ဘဝအမောပြေ ဟာသလေးတခုပါ
😊😊😊😊😊😊😊😊😊😊😊ကျော်ကြီးတယောက် အလုပ်ကအပြန် လမ်းမှာ ဝိတ်လျှော့ဖို့ အရမ်း လိုအပ်လာတာနဲ့ အများသုံးသန့်စင်ခန်းတခု မှာ ဝင်လိုက်တယ်။
အိမ်သာထဲ ဝင်ထိုင်ပြီး မကြာခင်ပဲ ဘေးချင်းကပ်အိမ်သာအခန်းထဲက လူက မေးတယ်
အခြေအနေ ဘယ်လိုလဲ ညီလေး!
ကျော်ကြီးလည်း လန့်ပြီး
ကောင်းပါတယ်ဗျာ
လို့ အမြန် ဖြေလိုက်တယ်
အခု ဘာလုပ်နေလဲ??
မေးပြန်တော့
ကိစ္စဝိစ္စ လုပ်နေတယ်ဗျာ
လို့ ဖြေလိုက်တယ်
တခါ
ခင်ဗျား ကိစ္စဝိစ္စ ဘယ်လိုနေလဲ
မေးပြန်တော့
ဒီလိုပဲ
နည်းနည်း ပေါ့ဗျာ
လို့ ဖြေလိုက်တယ်
တဖက်က လူက ဆောင့်အောင့်ပြီး ပြောတယ်
ညီလေးရေ ငါ နောက်မှပဲ မင်းကို ဖုံးပြန်ဆက်တော့မယ်
ကပ်လျှက် အိမ်သာထဲမှာ ဘယ်က ငကြောင်တကောင်မသိဘူး
မင်းကို ငါ ဖုံးထဲမှာ မေးသမျှ လိုက်ဖြေနေတယ်ကွာ
No comments:
Post a Comment