Thursday, June 18, 2020

စူရဟ်​ဗကရဟ်​ရဲ့ ထူးကဲလှတဲ့ အကျိုး​ကျေးဇူးများ || Myanmar Bayan






















စူရဟ်​ဗကရဟ်​ရဲ့ ထူးကဲလှတဲ့ အကျိုး​ကျေးဇူးများ
*********************************
မြတ်​နဗီ (ဆွ) မိန့်​​တော်​မူတယ်
စူရဟ်​ဗကရဟ်​ကို ဖတ်​ရွတ်​သရဇ္ဇယ်​ကြပါ
စူရဟ်​ဗကရဟ်​ကို ဖတ်​ရွတ်​ခြင်းဟာ ဗရ်​ကသ်​မင်္ဂလာ ဖြစ်​တယ်
မဖတ်​ပဲ ​စွန့်​လွှတ်​ထားခြင်းဟာ နှ​မြော​ကြေကွဲစရာ၊နဖူးစာဆိုးခြင်း ဖြစ်​တယ်​။
မိစ္ဆာဝါဒီများ(ဂျာဒူ ပြုစားသူများ)ဟာ ဒီစူရဟ်​ဖတ်​ရွတ်​သူကို အနိုင်​မယူနိုင်​ဘူး။
(မွတ်​စ်​လင်​မ်​ကျမ်း)
အခြားဟဒီးစ်​​တော်​တပုဒ်​မှာ လာရှိတယ်
အိမ်​မှာ စူရဟ်​ဗကရဟ်​ကို ဖတ်​ရွတ်​မယ်​ ဆိုရင်​ အဲဒီအိမ်​က​နေ ရှိုင်​သွာန်​မိစ္ဆာ ထွက်​​ပြေးသွားတယ်​။
(ဟာကင်​မ်​ကျမ်း)
နောက်​ဟဒီးစ်​​တော်​တပုဒ်​မှာ လာရှိတယ်
စူရဟ်​ဗကရဟ်​ဟာ ကျမ်းမြတ်​ကုရ်​အာန်​ ရဲ့ ထိပ်​ဆုံး ဖြစ်​တယ်​။(သ​ဘောက အမြင့်​မြတ်​ဆုံး အစိတ်​အပိုင်း ဖြစ်​တယ်​။)
ဒီစူရဟ်​မှာ ပါဝင်​တဲ့ အာယသ်​​တော်​ တပိုဒ်​တိုင်းနဲ့အတူ ဖရစ်​ရှ်​သာ(၈၀)ပါး ခြံရံပြီး ကျ​ရောက်​လာခဲ့တယ်​။
(မွတ်​စ်​နဒ်​အဟ်​မဒ်​ကျမ်း)
မအာ​ရေဖုလ်​ကုရ်​အာန်​ကျမ်းမှ ​ကောက်​နှုတ်​တင်​ပြသည်​။
စည်​ သူ ​အောင်

No comments:

Post a Comment