Thursday, June 18, 2020

အလွန်​ သတိပြုဖွယ်​ရာ ဟဒီးစ်​​တော်​တပုဒ်​ || Myanmar Bayan

              အလွန်​ သတိပြုဖွယ်​ရာ ဟဒီးစ်​​တော်​တပုဒ်



မြတ်​နဗီ(ဆွ)မိန့်​​တော်​မူတယ်​။
ကျွန်ုပ်​ သိတယ်
ကေယာမသ်​​နေ့ကျရင်
ကျွန်ုပ်​ရဲ့ အွမ္မသ်​ထဲက တချို့လူ​တွေနဲ့အတူ ​သေဟာမဟ်​​ဒေသမှာ တည်​ရှိတဲ့ ​တောင်​ကြီး​တွေ​လောက်​ ​ကောင်းမှု​တွေ ပါလာလိမ့်​မယ်
ဒါ​ပေမဲ့ အလ္လာအသျှင်​မြတ်​က အဲဒီ​ကောင်းမှု​တွေကို မြူမှုန်​​တွေလို ​လေထဲ လွင့်​ပျံသွား​စေလိုက်​မယ်​။
(သ​ဘောက လက်​ခံ​တော်​မူမှာ မဟုတ်​ဘူး)
သာဝကကြီး​စောင်​ဗာန်​သခင်​(ရ​သွေ့)က ​လျှောက်​ထား​မေးမြန်းတယ်
ယာရစူလလ္လာဟ်​!
အဲဒါ ဘယ်​လိုလူ​တွေလဲ
ကျ​နော်​မျိုးတို့ကို ​သေ​သေချာချာ ​ပြောပြ​ပေး​တော်​မူပါ
မသိနားမလည်​ပဲ ကျ​နော်​မျိုးတို့ အဲဒီလိုလူ​တွေထဲ ​ပါဝင်​သွားမှာ စိုးရိမ်​လို့ပါ
မြတ်​နဗီ(ဆွ)က ​ဖြေကြား​တော်​မူတယ်
သူတို့ဟာ အသင်​တို့ အုပ်​စုထဲကပဲ
အသင်​တို့ ညီ​နောင်​​တွေပဲ
အသင်​တို့ ညမှ ထပြီး ​အေဗာဒသ်​လုပ်​သလို သူတို့လည်း ​အေဗာဒသ်​ လုပ်​ကြတယ်
ဒါ​ပေမဲ့
သူတို့ဟာ ဘယ်​လိုလူ​တွေလဲ ဆိုရင်
တကိုယ်​တည်း ရှိ​နေစဉ်​မှာ ဟရာမ်​ တားမြစ်​ချက်​​တွေကို (မ​ရှောင်​ကျဉ်​ပဲ) ကျူးလွန်​​လေ့ရှိကြတယ်​။
အိဗ်​​နေမာဂျဟ်​ကျမ်း ;၄၂၄၅
အလ္လာအသျှင်​မြတ်​ ကျွန်ုပ်​တို့အားလုံးကို ထိန်းသိမ်း​တော်​မူပါ​စေ
အာမီးန်
စည်​ သူ ​အောင်

No comments:

Post a Comment