Thursday, June 18, 2020

ရဟ်မားန် အနန္တဂရုဏာရှင်၏ ဗန္ဒဟ်များ (သို့) အရှင့်ကျွန် ပီသသူတို့၏ အရည်အချင်းများ (၉)

ရဟ်မားန် အနန္တဂရုဏာရှင်၏ ဗန္ဒဟ်များ

(သို့)

အရှင့်ကျွန် ပီသသူတို့၏ အရည်အချင်းများ (၉)

💟💟💟💟💟💟💟💟💟💟💟💟💟💟

အိဗားဒုရ်ရဟ်မားန် ရဲ့ ပထမ အရည်အချင်း
💜💜💜(ကျေးကျွန်ပီသခြင်း ၄)💜💜💜
💜💜💜💜💜💜💜💜💜💜💜💜💜

💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
အခြေအနေတိုင်းမှာ အလ္လာဟ်အရှင့်အ​ပေါ် ကျေနပ်နေခြင်း
၏ ဆုလာဒ်💙💙💙💙💙💙💙💙💙💙💙💙💙💙
💙💙💙💙
လူသားက အခြေအနေတိုင်းမှာ ကျေနပ်နေရင် အလ္လာဟ်
အရှင်မြတ်ကလည်း အဲဒီသူကို အခြေအနေတိုင်းမှာ
ကျေနပ်နေတော်မူလိမ့်မယ်။ ဆွဟာဗဟ်ကြီးများရဲ့
အဆင့်က အဲဒီအဆင့်ပဲ ဖြစ်တယ်။ ခင်ဗျားတို့လည်း
သိကြပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်မှာ ဆွဟာဗဟ်
သခင်ကြီးများကို
{رَضِيَ اللَّهُ عَنْهُمْ وَرَضُوا عَنْهُ}(التوبة.100)
(အလ္လာဟ်အရှင်သည် ၎င်းတို့အား ကျေနပ်တော်မူ၏။
၎င်းတို့သည်လည်း အလ္လာဟ်အရှင့်အား ကျေနပ်တော်မူ၏။)

ခင်ဗျားတို့ ဆွဟာဗီ တစ်ပါးပါးရဲ့ နာမည်ကိုကိုင်ရင်
ဟဇရသ် စကားလုံး မတပ်ဘူး၊ မောဝ်လာနာ ဘွဲ့လည်း
မတပ်ဘူး၊ အေမာမ်လို့လည်း မခေါ်ဘူး၊ ဖကီးဟ်လို့လည်း
မခေါ်ဘူး။ ရသွေ့ယလ္လားဟု အန်ဟွမ် (အလ္လာဟ်အရှင်
၎င်းတို့ကို ​ကျေနပ်တော်မူသည်) ဆိုတဲ့ ဝါကျတစ်ခုပဲ
သုံးတယ်။
အလ္လာဟ်အရှင် ဆွဟာဗဆဟ်ကြီးတွေကို ဘာ့ကြောင့်
ကျေနပ်သွားတာလဲ? ၎င်းတို့က အလ္လာဟ်အရှင့်ကို
ကျေနပ်နေကြလို့ပါပဲ။
ပူရင်လည်း အရှင့်ကို ကျေနပ်ကြတယ်။
အေးရင်လည်း အရှင့်ကို ကျေနပ်ကြတယ်။
အကယ်၍ အဖြစ်အပျက်တွေက မိမိသဘောဆန္ဒနဲ့
ကိုက်ညီရင်လည်း အရှင့်ကို ကျေနပ်ကြတယ်။
မကိုက်ညီရင်လည်း အရှင့်ကို ကျေနပ်ကြတယ်။
ကျန်းမာရင်လည်း အရှင့်ကို ကျေနပ်ကြတယ်။
မကျန်းမာရင်လည်း အရှင့်ကို ကျေနပ်ကြတယ်။

ကိုယ်တော်မြတ်(စွ) အမိန့်ရှိတော်မူတယ်။
[الإيمان نصفان نصف قى الصبر ونصف فى الشكر]
(شعب الإيمان 12/193)
(အီမာန်က ၂ ပိုင်းဖြစ်တယ်။ တစ်ပိုင်းက ဆွဗရ်၊
နောက်တစ်ပိုင်းက ရှုက်ရ် ဖြစ်တယ်။)
အကယ်၍ အဖြစ်အပျက်တွေက မိမိဆန္ဒနဲ့ အညီ ဖြစ်ရင်
ရှုက်ရ်(ကျေးဇူးတင်သမှု)လုပ်လိုက်။ မိမိဆန္ဒနဲ့ မကိုက်ရင်
ဆွဗရ်လုပ်(သည်းခံ) လိုက်။
ဆွဟာဗဟ်ကြီးများက "မိမိ မှန်ကန်တဲ့အလုပ် လုပ်နေလား?
မလုပ်နေဘူးလား?" ဆိုတာပဲ ကြည့်လေ့ရှိတယ်။ ကျန်တဲ့
ကိစ္စတွေအားလုံးက မိမိတို့ရဲ့ ဆန္ဒနဲ့ ကိုက်ညီဖို့ ဖြစ်မှ
မဖြစ်နိုင်တာ။
ကိစ္စအားလုံးက မိမိဆန္ဒနဲ့ ကိုက်ညီရမယ်လို့ ယူဆခြင်းက
အဗ်ဒီယသ်(အရှင့်ကျွန်ပီသခြင်း)နဲ့ ဆန့်ကျင်ပါတယ်။
မိမိကိုယ်တိုင် အရှင့်ကျေးကျွန် ဖြစ်သွားတာက အဗ်ဒီယသ်
(ကျေးကျွန်ပီသခြင်း)ဖြစ်တယ်။ သို့သော် တခြားသူတွေကို
မိမိရဲ့ ကျေးကျွန်ဗန္ဒဟ်တွေ လုပ်ဖို့ မကြိုးစားပါနဲ့။ ဗန္ဒဟ်ဖြစ်
ခြင်းရဲ့ သဘောက ဂိုနာဟ်ဒုစရိုက်တွေကနေ ရှောင်ကျဉ်
ကြရမယ်။ ခင်ဗျားတို့ တတ်နိုင်သလောက် အလ္လာဟ်အရှင်နဲ့
အရှင့်ဗန္ဒဟ်တွေရဲ့ ဝတ္တရားတွေကို ကျေပွန်အောင်း
ထမ်းဆောင်ရမယ်။ အကယ်၍ မှားယွင်းချွတ်ချော်မှုတွေ
ဖြစ်သွားခဲ့ရင် မိုအာဖီ(ခွင့်လွှတ်မှု) တောင်းခံရမယ်။

💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
အားလုံးရဲ့ နောက်ဆုံးမှာ ဘယ်အဆင့်ကို ရယူရတာလဲ?
💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
ဆူဖီသူတော်စင်များက "ရယူဖို့လိုအပ်တဲ့ အဆင့်တွေ
ထဲမှာ နောက်ဆုံးအဆုံးသတ်အဆင့်က မကာမိရေဇွာ
(အရှင့်ဘက်က လာသမျှကို ကျေနပ်ခြင်းရဲ့ အဆင့်)
ဖြစ်တယ်။
ဆွဟာဗဟ်ကြီးတွေက အခြေအနေတိုင်းမှာ အရှင့်ကို
ကျေနပ်ကြတဲ့အတွက် ဒီအဆင့်ကို ရသွားကြတယ်။
ဆွဟာဗဟ်များက အရှင်မြတ်ကို အခြေအနေတိုင်းမှာ
ကျေနပ်ကြတဲ့အတွက် အလ္လာဟ်အရှင်မြတ်ကလည်း
၎င်းတို့ကို အခြေအနေတိုင်းမှာ ကျေနပ်တော်မူသွားတယ်။
သူတို့ရဲ့ နည်းတဲ့ အေဗာဒသ်ပေါ်မှာလည်း ကျေနပ်တော်
မူတယ်။ များတဲ့အေဗာဒသ်ကိုလည်း ကျေနပ်တော်မူတယ်။
သူတို့ ကျန်းမာချိန်မှာလည်း ကျေနပ်တော်မူသလို သူတို့
မကျန်းမာချိန်မှာလည်း အရှင်က ကျေနပ်နေတော်မူတယ်။
"သူတို့က ချည့်နဲ့တဲ့ ဗန္ဒဟ်တွေပဲ။ သူတို့ပြုလုပ်နေသမျှက
ငါအရှင်ကျေနပ်ဖို့ ဖြစ်တယ်" လို့ အရှင်မြတ် သိနေတော်
မူတယ်။ ဒါကိုပဲ အဗ်ဒီယသ်ရဲ့ အဆင့်လို့ခေါ်တာပါ။
ဒွန္နယာမှာ အကယ်၍ သခင်တစ်ယောက်က ကျွန်ကို
အခု မင်း ငါ့ထိုင်တဲ့ ခုံပေါ်မှာ ထိုင်လိုက်လို့ ပြောရင်
ထိုင်ရမှာပဲ။ ငါ့ ဝတ်ရုံကိုဝတ်ပြီး ဈေးထဲကိုသွား လို့ ပြောရင်
သွားရမှာပဲ။ ငါ့ခြေတော်ရင်းမှာ ထိုင်နေလို့ ပြောရင်လည်း
ထိုင်ရမှာပဲ။ ဟိုအလုပ်အတွက်လည်း မရှက်ရဘူး။
ဒီအလုပ်အတွက်လည်း မရှက်ရဘူး။ အဲဒီကျွန်ရဲ့ အလုပ်က
အခြေအနေတိုင်းမှာ မိမိသခင်ကို ကျေနပ်နေစေဖို့ပဲ
ဖြစ်တယ်။
အလ္လာဟ်အရှင်မြတ်ရဲ့ အထူးဗန္ဒဟ်တွေဆိုတာက မိမိရဲ့
သဘောဆန္ဒတွေကို ရှေ့တန်းမတင်ဘူး။ အလ္လာဟ်အရှင်
မြတ်ရဲ့ အမိန့်တော်တွေအတိုင်း အမလ်လုပ်ဖို့ ကြိုးစား
ကြတယ်။ အဲဒါကြောင့် သူတို့က "အဗ်ဒ်" ဖြစ်ကြတာ။

💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
စစ်မှန်တဲ့ အဆင့်က အဗ်ဒီယသ်ရဲ့ အဆင့် ဖြစ်တယ်။
💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
ကျမ်းတော်မြတ်ကုရ်အာန်မှာ ဘယ်နေရာမှာပဲ ကိုယ်တော်
မြတ်(စွ)ရဲ့ ချီးမွမ်းခန်းဖွင့်ဖွင့် ပထမဦးဆုံး ၎င်းနဗီဟာ
အဗ်ဒ်ဖြစ်တယ်လို့ ချီးမွမ်းတာကို ခင်ဗျားတို့ တွေ့ကြပါ
တယ်။ ကျွန်တော်တို့ ခင်ဗျားတို့ ဖတ်တဲ့ ကလိမဟ်
{اشهد ان محمدا عبده ورسوله}
မှာဆိုရင် ရစူလ်စကားလုံးကိုတောင် နောက်မှ ယူလာတယ်။
အရင်ဆုံး (မိုဟမ္မဒ်(စွ)သည် ထိုအရှင်၏ ဗန္ဒဟ်ဖြစ်တယ်)
ဆိုပြီး အဗ်ဒ် ဖြစ်ခြင်းကို အရင် ဖော်ပြတယ်။

စူရသုလ် အိစ်ရားအ် မှာ
{سبحان الذي اسرى بعبده}(الإسراء. 1)
(အကြင်အရှင်သည် သန့်ရှင်းစင်ကြယ်တော်မူ၏။ ထိုအရှင်
သည် မိမိ၏ ကျေးကျွန်(ကိုယ်တော်မြတ်(စွ))ကို ခေါ်ဆောင်
တော်မူလေသည်) လို့ လာရှိတယ်။
အဲဒီတော့ စစ်မှန်တဲ့ အဆင့်က အဗ်ဒီယသ်ရဲ့ အဆင့်
ဖြစ်တယ်။သဘောက လူသားဟာ အလ္လာဟ်အရှင့်ရဲ့ ဗန္ဒဟ်
ဖြစ်ရမယ်။ လူသားက အလ္လာ့ဟ်ဗန္ဒဟ် ပီသသွားရင်
သူ့ရဲ့ စားခြင်းလည်း အိဗာဒသ်၊ လမ်းလျှောက်ခြင်းလည်း
အိဗာဒသ်၊ ရိုဇီ ရှာဖွေခြင်းလည်း အိဗာဒသ်၊ နမားဇ်လည်း
အိဗာဒသ် အချုပ် ပြောရရင် အဲဒီ ဗန္ဒဟ်ရဲ့ အရာတိုင်း
လုပ်ရပ်တိုင်းက အိဗာဒသ် ဖြစ်သွားတော့တယ်။

🕋ဤနေရာတွင် ပထမအရည်အချင်း ပြီး၏။🕋

(မော်လာနာ မုဖ်သီ မဟ်မူးဒ်အရှ်ရဖ် အုစ်မာနီ(DB)
ဟောကြားတော်မူသည်)

No comments:

Post a Comment