာမပြီးသေးဖူးဆိုလည်း ဆက်တောင်းလို့ရတယ်

အိမာမ်အနေနဲ့ တိုးတိုးတောင်းတာ ပိုမြတ်တယ်
တခါတလေ သအ်လီမ် (သင်ပေးဖို့ဆိုတဲ့)နိယသ်နဲ့ ကျယ်ကျယ်တောင်းခွင့်ရှိတယ်

အိမာမ်ရဲ့ နောက်က အိမာမ်နဲ့အတူ ဒုအာတောင်းတာကို ဗိဒ်အသ် လို့ သတ်မှတ်လိူ့မရပါ
တခုပဲ ဒါက်ု အရေးကြီးတဲ့ စွန္နသ်လို့ မသတ်မှတ်ရဖူး

စာရှည်သွားမည်ကို ရှေးရှု့ပြီး
အတိုချုံ့ပြီးရေးသားလိုက်ရခြင်းဖြစ်တယ်

التحفة المرغوبه في افضلية الدعاءبعدالمكتوبه
အမည်ရှိ ရိစာလာ တခုမှ ကောက်နှုတ်တင်ပြခြင်းဖြစ်သည်

 Myo Thu

Moulana Muhammad Maqsood Ahmad Khan || Sulaimani || Hinzada || Myanmar B...

https://youtu.be/mWqRHt4Wga0

သဖ်စီရ် အစီစဉ် စူရဟ် နဆွရ် || မဆ်ဂျေဒေ နူရုလ်အိစ်လာမ် ဖောတ်ဝိန် || မွဖ်...

https://youtu.be/kv4GFwwNU9w

Moulana Muhammad Maqsood Ahmad Khan || Sulaimani || Hinzada || Myanmar B...

https://youtu.be/OOSvC9IpP44

Surah Fateha Tafseer || Mufti Ameeruddeen Svahib || America || Myanmar B...

https://youtu.be/59r9q8kxtiA

Islam Bahu Tuta || Moulana Muhammad Qasim || Mahmudi || Myanmar Bayan

https://youtu.be/WyBjasAG1Ac

ဂုဏ်တော်99ပါး မြန်မာလိုရော သေချာလေးရေးပေးထားတယ် Share ပြီးသ်ိမ်းထားနိုင်ပါတယ် ။

بسْــــــــمِ ﷲِالرَّحْمَنِ الرَّحِيـــــْــمِ○
ဂုဏ်တော်99ပါး မြန်မာလိုရော သေချာလေးရေးပေးထားတယ် Share ပြီးသ်ိမ်းထားနိုင်ပါတယ်  ။
       
မဟာဂရုဏာတော်ရှင်  ❤الرَّحْمَنُ

အလွန်တရာ သနားကြင်နာတော်မူသောအရှင်❤ الرَّحِيمُ

အစစ်အမှန် စိုးပိုင်တော်မူသောအရှင်❤الْمَلِكُ

အပြစ်များမှ ကင်းစင် သန့်စင်တော်မူသောအရှင်❤ اَلْقُدُّوْسُ

နစ်နာဆုံးရှုံးမှုအပေါင်းမှစောင့်ရှောက်တော်မူသောအရှင်❤ السَّلَامُ

ငြိမ်းအေးသာယာမှုအပေါင်းနှင့် အီမာန်ကို ချီးမြှင့်တော် မူသော အရှင်💛 الْمُؤْمِنُ

ပြည့်ဝစုံလင်စွာဖြင့် ထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင် 💛الْمُهَيْمِنُ

ဖန်ဆင်းခံအားလုံး အပေါ်ဝယ် လွှမ်းမိုးတော်မူသော အရှင်💛الْعَزِيزُ

ပျက်စီးယိုယွင်းမှုအပေါင်းကို ပြုပြင်တော်မူသောအရှင်💛الْجَبَّارُ

ထူးကဲ မြင့်မြတ်တော်မူသော အရှင် 💛 الْمُتَكَبِّرُ

အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော အရှင် 💚الْخَالِقُ

အရာရာတိုင်းကို နေသားတကျ တီထွင်ဖန်တီးတော်မူသောအရှင်💚الْبَارِئُ

ပုံပန်းသဏ္ဍာန် အမျိုးမျိုးကို ဖန်ဆင်းတော်မူသော အရှင် 💚الْمُصَوِّرُ

 အပြစ်ဂိုနာဟ်များမှ အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်💚الْغَفَّار

အရာအားလုံးကို နိူင်နင်းလွှမ်းမိုးတော်မူသော အရှင်ُ💚 الْقَهَّارُ

အလုံးစုံကိုပေးကမ်းချီးမြှင့်နိူင်တော်မူသော အရှင် 💖 الْوَهَّابُ

ရိုဇီရိုကာများကို အလွန်တရာ ချီးမြှင့်တော်မူသော အရှင်💖الرَّزَّاقُ

အဖန်ဆင်းခံအားလုံးအတွက် ရဟ်မသ်၏တံခါးကို ဖွင့်ထားတော်မူသော အရှင်💖الْفَتَّاحُ

အကြေားင်းအရာအလုံးစုံတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်💖الْعَلِيمُ

အရာအားလုံးတို့ကို တားဆီးချုပ်ထိန်းတော်မူသော အရှင် 💖 الْقَابِضُ

ချောင်ချိပြေလည် စေတော်မူသော အရှင် 💙 الْبَاسِطُ

အဆင့်အတန်းနိမ့်ချနိူင်တော်မူသော အရှင် 💙الْخَافِضُ

အဆင့်အတန်းမြင့်မားစေတော်မူသော အရှင် 💙الرَّافِعُ

ဂုဏ်ဒြပ်ချီးမြှင့်တော်မူသော အရှင် 💙 الْمُعِزُّ

ဂုဏ်ဒြပ်သေးသိမ် စေတော်မူသော အရှင် 💚الْمُذِلُّ

အကြွင်းမဲ့ ကြားတော်မူသော အရှင် 💜السَّمِيعُ

အရာခပ်သိမ်းကို အကြွင်းမဲ့မြင်တော်မူသော အရှင်💜الْبَصِيرُ

မှန်ကန်စွာ စီရင်ဆုံးဖြတ်တော်မူသော အရှင် 💜الْحَكَمُ

အမြဲအစဉ်တရားမျှတစွာဖြင့် စီရင်ဆုံးဖြတ်တော်မူသော အရှင်💜الْعَدْلُ

လှို့ဝှက်ဖုံးကွယ်နေသော အရာအပေါင်းကို သိရှိတော်မူသော အရှင် 💜 اللَّطِيْفُ

အကြောင်းသတင်း အားလုံးကို သိရှိနေတော်မူသော အရှင် ❤الْخَبِيرُ

အလွန်တရာ သည်းခံမြိုသိပ်တော်မူသော အရှင် ❤الْحَلِيمُ

အလွန်တရာ ဂုဏ်ဒြပ်မြင့်မားတော်မူသော အရှင် ❤الْعَظِيمُ

အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင် ❤الْغَفُورُ

အလွန်တရာ ကျေးဇူးသိတော်မူသော အရှင်❤ الشَّكُورُ

အလွန်တရာ အဆင့်မြင့်မားတော်မူသော အရှင် 💛الْعَلِيُّ

အလွန်တရာ ကြီးကဲတော်မူသော အရှင် 💛الْكَبِيرُ

ထိန်းသိမ်းစောင့်ရှောက် တော်မူသော အရှင် 💛الْحَفِيظُ

အဖန်ဆင်းခံအပေါင်းတို့အား ရိုဇီရိက္ခာအပြည့်အစုံ ချီးမြှင့်တော် မူသော အရှင် 💛الْمُقِيتُ

အဖန်ဆင်းခံအပေါင်းတို့အတွက် လုံလောက်ပြည့်စုံစေတော်မူသော အရှင် 💛الْحَسِيْبُ

ဘုန်းတန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသော အရှင် ُ💚الْجَلِيلُ

အသနားခံတောင်းပန်မှု မရှိပဲလျက် ပေးကမ်းစွန့်ကျဲတော်မူသော အရှင် 💚الْكَرِيمُ

စောင့်ကြပ်အုပ်ထိန်းတော်မူသော အရှင် 💚الرَّقِيبُ

လက်ခံ  ကဗူလ်ပြုတော်မူသော အရှင် 💚الْمُجِيبُ

အတိုင်းအဆမရှိ ကျယ်ဝန်းတော်မူသော အရှင် 💛الْوَاسِعُ

ဆင်ခြင်တုံတရားနှင့် ပြည့်ဝတော်မူသော အရှင် 💖الْحَكِيمُ

မိမိအဖန်ဆင်းခံ ဗန္နာဟ်ကျေးကျွန်တို့အပေါ်၌ လိုလားနှစ်သက်တော်မူသော အရှင် 💖الْوَدُودُ

မြင့်မြတ်သော ဂုဏ်ဒြပ်အပေါင်းတို့ ပြည့်စုံတော်မူသော အရှင် 💖الْمَجِيدُ

ကဗရ်မှတဖန် ပြန်လည်၍ ရှင်ပြန်ထစေတော်မူသော အရှင် 💖الْبَاعِثُ

နေရာတိုင်း၌ အခါခပ်သိမ်းမြင်နေ/ကြားနေတော်မူသော အရှင် 💖الشَّهِيدُ

မိမိ၏ ဂုဏ်တော်အလုံးစုံနှင့်အတူ တည်ရှိတော်မူသော အရှင် 💙الْحَقُّ

အမှုကိစ္စအပေါင်းကို ပြီးမြောက်စေတော်မူသော အရှင် 💙الْوَكِيلُ

ခွန်အားဗလ ကြီးမားတော်မူသော အရှင် 💙الْقَوِيُّ

အလွန်တရာ တည်ကြည်ခိုင်မြဲတော်မူသော အရှင် 💙الْمَتِينُ

ချစ်မြတ်နိူးတော်မူသော ကူညီရိုင်းပင်းတော်မူသော အရှင် 💜الْوَلِيُّ

ချီးကျူးခြင်းအပေါင်းကို ခံထိုက်တော်မူသော အရှင် 💜الْحَمِيدُ

ခပ်သိမ်းသော အဖန်ဆင်းခံတို့နှင့် ပတ်သက်၍ မိမိအသိဖြင့် လွှမ်းခြုံထားတော်မူသော အရှင် 💜الْمُحْصِي

ပထမဦးဆုံးအကြိမ် ဖန်ဆင်းတော်မူသော အရှင် 💜الْمُبْدِئُ

ဒုတိယအကြိမ် ဖန်ဆင်းတော်မူသော အရှင် 💚الْمُعِيدُ

အသက်ထင်ရှား ရှိစေတော်မူသော အရှင် ❤الْمُحْيِي

သေဆုံးကွယ်လွန်စေတော်မူသော အရှင် ❤الْمُمِيتُ

အမြဲရှင်သန်စေတော်မူသော အရှင် ❤الْحَيُّ 

အဖန်ဆင်းခံ အပေါင်းတို့အား တည်ရှိစေတော်မူသော အရှင် 💚الْقَيُّومُ

အရာခပ်သိမ်းတို့ကို မိမိထံပါး၌ ထားရှိတော်မူသော အရှင် ❤ الْوَاجِد

အလွန်မြင့်မြတ်တော်မူသော အရှင် ُ💛الْمَاجِدُ

တစ်ဆူတည်းတည်ရှိတော်မူသော အရှင်💛الْوَاحِدُ

တပါးတည်း တည်ရှိတော်မူသော အရှင် 💚 الأحد

လိုလားတောင့်တခြင်း ကင်းရှင်းတော်မူသော အရှင် /၎င်းအဖန်ဆင်းခံအပေါင်းတို့၏ အမှီသဟဲ ဖြစ်တော်မူသော အရှင် 💛 الصَّمَدُ 

အလွန်တရာ စွမ်းနိူင်တော်မူသော အရှင် 💜الْقَادِرُ

အဖန်ဆင်းခံအားလုံးတို့ အပေါ်သို့ တန်ခိုးတော်ကို ထင်ရှားစေတော်မူသော အရှင် 💚الْمُقْتَدِرُ

ရှေ့သို့တိုးပေးတော်မူသော အရှင် 💚الْمُقَدِّمُ

နောက်သို့ချန်ထားတော်မူသော အရှင် 💚الْمُؤَخِّرُ

အဦးအစ ဖြစ်တော်မူသောအရှင် 💙الْأَوَّل 

အဆုံး၌လည်း တည်ရှိတော်မူသော အရှင် 💛الْآخِرُ

အထင်အရှား တည်ရှိတော်မူသော အရှင် 💜الظَّاهِرُ

အကွယ်၌ တည်ရှိတော်မူသော အရှင် 💖الْبَاطِنُ

အရာခပ်သိမ်းတို့အား ကာကွယ်စောင့်ရှောက်တော်မူသော အရှင် 💖الْوَالِي

အဖန်ဆင်းခံအပေါင်း၏ ဂုဏ်ဒြပ်နှင့် လုံးဝ ကင်းရှင်းတော်မူသော အရှင် 💖الْمُتَعَالِ

အလွန်တရာ အကျိုးပြုတော်မူသော အရှင် 💚الْبَرُّ

ဝန်ချတောင်းပန်နိူင်စွမ်း ချီးမြှင့်တော်မူသော/ဝန်ချတောင်းပန်မှုက်ုလည်း လက်ခံတော်မူသော အရှင် 💙التَّوَّابُ

အပြစ်ကျူးလွန်သူ အပေါင်းတို့အား လက်စားချေ တုန့်ပြန်တော်မူသော အရှင် 💙الْمُنْتَقِمُ

အလွန်တရာ ခွင့်လွှတ်တော်မူသော အရှင် 💙الْعَفُوُّ

အလွန်တရာ ဂရုဏာရှိတော်မူသော အရှင် 💙الرَّءُوفُ

စကြာဝဠာခပ်သိမ်းတို့ကို စိုးပိုင်တော်မူသော အရှင် ဘုန်းသမ္ဘာကျက်သရေအပေါင်းနှင့် ပြည့်စုံတော်မူသော အရှင်  💛مَالِكُ الْمُلْكِ ذُو الْجَلَالِ وَالْإِكْرَامِ

အခွင့်အရေးများကို ပေးစွမ်းတော်မူသော အရှင် 💚الْمُقْسِطُ

ကိယာမသ်နေ့တွင် အဖန်ဆင်းခံအပေါင်းတို့အား တစ်စုတစ်စည်းထဲ စုရုံးစေတော်မူသော အရှင် 💜الْجَامِعُ

လိုလားတောင့်တခြင်းအပေါင်းမှ့ုကင်းစင်တော်ူသော အရှင် 💚الْغَنِيُّ

မိမိချီးမြှင့်ပေးကမ်းမှုအပေါင်းဖြင့် ကျေးကျွန်အပေါငါ်းတို့အား ညြ့်စုံစေတော်မူသော အရှင် ❤الْمُغْنِي

တားမြစ်ပိတ်ပင်တော်မူသော အရှင် ❤الْمَانِعُ

မိမိ၏ ဟိက်မသ်ဖြသင့်လည်းကေင်း ကြီးကျယ်မှုဖြင့်လည်းကောင်း မုချမလွဲ ဆိုးကျိုးဆိုက်ရောက်စေတော်မူသော အရှင် 💚الضَّارُّ

အကျိုးအမြတ်ကို သက်ရောက်စေတော်မူသော အရှင် 💛النَّافِعُ

ရောင်ခြည်တော်ဖြင့် လင်းဝင်းစေတော်မူသော အရှင်💛النُّورُ

တရားလမ်းမှန်ကို ညွှန်ကြားပြသတော်မူသော အရှင် 💛الْهَادِي

နမူနာပုံစံမလိုအပ်ပဲ ဖန်ဆင်းနိူင်စွမ်းတော်မူသောစွမ်းတော်မူသော အရှင် 💛الْبَدِيعُ

အမြဲထာဝရ တည်ရှိတော်မူသော အရှင် ဘယ်သောအခါမှပျက်စီးခြင်းမှ ကင်းစင်တော်မူသော အရှင် 💜الْبَاقِي

အရာခပ်သိမ်းတို့ပျက်စီးသွားပြီးနောက်လည်း တည်ရှိတော်မူသော အရှင် 💚الْوَارِثُ

မှန်ကန်သော လမ်းစဉ်ကို ညွှန်ကြားပြသတော်မူသော အရှင် 💚الرَّشِيدُ

ခန္တီတရားနှင့် ပြည့်စုံတော်မူသော အရှင် 💚الصَّبُورُ

                               crd;      ~~~~

ခံစားချက်ထပ်တူကျတဲ့ပို့စ်လေးတစ်ခု☜☜

☞☞ခံစားချက်ထပ်တူကျတဲ့ပို့စ်လေးတစ်ခု☜☜

✧✧သင်ခန်းစာတွေမှာ ဗယာန်တွေမှာ ✧✧✧

*** စကားဝိုင်းတွေမှာအလွှာအသီးသီးက ***

###  မိတ်ဆွေတွေကိုတင်ပြဖူးပါတယ် ###

အလ္လာဟ်အရှင်မြတ်သခင်ဤဆောင်းပါးရှင်ကို

မိမိဂုဏ်တော်အရှိန်အဝါနှင့်အညီကောင်းမြတ်သော

 အစားပေးသနားတော်မူပါစေ။

ဒီလိုအများအတွက်ကောင်းကျိုးဖြစ်ထွန်းမဲ့ပို့စ်မျိုး

လူအများထံအရောက်ပို့ဖို့ရှဲပေးကြပါ

Fb ပေါ်တွင်သာမဟုတ်ပဲ လက်တွေ့ကျကျ

 တောင်းဆိုအကောင်ထည်ဖော်ဖို့ဆွေးနွေးတိုင်ပင်ကြပါ

အင်န်အာမွလ်ဟစန် အတ်စ်အဒီ၊ဖွာရူကီ

"ဗလီမူတွေ ချိန်းပေးပါ"

ဂေါပကတွေကို ခန့်အပ်ထားတာ နမာဇီတွေအဆင်ပြေဖို့နဲ့ ဗလီဝတ်ကျောင်းတော် ထိန်းသိမ်းစောင့်ရှောက်ရုံ အတွက်ပဲဆိုရင် အဲ့လောက်က ဘောစိဟာဂျီဆပ်တွေ ပညာတတ်တွေ မလိုဘူး။ သာမန်လူတွေကို ခန့်အပ်ထားလည်း အဆင်ပြေတယ်။ ဒါပေမဲ့ ဘယ်နေရာရောက်ရောက် ဗလီဂေါပကတွေကို ကြည့်လိုက်ရင် မြို့မျက်နှာဖုံးတွေချည်းပဲ တွေ့ရတယ်။ တက်ပြီးရင်လည်း တော်ရုံနဲ့ ပြန်မဆင်းကြတော့ဘူး။ ဖြုတ်ချဖို့ တော်လှန်ဖို့ဆိုတာလည်း လက်ဖက်ရည်ဝိုင်းမှာ အလ္လာပသလ္လာပပြောတဲ့အချိန်သာ အားစလျှာစကောင်းကောင်းနဲ့ ပြောချင်ကြတာ။ လက်တွေ့ကျကျ လုပ်ပါဆိုရင် ကိုယ့်ဝမ်းရေးလောက် ဘယ်သူမှ စိတ်မဝင်စားကြဘူး။ အဲ့ဒီတော့ အဲ့ဒီနေရာတွေမှာ ရာသက်ပန်ထိုင်နေကြတဲ့ ဂေါပကတွေကို ကျွန်တော်တို့ တောင်းဆိုရမှာက "ခင်ဗျားတို့အရည်အချင်းနဲ့ညီတဲ့ လုပ်ငန်းမျိုးတွေ ဗလီတွေမှာ ဆောင်ကျဉ်းပေးခိုင်းပါ။ နမားဇ်ငါးကြိမ်ဖတ်နိုင်ဖို့ စီမံပေးနေတာတွေ၊ ဗလီဝေယျာဝစ္စလုပ်နေတာတွေက ခင်ဗျားတို့အရည်အချင်းနဲ့ မညီမျှဘူး။ အဲ့လောက်လေးနဲ့ ကျွန်တော်တို့ မတင်းသိမ်သင့်တော့ဘူး" ဒါ ကျွန်တော်တို့ဘက်က တောင်းဆိုရမယ့်အချက်ပါ။

ဒီဗလီတွေကို ဘာဖြစ်စေချင်လဲ။

နမားဇ်ဖတ်ရုံသက်သက် ဌာနတွေမဟုတ်ဘဲ Islamic Community Canter တွေအဖြစ် ပြောင်းလဲပေးပါ။ ဆင်းရဲသားလူတန်းစားတွေအတွက် လူမှုဖူလုံရေးဌာနတွေ ဖြစ်စေချင်တယ်။ ဒီပရက်ရှင်ဝင်နေသူတွေကို ပညာရှင်တွေခေါ်ပြီး ကောင်းစလင်းလုပ်ပေးစေချင်တယ်။ မွတ်စ်လင့်မ်အိမ်တွင်းရေး ပြဿနာတွေကို ဖြေရှင်းပေးစေချင်တယ်။ အကူအညီလိုနေသူတွေကို လိုအပ်သလိုစိစစ်ပြီး ပရဟိတတွေ လုပ်ပေးစေချင်တယ်။ အိမ်တွေမှာ အသုံးမလိုတော့တဲ့ ပစ္စည်းတွေကို လိုအပ်သူတွေကို ပေးကမ်းနိုင်အောင် ဗလီကနေတဆင့် စီစဉ်ပေးစေချင်တယ်။ သားရေးသမီးရေးကိစ္စတွေအတွက် နှစ်ဖက်အသိုင်းအဝိုင်းက စုံစမ်းချင်တဲ့ အချက်အလက်တွေ ဗလီတွေမှာ ရီကော့ဒ်ရှိစေချင်တယ်။ နိကာဟ်ဝလီမဟ်ကိစ္စတွေကို တရားတော်နဲ့အညီ စရိတ်စကအသက်သာဆုံးနဲ့ ကုန်ကျစရိတ်အနည်းဆုံးဖြစ်အောင် ဗလီနဲ့ဗလီခန်းမတွေမှာပဲ စီစဉ်ကြဖို့ နှိုးဆော်ပေးရမယ်။ သဘာဝဘေးအန္တရာယ်တွေ ကျရောက်လာတိုင်း လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ ပြန်လည်းထူထောင်ရေးအစီစဉ်တွေကို ဗလီတွေကနေ စတင်ရမယ်။ ဗလီတွေနဲ့ တွဲဖွင့်ထားတဲ့ ဘာသာရေးကျောင်းတွေကို အချိန်ပိုင်းလောက် မဟုတ်ဘဲ တစ်နေကုန် ဖွင့်လှစ်သင်ကြားနိုင်ဖို့ စီစဉ်ပေးရမယ်။ အဲ့ဒီကျောင်းတွေမှာ ဘာသာရေးပညာကော ခေတ်ပညာတွေကိုပါ တွဲဖက်သင်ကြားပေးနိုင်တဲ့ ဆရာ/ဆရာမတွေ စီစဉ်ပေးရမယ်။ ဂျာမေဗလီစာရင်းဝင် ဗလီကြီးတွေမှာ စာကြည့်တိုက်တွေရှိစေချင်တယ်။ ဒွန်ယာအာခိရသ် အကျိုးဖြစ်ထွန်းစေမယ့် စာအုပ်စာပေကောင်းတွေ လေ့လာလို့ရရမယ်။ ဒါ ကျွန်တော်စဉ်းစားမိသလောက် ချရေးထားတာတွေပါ။

ဗလီတွေကို နန်းတော်လို ဆောက်လုပ်နေတာ ပြင်ဆင်ချယ်သနေတာတွေ တအားများသွားပြီ။ ဗလီအိမ်သာတွေကို ကြွေပြားကပ်နေတာတွေ၊ ကောင်းပေ့လှပေ့ဆိုတဲ့ ကော်ဇောကြီးတွေ ကတ္တီပါအခင်းတွေ မီးဆိုင်းကြီးတွေ အလှဆင်မီးတွေ အဲယားကွန်းတွေအတွက် အများမွတ်စ်လင်မ်သုံးစွဲခဲ့တဲ့ ငွေကြေးတွေက ဘီလျံချီနေပြီ။ အဲ့ဒါတွေက လှူဒါန်းသူတွေအတွက်ပဲ လောက်လောက်လားလား အာခိရသ်အကျိုးဖြစ်ထွန်စေပြီး အများမွတ်စ်လင်မ်အတွက်ကတော့ ဘာမျှသိပ်မထူးခြားတာ တွေ့ရတယ်။ ဒီကြားထဲ ဘာသာရေးပဋိပက္ခဖြစ်ရင် မသမာသူတွေ ယုတ်မာသူတွေလာပြီး ရိုက်ချိုးဖျက်ဆီးသွားရင် ပိုဆိုးရော။ အကုန်သဲထဲရေသွန် ဖြစ်ကုန်ရော။ အဲ့ဒီတော့ ဒါတွေမလုပ်ရတော့ဘူးလားဆိုတော့ လုပ်ပါ မတားပါဘူး။ ယခင်သုံးစွဲခဲ့သလောက်ပဲ ဆက်ပြီးလှူဒါန်းကြပါ။ ဒါပေမဲ့ အလှူရှင်ခွင့်ပြုချက်နဲ့ အဲ့ဒီငွေတွေထဲက တဝက်လောက်ကိုပဲ ဗလီတည်ဆောက်ရေးမှာသုံးပြီး ကျန်တဝက်ကို အပေါ်ကပြောခဲ့တဲ့ လုပ်ငန်းတွေမှာ သုံးစွဲစေချင်တယ်။ အဲ့ဒါက အာခိရသ်အတွက်လည်း အကျိုးဖြစ်စေသလို ဒွန်ယာမှာလည်း လက်တွေ့အကျိုးပြန်ခံစားရမယ့် ရင်းနှီးမြှုပ်နှံမှုပဲ။ အထူသဖြင့် ကျွန်တော်တို့ဗလီတွေကို သရုပ်ဖျက်ပုံဖော်ပြီး အများပြည်သူကို မှိုင်းတိုက်နေတဲ့ ဒေသမျိုးက ဗလီတွေမှာ ဒီလိုလုပ်ငန်းတွေက ပိုတောင်လုပ်ပြသင့်တယ်။

ဒါတွေဘယ်သူလုပ်မလဲ။
ထိုင်ခုံနေရာယူပြီး ပြန်မဆင်းချင်တဲ့ ဂေါပကတွေကို လုပ်ခိုင်းပါ။ ဒါ သူတို့အရည်အချင်းနဲ့ညီတဲ့ အလုပ်တွေပဲ။ သူတို့ကိုယ်တိုင်မလုပ်ရင်တောင် ဗလီတွေမှာလုပ်ဖို့ ခွင့်ပြုပေးလိုက်ပါ။ လိုက်လုပ်ပေးမယ့်ပညာရှင်တွေ လုပ်အားပေးလူငယ်တွေ အများကြီး ကိုယ့်ထမင်းကိုယ်စားပြီး လာလုပ်ပေးကြလိမ့်မယ်။ အဲ့ဒီကနေတဆင့် ကျွန်တော်တို့လိုချင်တဲ့ ကိုယ်ပိုင်ကျောင်းတွေ ကိုယ်ပိုင်ဆေးရုံတွေအထိ လမ်းကြောင်းတွေ ဖွင့်ထုတ်နိုင်ပါတယ်။ အဲ့ဒီအချိန်ရောက်ရင် ဘာသာပေါင်းစုံနဲ့ ဆက်ဆံခွင့်ရပြီး ဒအ်ဝသ်လုပ်ငန်းလည်း အော်တိုဖြစ်လာကြလိမ့်မယ်။ အဓိကကျွန်တော်တို့အလုပ်က ကိုယ့်ကွန်မြူနီတီကနေ အစပြုခဲ့တယ်ဆိုပေမယ့် လူမျိုးဘာသာမရွေး အများသူငှာအကျိုးဖြစ်စေမယ့် ပန်းတိုင်အထိ ရောက်နိုင်ရမယ်။ အဲ့ဒါမှလည်း သရုပ်ဖျက်ခံထားရတဲ့ အစ္စလာမ့်ပုံရိပ်ကို ပြန်အဖက်ဆယ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

ကျွန်တော်ပြောတဲ့ "ဗလီမူတွေ ချိန်းရမယ်" ဆိုတဲ့ခေါင်းစဉ်အောက်မှာ အသစ်တစ်ခုမှ ပြောထားတာ မရှိဘူး။ နှစ်ပေါင်း ၁၄၀၀ အရင်က မဒီနာက တမန်တော်မြတ် (ဆွ) ဗလီဝတ်ကျောင်းတော်မှာ ဒါတွေအားလုံး ရှိခဲ့တယ်။ အဲ့ဒီလွမ်းမောဖွယ်ရာ ကြီးကျယ်ခမ်းနားတဲ့ အတိတ်တွေကို ကျွန်တော်တို့စွှန့်ပြီး ဗလီတွေကို အိဗာဒသ်လုပ်ရုံသက်သက် အဆောက်အအုံတစ်ခုပဲလို့ သတ်မှတ်လိုက်တဲ့ နေ့ကစပြီး ကျွန်တော်တို့ဗလီပုံရိပ်တွေလည်း တဖြေးဖြေးချင်းကျဆင်းလာတော့တာပဲ။ အဲ့ဒါတွေကို ပြန်ဖော်ထုတ်ကြပါ။ ဆေးသုပ် ကြွေပြားကပ် အိမ်သာဆောက် ကော်ဇောခင်းရုံအတွက်ပဲ ငွေသုံးကြမ်းနေတာတွေ ရပ်သင့်ပြီ။

အခုလို ပြောင်းလဲခြင်းအားဖြင့် နောက်ဘာအကျိုးဖြစ်နိုင်လဲဆိုရင် အခု ကျွန်တော်တို့ အားမလိုအားမရဖြစ်နေတဲ့ ဘာသာရေးအဖွဲ့အစည်းတွေကို တွန်းအားပေးသလို ဖြစ်လာလိမ့်မယ်။ အခုသူတို့လုပ်နေတဲ့ လုပ်ငန်းတွေလောက်ကို ကျွန်တော်တို့ ဗလီကွန်မြူနီတီလောက်နဲ့လည်း လုပ်ပြနိုင်တယ်ဆိုတဲ့အသိက သူတို့ကိုအရှက်ရအောင် လုပ်လိမ့်မယ်။ အဲ့ဒါကို မခံချင်စိတ်ရှိတဲ့အဖွဲ့အစည်းက ပြောင်းလဲချင်သပါ့ဆိုရင် အလဟမ်ဒုလိလ္လာဟ်။ အေ ဂရုမစိုက်ဘဲ နဂိုအတိုင်းဒုံရင်းက ဒုံရင်းပဲဆိုရင်တော့ သူ့ဟာသူ အပယ်ခံဘဝရောက်သွားမှာတော့ အသေအချာပဲ။ အဲ့ဒီတော့ ဒီအဖွဲ့အစည်းတွေကို အပြောင်းအလဲလုပ်ပေးပါလို့ တောင်းဆိုနေကြမယ့်အစား ကျွန်တော်တို့ကိုယ်တိုင် လက်လှမ်းမီတဲ့ ဗလီတွေကနေ အပြောင်းအလဲကြီးတစ်ရပ် စတင်လိုက်ကြရအောင်။
Copy to
Crd✍️ မောင်မြင့်မြတ်

ဒိုအာအေအနတ်စ်အပြည့်အစုံပါ

☞☞ဒိုအာအေအနတ်စ်အပြည့်အစုံပါ





☜☜

နံရံကပ်ဒိုအာစာရွက်တွေ အချို့ဝဇွီဖွဟ်စာအုပ်တွေ

မှာ စာသားအပြည့်စုံမပါဝင်တာတွေ့ရပါတယ်

ကူးယူထားပါ အမလ်လုပ်ပါ ပို့စ်ကိုရှဲပေးပြီးမျှဝေပါ

Mufti Inaam ul Hasan Svahib

ယနေ့ လူအများစားသုံးလျှက်ရှိသော ဂဏန်း ကင်းမွန် ပြည်ကြီးငါး ခရုဆီ အစရှိသည့် ပင်လယ်စာများနှင့် ပက်သက် ၍ ထွက်ရှိလာသော ဖသ်ဝါ

ယနေ့ လူအများစားသုံးလျှက်ရှိသော
ဂဏန်း ကင်းမွန် ပြည်ကြီးငါး ခရုဆီ
အစရှိသည့် ပင်လယ်စာများနှင့် ပက်သက်
၍ ထွက်ရှိလာသော ဖသ်ဝါ 👇👇👇👇


Islamic Calendar


**အလ္လာဟ်အရှင်မြတ်သခင်၏အမိန့်တော်ခံယူခြင်း။**


**အလ္လာဟ်အရှင်မြတ်သခင်၏အမိန့်တော်ခံယူခြင်း။**
*** အသက်(၈၇)နှစ်***

ကျေးဇူးရှင် ဆရာသခင် အကြီးအကဲဖြစ်သူ
ဟဇရသ် ဟာဖီဇ် စအီးဒ်ဆွာဟိဗ်
(ရဟ်မသုလ္လာဟ်အလိုင်းဟ်)သည်
၂၀၂၀ခုနစ်၊ဇန်နဝါရီလ၂၆ရက်၊နံနက် ၁၁နာရီ၂၉မီနစ်အချိန်တွင် မိမိနေအိမ်၌ အလ္လာက်အရှင်မြတ်သခင်၏
အမိန့်တော် ခံယူသွားခဲ့ပါသည်။

Insharallah ဂျနာဇာဆွလားသ်ကို
၂၀၂၀ခုနစ်၊ဇန်နဝါရီလ၂၇ရက် ၊နံနက်၉နာရီအချိန်၊
အမ်အမ်ရောင်နက်အစ္စလာမ်ဗလီကြီးမှာ စုပေါင်း
ဝတ်ပြုဆုတောင်းမည်ဖြစ်ပါသည်။
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
ဆရာကြီးသည်
မြန်မာပြည်၏အထင်ကရမြို့များဖြစ်သောရန်ကုန်မြို့
မဂိုလမ်းရှိစူရ်သီဗလီကြီး၊
မန္တလေး မြို့ရှိ ဂျွန်းဗလီကြီးနှင့်
မေမြို့ရှိ မြို့မဗဟိုဗလီကြီးများ၏
အိမာမ်ရှေ့ဆောင်အဖြစ် ထမ်းဆောင်ခဲ့သူ ၊
၂၈လမ်းစူရ်သီယာကျောင်းနှင့်
ရောက်နက်အစ္စလာမ်စာသင်ကျောင်းမျာ၏ ကျောင်းအုပ်ကြီးဖြစ်ခဲ့တာဝန်ယူခဲ့သူ၊
ကမ္ဘာ့အကာဗီရ်အကြီးအကဲများဖြစ်သော
ဟဇရသ် မော်လာနာမန်ဇူးရ်နို့မာနီသခင်၊
ဟဇ်ရသ်မောင်လာနာ်ရှားဟ်ဟကီးမ်
အက်ခ်သရ်သခင်၊
ဟဇ်ရသမောင်လာန်ာရှားဟ်အဗ်ရာရွရ်ဟက်
ဟရ်ဒူအီးသခင် ၊
ဟဇရသ်မောင်လာနာ စိုင်ယိဒ်အဗုလ်ဟစန်အလီ
နဒဝီသခင် ၊
ဟဇရသ်မောင်လာနာ အဗ္ဗဒုလ်မာဂျိဒ်
ဒရ်ယာဘာဒီသခင်၊
ဟဇရသ် မောင်လာနာ အဗ္ဗဒုလ်ကိုင်ယူးမ်သခင်၊
ဟဇရသ်မောင်လာနာ ယူစွဖ်လုဒ်ယာနဝီရှဟီးဒ်သခင်၊ ဟဇရသ်မောင်လာနာမုဖ်သီသကီးအုဆ်မာနီဆွာဟိဗ်၊
အစရှိတဲ့က အထင်ကရ ပညာ့အကျော်အမော်များနဲ့
ထဲထဲဝင်ဝင်  နက်နက်ရှိုင်းရှိုင်း အဆက်အသွယ်ရှိသူ၊
မြန်မာပြည်၏ဟာဖီဇ်ဖခင်ကြီးဟဇရသ် အယ်လ်ဟားဂ်ျ
ဟာဖီးဇ်ဟာရှင်ဘိုဒီဆွာဟိဗ်
တောင်ကြီးမြို့ရှိ ဟဇရသ်မောင်လာနာ
မွဖ်သီ အဗ္ဗဒွလ်မာလိက်ဆွာဟိဗ်တို့၏
 ကျောင်းနေဘက် ငယ်သူငယ်ချင်း၊
ဆရာကြီးမုဖ်သီးနူးရ်မုဟမ္မဒ်ဆွာဟိဗ်ကိုယ်တိုင် မိမိရဲ့ ဆရာအဆင့်မှာရှိတယ်ဆိုပြီး တင်စားခံရသူ၊
ချစ်မိတ်ဆွေကြီး အယ်လ်ဟားဂ်ျ ဟာဖီးဇ်အရ်ှရဖ်စအီးဒ်ဆွာဟိဗ်၏ဖခင်ကြီးဖြစ်သူ၊
ကျွန်တော့်ရဲ့ကျေးဇူးရှင်လည်းဖြစ်သူဖြစ်ပါသည်။

အို...အလ္လာဟ်အရှင်မြတ်သခင် !
ဆရာကြီးကိုမဂ်ဖေရသ်ချီးမြှင့်တော်မူပါ။ အာမီးန်
Ko KoLay

Saturday, January 25, 2020

Halal Tant Pyant Sin Kyel Taw || Mufti Osman Svahib || Mawlamyine || Mya...

https://youtu.be/CwnQb9at9tQ

ဟလာလ် ရိုဇီ ရှာဖွေးရင်း လက်တွေ အသားမာတက်သူ

ဟလာလ် ရိုဇီ ရှာဖွေးရင်း လက်တွေ အသားမာတက်သူ


ဆွာဟာဗာဟ် တပါး နာမည်က ဆားဒ် ဘင်န် မူအားဇ် (ရသွေ့) ကိုယ်တော်မြတ်ကြီး (ဆွ) ရဲ့ ထိုင်ဝိုင်းတခုမှာ ရှေ့ဆုံးလိုင်းမှာ တူတူရှိနေခိုက် ကိုယ်တော်ကြီး (ဆွ) ရဲ့ အကြည့် ထို ဆွဟာဗာဟ်ကြီးရဲ့ လက်ဖဝါးတွေကို တွေ့ ရင်း ဆွဲကိုင်ကြည့်တယ် လက်ဖဝါးနှစ်ခုစလုံးဟာ အသားမာတွေတက်ပြီး လက်ဖဝါးတွေဟာ မာကြောခက်ထန်နေတော့ ကိုယ်တော်မြတ်ကြီးက မူအားဇ်ကို မေးမြန်းတော်မူတယ် ...

" အို မူအားဇ် လက်တွေက ဘာလို့ ဒီလို မာကြော အသားမာတွေတက်နေသလဲ " လို့မေးမြန်းတော်မူတော့

ဟဇရသ် မူအားဇ် က

" အို အလ္လာဟ်ရဲ့ ရစူလ် ကိုယ်တော် ကျနော် ကလေးတွေအတွက် ဟလာလ် ရိုဇီ ရှာဖွေကျွေးမွေးဖို့ အတွက် စိုက်ခင်းတွေမှာ ဒီလက်ကိုအသုံးပြု ပြီး အလုပ်လုပ်ရပါတယ် အဲ့အတွက်ကြောင့် ကျနော့်ရဲ့ လက်ဖဝါးတွေဟာ အခုလို စုတ်ပြတ်သတ်ကုန်ရခြင်းဖြစ်ပါတယ် " လို့လျှောက်ထားတော်မူတယ် ....

အဲ့လို ဖြေကြားချက်ကိုနားထောင်ပြီးချင်း ရစူလ် ကိုယ်တော်မြတ်ကြီးက လူအုပ်ကြီးအရှေ့မှာ ဆွဟဗာဟ်ကြီး မူအားဇ် ရဲ့ လက်ကို ကိုင်ယူပြီး နမ်းတော်မူတယ် တဆက်ထဲမှာ မိန့်ကြားတော်မူခဲ့တယ် ...

" အကြင်သူမည်သူမဆို မိမိသားသမီး မိသားစုအတွက် ဟလာလ် ရိုဇီကို ရှာဖွေးကျွေးမွေးပြုစုရင်း မိမိရဲ့ လက်ဖဝါးတွေ ထိုကဲ့သို့ အသားမာတက် မာကြောခဲ့သည်ရှိသော် ထို ခန္ဓာကိုယ်အစိတ်အပိုင်းတွေအားလုံးဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ထံတော်ပါးမှာ ဂျဟန္နမ် မီးကို ဟရာမ် အဖြစ်ပြုလုပ်စေတော်မူမယ် "

(မောင်လာနာ သွာရီက် ဂျမီးလ် ဆွာဟိဗ်)

ဒေါသမြို ခြင်းကြောင့် ဆုလဒ်"၄ရပ်

·             *↶✺ ﷽✺↷*

 【ဒေါသမြို ခြင်းကြောင့် ဆုလဒ်"၄ရပ်】
   ┄┅═══════❁❁═══════┅┄

အလ္လာမဟ် အာလူစီ "ရဟ်"သခင်က
မိမိရဲ့ကျမ်းမှာ ဒေါသနဲ့ပတ်သက်ပြီး
ဟဒီးစ် လေးပုဒ်ကို သဖ်စီရ်ဖွင့်ဆိုတယ်။

ပထမ ဆုလဒ်-

တစ်ဦးတစ်ယောက်က ဒေါသထွက်နေတယ်။
တစ်ဖက်လူကို လက်စားလည်းချေနိုင်တယ်။
ဒါပေမဲ့ သူ့ဒေါသကိုမြို ချပစ်လိုက်တယ်။
အဲ့လိုလူကို…မိန့်ကြားတယ်။

من كظم غيظا وهو يقدر علی انفاذه،

အကြင်သူဟာ ဒေါသထွက်ပြီး ဒေါသအတိုင်း
ပြုလုပ်နိုင်စွမ်းရှိပါလျက်နဲ့ အလ္လာ့ဟ်အတွက်
ဒေါသကို မြို ချပစ်မယ်ဆိုရင်…

ملاءالله قلبه امناوايمانا،

အလ္လာဟ်အရှင်မြတ်က သူ့ရဲ့စိတ်နှလုံးသားကို
ပြည့်ဝတဲ့အီမာန်၊ ငြိမ်းချမ်းသာယာမှုနဲ့ တည်ငြိမ်
အေးချမ်းမှု စသဖြင့် ဖြည့်ဆည်းပေးတော်မူမယ်။

ဒုတိယ ဆုလဒ်-

ဒေါသထွက်ပြီးနောက် ထွက်နေတဲ့ဒေါသအတိုင်း
လက်စားချေနိုင်စွမ်းရှိပါလျက်နဲ့ အလ္လာ့ဟ်ကို
ကြောက်ပြီး လက်စားမချေသူကို အလ္လာဟ်က

فليختر من ایّ حورشاء، رواه ابوداؤد:ج٢۔ص٣٠٣،

အသင် ကြိုက်နှစ်သက်တဲ့ "ဟူရ်ကညာပျူ ိကို
ရွေးချယ်လိုက်ပါ။ အသင်သည်းခံခဲ့တဲ့အစား
အသင်ရရှိမည် ဆိုတဲ့ အခွင့်အရေးကို ချီးမြှင့်
တော်မူမယ်။

(အဗူဒါဝူးဒ်ကျမ်း-အတွဲ၂ စာမျက်နှာ၃၀၃)

တတိယ ဆုလဒ်-

ကိယာမသ်နေ့မှာ အလ္လာ့ဟ်ထံတော်ပါးမှ

من كان اجره علی الله،

တစ်ဦးတစ်ယောက်ရဲ့ အခွင့်အရေးတစုံတရာ
နှင့်စပ်လျဉ်းပြီး အလ္လာဟ်အရှင်မြတ်က ပေး
ဆပ်ရန်ကျန်နေပါလျင်

فليقم،

ထိုသူ မတ်တတ် ရပ်လိုက်ပါ ဟုမိန့်ကြားမယ်။
ပြီးတော့

فلا يقوم الاانسان عفا، روح المعانی:ج٤۔ص ٥٨،

ဒွန္နယာလောကမှာ တစ်ဦးတစ်ယောက်ရဲ့
လွန်ကဲမှုကို ခွင့်လွှတ်ခဲ့သူမှအပ အခြား
ဘယ်သူမှ မတ်တတ်ရပ်လိမ့်မည် မဟုတ်ပေ။

စတုတ္ထ ဆုလဒ်-

ဘယ်သူဟာ ကိုယ့်အတွက် ဂျန္နသ်မှာ
မြင့်မားတဲ့အဆောက်အဦး တည်ဆောက်ခြင်းနဲ့
မြင့်မြတ်တဲ့အဆင့်အတန်းကို ရလိုပါလျှင်…

ထိုသူ့အနေနဲ့ မိမိအပေါ် မတရားပြုသူအား
ခွင့်လွှတ်ခြင်းနှင့် မိမိနှင့် အဆက်အသွယ်
ဖြတ်တောက်သူအပေါ် ကောင်းမွန်စွာ
ပြန်လည်ဆက်ဆံမှုပြု သင့်ပေသည်...ဟု
မိန့်ကြားခဲ့တယ်။

روح المعانی. ج٤۔ص٥٨،
(ရူဟွလ်မအာနီကျမ်း-အတွဲ၄ စာမျက်နှာ ၅၈)

ပြန်ဆိုသူ...မုဟမ္မဒ် ဗဆွီရွလ္လာဟ် ASD

#တစ်နေ့ ဟကီမွလ်အွမ္မသ်ဟဇရသ်မော်လာနာအရ်ှရဖ်အလီ(ထာနဝီ)သခင်ကြီးနှင့်အတု ဆင်းရဲသော ကျောင်းသားတစ်ဦး လက်မှတ်မဝယ်ပဲ ခရီးသွားလေတယ်။သူဟာ ဘူတာတစ်ခုရောက်ချိန် လက်မှတ်ယူဖို့သွားတော့
 လက်မှတ်စစ်သူက "သင်ဟာ ဆင်းရဲသားတစ်ယောက်ပဲလေ အဲ့တော့ဒီအတိုင်းပဲ အခမဲ့ခရီးဆက်သွားပါ။လက်မှတ်မလိုပါဘူး"လို့ပြောလိုက်လေတယ်။
အဲ့တော့ သူက ဒီစကားကို ဟဇရသ်ထာရနဝီသခင် ကြီးအား ပြန်ပြောပြလေတယ်။ဟဇရသ်ထာနဝီသခင်ကြီးက အမိန့့်ရှိတယ်"ဒီပုဂ္ဂိုလ်က ရထားကုမ္မဏီကြီးကိုပိုင်ထားသူမှမဟုတ်တာ သူက ရိုးရိုးရထားဝန်ထမ်းပဲလေ အဲ့တော့ သူ့မှာ လူတွေကို အခမဲ့လက်မှတ်မပါဘဲ စီးနင်းခိုင်းပိုင်ခွင့် မရှိဘူး ဒါကြောင့် သင်လက်မှတ်သွားဝယ်ပါ။ဝယ်ပြီးမှ စီးနင်းပါ"

#ဒီအတိုင်းပဲ ရိုးရိုးတန်းလက်မှတ်နဲ့ အထက်တန်းမှာထိုင်ပြီး လိုက်ပါစီးနင်းခြင်း၊  ရထားထိန်းတာဝန်ခန့်ပေးခြင်းခံရသောသူက ဥပဒေထက်ပိုပြီး လူအများကို အခမဲ့ တင်ဆောင်စီးနင်းခိုင်းခြင်း၊ရက်လွန်လက်မှတ်တို့
ဖြင့် ခရီးသွားခြင်းတို့သည် ရှရီအသ်တရားတော်အရ လုံးဝ ခွင့့်မပြုထားပါ။ (    ۳۵۳:بیس بڑےمسلمان ص )
           
   ပြန်ဆိုသူ...မုဟမ္မဒ် ဗဆွီရွလ္လာဟ် ASD

အလ္လာဟ်ဟုအရှင်မြတ်သည် သေခြင်းမှ လွဲ၍ ရောဂါ တိုင်းအတွက် ဆေးကို ဖန်ဆင်းထားသည်။

၁။ အလ္လာဟ်ဟုအရှင်မြတ်သည် သေခြင်းမှ လွဲ၍ ရောဂါ တိုင်းအတွက် ဆေးကို ဖန်ဆင်းထားသည်။

၂။ မနက်စောစော ထ၍ ကောင်းကင်မှ မင်္ဂလာ
ကို ရယူလိုက်ပါ။

၃။ သောက်ရသော အရာတိုင်းကို မတ်တပ် ရပ်၍သောက်ခြင်းမှ ရှောင်ကျဉ်ပါ ။

၄။ ရေအလွန် ဆာလောင်သောအခါ၌ နားနေ၍
သောက်ပါ ။ တဆက်တည်းမော့၍မသောက်ပါနှင့်။

၅။ စမုံနက်သည် သေခြင်းမှ လွဲ၍ ရောဂါ တိုင်း အတွက် ဆေးတလက်ဖြစ်သည်။

၆။ မြေကြီး စားခြင်းကို ရှောင်ကျဉ်ပါ။ မြေကြီးသည် ဟရာမ် ဖြစ်သည်။

၇။ အမျိုးသမီးများကိုယ်၀န်ဆောင်ပြီးပါက အကောင်းဆုံးအစာမှာ စွန်ပလွန်သီးဖြစ်သည်။

၈။ သလဲသီးဖျော်ရည်သည် ခန္ဒာ ကိုယ်အတွင်း
ပိုင်းကိုသန့်ရှင်းအောင် လုပ်ပေးသော အရာဖြစ်သည်။

၉။ ပျားရည်သည်အကောင်းဆုံးအစာဖြစ်သည်၊
ထိုအစာကိုစားခြင်းဖြင့် စိတ်ကို လန်းဆန်းစေသည် ၊ဥာဏ်ရည်ထက်မြက်သည်။

၁၀။ ရိုတီ ကျ ပါတီ ကို ဓား ဖြင့်မဖြတ်လေနှင့်။အ
ဘယ့်ကြောင့် ဆိုသော အလ္လာဟ်မြတ်သည် ထိုအစာကို မြင့်မြတ်သော အစားအစာပြုလုပ်ထား၏။

၁၁။ သီဟိုရ်စေ့သည်သလိပ်များကိုနည်းပါးစေ၏။

၁၂။ ရှောက်သီးသည် နှလုံးသားနှင့် ဦးနှောက် ကို အားဖြစ်စေသည် ။

၁၃။ သခါမာသီးသည် ဆီးအိမ်အား သန့်ရှင်းအောင် ပြုလုပ်ပေးသည်။ အစာအိမ်ကို ပေါ့ပါးစေသည်၊ ကိုယ်ခန္ဒာကို လန်းဆန်းစေသည်။

၁၄။ သစ်သီး၀လံကို လှီး၍ စားသောက်ခြင်းထက်
ပါးစပ်ဖြင့် ကိုက်၍ စားခြင်းပ်ို၍ သင့်တော်သည်။

၁၅။ သခါမာသီးသည် ဂျန္နသ်မှ အစားအစာဖြစ်
သည် ။ ၎င်းကို စားခြင်းမှ မမေ့လျှော့သင့်ပါ ။

၁၆။ ရာသီပေါ် အသီး စားခြင်းဖြင့် ကျန်မာရေး
ကောင်းမွန်သည်။

၁၇။ မနက်စာကို စွန်ပလွန်သီး စားခြင်းဖြင့် ခန္ဒာ
ကိုယ်မှ အဆိပ်များကို ဖယ်ရှားပါ ။

၁၈။ အကြင်လူများသည် အလွန်စားသောက်ခြင်း
ကြောင့် ထိုသူများ၏ နှလုံးသား မာကြောသွား၏ ။

နိကာဟ် ရှာဒီရဲ့လမ်းစဉ်

နိကာဟ် ရှာဒီရဲ့လမ်းစဉ်


မောင်လာနာသွာရစ်က်ဂျမီးလ်ဆွာဟစ်ဗ်ရဲ့
ဗယာန်ဟောကြားချက်

လူကောင်းတွေ့လျှင် ဆွေမျိုးလုပ်လိုက်ပါ
လူရွေး မယ်ဆိုရင်တော့
ခါန်ဒါန်ကို ဦးစားပေးရွေးချယ်ပါ

မိန်းကလေးရှင်ဖြစ်နေလို့
လိုက်မရှာရဘူးဆိုတာမရှိပါဘူး
သွားမရှာရဘူးဆိုတာမရှိဘူး

ဘာဖြစ်လဲ ငါလည်းမိန်းကလေးရှင်ပဲ
ကောင်းတဲ့ ခါန်ဒါန် ရှာရမှာပါလားဆိုပြီးရှာပါ....

ကောင်းတဲ့သူတွေ့ရင်ပြောလိုက်ပါ
အိုး.....ဘိုင် ကျွန်တော့်မှာလေ သမီးပျိုရှိတယ် သိလား....
အဘိုင်သဘောကျရင် ကမ်းလှမ်းမှုကို
တောင်းဆိုမှူုကိုလက်ခံမလား?

ဒါမှမဟုတ်ဘူး
ငါ့သမီးကိုလာတောင်းမှပေးမယ်ဆိုရင်တော့
လိုက်ရှာတဲ့သူတွေရှိအုံးမှလေ
ရှာတဲ့သူမရှိဘူးဆိုရင်
ဒီလိုပဲ အပျိုရွယ်တွေရဲ့ဘဝတွေကို
ဖျက်စီးလိုက်မှာလား?
နုပျိုတဲ့ သက်တမ်းတွေကို
ကိုယ့်မာနနဲ့ဖျက်စီးလိုက်မှာလား?

မိဘတွေကိုပြောချင်ပါတယ် ..... ရှာဖွေပါ

သားသမီးတွေကိုပြောချင်တယ်
မိဘစကားနားထောင်ပါ
မိဘနဲ့ဆန့်ကျင်ဘက်မလုပ်ရဘူး

နားထောင်ပါ .....
တို့တမန်တော် ရဲ့ စွန္နသ်လမ်းစဉ်
ရှရီအသ်နည်းလမ်း
တမန်တော် ရဲ့သက်တမ်းကုန်ဆုံးပုံကို
နားထောင်ကြည့်ပါ.....

ဟဇရသ်အလီ ရသွေ့ ကိုတောင်းပေးမယ်
လက်ခံမလား?

ဟဇရသ်ဖာသွေမာ ရသွေ့ သခင်မကလည်း
ကလေးပဲရှိသေးတယ် ငယ်သေးတယ်
ငြင်းချင်ငြင်းလို့ရတာပဲ
အင်း ...
ဟဇရသ် အလီ ရသွေ့ လည်း ငြင်းချင်ငြင်းလို့ရတာပဲ
အဲအချိန်က ဘယ်သူမှ့ ကြီးကြီးကျယ်ကျယ်
အကျာ်အမော် မဖြစ်ကြသေးဘူး....

ဟဇရသ် အလီ ရသွေ့ကိုပြောကြည့်တယ် ..
ယာရစူလလ်လာဟ်
တမန်တော် ကောင်းတယ် ထင်တာပဲ လုပ်ပါ...

Inshaallah ကို ဒီအတွက်ကြောင့်ပြောခိုင်းတာ

ဟဇရသ် ဖာသွေမာကို တမန်တော် သွားမေးတယ် ချက်ချင်း ပြန်လာတယ်...

အလီ အချိုပွဲပြင်လိုက်ပါ..

အလီကိုရှေ့မှာထားတယ်

တမန်တော် မင်ဗရ်ပေါ်တက်တယ်

အိုးလူတို့ ဂျစ်ဗ်ရာအီးလ် အလိုင်စလာမ်ထံကနေ
အလ်လာဟ့်ဝဟီလာတာနဲ့
တမန်တော် ပြောပြီ...

ငါတမန်တော်ရဲ့ သမီးတော်
ဖာသွေမာဘင်သေ့ရစူလွလ္လာဟ် နဲ့
အလီ နိကာမှာ ဒင်္ဂါး ၄၀၀ပေးမယ်
ဆိုပြီးသက်မှတ်လိုက်တယ်...

ဟဇရသ် အလီဟာ ချက်ချင်း ပင်
allahကိုကျေးဇူးတင်လွန်းလို့ စဂ်ျဒါလုပ်လိုက်တယ်

ဟဇရသ်ဖာသွေမာဆီကိုသွားတယ်
ဧည့်သည်တွေလာတယ်
ဟဇရသ် စလ်မာန် ဖာရစီလာတယ်

တမန်တော် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလာမ်) က အခန်းထဲက
ဟဇရဟ်အလီကိုခေါ်ဆောင်သွားတယ်
အထဲမှာ

ဟဇရသ် အိုင်ရှာဟ်
ဟဇရသ် အွမ္မေစလ်မာ
ဟဇရသ် ဟဖ်ဆွာ
ရသွေ့ယာလ္လာဟို သအာလာ အန်ဟိုမာ တို့က
ဟဇရသ်ဖာသွေမာကို
သတို့သမီးလုပ်ထားပေးတယ်...

  ဟဇရသ်အလီ(ရသွေ့)လက်ကို ယူတယ်

ဖွှာသွေမာ(ရသွေ့)လက်ကိုယူတယ်

တမန်တော် ကိုယ်တော်တိုင် လက်၂ခုထပ်ပေးတယ်

ပြီးတော့ပြောတယ် ဖွှာသွေမာ

Tere shadi mubarak ho..

မင်းနေကာ ဗရ်ကသ် မင်္ဂလာ ရှိပါစေ...

ဖွှာသွေမာဟာ ငါရဲ့ခါန်ဒါန်မှာ
အချစ်ရဆုံးသောအရာပါပဲ ...

သူ့ကိုမင်းလက်ထဲအပ်ပါတယ်
အလီခေါ်သွားပါ ဒါ..မင်းရဲ့..အမာနသ်ပဲ...

ကြည့်လိုက်ကြပါ
ခုခေတ်က ဘယ်နှစ်သိန်းကုန်မှနိကာဟ်တခုပြီးလဲ

 ပြီးတော့လည်း ...ယောက်ခထီး ...ယောက်ခမတွေ အိမ်ထောင်ဘယ်နှစ်ခုကို
ဖျက်စီးလိုက်ပြီးလဲ..

ပျက်စီးလိုက်ကြပြီလဲ
သာသနာမှာ မရှိတာတွေ လုပ်ကြမယ် .....

အိုး ...မိတ်ဆွေတို့
မင်္ဂလာ ဆောင်တယ်ဆိုတာက
အရေးကြီးဆုံးအလုပ်ပဲ ..

အိမ်ထောင်ရေးတွေကို မဖျက်စီးကြနဲ့..

အသိဉာဏ်နဲမှုတွေ

အမိန့်ဖီဆန်မူတွေ

နုတ်လျှာမကောင်းမှုတွေ ကြောင့်
အကောင်းဆုံးသောသူတွေ

အမွန်မြတ်ဆုံးသောပုဂ္ဂိုလ်လူငယ်တွေရဲ့

 အိမ်ထောင်ရေးပေါင်းဘယ်လောက်ကို
ဖျက်ဆီးကြမှာလည်း....???
...ပြော....

အားလုံးကို Parents (မိဘများ )
နေရာမှာနေပြီးပြောချင်ပါတယ် ...

ဇနီး ဝတ္တရားကျေပွန်ပါ
လင့် ဝတ္တရားကျေပွန်ပါ

တမန်တော်မြတ် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလာမ်) မိန့်တော်မူတယ်

ယောက်ကျားတွေထဲမှာ
အကောင်းဆုံး ယောက်ကျားဟာ
မိမိ ဇနီးမယား အပေါ်မှာ အကောင်းဆုံးသောသူပဲ....

တမန်တော် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလာမ်) မိန့်တော်မူတယ်
 မိန်းမတွေလေ စဂ်ျဒါပြုဖို့အမိန်းပေးရင်
မိမိ ယောက်ကျားကို စဂ်ျဒါလုပ်ရမှာဖြစ်တယ်...

အိုးမိတ်ဆွေ ညီနောင်တို့
တမန်တော် လမ်းစဉ်ကို

သင်ယူပါ ...သင်ယူပါ ...

တံလျှပ်ကိုရေထင် ရွှေသမင်အလိုက်မှား

တံလျှပ်ကိုရေထင် ရွှေသမင်အလိုက်မှား


ဟဇရသ်ကြီး ‌မောင်လာနာ ယူစွတ်ဖ်ဆပ် (ရ‌ဟေ့)
မိန့်တယ်။
လူ‌တွေက ငွေကြေးချမ်းသာရင် ငါ့ဘဝ ‌အောင်မြင်ပြီ
ထင်နေကြတာ

အလ္လာဟ်အသျှင်မြတ်က သူဌေးကြီးး ကာရူးန်ကို
မြေမြိုစေပြီး ဖျက်ဆီးပစ်ခဲ့တယ်။

ဆင်းရဲလှတဲ့ ဟဇရသ်အလီ(ရ‌သွေ့)ကို  နှစ်ဘဝ‌
အောင်မြင်မှုပေးခဲ့တယ်။

လူ‌တွေက အာဏာရှိရင် ဘဝ ‌အောင်မြင်ပြီ
ထင်ကြတယ်။

အလ္လာဟ်အသျှင်မြတ်က အာဏာရှင်ကြီးဖစ်ရ်အောင်န်
ကို နှစ်မြုပ်ဖျက်စီးပစ်ခဲ့တယ်။

ကိုယ့်ဘဝတောင် ကိုယ်မပိုင်တဲ့ ကျွန်ဘဝမှာရောက်နေ
တဲ့့ ဟဇရသ် ‌ဘေလားလ်(ရ‌သွေ့) နှစ်ဘဝ ‌အောင်မြင်မှု
ဆွတ်ခူးသွားတယ်။

လူ‌တွေက အ‌ရောင်းအဝယ်ကိုအောင်မြင်တဲ့ ဘဝရဲ့
အာမခံချက်လို့ထင်‌နေကြတယ်။

အလ္လာဟ်အသျှင်မြတ်က ကုန်သည်ကြီးတွေဖြစ်တဲ့
အိုင်ကဟ်နယ်သား‌တွေကို နှလုံးကွဲလောက်တဲ့
အသံကြီးနဲ့ ဖျက်စီးပစ်ခဲ့တယ်။

သာသနာ့ပညာမှာပဲ လုံးပန်းနေတဲ့ ဆွတ်ဖ်ဖာက
ဆွဟာဗာတွေ နှစ်ဘဝ ‌အောင်မြင်သွားတယ်။

လူ‌တွေက လလယ်ယာကိုင်းကျွန်းတွေရှိရင်
အောင်မြင်ပြီ ထင်‌နေကြတယ်။

စဗအ်အမျိုးသားတွေဟာ ဥယျဉ်ခြံမြေတွေ အလျှံအပယ်
ရှိလျှက်နဲ့ ဆည်ကျိုးပေါက်ပြီးနစ်မြုပ် ပျက်ဆီး
သွားခဲ့တယ်။

ဟဇရသ်အစ်မာအီးလ်(အ)ကို မြက်တပင်မှ မရှိတဲ့
ကန္တာရ ‌ခေါင်းခေါင်မှာ ရှင်သန်ထိန်းသိမ်းခဲ့တယ်။

လူ‌တွေက စစ်အင်အားရှိရင် ဘဝလုံခြုံတယ်
ထင်နေကြတယ်။

အဗ်ရဟာဟာ ဆင်တပ်အလယ်မှာ အဘာဘီးလ်
ငှက်ငယ်‌လေးတွေရဲ့ ခဲစာမိပြီး ပျက်ဆီးသွားခဲ့တယ်။

တမန်တော်မြတ်(ဆွ)နဲ့ ဟဇရသ်အဗူဗကရ်(ရ‌သွေ့)ကို
စောင်းရ်လှိုင်ဂူထဲမှာ ပင့်ကူအိမ်လေးနဲ့့ ထိန်းသိမ်း
ခဲ့တယ်။

အဓီကအောင်မြင်မှုက 

ဥစ္စာဓနမှာလည်း မရှိဘူး။ အာဏာမှာလည်း မရှိဘူး။
စီးပွားရေး ထဲမှာလည်း မရှိဘူး။ စိုက်ပျိုးရေးထဲမှာလည်း
မရှိဘူး။စစ်အင်အားမှာလည်း မရှိဘူး။

နှစ်ဘဝရဲ့အောင်မြင်မှုက  အလ္လာ့ဟ်အမိန့် နာခံခြင်း
ထဲမှာပဲရှိတယ်။

နှစ်ဘဝရဲ့ ‌အောင်မြင်မှုက  ဒီးန်ထဲမှာပဲရှိတယ်။

နှစ်ဘဝရဲ့  ‌အောင်မြင်မှုက   အီမာန်အအ်မာလ်ထဲ
မှာပဲရှိတယ်။

မော်လာနာ ဟာဖိဇ် မုဟမ္မဒ် မက်ဆူးဒ် အဟ်မဒ်ခန်း
ဆိုလိုင်မာနီ - ဟင်္သာတ

သူတော်စင် တစ်ပါးရဲ့ နမားဇ်

သူတော်စင် တစ်ပါးရဲ့ နမားဇ်


တစ်ခါက အေဆွားမ် ဗင်န် ယူစွဖ် (ဘုရင် နုအ်မားန်
ဗင်န် မွန်ဇိရ် ရဲ့ တံခါးမှူး)က ဟဇရသ် ဟာသင်မ်
အလ်အဆွမ်း(မ)(ရဟေ့) ရဲ့ မဂ်ျလိစ်ကို ရောက်လာပြီး
ဟဇရသ် ဟာသင်မ်ကို စောဒက တက်ချင်လာတယ်။
အဲ့ဒါကြောင့် သူက ဟဇရသ် ဟာသင်မ်ကို မေးတယ်။

အေဆွားမ်။ ။အို အဗူ အဗ်ဒိရ် ရဟ်မားန်(ဟဇရသ်
ဟာသင်မ်ရဲ့ ကလောင်အမည်) အသင် နမားဇ်ကို
ဘယ်ပုံဘယ်နည်း ဖတ်ပါသလဲ?
ဟာသင်မ်(ရဟေ့)က သူ့ဘက်ကို မျက်နှာ လှည့်လိုက်ပြီး
သူ့ကို ပြောတယ်။
"နမားဇ် အချိန်ကျပြီ ဆိုတာနဲ့ ကျွန်ုပ်ဟာ မိမိနေရာကနေ
ထတယ်။ပြီးရင် အပြင်ပိုင်းကို အရင်ဆုံး ဝူဇူ သန့်စင်တယ်။
ပြီးရင် အတွင်းပိုင်းကို ဝူဇူ သန့်စင်တယ်။

အေဆွားမ်။ ။အဲဒီ ဝူဇူ သန့်စင်မှု နှစ်ခုက ဘယ်လိုမျိုးလဲ?

ဟဇရသ် ဟာသင်မ်။ ။အပြင်ပိုင်း ဝူဇူ ကတော့ ကျွန်တော်
အစိတ်အပိုင်းတွေကို ရေနဲ့ ဆေးကြော သန့်စင် တာပါ။

အတွင်းပိုင်း ဝူဇူကတော့ သောဝ်ဗဟ်၊ အရှက်နောင်တ၊
လောကရဲ့ အချစ်ကို စွန့်လွှတ်ခြင်း၊ အဖန်ဆင်းခံတွေရဲ့
ချီးကျူးခြင်းကို စွန့်လွှတ်ခြင်း၊ အုပ်ချုပ်လိုစိတ်ကို စွန့်လွှတ်
ခြင်း၊ အညှိုးအတေးကို စွန့်လွှတ်ခြင်း၊ မနာလိုမှုကို စွန့်
လွှတ်ခြင်း ဆိုတဲ့အရာ (၇) ခုနဲ့ ဆေးကြောတာ ဖြစ်တယ်။

ပြီးရင် ကျွန်တော် ဗလီဝတ်ကျောင်းတော်ကို သွားတယ်။
ပြီးတော့ အစိတ်အပိုင်းတွေကို  ဖြန့်လိုက်တယ်။
ပြီးရင် ကအ်ဗဟ်ကျောင်းတော်ဘက်ကို မျက်နှာမူတယ်။
ပြီးရင် မျှော်လင့်ချက် နဲ့ ကြောက်ရွံ့ခြင်းရဲ့ ကြားမှာ
မတ်တတ်ရပ်တယ်။
အလ္လာဟ်အရှင်က ကျွန်ုပ်ကို ကြည့်နေတယ်။
ကျွန်တော့်ရဲ့ လက်ယာဘက်မှာ ဂျန္နသ်၊
လက်ဝဲဘက်မှာ ဂျဟန္နမ်၊
ကျွန်တော့်ရဲ့ ကျောနောက်မှာ မလကုလ်မောဝ်သ် ရှိတယ်၊
ပွလ်ဆွေရားသ်ပေါ်မှာ ရပ်နေသကဲ့သို့ ဖြစ်တယ်လို့
(အာရုံပြုတယ်)။
ပြီးတော့ ဒီနမားဇ်က ကျွန်ုပ်နောက်ဆုံး ဖတ်ရတဲ့ နမားဇ်လို့
မှတ်ယူတယ်။
ပြီးမှ နီယသ်ပြုပြီး အလ္လာဟ်အရှင်မြတ်ကို
မြင်နေရဘိသကဲ့သို့ သက္ကဗီးရ် ဆိုတယ်။
(ကုရ်အာန်ကျမ်းမြတ်ရဲ့ အာယသ်တော်တွေကို)စဉ်းစားရင်း
ကေရာအသ် ဖတ်တယ်။ကျို့ငှဲ့စွာနဲ့ ရူကူအ် ပြုတယ်။
ငိုယိုပြီးစဂ်ျဒဟ်ဦးချတယ်။
(ဂရုနာတော်ရဲ့)မျှော်လင့်ချက်နဲ့ သရှဟ်ဟုဒ် ဖတ်တယ်။
အိခ်လားစ်ွနဲ့ စလာမ် လှည့်တယ်။

ဒါက ကျွန်တော် လွန်ခဲ့တဲ့ အနှစ်သုံးဆယ် ကတည်းက
နမားဇ် ဖတ်တဲ့ ပုံစံဖြစ်တယ်။

အဲဒါကို ကြားပြီး (အခုန စောဒက တက်ဖို့ လာတဲ့)
အေဆွားမ်က "ဒီလို နမားဇ်မျိုး ခင်ဗျားက လွဲပြီး
ဘယ်သူက ဖတ်နိုင်ပါ့မလဲ?"လို့ ပြောပြီး ငိုချလိုက်
ပါတော့တယ်။

(ရှိုင်ခ် အဟ်မဒ် ရှဟာဗွဒ္ဒီးန် ကလ်ယူဗီး(ရဟေ့)၏
ကိသားဗုလ် ကလ်ယူဗီးကျမ်း စာ ၅)

အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့ အားလုံးကိုလည်း
ဤကဲ့သို့သော အာရုံမျိုးဖြင့် တိကျသေချာသော
နမားဇ် ဝတ်ပြုနိုင်စွမ်း ချီးမြှင့်တော် မူပါစေ။ အာမီးန်။

Saeed Ahmad Khaan

ဗလီ မူတွေ ချိန်းပေးပါ

ဗလီ မူတွေ ချိန်းပေးပါ


ဂေါပကတွေကို ခန့်အပ်ထားတာ နမာဇီတွေ
အဆင်ပြေဖို့နဲ့ ဗလီဝတ်ကျောင်းတော် ထိန်းသိမ်း
စောင့်ရှောက်ရုံ အတွက်ပဲဆိုရင် အဲ့လောက်က
ဘောစိဟာဂျီဆပ်တွေ ပညာတတ်တွေ မလိုဘူး။
သာမန်လူတွေကို ခန့်အပ်ထားလည်း အဆင်ပြေတယ်။

ဒါပေမဲ့ ဘယ်နေရာရောက်ရောက် ဗလီဂေါပကတွေကို
ကြည့်လိုက်ရင် မြို့မျက်နှာဖုံးတွေချည်းပဲ တွေ့ရတယ်။
တက်ပြီးရင်လည်း တော်ရုံနဲ့ ပြန်မဆင်းကြတော့ဘူး။

ဖြုတ်ချဖို့ တော်လှန်ဖို့ဆိုတာလည်း လက်ဖက်ရည်ဝိုင်းမှာ အလ္လာပသလ္လာပပြောတဲ့အချိန်သာ အားစလျှာစ
ကောင်းကောင်းနဲ့ ပြောချင်ကြတာ။ လက်တွေ့ကျကျ
လုပ်ပါဆိုရင် ကိုယ့်ဝမ်းရေးလောက် ဘယ်သူမှ
စိတ်မဝင်စားကြဘူး။

အဲ့ဒီတော့ အဲ့ဒီနေရာတွေမှာ ရာသက်ပန်ထိုင်နေကြတဲ့
ဂေါပကတွေကို ကျွန်တော်တို့ တောင်းဆိုရမှာက

ခင်ဗျားတို့ အရည်အချင်းနဲ့ညီတဲ့ လုပ်ငန်းမျိုးတွေ
ဗလီတွေမှာ ဆောင်ကျဉ်းပေးခိုင်းပါ။
နမားဇ်ငါးကြိမ်ဖတ်နိုင်ဖို့ စီမံပေးနေတာတွေ
ဗလီဝေယျာဝစ္စလုပ်နေတာတွေက ခင်ဗျားတို့
အရည်အချင်းနဲ့ မညီမျှဘူး။ အဲ့လောက်လေးနဲ့
ကျွန်တော်တို့ မတင်းသိမ်သင့်တော့ဘူး။

ဒါ ကျွန်တော်တို့ဘက်က တောင်းဆိုရမယ့်အချက်ပါ။

မောင်မြင့်မြတ်
မုဟမ္မဒ် ယူစွတ်ဖ် - ဇီးကုန်းပြန်လည်မျှဝေပါသည်။

ဒီဗလီတွေကို ဘာဖြစ်စေချင်လဲ...?

ဒီဗလီတွေကို ဘာဖြစ်စေချင်လဲ...?

နမားဇ်ဖတ်ရုံသက်သက် ဌာနတွေမဟုတ်ဘဲ
Islamic Community Canter တွေအဖြစ်
ပြောင်းလဲပေးပါ။

ဆင်းရဲသားလူတန်းစားတွေအတွက် လူမှုဖူလုံရေး
ဌာနတွေ ဖြစ်စေချင်တယ်။

ဒီပရက်ရှင်ဝင်နေသူတွေကို ပညာရှင်တွေခေါ်ပြီး
ကောင်းစလင်းလုပ်ပေးစေချင်တယ်။

မွတ်စ်လင့်မ်အိမ်တွင်းရေး ပြသာနာတွေကို
ဖြေရှင်းပေးစေချင်တယ်။

အကူအညီလိုနေသူတွေကို လိုအပ်သလိုစိစစ်ပြီး
ပရဟိတတွေ လုပ်ပေးစေချင်တယ်။

အိမ်တွေမှာ အသုံးမလိုတော့တဲ့ ပစ္စည်းတွေကို
လိုအပ်သူတွေကို ပေးကမ်းနိုင်အောင် ဗလီကနေ
တဆင့် စီစဉ်ပေးစေချင်တယ်။

သားရေးသမီးရေးကိစ္စတွေအတွက် နှစ်ဖက်အသိုင်း
အဝိုင်းက စုံစမ်းချင်တဲ့ အချက်အလက်တွေ ဗလီတွေမှာ
ရီကော့ဒ်ရှိစေချင်တယ်။

နိကာဟ်ဝလီမဟ်ကိစ္စတွေကို တရားတော်နဲ့အညီ
စရိတ်စကအသက်သာဆုံးနဲ့ ကုန်ကျစရိတ်အနည်းဆုံး
ဖြစ်အောင် ဗလီနဲ့ဗလီခန်းမတွေမှာပဲ စီစဉ်ကြဖို့
နှိုးဆော်ပေးရမယ်။

သဘာဝဘေးအန္တရာယ်တွေ ကျရောက်လာတိုင်း
လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ ပြန်လည်းထူထောင်
ရေး အစီစဉ်တွေကို ဗလီတွေကနေ စတင်ရမယ်။

ဗလီတွေနဲ့ တွဲဖွင့်ထားတဲ့ ဘာသာရေးကျောင်းတွေကို
အချိန်ပိုင်းလောက် မဟုတ်ဘဲ တစ်နေကုန် ဖွင့်လှစ်
သင်ကြားနိုင်ဖို့ စီစဉ်ပေးရမယ်။

အဲ့ဒီကျောင်းတွေမှာ ဘာသာရေးပညာကော
ခေတ်ပညာတွေကိုပါ တွဲဖက်သင်ကြားပေးနိုင်တဲ့ ဆရာ
ဆရာမတွေ စီစဉ်ပေးရမယ်။

ဂျာမေဗလီစာရင်းဝင် ဗလီကြီးတွေမှာ စာကြည့်တိုက်
တွေရှိစေချင်တယ်။ ဒွန်ယာအာခိရသ် အကျိုးဖြစ်ထွန်း
စေမယ့် စာအုပ်စာပေကောင်းတွေ လေ့လာလို့ရရမယ်။

ဒါ ကျွန်တော်စဉ်းစားမိသလောက် ချရေးထားတာ
တွေပါ။

ဗလီတွေကို နန်းတော်လို ဆောက်လုပ်နေတာ ပြင်ဆင်
ချယ်သနေတာတွေ တအားများသွားပြီ။
ဗလီအိမ်သာတွေကို ကြွေပြားကပ်နေတာတွေ
ကောင်းပေ့လှပေ့ဆိုတဲ့ ကော်ဇောကြီးတွေ ကတ္တီပါ
အခင်းတွေ မီးဆိုင်းကြီးတွေ အလှဆင်မီးတွေ
အဲယားကွန်းတွေအတွက် အများမွတ်စ်လင်မ်သုံးစွဲခဲ့တဲ့
ငွေကြေးတွေက ဘီလျံချီနေပြီ။

အဲ့ဒါတွေက လှူဒါန်းသူတွေအတွက်ပဲ လောက်လောက်
လားလား အာခိရသ်အကျိုးဖြစ်ထွန်စေပြီး အများ
မွတ်စ်လင်မ်အတွက်ကတော့ ဘာမျှ သိပ်မထူးခြားတာ
တွေ့ရတယ်။

ဒီကြားထဲ ဘာသာရေးပဋိပက္ခဖြစ်ရင် မသမာသူတွေ
ယုတ်မာသူတွေလာပြီး ရိုက်ချိုးဖျက်ဆီးသွားရင်
ပိုဆိုးရော။ အကုန်သဲထဲရေသွန် ဖြစ်ကုန်ရော။

အဲ့ဒီတော့ ဒါတွေမလုပ်ရတော့ဘူးလားဆိုတော့
လုပ်ပါ မတားပါဘူး။ ယခင်သုံးစွဲခဲ့သလောက်ပဲ
ဆက်ပြီးလှူဒါန်းကြပါ။ ဒါပေမဲ့ အလှူရှင်ခွင့်ပြုချက်နဲ့
အဲ့ဒီငွေတွေထဲက တဝက်လောက်ကိုပဲ ဗလီ
တည်ဆောက်ရေးမှာသုံးပြီး ကျန်တဝက်ကို အပေါ်က
ပြောခဲ့တဲ့ လုပ်ငန်းတွေမှာ သုံးစွဲစေချင်တယ်။

အဲ့ဒါက အာခိရသ်အတွက်လည်း အကျိုးဖြစ်စေသလို
ဒွန်ယာမှာလည်း လက်တွေ့အကျိုးပြန်ခံစားရမယ့်
ရင်းနှီးမြှုပ်နှံမှုပဲ။

အထူးသဖြင့် ကျွန်တော်တို့ဗလီတွေကို သရုပ်ဖျက်ပုံ
ဖော်ပြီး အများပြည်သူကို မှိုင်းတိုက်နေတဲ့ ဒေသမျိုး
က ဗလီတွေမှာ ဒီလိုလုပ်ငန်းတွေက ပိုတောင်
လုပ်ပြသင့်တယ်။

မောင်မြင့်မြတ်
မုဟမ္မဒ် ယူစွတ်ဖ် - ဇီးကုန်းပြန်လည်မျှဝေပါသည်။

Friday, January 24, 2020

သဗ်လီးဂ်လုပ်ငန်းဆိုတာ

သဗ်လီးဂ်လုပ်ငန်းဆိုတာ
ဂိုင်းဃန တစ်ခုမဟုတ်ဘူး။
အဖွဲ့အစည်းတစ်ခုမဟုတ်ဘူး။

သဗ်လီးဂ်လုပ်ငန်းဟာ
အလ္လာဟ် ၊ ရစူလ်နဲ့ သင့်မြတ်မှုဆောင်ရွက်တဲ့
ကြိုးပမ်းမှုတစ်ခုဖြစ်တယ်။

ရာစုနှစ်ပေါင်းများစွာနောက်မှာအလ္လာဟ်အရှင်မြတ်ဟာ
နိုင်ငံရေးအစွဲ ၊ ပုဂ္ဂိုလ်ရေးအစွဲ နဲ့အာဃာတတရား
ကင်းစင်တဲ့ကြိုးပမ်းမှုတစ်ခု ချီးမြင့်ခဲ့တယ်။

အဲ့ဒီလုပ်ငန်းကတော့ တစ်ကမ္ဘာလုံးမှာ ဒီးန်ရှင်သန်ရန် 
ကြိုးပမ်းနေတဲ့ ဒအ်ဝသ်ရဲ့ မဲဟ်နသ်ဖြစ်တယ်။

မော်လဝီ ဟာဖိဇ် မုဟမ္မဒ် ယူစွဖ် - ဇီးကုန်း

သုံးပါ သို့သော် မဖြုန်းပါနှင့်

သုံးပါ သို့သော် မဖြုန်းပါနှင့်
**************
တစ်ရက်
တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်ဟာ
ဝုဇူပြုလုပ်နေတဲ့ ဆွဟာဗီဟဇရသ်စအဒ်(ရသွေ့)
အနားကနေဖြတ်သွားတဲ့အခါ

“စအဒ်ဘယ်လိုဖြစ်လို့ ဒီလောက်ရေတွေ ဖြုန်းတီး
နေရတာလဲဆိုပြီး” မေးမြန်းတော်မူလိုက်တယ်။

ဆွဟာဗီက ကိုယ်တော်မြတ်ရယ် ဝုဇူလုပ်တာပဲ။
ဖြုန်းတီးတယ်ဆိုတာရှိသေးလို့လားလို့ ပြန်လည်
လျှောက်ထားတဲ့အခါ

တမန်တော်မြတ်က ရှိတာပေါ့။ အကယ်၍မြစ်ကမ်း
နံဘေးမှာဝုဇူလုပ်ရင်တောင် (ရေ)ကို အပိုသုံးစွဲပိုင်ခွင့်
မရှိဘူး လို့ဆုံးမတော်မူခဲ့ပါတယ်။
(မွစ်နဒ်အဟ်မဒ်ကျမ်း)

ဝုဇူပြုခြင်းဟာ ကုသိုလ်အကျိုးရတဲ့အလုပ်တစ်ခု
ဖြစ်ပါတယ်။ ဘာသာရေးအလုပ်ဖြစ်တဲ့ ဝုဇူပြုလုပ်တဲ့
ကိစ္စမှာတောင် တမန်တော်မြတ်ဟာ မိမိရဲ့တပည့်
ဆွဟာဗဟ်တွေကို မဖြုန်းတီးဖို့၊ အပိုမသုံးဖို့အနီးကပ် ပညာပေးမှုပြုလုပ်ခဲ့တယ်ဆိုရင်

တခြားလောကီကိစ္စတွေမှာ အပိုမသုံးဖို့မဖြုန်းတီးဖို့
ဘယ်လောက်သွန်သင်ခဲ့မလဲဆိုတာ
ကျနော်တို့တတွေ ဂရုပြုဖို့ အလွန်အရေးကြီးပါတယ်။

လူတစ်ယောက်ရဲ့နေ့စဉ်လုပ်ငန်းတွေဖြစ်တဲ့
စားခြင်း၊ သောက်ခြင်းမှာလည်း မဖြုန်းတီးဖို့လိုပါတယ်။

မသေရုံတမယ်ပဲစားရမယ်လို့ ဆိုလိုတာမဟုတ်ပေမယ့်
နေ့စဉ်နဲ့အမျှ
ဟင်းအမယ် ဆယ်မျိုးလောက်နဲ့ စားသုံးခြင်း၊
မကုန်မခမ်းချက်ပြုတ်ခြင်း၊
နေ့စဉ် အနည်းဆုံးလူတစ်ယောက်စာလောက်
စွန့်ပစ်ရခြင်းတွေဟာ သာသနာကတားမြစ်ထားတဲ့
အပိုဖြုန်းတီးခြင်းမှာ ပါပါတယ်။

အရာတစ်ခုရဲ့တန်ဖိုးဟာ မရှိတဲ့အချိန်မှ သိရပါတယ်။
အဆင်ပြေတဲ့အချိန် ဖြုန်းတီးသုံးစွဲမှုတွေရဲ့နောက်ဆက်
တွဲရလဒ်တွေဟာ ပတ်ဝန်းကျင်မှာ ဒုနဲ့ဒေးပါ။

နေ့စဉ် ထမင်းတစ်လုပ်အတွက်
နဖူးကချွေးခြေမအထိကျအောင် ရုန်းကန်ရှာဖွေ
နေရသူတွေ ပတ်ဝန်းကျင်မှာရှိနေသလို ဒုက္ခသည်
စခန်းတွေမှာ မသေစာ စားနေရသူတွေလည်း ကမ္ဘာ
တစ်ဖက်မှာရှိနေပါတယ်။

အစားအသောက်မှာမဖြုန်းတီးဖို့ လိုသလို အင်္ကျီအဝတ်
အစားတွေဝတ်ဆင်ရာမှာလည်း ဒါကိုဂရုပြုဖို့လိုပါတယ်

ကိုယ့်ကို အလ္လာဟ်အရှင်မြတ်ပေးထားတဲ့
အတိုင်းအတာနဲ့ သိန်းချီအင်္ကျီတွေဝယ်ဝတ်နေတာ
ပြသာနာမရှိပေမယ့် မဖြုန်းတီးဖို့တော့လိုပါတယ်။

ဆိုလိုတာက
မဝတ်ရသေးတဲ့အင်္ကျီတွေရှိနေပေမယ့်
အသစ်တွေ ထပ်ထပ်ဝယ်တာ၊
မဝတ်ဘဲလွှင့်ပစ်တာ၊ တန်ဖိုးကြီးအင်္ကျီအဝတ်အစား
တွေကို တန်ဖိုးမထားတာ စတဲ့ အကြောင်းကိစ္စတွေဟာ ဖြုန်းတီးခြင်း သို့မဟုတ် နိအ့်မသ်ကို တန်ဖိုး
မထားခြင်းတွေဖြစ်ပေါ်စေပါတယ်။

အလ္လာဟ်အရှင်မြတ်သခင်အလွန်စိတ်ဆိုးတဲ့
လုပ်ရပ်တွေပါ။

ကိုယ့်အနေအထားနဲ့ကိုယ် သုံးပိုင်ခွင့်ရှိပါတယ်။
စားပိုင်ခွင့်ရှိပါတယ်။ အလ္လာဟ်ပေးထားတဲ့ နိအ့်မသ်
စည်းစိမ်ကို ထုတ်ဖေါ်ခြင်းလည်း ပြုပိုင်တဲ့ကိစ္စတစ်ခု
ဖြစ်ပါတယ်။ သို့သော် ဖြုန်းတီးလို့မရပါ။

လူ့အဖွဲ့အစည်းတစ်ခုကျဆုံးခြင်းရဲ့အဓိက
အကြောင်းအရင်းတွေထဲမှာ မလိုအပ်တဲ့နေရာတွေမှာ
အဆမတန်သုံးစွဲခြင်း၊ ဖြုန်းတီးခြင်းတွေလည်း
ပါပါတယ်။

ဘာသာရေးဖိနှိပ်မှုတွေဖြစ်နေတယ်။
နိုင်ငံသားဖြစ်တည်မှုမှာ ငြင်းပယ်ခံနေရတယ်၊
ဗလီတွေစာသင်ကျောင်းတွေ နှောင့်ယှက်ခံနေရတယ်။ ဘဝတွေဟာ ကျီးလန့်စာစားနေရတယ်။

ဒါတွေကို ကိုယ်က မတားဆီးနိုင်ပေမယ့် ကိုယ်
လုပ်နိုင်တဲ့အရာတွေကတော့ ကိုယ့်လူ့အဖွဲ့အစည်းကို ပညာတတ်ပြီး စည်းကမ်းရှိတဲ့ ပတ်ဝန်းကျင်အဖြစ်
ဖန်တီးခြင်းပါ။

အထူးသဖြင့် မွတ်စ်လင်တွေရဲ့ မင်္ဂလာဆောင်တွေ
ပွဲလမ်းသဘင်၊ အခမ်းအနားတွေမှာနေ့စဉ်နဲ့အမျှ
ဖြစ်ပေါ်နေတဲ့ ဖြုန်းတီးမှုတွေ လျှော့ချပစ်ဖို့အပြီး
ပပျောက်အောင် လုပ်ကြရပါမယ်။

ကိုယ့်အနေအထားနဲ့ကိုယ် စီစဉ်ကြတာပြသာနာ
မဟုတ်ပေမယ့် ဖိတ်စာတစ်စောင်မှာ သောင်းဂဏန်းနဲ့သုံးစွဲခြင်းကတော့ တကယ့်ကိုဖြုန်းတီးမှု
အစစ်ဖြစ်ပါတယ်။

မင်္ဂလာဆောင်တွေ ဧည့်ခံပွဲတွေမှာ စွန့်ပစ်လိုက်ရတဲ့
ထမင်းတွေဟင်းတွေဟာ တစ်နပ်စားဖို့ရုန်းကန်နေရတဲ့
ဆင်းရဲသားပေါင်း မြောက်မြားစွာကို လှောင်ပြောင်
သလိုဖြစ်နေပါတယ်။

သုံးခွင့်ရှိပါတယ်၊ အလှအပ ချယ်ခွင့်ရှိပါတယ်၊
အကောင်းစားကားတွေစီးခွင့်ရှိပါတယ်၊
အကောင်းစားစားသောက်ဆိုင်တွေမှာ
စားခွင့်သောက်ခွင့်ရှိပါတယ်။

သို့သော်ဖြုန်းတီးတာကို အစ္စလာမ်က ခွင့်မပြုတဲ့
အတွက်မိမိရဲ့နေ့စဉ်လည်ပတ်မှုတွေမှာ
ဘယ်လောက်အတိုင်းအတာအထိ မလိုအပ်တဲ့
သုံးစွဲမှုတွေရှိနေသလဲဆိုတာစဉ်းစားဖို့၊ ဆင်ခြင်ဖို့နဲ့
သတိပြုနိုင်ဖို့တိုက်တွန်းလိုက်ရပါတယ်။

မုဟမ္မဒ်ယူစွတ်ဖ်- ဇီးကုန်း ပြန်လည်မျှဝေပါသည်။

ဟဇရသ်၏ တန်ဖိုးရှိသော လမ်းညွန်မူများ

ဟဇရသ်၏ တန်ဖိုးရှိသော လမ်းညွန်မူများ

••••••••
တမန်တော်မြတ်( ဆွ ) ၏နဗူဝသ်သည် တစ်ကမ္ဘာ
လုံးဆိုင်ရာဖြစ်ပြီး ကေယာမသ်နေ့အထိဖြစ်သည်။
သို့ဖြစ်၍ တမန်တော်၏ကြိုးပမ်းမူ ဒအ်ဝသ်သည်
ကေယာမသ်တိုင်အထိဖြစ်၍ တစ်ကမ္ဘာလုံးနှင့်
ဆိုင်သည်။

ဒအ်ဝသ်
ဒအ်ဝသ်လုပ်ငန်းကို မည်သည့် ရုပ်ဝတ္တုအင်အားမှ
တားဆီးနိုင်မည် မဟုတ်ပါ။

အဟ်ဝါလ်
အလ္လာဟ်အရှင်မြတ်က အခြေအနေကို အအ်မလ်နှင့် ဆက်သွယ်ထားသည်။ အအ်မလ်ကို ကိုယ်ခန္ဒာအစိတ်
အပိုင်းနှင့်ဆက်သွယ်ထားသည်။

ကိုယ်ခန္ဒာအစိတ်အပိုင်းကို စိတ်နှလုံးဖြင့်ဆက်သွယ်
ထားသည်။အကယ်၍ စိတ်နှလုံးတွင် ဟေဒါယသ်၏
နူးရ်အလင်းရောင်ရှိလျှင် ကိုယ်ခန္ဒာမှနူးရ်ရှိသော
အအ်မလ်များ ထွက်ပေါ်လာမည်။ လောကတွင် နူရာနီအအ်မလ်များ ပျံ့ပွားမည်။

တာဝန်များ
မိမိတာဝန်ကို မိမိသိပါ။ လူဟောင်းတာဝန်ခံများ ဖြစ်
သည့်အားလျော်စွာ လူတိုင်းသည်လောကရှိ လူတစ်ဦးစီနှင့် ပတ်သတ်၍ တာဝန်ခံများဖြစ်ကြသည်။

အကောင်းဆုံးအွမ္မသ်
ဂျာန်ကီကုရ်ဘာနီ မာလ်ကီကုရ်ဘာနီအတွက်
ဝတွာန်ကီကုရ်ဘာနီပေးရမည်ဆိုက ပေးနိုင်ရမည်။

ခေတ်သုံးခေတ်
နဗူဝသ်ခေတ် အေလင်မ်ခေတ်  ဇိက်ရ်ခေတ်
ယခုအေလင်မ် ဇိက်ရ်ခေတ်နှင့် နဗူဝသ်ခေတ်ကို
ပျံ့နှံ့စေရမည်။

အမီးရ်
အမီးရ်သည် အာမိရ် ( အမိန့်ပေးသူမဟုတ်ပါ )
ဤနည်းအတိုင်း တာဝန်ခံသည် အာဏာပိုင်မဟုတ်ပါ။  အမျိုးသားတို့၏ခေါင်းဆောင်သည် ၄င်းတို့၏အကျိုးကို
သယ်ပိုးသူဟုခေါ်သည်။ ဟဒီးဆ်အပေါ် လိုက်နာ
ကျင့်သုံးရမည်။

အုစူလ်
အုစူလ် စည်းကမ်းများအပေါ်လိုက်နာပါ။ အုစူလ်
စည်းကမ်းကို မလိုက်နာလျှင် နှစ်ပေါင်းတစ်ထောင်
အလုပ်လုပ်သော်လည်းအလုပ်တိုးတက်မည် မဟုတ်။
ပြုပြင်မူ ရမည်မဟုတ်။ အစ်ခ်လားဆ်ွနှင့် အုစူလ်
လိုက်နာသူသာ သဗ်လီးဂ်မှာ မြဲနေမည်။

စုစည်းမူ
အချင်းချင်း စုစည်းမူသည်ဤလုပ်ငန်း၏ အသက်
ဖြစ်သည်။ အချင်းချင်း အပြစ်ရှာခြင်းသည် ဤလုပ်ငန်း
အတွက် အဆိပ်အတောက်ဖြစ်သည်။

ရည်ရွယ်ချက်
လူသည် မိမိယုံကြည်ချက်ကို မှန်ကန်အောင်ပြု၍
အကောင်းအဆိုး အောင်မြင်မူနှင့်ဆုံးရှုံးမူကို အလ္လာဟ်
အရှင်ဘက်တော်မှ ဖြစ်သည်ဟုမှတ်ယူရမည်။
ဤသည်ပင် သဗ်လီဂ်၏ ရည်ရွယ်ချက်ဖြစ်သည်။

ဘရ်ကသ်
လူတို့သည် မကောင်းမူကိုစွန့်လွှတ်၍ အီမာန်ဘက်သို့
ဝင်ရောက်လာနေကြပြီး ဂိုနဟ်ကိုမျက်နှာလွှဲ၍
ကောင်းမူများဘက်သို့လာရောက်နေပါက ဤသည်
ပင် သဗ်လီဂ်၏ဘရ်သ်ဖြစ်သည်။

လှည့်ဖြားမူ
ကာဖိရ် မွတ်ရ်ှရစ်က်တို့သည် အလ္လာဟ်အရှင်
ဖန်ဆင်းရှင်ဖြစ်သည်ဆိုသော်ကိစ္စ၌ လှည့်ဖြား
ယုံကြည်မူ မှားနေသည်မဟုတ်။ အလ္လာဟ်အရှင်သည် ရဗ် ဖြစ်သည်ဆိုသောကိစ္စ၌ ယုံကြည်မူ မှားနေခြင်း
ဖြစ်သည်။

သဗ်လီဂ်
အလ္လာဟ်အရှင်မြတ်က ဒီးန်သာသနာတည်တံ့စေရန်
နှင့်လည်ပတ်နေစေရန်  သဗ်လီဂ်အမည်ဖြင့် ပုံစံတစ်ခု ရှင်သန်စေပါသည်။ ကြိုးပမ်းမည်ဆိုလျှင် ပျက်ဆီး
နေသောအွမ္မသ် ပြန်ကောင်းလာမည်။

အကြင်သူသည် တမန်တော်မြတ်(ဆွ)အား မိမိ
တမန်တော်ဟု မှတ်ယူပါက ဤလုပ်ငန်းကိုလည်း
မိမိလုပ်ငန်းဟုမှတ်ယူပါ။

တမန်တော်မြတ်( ဆွ ) ကို မိမိတမန်တော်အဖြစ်
မမှတ်ယူပါက ဤလုပ်ငန်းကိုလည်း မိမိလုပ်ငန်းအဖြစ် မှတ်ယူလိမ့်မည်မဟုတ်ပါ။

ဟဇရသ် အမီးရ်ဆပ်ကြီး၏ အထ္ထုပ္ပတ္တိ စာအုပ်မှ
ကူးယူဖော်ပြပါသည်။

မုဟမ္မဒ် ယူစွတ်ဖ် - ဇီးကုန်း

Myanmar Bayan || Mufti Muhammad Nurullah || Yangon || Ummaty Ummaty

https://youtu.be/7yJ21l8QUek

Halal Tant Pyant Sin Kyel Taw || Mufti Osman Svahib || Mawlamyine || Mya...

https://youtu.be/CwnQb9at9tQ

Wifaqul Makatib Jalsa || Mufti Jafar Yangon || Myanmar Bayan || Ummaty U...

https://youtu.be/76Z39e9ZtuA

Allah Ashin Myat Ko Ba Kyaunt Chit Ya Tar Lel || Mufti Nurullah || Myanm...

https://youtu.be/UFrG_9J1Ivw

ဖရိရ်ှသဟ်များနှင့်ပတ်သက်သောသိမှတ်ဖွယ်ရာမျာ

💖 🔰 💖  ﷽  💖 🔰 💖

💓ဖရိရ်ှသဟ်များနှင့်ပတ်သက်သောသိမှတ်ဖွယ်ရာများ
:-*:-*:-*:-*:-*:-*:-*:-*:-*:-*:-*:-*:-*:-*:-*:-*:-*:-*:-*:-*:-*:-*:-*:-*:-*:-*:-*:-*:-*:-*:-*:-*:-*:-*

🔰 ဖတ်ကြည့်ပါ မသိသေးတာတွေအများကြီးပါပါတယ် အခုဖတ်ဖို့မအားရင် အားတဲ့အခါဖတ်ဖို့ရှဲထားပေါ့

سوال : فرشتوں نے کس کس کو غسل دیا -

🔴 မေး။ ဖရိရ်ှသဟ်များက မည်သူတွေကို
           ရေချိုးပေးခဲ့သနည်း။❓

جواب : دو حضرات کو غسل دیا حضرت آدم علیہ السلام، حضرت حنظلہ بن ابی عامر ثقفی کو -( ہدایہ جلد اول باب الشہداء ١ ص ١٦٣ )

🔵 ဖြေ။ ဟဇရသ်အာဒမ်"အ"နှင့်ဟဇရဟန်
           ဇွလဟ်ဗင်န်အဗူအာမိရ်စကဖီး"ရသွေ"
           သခင်ကို ၂ပါးကို ရေးချိုးပေးခဲ့သည်။
             "ဟေဒါယဟ်ကျမ်း"တွဲ1

سوال : حضرت آدم علیہ السلام کو سجدہ سب سے پہلے کس نے کیا

🔴 မေး။ ဟဇရသ်အာဒမ်"အ"ကို အရင်ဆုံး
           မည်သည့်ဖရိရ်ှသဟ်ကစဂ်ျဒဟ်ပြုခဲ့
           သနည်း အစဉ်အလိုက်။❓
     
جواب : سب سے پہلے جبریل( علیہ السلام )پھر میکائیل( علیہ السلام )پھر اسرافیل( علیہ السلام )پھر عزرائیل( علیہ السلام )نے پھر تمام فرشتوں نے، ترتیب یاد رکھنے کے لیے لفظ,, جماع،، یاد رکھیں -( بغیته الظمان ص ١١٤ بحوالہ کتاب الحیوان ٢ ص ٣٨٣ )

🔵 ဖြေ။ အရင်ဆုံး ဟဇရသ်ဂျိဗ်ရာအီးလ်"အ"
          ပြုခဲ့သည် ပြီးတော့ မီကာအီးလ်"အ"
         ပြီးတော့ ဟဇရသ်အိစ်ရာဖီးလ် "အ"
         ပြီးတော့ အိဇ်ရာအီးလ်"အ"ပြီးတော့
        ဖရိရ်ှသဟ်များအားလုံး စဂ်ျဒဟ်ပြုကြသည်
        အစဉ်အလိုက်မှတ်မိရန်အတွက် ဂျိမာအ်ကို
        မှတ်သားထားပါ"ဟယာသွလ်ဟိုင်ဝါန်"

سوال : حضرت اسماعیل علیہ السلام کونسے فرشتے ہیں کہاں رہتے ہیں -

🔴 မေး။ဟဇရသ်အိစ်မာအီလ်"ဆိုတာမည်သည့်
          ဖရိရ်ှသဟ်နည်း မည့်သည့်နေရာတွင်
          ‌နေသနည်း။❓

جواب : یہ ایک بڑے فرشتے ہیں جو آسمان دنیا پر رہتے ہیں ب قدر میں اعمال کا نسخہ ان کے حوالے کیا جاتا ہے -( روح المعانی ج ٢ ص ١١٣ )

🔵 ဖြေ။ ဟဇရသ်အိစ်မာအီးလ်"အ"ဆိုတာ
          ကောင်းကင်ပထမအထပ်မှာ နေတော်မူ
          တယ်။ ကဒရ်ညဉ့်မြတ်မှာလုပ်သောအမလ်
          ‌တွေကို ၎င်းဖရိရ်ှသဟ်ကြီးထံအပ်နှံခြင်းခံ
          ရတယ်။
                "ရူဟွလ်မအာနီကျမ်း"

سوال : حضرت جبرئیل علیہ السلام کے گھوڑے کا نام کیا ہے -
🔴 မေး။ ဟဇရသ်ဂျိဗ်ရာအီးလ်"အ"ရဲ့မြင်း
           နာမည်ကဘာလဲ။❓

جواب : حضرت جبرئیل علیہ السلام کے گھوڑے کا نام تیزوم ہے -( کشاف ٣ ص ٨٤ )

🔵 ဖြေ။ ဟဇရသ်ဂျိဗ်ရာအီးလ်"အ"၏မြင်းအမည်က
          "သေဇူးမ်"ဖြစ်တယ်။
               (ကရ်ှရှားဖ်ကျမ်း)

سوال : داروغہ جنت اور داروغہ جہنم کے نام کیا کیا ہیں -

🔴မေး။ ဂျဟန္နမ်တံခါးစောင့်နှင့်ဂျန္နသ်တံခါး
          ‌စောင့်တို့၏ အမည်မှာ ဘာလဲ။❓

جواب - جنت کے داروغہ کا نام رضوان ہے -( غیاث الغات فارسی ص ٢٢١ ) اور جہنم کے داروغہ کا نام مالک ہے - کما قال تعالٰی ونادوا یا مالک لیقض علینا ربک الخ -

🔵 ဖြေ။ ဂျန္နသ်၏တံခါးမှုးမှာ "ရိဒ်ွဝါးန်ဖြစ်တယ်
               "ဂိယားစွလ်ဂါးသ်ကျမ်း"
          ဂျဟန္နမ်၏တံခါးမှုးမှာ "မာလစ်က်"ဖြစ်တယ်

سوال : کونسا فرشتہ لوگوں کو میدان حشر کی طرف بلائے گا -

🔴မေး။ မည်သည့်ဖရိရ်ှသဟ်က လူတွေကို
        ဟရှရ်ကွင်းပြင် သို့ ခေါ်တော်မူမည်နည်း။❓

جواب : حضرت اسرافیل علیہ السلام بلائیں گے -( صاوی ج٣ ص ٦٥ )

🔵 ဖြေ။ ဟရသ်အိစ်ရာဖီးလ်"အ"ဖြစ်သည်။(ဆွာဝီ)

سوال : حضرت اسرافیل( علیہ السلام )محشر کی طرف کس چیز کے ذریعہ بلائیں گے -

🔴 မေး။ ဟဇရသ်အိစ်ရာဖီးလ်"အ"သည်ဟရှရ်ကွင်း
           ပြင်ကို မည်သည့်အရာ၏ အကြောင်းခံ
           ဖြင့်ခေါ်တော် မူမည်နည်း။❓

جواب : حضرت اسرافیل( علیہ السلام )اپنے منہ میں صور کو رکھیں گے جب اس میں پھونک ماریں گے تو ایک آواز نکلے گی جس کو سن کر مردہ زندہ ہو جائیں گے اور قبروں سے نکل پڑیں گے -( صاوی ج٣ ص ٦٥ )

🔵 ဖြေ။ ဟဇရသ်အိစ်ရာဖီးလ်"အ"သည်
          မိမိပါးစပ်တွင် စူးရ်ခရာကိုထားကာ
          မှူုတ်လိုက်သောအခါ အသံတစ်သံထွက်
         မည်-အကြင်အသံကိုကြားပြီး သေသူများ
         ရှင်လာပြီး ကဗရ်များမှ ထွက်လကြမည်။
                    "ဆွာဝီ"

سوال : حضرت اسرافیل علیہ السلام کس طرح آواز دیں گے

🔴မေး။ ဟဇရသ်အိစ်ရာဖီးလ်"အ"ဟာ
          မည်သို့အသံပြုမည်နည်း။❓

( ترجمہ ) اے بوسیدہ ہڈیو، اور الگ الگ ہوئے جوڑو، اور بکھرے ہوئے گوشتوں - اللہ تعالٰی تم کو حکم دے رہا ہے کہ تم فیصلے کے لیے جمع ہو جاؤ تو وہ لبیک کہیں گے اور بعض نے کہا کہ ندا دینے والے تو جبرئیل ہوں گے اور صور میں پھونک مارنے والے اسرافیل( علیہ السلام )ہوں گے -( صاوی ج٣ ص ٦٥ )

🔵 ဖြေ။ အိုး ဟောင်းနွမ်းပြီး သီးခြားစီ ရှိ့နေ
‌သော အရိုးတို့ ပြန်ပေါင်းဆပ်လိုက်ပါ အိုးပြန့်
ကကျဲေ‌နသောအသားတို့ အလ္လာဟ်အသင်တို့ကို
အမိန့်ပေးနေတာဖြစ်တယ်။
   အသင်တို့ကိုဆုံးဖြတ်ချက်ချရန်အတွက် စုရုံးကြကုန်
 ထိုအခါထိုသူများက အသျှင့်အတွက်အသင့်ရှိ့
‌ကြောင်း ပြောဆိုကြလိမ့်မည်။-
တစ်ချို့သောပညာရှင်များက အသံပေးသူဟာ
ဂျိဗ်ရာအီးလ်"အ"ဖြစ်ပြီး စူရ်ခရာကိုမှုတ်သူဟာ
ဟဇရသ်အိစ်ရာဖီးလ်"အ"ဖြစ် သည်ဟု
 မိန့်ဆိုထား၏။    "ဆွာဝကျမ်း"

سوال : صور کیا چیز ہے -

🔴မေး။ စူရ်ခရာသည့်မည်သည့်အရာဖြစ်သနည်း❓
   
جواب : صور نور کا بنا ہوا ایک سینگ ہے جس میں پھونک ماری جائے گی - ترمذی شریف میں حضرت عبداللہ بن عمرو بن العاص( رضی اللہ عنہ )کی روایت میں ہے کہ ایک اعرابی نبی اکرم صلی اللہ علیہ وسلم کی خدمت میں حاضر ہوا اور دریافت کیا ماالصور صور کیا چیز ہے -
حضور صلی اللہ علیہ وسلم نے ارشاد فرمایا قرن ینفع فیه ایک سینگ ہے جس میں صور پھونکی جائے گی، امام بخاری نے حضرت مجاہد سے نقل کیا ہے کہ صور بوق کی طرح ہے - بوق کے معنی نرسنگھا،( روح المعانی ٢٠ ص ٣٠ )

🔵 ဖြေ။ စူရ်ခရာသည် နူးရ်ဖြင့်ပြုလုပ်ထားသော
          ဦးဂျိုဖြစ်တယ်။အကြင်ဂျိုဖြင့်မှုတ်ခြင်းခံရမည်

သိရ်မိဇီကျမ်းတွင်လာရှိ့သည်မှာ-
ဟဇရသ်အဗ္ဗဒွလ္လာဟ်ဗင်န်အမရ်ဗင်န်အားဆွ်
"ရသွေ"သခင်၏ဆင့်ပြန်ချက်တွင်-
‌ကျေးတောသားတစ်ဦးသည်
တမန်တော်မြတ်"ဆွ"၏ထံတော်သို့ရောက်လာပြီး
စူရ်ဆိုတာဘာလဲဟုမေးမြန်းရာ-

💚 တမန်တော်မြတ်ကြီး"ဆွ"က ဦးဂျိုတစ်ခုဖြစ်တယ်
အကြင်ဦးဂျိုဖြင့်စူးရ်မှုတ်ခြင်းခံရမည် ဟုမိန့်ကြားတော်
မူခဲ့၏

အိမာမ်ဗုခါရီ"ရဟ"သခင်ကဟဇရသ်မုဂျာဟိဒ်ထံမှ
ဆင့်ပြန်သည်မှာ စူရ်ခရာသည်"ဗူးက်"ကဲ့သို့ဖြစ်သည်
"ဗူးက်"ဆိုတာဂျီသတ္တဝါအထီး၏ ဦးဂျိုဖြစ်သည်။
           (ရူဟွလ်မအာနီကျမ်း)

سوال : زمین والوں کی طرح آسمان والوں( فرشتوں )کا قبلہ ہے یا نہیں -

🔴 မေး။မြေပထဝီရှိ့လူသားတွေအတွက်
ကိဗ်လဟ်ရှိ့သလို မိုးကောင်းကင်ရှိ့ဖရိရ်ှသဟ်တွေ
အတွက် ကိဗ်လဟ် ရှိ့ပါသလား-မရှိ့ဘူးလား။❓

جواب : جس طرح زمین والوں کا قبلہ کعبہ ہے اسی طرح آسمان والوں کے لیے قبلہ عرش ہے -( عجائب المخلوقات و غرائب الموجودات ص ٤١ )

🔵 ဖြေ။မြေပထဝီရှိလူသားတွေအတွက်
ကိဗ်လဟ်ဟာ ကအ်ဗဟ်ကျောင်းတော်ဖြစ်သလို-
မိုးကောင်းကင်ရှိ့ဖရိရ်ှသဟ်များအတွက်ကိဗ်လဟ်ဟာ
အရ်ရ်ှပလ္လင်တော်ဖြစ်တယ်။

سوال : سب سے پہلے خانہ کعبہ کا طواف کس نے کیا -

🔴 မေး။ ကအ်ဗဟ်ကျောင်းတော်၏သွဝါးဖ်ကို
အရင်ဆုံး မည်သူပြူလုပ်ခဲ့ပါသနည်း။❓

جواب : فرشتوں نے کیا -( تاریخ کامل بحوالہ بغیته الظمان )

🔵 ဖြေ။ ဖရိရ်ှသဟ်များကပြုလုပ်ခဲ့ပါသည်။

سوال : وہ چیزیں جن ابتداء ملائکہ سے ہوئی
 کون کون سے ہیں -

🔴မေး။ ဖရိရ်ှသဟ်များက စတင်ပြုလုပ်ခဲ့သော
          အရာများမှာ မည်သည့်အရာများနည်း-❓

جواب :(١) سب سے پہلے آسمان میں اذان حضرت جبریل( علیہ السلام )نے پڑھی -( محاضرۃ الأوائل بحوالہ بغیته الظمان )(٢) سب سے پہلے سبحان اللہ حضرت جبریل ( علیہ السلام )نے کہا -( روح البیان ٩ بحوالہ بغیته الظمان )(٣) سب سے پہلے سبحان ربی الاعلی حضرت اسرافیل( علیہ السلام )نے کہا محاضرۃ بحوالہ بغیته الظمان )

🔵 ဖြေ။ မိုးကောင်းကင်တွင် အရင်ဆုံး
          အဇာန်ပေး ခဲ့သူမှာ
         ဟဇရသ်ဂျိဗ်ရာအီးလ်"အ"ဖြစ်သည်

  စွဗ်ဟားနလ္လာဟ်ကိုအရင်ဆုံး ဆိုခဲ့သူမှာ
        ဟဇရသ်ဂျိဗ်ရာအီးလ်"အ"ဖြစ်သည်

စွဗ်ဟားနရဗ္ဗိယလ်အအ်လားကို
အရင်ဆုံးဆိုခဲ့သူမှာ ဟဇရသ်အိစ်ရာဖီးလ်"အ"
ဖြစ်သည်။

سوال : سب سے بڑا فرشتہ کون سا ہے اور اس کا نام کیا ہے -

🔴မေး။ အကြီးမားဆုံးသော ဖရိရ်ှသဟ်သည်မည်
         သူ နည်း-၎င်း၏အမည်မှာ အဘယ်နည်း-❓

جواب : حضرت ابن عاس( رضی اللہ عنہ )فرماتے ہیں کہ سب سے بڑا فرشتہ روح ہے( فرشتوں کے عجیب حالات علامہ سیوطی رح ص ١١٠ )اور وہ اگر اپنا منہ کھولے تو سب فرشتوں سے بھی بڑا ہو جائے -( بحوالہ بالا )

🔵 ဖြေ။ ဟဇရသ်အိဗ်နုအဗ္ဗားစ်"ရသွေ"
          သခင်မိန့်ကြားသည်မှာ
"ရူးဟ်"အမည်ရှိ့ဖရိရ်ှသဟ်သည်အကြီးမားဆုံးသော
ဖရိရ်ှသဟ်ဖြစ်သည် ၎င်းက ပါးစပ် ဟ လိုက်သောအခါ ဖရိရ်ှသဟ်အားလုံးထက် အကြီးဆုံးဖြစ်သွား၏

        လေးစားလျှက်
မော်လဝီ မုဟမ္မဒ် အစ္စမာအီးလ် ဥက္ကံ

✯🌹✯🌹✯🌹✯🌹✯🌹✯🌹✯🌹✯🌹✯🌹✯🌹✯🌹✯🌹✯🌹✯🌹✯🌹✯🌹✯🌹✯🌹✯🌹✯🌹✯🌹✯🌹✯🌹✯🌹✯

Thursday, January 23, 2020

မိခင်မွန်ကြီး ဟဇရသ်အာအေရှဟ် (ရသွေ့) သခင်မကြီးက မိန့်တော်မူပါတယ်။

မိခင်မွန်ကြီး ဟဇရသ်အာအေရှဟ် (ရသွေ့)
သခင်မကြီးက မိန့်တော်မူပါတယ်။


တမန်တော်မြတ်ကြီး ( ဆွ ) အိမ်မှာရှိနေချိန်
အဝတ်အစား ချုပ်တယ်။ ဆိတ်နို့ညှစ်တယ်။
မိမိအလုပ် မိမိကိုယ်တိုင် လုပ်ဆောင်တော်မူတယ်။

(မုစ်နဒ်အဟ်မဒ်ကျမ်း၊ ဟဒီးဆ်နံပါတ် ၂၄၉၉၈)

မော်လဝီ ဟာဖိဇ် မုဟမ္မဒ် ယူစွတ်ဖ် နိုအ်မာနီ - ဇီးကုန်း

မကာမေ အိဗ်ရာဟီးမ် ဆိုတာ || Myanmar Bayan

မကာမေ အိဗ်ရာဟီးမ် ဆိုတာ ကျောက်တုံးတခု ဖြစ်တယ်။ တမန်တော်အိဗ်ရာဟီးမ်(အ) ကအ်ဘာကျောင်းတော်ကို တည်ဆောက်စဉ်အခါက အဲဒီကျောက်တုံး အပေါ် တက်ပြီး ရပ်ခဲ့တယ်။
ဒီကျောက်တုံးဟာ ယနေ့တိုင်အောင် တည်ရှိနေတယ်။
သွဝါးဖ် လုပ်ပြီးတဲ့အခါ ဖတ်ရတဲ့ နမားဇ် ၂ရကအသ်ကို အဲဒီ ကျောက်တုံးရှေ့မှာ ရပ်ကာ ကစ်ဗ်လာဖက်သို့ မျက်နှာမူပြီး ဖတ်ခြင်းဟာ အမြတ်ဆုံး ဖြစ်ပါတယ်။

အာစားန် သရ်ဂျမာအေ ကုရ်အာန် ကျမ်း

စည် သူ အောင်

ပျားရည် နှင့် မိုးရေ || Myanmar Bayan

ပျားရည် နှင့် မိုးရေ


မြတ်နဗီ (ဆွ)မိန့်တော်မူတယ်။
ဟလာလ်ငွေကြေးနဲ့ ပျားရည်ဝယ်ပြီး မိုးရေနဲ့ ရောနှောကာ သောက်ပါက ရောဂါမှန်သမျှမှ ပျောက်ကင်းမှု ရရှိပေမည်။

ကန်ဇွတ်လ်အွမ္မားလ်ကျမ်း; ၂၈၁၇၂

စည် သူ အောင်

**ဟဒီးစ်တော်** || Myanmar Bayan

**ဟဒီးစ်တော်**

အလ္လာအသျှင်မြတ်၏ အမိန့်ကို ဆန့်ကျင်ပြီး မည်သည့်အဖန်ဆင်းခံတဦးတယောက်၏ စကားကိုမှ မနာခံရ။

အဗူဒါဝူးဒ်ကျမ်း; ၂၆၂၅

စည် သူ အောင်

ကောင်းခြင်း တရားများအတွက်သာ အသုံးပြုသင့်သော အင်တာနက် || Myanmar Bayan

ကောင်းခြင်း တရားများအတွက်သာ အသုံးပြုသင့်သော
အင်တာနက်

*********
တမန်တော်မြတ် ( ဆွ )ရဲ့ သြဝါဒတော်တွေအရ
ကိယာမသ်ရဲ့လက္ခဏာတွေထဲမှာ လက္ခဏာတစ်ခုက
အကွာအဝေးတွေကျုံ့သွားမယ်လို့သိရပါတယ်။

အကွာအဝေး၊ တစ်နည်း ကွာဟမှုတွေနည်းသွားခြင်းက
နှစ်မျိုးဖြစ်နိုင်တယ်။

တစ်ခုက ပို့ဆောင်ဆက်သွယ်မှုတွေ မြန်ဆန်တိုးတက်
လာလိမ့်မယ်။ လနဲ့ချီပြီးသွားရတဲ့ခရီးက နာရီပိုင်း
အတွင်းရောက်သွားနိုင်မယ်။ ဒါကြောင့် ကနေ့ ကမ္ဘာ့
အစွန်းတစ်ဖက်ကနေ နောက်အစွန်းတစ်ဖက်ကို ၂၄
နာရီအတွင်းဖြတ်သန်းနိုင်လာပြီ။ ရှေးတုန်းက တစ်နှစ်
တောင်လောက်နိုင်မယ်မထင်ဘူး။

ဒုတိယပုံစံက
သတင်းစီးဆင်းမှုမြန်ဆန်တိုးတက်လာလိမ့်မယ်။

အရင်တုန်းက သတင်းတစ်ပုဒ်က ကာလအတန်ကြာမှ
နောက်တစ်နေရာကိုရောက်တယ်။ အပြေးမြန်တဲ့
မြင်းတွေနဲ့ ခိုတွေကိုသုံးရတယ်။ မြင်းစီးကျွမ်းကျင်
သူတွေကတစ်ဆင့် သတင်းတစ်ပုဒ်ဟာ တိုင်းပြည်ရဲ့
အစွန်းတစ်ဖက်က နောက်အစွန်းတစ်ဖက်ဆီရောက်ဖို့ လပေါင်းများစွာကြာခဲ့တဲ့ ကာလတွေလည်းရှိခဲ့တယ်။

စာပို့တဲ့နေရာသုံးတဲ့ ခိုတွေကလည်း အတိုင်းအတာ
တစ်ခုအထိပဲ ပျံသန်းနိုင်တယ်။ ဒါကြောင့် ခိုတွေကို
တိုတောင်းလှတဲ့သတင်းတွေကို ခရီးတိုအတွက်ပဲ
အသုံးပြုနိုင်ခဲ့တယ်။

တစ်ဖြည်းဖြည်းနဲ့ ကြေးနန်း၊ ရေဒီယို၊ တီဗီ၊ တယ်လီဖုန်း၊ မိုဘိုင်းဖုန်းအစရှိတာတွေ ပေါ်လာတော့ သတင်းပျံ့နံှ့မှုအလွန်လွယ်ကူလာကြတော့တယ်။

အင်တာနက်ပေါ်လာတဲအခါ ဒီလွယ်ကူမှုဟာ
အဆုံးအစွန်ထိပါပဲ။

အခုမြန်မာပြည်က ဝေးခေါင်လှတဲ့ ရွာတစ်ရွာက
လူတစ်ယောက်ဟာ အမေရိကန်နဲ့ ကနေဒါလိုအလွန်
တိုးတက်စည်ကားတဲ့ နိုင်ငံတွေကို မျက်စိတစ်မှိတ်
အတွင်းမှာ ပို့ချင်တဲ့ သတင်းတွေကိုပို့နိုင်တယ်။

အလ္လာဟ်အရှင်မြတ်သခင် ချီးမြှင့်ထားတဲ့ အသိာဏ်နဲ့
စူးစမ်းလေ့လာတတ်တဲ့ စိတ်ဓာတ်တွေကို အသုံးပြုပြီး လူသားဟာ အခုလိုတီထွင်ကြံဆမှုတွေ လုပ်လာ
နိုင်တာပါ။

အင်တာနက်ပေါ်လာလို့ အရင်တုန်းက ခက်ခက်ခဲခဲ
ကြမ်းကြမ်းတမ်းတမ်းဖြတ်သန်းဆောင်ရွက်ရတဲ့
အရာတွေဟာ အခုတော့ လွယ်လွယ်ကူကူ ချောချော
မွေ့မွေ့ဖြစ်သွားပါပြီ။

အင်တာနက်ကို မှန်မှန်ကန်ကန်အသုံးချတတ်ရင်
အင်တာနက်ဟာလူ့ရဲ့အသိပညာတိုးတက်မှုရဲ့
သော့ချက်ဖြစ်နိုင်ပါတယ်။ အင်တာနက်လူမှုကွန်ရက်
တစ်ခုဖြစ်တဲ့ Facebook ဟာလူသုံးအလွန်များပါတယ်။

Face match ဆိုတဲ့အမည်နဲ့ အစပြုခဲ့တယ်။
အစပိုင်းမှာ ပုံတွေပဲတင်လို့ရခဲ့တယ်။ အမေရိကန်နိုင်ငံသားကျောင်းသားလူငယ်တစ်ဦးဖြစ်တဲ့မာခ်ဇူကာဘတ်
နဲ့ အပေါင်းအဖော်တွေက တည်ထောင်ခဲ့တယ်။

အဲဒီအချိန်တုန်းက သူတို့ဟာ ဟားဗတ်တက္ကသိုလ်
ကကျောင်းသားတွေပါ။ မိမိအဆောင်မှာ အဆောင်နေ
ကျောင်းသားအချင်းချင်း မိတ်ဆက်တဲ့သဘောနဲ့
စခဲ့တယ်။

ဒါပေမဲ့ ၂၄နာရီအတွင်း တက္ကသိုလ်ကကျောင်းသား ၁၂၀၀ ပါဝင်ခဲ့တဲ့အထိအောင်မြင်ခဲ့တယ်။ဒီလိုနဲ့
တခြားကောလိပ်၊ တက္ကသိုလ်တွေက တစ်စတစ်စ
ပါဝင်လာခဲ့ပြီး ၂၀၀၅ ခုနှစ်မှာတော့ အင်္ဂလန်နိုင်ငံအထိ ခြေဆန့်လာနိုင်ခဲ့တယ်။ ဒီလိုနဲ့ တစ်ဖြည်းဖြည်း တစ်
ကမ္ဘာလုံးအထိ မိမိကွန်ရက်ကို ဖြန့်ကျက်နိုင်ခဲ့ပါတယ်။

Facebook ကို လူအမျိုးမျိုးက ရည်ရွယ်ချက်မျိုးစုံနဲ့
အသုံးပြုကြတယ်။

အာရပ်အာဏာရှင်တွေကိုဖြုတ်ချခဲ့တဲ့ အာရပ်
နွေဦးတော်လှန်ရေးဟာ အဲဒီ Facebook က အစ
ပြုခဲတာပါ။ အာရပ်နွေဦးတော်လှန်ရေးမှာFacebook ရဲ့ အခန်းကဏ္ဍဟာ တော်တော်ကြီးပါတယ်။

Facebook ကြောင့် တစ်ဖက်မှာ လူမှုဆက်ဆံရေးတွေ
တိုးတက်လာပြီး အချင်းချင်းရင်းနှီးမှုတွေ လွယ်သထက်
လွယ်ကူလာနေသလို

နောက်တစ်ဖက်မှာ Facbookကို ကြော်ငြာအတွက်
အသုံးပြုလာကြပါပြီ။ Facebook ဟာ စီးပွားရေး
အတွက်လည်း အသုံးတော်တော်တည့်တာကို
တွေ့ရတယ်။

Facebook ထူထောင်သူ မာခ်ဇူကာဘတ်ကိုယ်တိုင်
လက်တစ်ဆုပ်စာသာရှိတဲ့ ကမ္ဘာ့အချမ်းသာဆုံးလူငယ်
စာရင်းဝင်လာခဲ့ပါပြီ။

အကယ်၍ Facebook ကို ကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ အပြုသဘောဆောင်တဲ့အလုပ်တွေအတွက်သုံးရင်
ဒါဟာကောင်းရာကို ညွှန်ကြားပြီး မကောင်းမှုကို
တားမြစ်တဲ့အလုပ်ဖြစ်မှာပါ။

အထူးသဖြင့် လူငယ်တွေရဲ့ အသိညဏ်ကို အပြု
သဘောဆောင်တဲ့ တိုးတက်မှုနဲ့ အကျင့်စာရိတ္တ
ပျက်ပြားမှုကို တားမြစ်ရာမှာအတော်အသုံးဝင်
ပါလိမ့်မယ်။

ဒါပေမဲ့ လက်တွေ့မှာကြည့်မယ်ဆိုရင် ရည်ရွယ်ချက်
ကောင်းကောင်းထားပြီးအသုံးပြုအများအပြားရှိသလို
ဝမ်းနည်းစရာက လူမှုပတ်ဝန်းကျင်က ဆိုးသွမ်းမိုက်မဲ့သူတွေဟာ မိမိတို့ရဲ့မကောင်းတဲ့ရည်ရွယ်ချက်နဲ့
စရိုက်ဆိုးများကို ပျံ့နှံ့စေဖို့ရာ ဒီအသုံးဝင်လာတဲ့
လူမှုကွန်ရက်ကိုအသုံးချနေတာကိုလည်းတွေ့ရပါတယ်။

ဒါကြောင့်
ကျွန်တော်တို့ဟာ Facebookကို ကိုယ်တိုင်လည်း
မှန်မှန်ကန်ကန်သုံးဖို့နဲ့ ပညာတတ်လူငယ်တွေကိုပါ
မှန်မှန်ကန်ကန်သုံးစွဲလာစေဖို့ ကြံဆောင်ရပါမယ်။

မှားယွင်းတဲ့ သုံးစွဲမှုကနေ မျိုးဆက်သစ်တွေကို
ကယ်ထုတ်ပြီး အဲဒါတွေရဲ့ ပျက်စီးဆုံးရှုံးမှုတွေကို
သိရှိလာပြီး ရှောင်ရှားနိုင်အောင်ကြိုးစားပေးရပါမယ်။

Facebook ကို ကောင်းမွန်စွာ အသုံးပြုရာမှာ
ဒအ်ဝဟ်အတွက်ဖြစ်စေ၊
သင်ပေးသင်ယူမှုအတွက်ဖြစ်စေ၊
မိမိကိုယ်ရေးကိုယ်တာပြသာနာအခက်အခဲတွေ
ပြေလည်မှုအတွက်ဖြစ်စေ
သုံးမယ်ဆိုရင် ဘာပြသာနာမှ ရှိမှာမဟုတ်ပါဘူး။

ဒါပေမဲ့ သူစိမ်းအမျိုးသား၊ သူစိမ်းအမျိုးသမီးတွေနဲ့
မလိုအပ်ဘဲ စကားပြောတဲ့အခါ နောက်ဆက်တွဲ
ပြသာနာတွေ ရှိလာနိုင်ပါတယ်။

အရှက်သိက္ခာရှိသူတစ်ယောက်ဟာ ရှက်စရာစကားကို
ပွင့်ပွင့်လင်းလင်းမပြောရဲပါဘူး။ အရှက်မဲ့တဲ့ စကားတွေကို အမျိုးသားနဲ့ အမျိုးသမီးတစ်ဦးကိုတစ်ဦး Facebook
ကတစ်ဆင့် ပြောနေခြင်းကလည်း မလိုလားအပ်တဲ့
ကိစ္စတွေဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် Facebook က မိတ်ဆွေဖွဲ့တဲ့အခါ သတိထားဆင်ခြင်ဖို့ အရေးကြီးပါတယ်။ ဥပမာအားဖြင့်
မွတ်စလင် ဖြစ်မဖြစ် ကွဲပြားမှုမရှိတော့ ဆိုးသွမ်းမှုတွေ၊ ဒုစရိုက်မှုတွေကိုကျူးလွန်နေသူတွေကို မိမိဘဝ
ကြင်ဖော်အဖြစ် မှားယွင်းစွာရွေးမိတတ်ကြပါတယ်။

ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်း ဒါမျိုးတွေ
အများကြီးရှိခဲ့ပြီးပါပြီ။ Facebook မှာ တင်တဲ့ပိုစ်တွေကို
တုံ့ပြန်နိုင်မယ့် နည်းလမ်းသုံးခုရှိတာအားလုံး
သိပြီးသားပါ။

Like သို့မဟုတ် React လုပ်ခြင်း၊
ကြိုက်နှစ်သက်တဲ့အကြောင်းအရာကို Share လုပ်
မျှဝေခြင်း၊ Comment မှတ်ချက်ပေးခြင်းတို့ဖြစ်ပါတယ်။

ဒီသုံးမျိုးနဲ့ပတ်သက်ပြီး အစ္စလာမ့်ရှုထောင်က
ဘယ်လိုရှိလဲဆိုတာကို ဆက်လက်တင်ပြပေးပါမည်။

မော်လဝီ ဟာဖိဇ် မုဟမ္မဒ် ယူစွတ်ဖ် - ဇီးကုန်း