Thursday, June 18, 2020

အချစ်​စစ်​ရဲ့ နမူနာတခု

အချစ်​စစ်​ရဲ့ နမူနာတခု

💚 💚 💚 💚 💚 💚

လွန်​ခဲ့တဲ့ နှစ်​​ပေါင်း ၁၄၀၀အရင်​တုန်းက.....

မွတ်​စ်​လင်​မ်​​တွေဟာ မြတ်​ရစူလ်​(ဆွ)နဲ့အတူ ရန်​သူ​တွေရဲ့ ရန်​က​နေ ကာကွယ်​ဖို့ ကျုံးတူး​နေကြတယ်
ဂဇ်​ဝါခန်​ဒ်​ပ်​က်​အတွက်​ အပူတပြင်း ပြင်​ဆင်​​နေကြတယ်

မွတ်​စ်​လင်မ်​ အ​တော်​များများရဲ့ အိမ်​မှာ တနပ်​စာ အစားအ​သောက်​​တောင်​မှ မရှိဘူး။

ဗိုက်​ဆာလွန်းအားကြီးလို့ ​ခြေကုန်​လက်​ပန်းကျသွားတဲ့အခါ ဗိုက်​မှာ ​ကျောက်​ခဲ​တွေ ချည်​​နှောင်​ပြီး မ​လျှော့​သောဇွဲသတ္တိနဲ့ အလုပ်​ ဆက်​လုပ်​​နေခဲ့ကြတယ်

ကိုယ်​​တော်​မြတ်​(ဆွ)ဟာလည်း ဆွဟာဗာများနဲ့အတူ စိတ်​အားထက်​သန်​စွာ ကျုံးတူး​နေ​တော်​မူခဲ့တယ်
မြေကြီး​တွေ သယ်​​နေခဲ့တယ်​။

ဟဇရသ်​အဗူသွလ်​ဟာသခင်​(ရ​သွေ့)က အမိန့်​ရှိတယ်
ကျွန်ုပ်​တို့ဟာ ​နောက်​ဆုံးမှာ မြတ်​ရစူလ်​(ဆွ)ထံ အခစားဝင်​ပြီး အလွန်​အမင်း ဗိုက်​ဆာ​နေကြတဲ့အတွက်​ ဗိုက်​မှာ ​ကျောက်​ခဲတလုံးစီ ချည်​ထားရ​ကြောင်း ပြသကြ​တော့ ကိုယ်​​တော်​မြတ်​(ဆွ)က မိမိရဲ့ ဝမ်းဗိုက်​​တော်​မှာ အဝတ်​ကို ဖယ်​ရှားပြ​တော်​မူတယ်
ကြည့်​လိုက်​​တော့ ကိုယ်​​တော်​မြတ်​(ဆွ)ရဲ့ ဗိုက်​​တော်​မှာ ​ကျောက်​ခဲ နှစ်​လုံး ချည်​ထားတာကို ကျွန်ုပ်​တို့ ​တွေ့ခဲ့ရတယ်​။

မိရှ်​ကားသ်​ကျမ်း တွဲ၂ စာ ၄၄၈

ကိုယ်​​တော်​မြတ်​(ဆွ)နဲ့ ဆွဟာဗာသာဝကများဟာ စားစရာလည်း မရှိ၊လူအင်​အားလည်း နည်း၊ရန်​သူ​တွေ ပတ်​လည်​ ဝိုင်း​နေ၊မြို့ထဲမှာလည်း အတွင်းရန်​သူ​တွေ ရှိ​နေ၊ရာသီဥတုကလည်း အရမ်း ​အေးခဲ​နေ

ဒီလိုအ​ခြေအ​နေမှာလည်း နည်းနည်း​လေးမှ မတွန့်​ဆုတ်​ခဲ့ပဲ
တလကြာ​အောင်​ ကြံ့ကြံ့ခံပြီး ဂဇ်ဝါခန်​ဒပ်​က်​ကို ​အောင်​မြင်​​အောင်​ ဆင်​နွဲနိုင်​ခဲ့တယ်

ဒါ ဘယ်​အင်​အား​တွေနဲ့လဲ???

အ​ဖြေက​တော့
အချစ်​ရဲ့ အင်​အား​တွေနဲ့ပဲ ဖြစ်​တယ်

ဒီ​နေ့ ကျွန်ုပ်​တို့ဟာ စား​ကောင်း​သောက်​ဖွယ်​​တွေကို ​နေ့စဉ်​ စိတ်​ကြိုက်​စား​သောက်​​နေကြတယ်
ဘေးကင်းလုံခြုံစွာ ​အေး​အေးချမ်းချမ်းနဲ့ ​လောကီစည်းစိမ်​​တွေကို ကိုယ်​စီ ရယူခံစား​နေကြတယ်

ဒါ​ပေမဲ့ ကျ​နော်​တို့ရဲ့ နှလုံးသားထဲမှာ အလ္လာအသျှင်​မြတ်​ရဲ့ အချစ်​၊မြတ်​နဗီ(ဆွ)ရဲ့ အချစ်​၊သာသနာရဲ့အချစ်​ အားနည်း​နေတယ်​။
အလ္လာအသျှင်​မြတ်​ရဲ့ ​ကျေးဇူး​တော်​​တွေ ကို ​မေ့​နေသလို
မြတ်​ရစူလ်​(ဆွ) နဲ့ ဆွဟာဗာသာဝကများ အရာရာ​ပေးဆပ်​ပြီး ကျ​နော်​တို့ဆီ အ​ရောက်​ပို့ခဲ့တဲ့ အစ္စလာမ်​သာသနာ​တော်​အ​ပေါ် ​လေးစားလိုက်​နာခြင်းလည်း အပြည့်​အဝ မရှိကြဘူး

အလ္လာအသျှင်​မြတ်​ အချစ်​စစ်​အမှန်​ဖြစ်​တဲ့ မိမိရဲ့ အချစ်​၊တမန်​​တော်​မြတ်​(ဆွ)ရဲ့ အချစ်​၊သာသနာရဲ့ အချစ်​ကို ကျွန်ုပ်​တို့နှလုံးသားထဲမှာ အပြည့်​အဝ ချီးမြှင့်​​တော်​မူပါ​စေ
အာမီးန်

၁၃.၆.၂၀၂၀ စ​နေ​နေ့

No comments:

Post a Comment