Thursday, June 18, 2020

"သံပုရာသီးကို သံပုရာဖျော်ရည် လုပ်သောက်လိုက်ပါ" || Myanmar Bayan

"သံပုရာသီးကို သံပုရာဖျော်ရည် လုပ်သောက်လိုက်ပါ"


ထက်မြက်တဲ့ဉာဏ်ပညာရှိတွေဟာ အရှုံးတွေကို အမြတ်ဖြစ်အောင် ပြောင်းလဲယူကြသလို တုံးပါပေ့ဆိုတဲ့ လူ့ငမိုက်သားတွေကျတော့လဲ ဒုက္ခတစ်ခုကို နှစ်ခုဖြစ်အောင် လုပ်ယူလေ့ရှိကြတယ်။
မြတ်နဗီဟာ မက္ကာဟ်ကနေ အနှင်ခံရတော့ မဒီနာကို ကြွသွားပြီး ဂန္တဝင်မှာ စံတင်တဲ့ အင်ပါယာတစ်ခုကို ထူထောင်ခဲ့တယ်။ အေမာမ်အဟ်မဒ်သခင်ဟာ ထောင်သွင်းအကျဉ်းချခံရ၊ ကျိန်ဒဏ်အရိုက်ခံရပြီးနောက်မှာ အဲဟ်လေ့စွန္နသ်ရဲ့ အေမာမ်ကြီး ဖြစ်ခဲ့တယ်။ အေမာမ် အစ်ဗ်နေ့သိုင်မီယဟ်သခင်ဟာ ထောင်ထဲကနေ ပညာ့ရတနာသိုက်ကြီး တစ်ခုပါ ယူခဲ့တယ်။အေမာမ် စရခ်စီက ရေတွင်းထဲ ထည့်ပြီး အပိတ်ခံရပေမယ့် သူနဲ့အတူ ဖေကဟ်အစ္စလာမ့်ဓမ္မသတ်ကျမ်းပေါင်း ၂၀ ကျော်ပါလာခဲ့တယ်။ အစ်ဗ်နေ့အဆီးရ်ဟာ နေအိမ်အကျယ်ချုပ်ချခံရတော့ جامع الأصول والنهاىه ဆိုတဲ့ ဟဒီးစ်ပညာရပ်မှာ အကျော်ကြားဆုံးနဲ့ အဖိုးတန်ဆုံး ကျမ်းခိုင် ကျမ်းဂန်နှစ်စောင်ကို ရေးသားပြုစုခဲ့တယ်။ အစ်ဗ်နေ့ဂျောင်ဇီသခင်ဟာ ဘဂ်ဒါးဒ်ကနေ ပြည်နှင်ဒဏ်ပေးခံရပြီးတဲ့နောက် စဗ်အ ကေယာအသ် ကို သင်ယူခဲ့တယ်။ မာလစ်က်ဗင်န် ရီးဗ် က အဖျားအလွန်အကျွံတက်ပြီး အဲ့ဒိအဖျားနဲ့ပဲ ကွယ်လွန်ခဲ့တယ်။ ဒါပေမဲ့ မာလစ်က်ဗင်န်ရီးဗ်က အတ်ဗ်ဗာစီအင်ပါယာမှာရှိတဲ့ ကဗျာဆရာတွေရဲ့ ကဗျာတွေအားလုံးနဲ့ညီမျှတဲ့ ကဗျာတစ်ခုကို ရေးသားခဲ့တယ်။အဗူဇိုအိုက်ဗ် ဟိုဇလီသခင်က သူ့သားတွေသေတော့ သူတို့တွက် ထိပ်ထိပ်ကျဲပညာရှင်တွေအားလုံး လက်မြှောက်ရတဲ့ မော်ကွန်းဝင် လွမ်းချင်းကဗျာတွေ ရေးစပ်ခဲ့တယ်။
အသင်ဟာ စိတ်နဲ့မတိုက်ဆိုင်တဲ့ အရာတစ်ခုခုနဲ့ကြုံရပြီဆိုရင် အဲ့ဒိအရာရဲ့ ကောင်းတဲ့အပိုင်းကို အရင်စကြည့်ပါ။ အသင့်ကို လူတစ်ယောက်က သံပုရာသီးတစ်ခွက်ပေးလာရင် အသင်က သကြားတစ်စုပ်ထပ်ထည့်ပြီး သံပုရာဖျော်ရည် လုပ်လိုက်ပါ။ အလိုပဲ တစ်ယောက်ယောက်က အသင့်ကို မြွေဆိုး တစ်ကောင်ပေးလာရင်လဲ အဲ့ဒိမြွေရဲ့ အဖိုးတန်အရေခွံကို ယူပြီး ကျန်တဲ့အပိုင်းတွေကို စွန့်ပစ်လိုက်ပါ။ အဲ့လိုပဲ အသင့်ကို ကင်းကိုက်လိုက်တာဟာလဲ မြွေဆိပ်သင့်ခြင်းကနေ ကာကွယ်ပေးတဲ့အရာ ဖြစ်တယ်လို့ အသင် မှတ်ယူလိုက်ပါ။ အသင်ဘယ်လောက်ပဲ ကြမ်းတမ်းတဲ့ခရီးလမ်းကို လျောက်နေရ လျောက်နေရ အဲ့ဒိအတိုင်းသာ ကျင့်သုံး ကြည့်လိုက်။ ကြမ်းတမ်းပါတယ်ဆိုတဲ့ လမ်းတွေ ပန်းခင်းလမ်း ဖြစ်သွားလိမ့်မယ်။
عسي ان تكرهوا شيئا وهو خير لكم
ပြင်သစ်တော်လှန်ရေးကြီး မတိုင်ခင်က ကဗျာဆရာအကျော်အမော်နှစ်ယောက် ထောင်ချခံခဲ့ရတယ်။ ကဗျာဆရာနှစ်ယောက်ထဲက တစ်ယောက်က နိမိတ်ကောင်း ကောက်တဲ့သူ ၊ နောက်တစ်ယောက်က နိမိတ်ဆိုး ကောက်တဲ့သူ ဖြစ်တယ်။ တစ်ရက် သူတို့နှစ်ယောက်က ထောင်ပြူတင်းပေါက်ကနေ ခေါင်းပြူထွက်ပြီး ကြည့်တယ်။ နိမိတ်ကောင်း ကောက်တဲ့သူက မိုးကောင်းကင်ကို ကြည့်ပြီး ကြယ်တွေ တွေ့တော့ ရယ်တယ်။ နောက် နိမိတ်ဆိုး ကောက်တဲ့သူကကျ အနီးပတ်ဝန်းကျင် လမ်းပေါ်က ရွံ့နွံတွေကို ကြည့်ပြီး ငိုတယ်။
အချုပ်ပြောရရင် လောကမှာ မကောင်းတာ တွေချည်းပဲမဟုတ်ဘူး။ ဒုက္ခတိုင်းထဲမှာ သုခတွေ ကွန့်မြူးနေတဲ့ အပိုင်းတွေလည်း အများကြီးရှိပါတယ် ဆိုတာကို ကောင်းစွာ နှလုံးသွင်းလိုက်ကြပါ။

No comments:

Post a Comment