Thursday, June 18, 2020

အစွန်း​ရောက်​ ဘာသာ​ရေးသမားလည်း မလုပ်​နဲ့ အစွန်း​ရောက်​ ​လောကီ​ရေးသမားလည်း မလုပ်​နဲ့ အလယ်​အလတ်​ လမ်းစဉ်​​ပေါ် ​လျှောက်​လှမ်းပါ

အစွန်း​ရောက်​ ဘာသာ​ရေးသမားလည်း မလုပ်​နဲ့

အစွန်း​ရောက်​ ​လောကီ​ရေးသမားလည်း မလုပ်​နဲ့

အလယ်​အလတ်​ လမ်းစဉ်​​ပေါ် ​လျှောက်​လှမ်းပါ

############################
ကိုယ့်​နိုင်​ငံက ဆရာဝန်​​တွေကို သွားပြီး
ဆရာတို့!
သူများနိုင်​ငံ​တွေက အာကာသထဲ ပျံ​နေကြပြီ ခင်​ဗျားတို့ ဘာလို့ လကမ္ဘာ​ပေါ် သွာနိုင်​​အောင်​ မကြိုးစားတာလဲ လို့ ​ပြောလို့ရမလား??
အဲဒီစကားက နိုင်​ငံထဲက သိပ္ပံပညာရှင်​ ​တွေကို ​ပြောရမှာ​လေ
ဆရာဝန်​​တွေပါ အဲဒါ လိုက်​လုပ်​ရင်​ လူ​တွေကို ဘယ်​သူ ​ဆေးကု​ပေးမလဲ
ကျောင်းဆရာ ဆရာမ​တွေကို ခင်​ဗျားတို့ ဘာလုပ်​​နေတာလဲ သူများနိုင်​ငံ​တွေ အဏုမြူ ဗုံး ပိုင်​ဆိုင်​​နေပြီ လို့ သွားပြီး ​ပြောလို့ရမလား
ဒီစကားက စစ်​တပ်​က တာဝန်​ရှိသူ​တွေကို ​ပြောရမှာ​လေ
သူတို့လည်း ဒါ​တွေ လိုက်​လုပ်​​နေရင်​ က​လေး​တွေ ဘယ်​သူ စာသင်​မလဲ
ဒီလိုပဲ
မွတ်​စ်​လင်​မ်​​တွေရဲ့ အ​ရေး​တွေ ကဏ္ဏအသီးသီးမှာ ရှိတယ်
ဘာသာ​ရေး
စီးပွား​ရေး
ပညာ​ရေး
ကျန်းမာ​ရေး
နိုင်​ငံ​ရေး
၁။ ။ဘာသာ​ရေး
မွတ်​စ်​လင်​မ်​တ​ယောက်​အတွက်​ အဓိက အ​ရေး​ကြီးဆုံးက ဘာသာ​ရေးပဲ
ဘာသာ​ရေး မရှိရင်​ မွတ်​စ်​လင်​မ်​ဆိုတာလည်း မရှိဘူး
မွတ်​စ်​လင်​မ်​ မရှိရင်​ မွတ်​စ်​လင်​မ့်​အ​ရေး ဆိုတာလည်း မရှိဘူး
အုတ်​​ရော​ရော ​ကျောက်​​ရော​ရော ​နေလိုက်​ရုံပဲ
ကျန်​တဲ့ ကဏ္ဏ​တွေ ထည့်​ပြီး စဉ်းစားစရာကို မလို​တော့ဘူး။
قوم مذھب سے ہے مذھب جو نہیں تم بھی نہیں
ربط باہم جو نہیں محفل انجم بھی نہیں
ကျ​နော်​တို့ community ဟာ galaxy ကြယ်​စင်​စု ဆိုရင်
အစ္စလာမ်​ဟာ အဲဒီကြယ်​စဉ်​စု ရဲ့ အချင်းချင်း ဆွဲငင်​အားပဲ
ဆွဲငင်​အားမရှိရင်​ ကြယ်​​တွေ ကစဉ့်​ကလျှား ဖြစ်​သွားမှာ ဖြစ်​သလိုပဲ အစ္စလာမ်​ မရှိရင်​ ကျ​နော်​တို့ မွတ်​စ်​လင်​​တွေ အစိတ်​စိတ်​အမွှာမွှာ ဖြစ်​ပြီး နှစ်​ဘဝနှစ်​ဌာန ပျက်​စီးရလိမ့်​မယ်​။
မွတ်​စ်​လင်​မ်​တို့ရဲ့ ဘာသာ​ရေးကဏ္ဏကို အာလင်​မ်​ပညာရှင်​​တွေက ဦ ​ဆောင်​မှု ​ပေးတယ်​။
မွတ်​စ်​လင်​မ်​တို့ရဲ့ ဘာသာ​ရေး တိုးတက်​မှု ကျဆင်းမှုမှာ သူတို့ဟာ အဓိက တာဝန်​ရှိသူ​တွေ ဖြစ်​တယ်​။
နောက်​တဖက်​မှာ
ကျ​နော်​တို့ဟာ ဆရာဝန်​ပဲ ဖြစ်​ဖြစ်​ စစ်​သားပဲ ဖြစ်​ဖြစ်​ ကုန်​သည်​ပဲ ဖြစ်​ဖြစ်​ အလုပ်​သမားပဲ ဖြစ်​ဖြစ်​ ဘာသာ​ရေးနဲ့ ပါတ်​သတ်​လာရင်​ အာလင်​မ်​ပညာရှင်​​တွေရဲ့ လမ်းညွှန်​မှု ယူရမယ်​။
၂။ ။စီးပွား​ရေး
စီးပွား​ရေးဟာ လွန်​စွာ အ​ရေးကြီးပြီး
ပညာ​ရေး လူမှု​ရေး ကျန်းမာ​ရေး စတာ​တွေက စီးပွား​ရေးအ​ပေါ် အ​ခြေတည်​ပါတယ်​။
တမန်​​တော်မြတ်​ ဆွ ဟာလည်း စီးပွား​ရေးမှာ ဗရ်​ကသ်​တိုးပွားမှု ဖြစ်​ဖို့ ဒိုအာလုပ်​​တော်​မူ​လေ့ရှိတယ်​။
စီးပွား​ရေးကို မွတ်​စ်​လင်​မ်​တို့ရဲ့ အာဏာပိုင်​များ၊ဓနရှင်​များ၊ကုန်​သည်​မျာါးစီးပွား​ရေး ပညာရှင်​များဟာ ဦ ​ဆောင်​မှု ​ပေးတယ်
ဒါ​ပေမဲ့
ကျ​နော်​တို့ဟာ မွတ်​စ်​လင်​မ်​​တွေ ဖြစ်​တဲ့အတွက်​ အစ္စလာမ့်​စည်းမျဉ်းစည်းကမ်း​တွေကို​တော့ လိုက်​နာရမယ်​။စီးပွား​ရေး ပုံစံ​တွေထဲမှာ ပိုင်​တာက ၉၅% မပိုင်​တာက ၅% ပဲ ရှိတယ်​။မပိုင်​တဲ့ ၅%ကလည်း လူ့အသိုင်းအဝိုင်းအတွက်​ ​ဘေးထွက်​ဆိုးကျိုး ရှိလို့ ပိတ်​ပင်​ထားခြင်း ဖြစ်​တယ်​။
ကျန်​တဲ့ ၉၅%အတွင်းထဲက​နေ စီးပွား​ရေးတိုးတက်​​အောင်​ လုပ်​ဖို့က အထက်​​ဖော်​ပြပါ ပုဂ္ဂိုလ်​​တွေရဲ့ တာဝန်​ပဲ ဖြစ်​တယ်​။
မွတ်​စ်​လင်​မ်​တို့ရဲ့ စီးပွား​ရေး တိုးတက်​ခြင်း ကျဆင်းခြင်းအတွက်​ သူတို့က အဓိက တာဝန်​ရှိသူ​တွေ ဖြစ်​ကြတယ်​။
မွတ်​စ်​လင်​မ်​များကလည်း ​မော်​လဝီဆပ်​ပဲ ဖြစ်​ဖြစ်​ ဆရာဝန်​ပဲ ဖြစ်​ဖြစ်​ ​ကျောင်းဆရာပဲ ဖြစ်​ဖြစ်​ စီးပွား​ရေးကိစ္စ​တွေမှာ သူတို့ထံက​နေ အကြံဉာဏ်​​တွေ လမ်းညွှန်​မှု​တွေ ယူကြရပါမယ်​။
၃။ ။ပညာ​ရေး
ပညာ​ရေးဟာ လူသားမျိုးနွယ်​ရဲ့ အသက်​​သွေး​ကြော ဖြစ်​တယ်​။
ပညာ​ရေးမှာ နှစ်​ပိုင်း ရှိတယ်​။
သာသနာ့ပညာ နဲ့ ​လောကီပညာ
မွတ်​စ်​လင်​မ်​တို့အတွက်​ ပညာ၂ခုလုံးဟာ အ​ရေးပါလှတယ်
ပညာ နှစ်​ခုလုံးကို သင်​ယူဆည်းပူဖို့ တမန်​​တော်​မြတ်​ကြီး ဆွ က ညွှန်​ကြား​တော်​မူခဲ့တယ်​။
ကျ​နော်​တို့အတွက်
သာသနာ့ပညာမှာ အထွဋ်​အထိတ်​ကို ​ရောက်​​အောင်​ ကျွမ်းကျင်​တဲ့ ပညာရှင်​​တွေ လိုအပ်​သလိုပဲ ​လောကီပညာကို ​ခေတ်​​ရှေ့​ပြေး​အောင်​ ပိုင်​နိုင်​ကျွမ်းကျင်​တဲ့ ပညာရှင်​​တွေ လိုအပ်​တယ်​။
နောက်​တဖက်​မှာ မွတ်​စ်​လင်​မ်​တိုင်းဟာ ပညာ​ရေးကဏ္ဏမှာ ​ခြေစုံပစ်​ဝင်​ပြီး ကျွမ်းကျင်​အဆင့်​ မ​ရောက်​နိုင်​​ပေမဲ့
သာသနာ့ပညာမှာ​ရော ​လောကီပညာမှာ​ရော လိုအပ်​သ​လောက်​ တတ်​​မြောက်​ထားဖို့ အင်​မတန်​ အ​ရေးကြီးပါတယ်​။မဟုတ်​ရင်​ သာသနာ​ရေး နစ်​နာမှု​တွေ ​လောကီ​ရေး နစ်​နာမှု​တွေနဲ့ ကြုံရပါလိမ့်​မယ်​။
သာသနာ့ပညာ​ရေးကို မွတ်​စ်​လင်​မ်​တို့ရဲ့ သာသနာ့ပညာရှင်​များက ဦ ​ဆောင်​ရမှာ ဖြစ်​ပြီး ​လောကီပညာ​ရေးကို ​လောကီပညာရှင်​များက တာဝန်​ယူကြရပါတယ်​။
သာသနာ့ပညာလိုက်​စားသူများကလည်း ​လောကီပညာကို လိုအပ်​သ​လောက်​ တတ်​​မြောက်​ထားရမှာ ဖြစ်​ပြီး ​လောကီပညာလိုက်​စားသူများလည်း သာသနာ့ပညာကို လိုအပ်​သ​လောက်​ ဆည်းပူထားရပါမယ်​။
သာသနာ့ပညာ တိုးတက်​မှု ကျဆင်းမှုအ​ပေါ် သာသနာ့ပညာရှင်​များက တာဝန်​ခံရမှာ ဖြစ်​ပြီး ​လောကီပညာ အ​ပေါ် ​လောကီပညာရှင်​များက တာဝန်​ခံရပါတယ်​။
မွတ်​စ်​လင်​မ်​များကလည်း ကဏ္ဏအသီးသီးရဲ့ ပညာရှင်​များကို ​လေးစားတန်​ဖိုးထားကြရပါမယ်​။
၎။ ။ကျန်းမာ​ရေး
လူသားတ​ယောက်​အတွက်​ ကျန်းမာ​ရေးဆိုတာ မရှိမဖြစ်​ အရာတခုပါ။
ကျန်းမာ​ရေးကို ​ဆေးပညာ ကျွမ်းကျင်​ပညာရှင်​များက ဦ ​ဆောင်​မှု ​ပေးပြီး တာဝန်​ခံရပါတယ်​။ခေတ်​မှီ​ဆေးပညာ​တွေ သင်​ယူတာ ပို့ချတာ လက်​​တွေ့အသုံးချတာ​တွေကို ဦ ​ဆောင်​မှု ​ပေးရပါတယ်​။
မွတ်​စ်​လင်​မ်​တို့အတွက်
တဖက်​မှာ အာလင်​မ်​ပညာရှင်​​တွေ ကုန်​သည်​​တွေ ​ကျောင်းဆရာ​တွေ လိုသလို ​နောက်​တဖက်​မှာ ဆရာဝန်​​တွေ သမား​တော်​​တွေလည်း လိုအပ်​ပါတယ်​။
မွတ်​စ်​လင်​မ်​များကလည်း အာလင်​မ်​ပဲ ဖြစ်​ဖြစ်​ ကုန်​သည်​ပဲ ဖြစ်​ဖြစ်​ လက်​လုပ်​လက်​စားပဲ ဖြစ်​ဖြစ်​ ကျန်းမာ​ရေးကဏ္ဏမှာ ဆရာဝန်​များ သမား​တော်​များရဲ့ လမ်းညွှန်​မှုကို ယူကြရပါမယ်​။
၎။ ။နိုင်​ငံ​ရေး
လူသားတို့ရဲ့ ကမ္ဘာမှာ နိုင်​ငံ​ရေး ဆိုတာ ​ရှောင်​လွှဲလို့ရတဲ့ ကိစ္စ မဟုတ်​ဘူး။
နိုင်​ငံ​ရေးက လူ့ဘဝရဲ့ ကဏ္ဏအသီးသီးမှာ သက်​​ရောက်​မှု​ ကြီးမားလှပြီး ကျန်​ကဏ္ဏများအတွက်​လည်း ​ရေ​သောက်​မြစ်​ ဖြစ်​တယ်​။
ဒီကဏ္ဏကို မွတ်​စ်​လင်​မ်​​တွေထဲက နိုင်​ငံ​ရေး ကျွမ်းကျင်​သူများက တာဝန်​ခံ ဦ ​ဆောင်​မှု ​ပေးရပါတယ်​။
နိုင်​ငံ​ရေးနဲ့ ပါတ်​သတ်​လာရင်​ မွတ်​စ်​လင်​မ်​များက သူတို့ရဲ့ လမ်းညွှန်​မှုကို ယူကြရပါမယ်​။
ဒီ​နေရာမှာ သိပ်​ပြီး အ​ရေးကြီးတာက ကဏ္ဏတခုကို လုပ်​ရင်းနဲ့ အခြားကဏ္ဏ​တွေကို ထိခိုက်​​အောင်​ မလုပ်​ရဘူး။
ဘာသာ​ရေး လုပ်​တဲ့လူကလည်း ကျန်းမာ​ရေး လိုက်​စားရမယ်​။
နိုင်​ငံ​ရေး လုပ်​တဲ့လူကလည်း ဘာသာ​ရေး ​လေးစားရမယ်​။
ဘာသာ​ရေးထိခိုက်​စရာ​တွေ မလုပ်​ရဘူး။
စီးပွား​ရေးသမားကလည်း ပညာ​ရေးကို ဥပက္ခာ မပြုရဘူး။
ကျ​နော်​တို့ မွတ်​စ်​လင်​မ်​များအ​နေနဲ့ ကျရာကဏ္ဏမှာ ​နေပြီး တိုးတက်​​အောင်​မြင်​​ရေးအတွက်​ စွမ်းစွမ်းတမံ ကြိုးစားရပါမယ်​။
ဘာသာ​ရေး ထိခိုက်​လာရင်​ အာလင်​မ်​ပညာရှင်​များက တည့်​မတ်​​ပေးမယ်
စီးပွား​ရေးကို စီးပွား​ရေးပညာရှင်​များ ကုန်​သည်​များက ထိန်း​ကျောင်း​ပေးမယ်​။
သာသနာ့ပညာ​ရေးကို သာသနာ့ ဆရာ ​တွေက
လောကီပညာ​ရေးကို ​လောကီဆရာဆရာမ​တွေက တိုးတက်​​အောင်​ လုပ်​ကြမယ်​။
ကျန်းမာ​ရေး ထိခိုက်​မှု​တွေကို ဆရာဝန်​​တွေ သမား​တော်​​တွေက ကာကွယ်​​ပေးကြမယ်​။
နိုင်​ငံ​ရေးသမား​တွေက နိုင်​ငံ​ရေးအကျိုးစီးပွားအတွက်​ ကြိုးပမ်းကြမယ်​။
အဲဒီအခါမှာ ကျ​နော်​တို့ ​လောကီ ​လောကုတ္တရာ ​အောင်​မြင်​ကြပါမယ်​။
ကျ​နော့်​ အသိုင်းအဝိုင်းမှာ အစွန်း​ရောက်​တာ​တွေ ဟိုဖက်​အစွန်း​ရော ဒီဖက်​အစွန်း​ရော ရှိတယ်​။
တချို့က စီးပွား​ရေး နိုင်​ငံ​ရေး ​လောကီ​ရေး တိုးတက်​ရင်​ ပြီး​ရော ဘာသာ​ရေးမလိုဘူး။ ဘာသာ​ရေးစည်းမျဉ်း​တွေက ငါတို့ရဲ့ တိုးတက်​​ရေးအတွက်​ အဟန့်​အတား ဖြစ်​တယ်​။သာသနာကို မိမိတို့ ထင်​သလို သ​ဘော​ပေါက်​သလို ဖွင့်​ဆိုပြီး ဘာသာ​ရေးသမား​တွေ ​မော်​လဝီဆပ်​​တွေဟာ ငါတို့ community အတွက်​ အဆိတ်​အ​တောက်​​တွေပဲ သူတို့​ကြောင့်​ ငါတို့ နိမ့်​ပါး​နေကြတယ်​ လို့ ခံယူထားကြတယ်​။
ဒါဟာ တဖက်​စွန်း​ရောက်​တာ ဖြစ်​တယ်​။လွဲမှားတဲ့ အယူအဆ ဖြစ်​ပါတယ်​။
နောက်​တဖက်​မှာ တချို့ ဘာသာ​ရေးသမား​တွေက ​လောကီ​ရေး မလိုဘူး။ ​လောကီပညာ ဆိုတာ အပိုပဲ။ ​ဘာသာ​ရေးမှ ဘာသာ​ရေးပဲ ဆိုပြီး ခံယူထားကြတယ်​။လောကီအ​ရေး​တွေမှာ အချိန်​ ​ပေး​နေသူ​တွေကို အထင်​​သေးပြီး မိမိတို့ကိုယ်​ကို အထင်​ကြီးကြတယ်​။သာသနာကို ရှိတာထက်​ပိုပြီး ခက်​ခဲ​အောင်​ လုပ်​ကြတယ်​။
ဒါကလည်း ​နောက်​တဖက်​အစွန်းကို ​ရောက်​ခြင်း ဖြစ်​တယ်​။လွဲမှားတဲ့ အယူအဆ ဖြစ်​တယ်​။
ကျ​နော်​တို့ဟာ
ဘာသာ​ရေး​ရော ​လောကီ​ရေးပါ အ​လေးထားရမယ်
ဒါ​ပေမဲ့
ဘာသာ​ရေးကို ဦ စား​ပေးရမယ်​။
ဘာသာ​ရေးနဲ့ အညီ ကျန်​​လောကီ​ရေးများကို သူများထက်​သာ​အောင်​ ကြိုးစားရမယ်​။
သူများကို လက်​ညှိုးမထိုးပဲ မိမိကျရာ ​နေရာက​နေ ကိုယ်​စွမ်းဉာဏ်​စွမ်း ရှိသ၍ ကြိုးပမ်းရမယ်​။
ဒါဟာ အစွန်းနှစ်​ဖက်​လွတ်​တဲ့ အလယ်​အလတ်​ လမ်းစဉ်​ ​ဆွေရာ​သွေ မွတ်​စ်​သကီးမ်​ ဖြစ်​ပါတယ်​။
အလ္လာအသျှင်မြတ် ကျွန်ုပ်​တို့အားလုံးကို နားလည်​​သ​ဘော​ပေါက်​ပြီး ကျင့်​သုံးနိုင်​စွမ်း ချီးမြှင့်​​တော်​မူပါ​စေ
မိမိအလုပ်​ မိမိမလုပ်​ပဲ တပါးသူကို လက်​ညှိုးထိုး​နေသည့်​ဘဝမှ ကာကွယ်​​တော်​မူပါ​စေ
အာမီးန်
၁၂.၆.၂၀၁၉
စည်​ သူ ​အောင်

No comments:

Post a Comment