ရဟ်မားန် အနန္တဂရုဏာရှင်၏ ဗန္ဒဟ်များ
(သို့)
အရှင့်ကျွန် ပီသသူတို့၏ အရည်အချင်းများ (၁၁)
💟💟💟💟💟💟💟💟💟💟💟💟💟💟
💛💛💛💛💛💛💛💛💛💛💛💛💛
အိဗာဒုရ်ရဟ်မားန်ရဲ့ ဒုတိယအရည်အချင်း
💛💛💛(ကရုဏာထားခြင်း ၂)💛💛💛
............💛💛💛💛💛💛💛............
💜💜💜💜💜💜💜💜💜💜💜💜💜💜💜
ရစူလွလ္လာဟ်(စွ)သည်လည်း ကရုဏာတရားနှင့်
💜💜💜ပြည့်စုံသော ရစူလ် ဖြစ်ချေ၏💜💜💜
.............💜💜💜💜💜💜💜💜💜............
ကရုဏာက အလ္လာဟ်အရှင်မြတ်ရဲ့ ဆွေဖသ် ဖြစ်ပြီး
အမျက်ဒေါသက အရှင့်ရဲ့ ဖေအ်လ် ဖြစ်တယ်ဆိုတာ
မိတ်ဆွေတို့ သိသွားပြီဆိုရင် နောက်တစ်ချက်က
ကိုယ်တော်မြတ်သည်လည်း ကရုဏာနဲ့ ပြည့်စုံတဲ့
ရစူလ်ဖြစ်တယ်ဆိုတာ သိထားရမယ်။
{وَمَا أَرْسَلْنَاكَ إِلَّا رَحْمَةً لِّلْعَالَمِينَ}[الأنبياء. 107]
((အို နဗီတမန်တော်) ငါ အရှင်မြတ်သည် အသင့်အား
ကမ္ဘာခပ်သိမ်းအတွက် ကရုဏာတော် အဖြစ်နှင့်သာ
စေလွှတ်တော် မူခဲ့ပေသည်။)(စူရသုလ်အန်မ်ဗိယားအ် ၁၀၇)
{لَقَدْ جَاءَكُمْ رَسُولٌ مِّنْ أَنفُسِكُمْ عَزِيزٌ عَلَيْهِ مَا
عَنِتُّمْ حَرِيصٌ عَلَيْكُم بِالْمُؤْمِنِينَ رَءُوفٌ رَّحِيمٌ}[التوبة .
128]
((အိုလူသားတို့) အသင်တို့ထံသို့ အသင်တို့ထဲမှပင် ရစူလ်
တမန်တော်တစ်ပါး ရောက်ရှိလာခဲ့ချေပြီ။ အသင်တို့ ကြုံဆုံ
ရသော ဒုက္ခအခေက်အခဲတိုင်းသည် ထိုရစူလ်အပေါ်၌
လေးလံလှပေ၏။ အသင်တို့၏ ကောင်းရာကောင်းကျိုးကိုသာ
တက်မက်သူဖြစ်ချေ၏။ မုအ်မင်န်တို့ အပေါ်၌ အလွန်တရာ
ကရုဏာ ထားတော်မူသော အလွန်ကြင်နာသော (ရစူလ်
တမန်တော်) ဖြစ်ချေ၏။)(စူရသုသ်သောဝ်ဗဟ်. ၁၂၈)
သို့သော် ကိုယ်တော်မြတ်(စွ)က အမျက်ဒေါသလည်း
ထွက်တတ်တယ်။ ကိုယ်တော်က ကာဖိရ်များနဲ့ ယှဉ်ပြိုင်ပြီး
ဓါးရှည်လည်း ဆွဲကိုင်တော်မူခဲ့တယ်။ ရန်သူတွေနဲ့လည်း
တိုက်ခိုက်တော် မူခဲ့တယ်။ မိမိရဲ့ လက်တော်နဲ့ ကာဖိရ်
တစ်ဦးကိုလည်းသုတ်သင်တော်မူခဲ့တယ်။ ကိုယ်တော့်ဆီ
က ရခဲ့တဲ့ဒါဏ်ရာကြောင့် အဲဒီကာဖိရ် သေခဲ့တယ်။
သို့သော်လည်း
ကိုယ်တော့်ရဲ့ အဓိကပင်ကိုယ် ဂုဏ်ရည်ကတော့
ရဟ်မသ် ကရုဏာပဲ ဖြစ်တယ်။ အမျက်ဒေါသကတော့
ကိုယ်တော့်ရဲ့ ဖေ့အ်လ် ဖြစ်တယ်။ ကိုယ်တော့်ရဲ့
ဘဝဇင်ဒဂီ တစ်ခုလုံးက ရဟ်မသုလ် လိလ်အားလမီးန်
(ကမ္ဘာခပ်သိမ်းအတွက် ဂရုဏာတော်)ရဲ့ ဇင်ဒဂီပဲ
ဖြစ်တယ်။
ဥပမာ ကြင်နာတတ်တဲ့ ဆရာဝန်လည်း တစ်ခါတစ်ရံ
မဖြစ်မနေ ခွဲရစိတ်ရတာပဲ။ ဒါပေမယ့် အဲဒီ ခွဲစိတ်တာက
သူ့ရဲ့ လိုအပ်လို့ လုပ်လိုက်ရတဲ့ ဖေအ်လ် (အလုပ်)
တစ်ခုသာဖြစ်တယ်။
ဒီအတိုင်းပဲ ကိုယ်တော်မြတ်(စွ)ရဲ့ ပင်ကိုယ်အရည်အချင်း
ကတော့ ရဟ်မသုလ် လိလ်အားလမီးန်(ကမ္ဘာခပ်သိမ်း
အတွက် ဂရုဏာတော်) ပါပဲ။ ကိုယ်တော်က တစ်ခါတစ်ရံ
ပြုပြင်ဖို့လိုအပ်လို့ အပြစ်ဒဏ်ပေးတဲ့၊ သတိပေးတဲ့ လမ်းကို
လည်း ရွေးချယ်တော်မူခဲ့တယ်။
💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜
အိဗားဒုရ်ရဟ်မားန် မှာလည်း အဓိကက ဂရုဏာတရား
💜💜💜💜💜💜💜 ဖြစ်တယ်။💜💜💜💜💜💜💜
............................💜💜💜💜...........................
ဒီအတိုင်း တစ်ပုံစံတည်း အိဗားဒုရ်ရဟ်မားန်(ရဟ်မားန်
အနန္တဂရုဏာရှင်ရဲ့ဗန္ဒဟ်တွေ) အတွက်လည်း ၎င်းတို့ရဲ့
အရင်းခံက နူးညံ့သိမ်မွေ့ခြင်းရဲ့ အရည်အသွေး ဖြစ်တယ်။
သို့သော်လည်း တစ်ခါတစ်ရံ အကြိုးအကြောင်းတစ်ခုခု
ကြောင့် အခိုက်အတန့် အမျက်ဒေါသ ဖြစ်ရင်ဖြစ်မယ်။
ဒါပေမယ့် သူတို့အတွင်းထဲမှာ အမြဲတမ်း နူးညံ့သိမ်မွေ့မှု
ရှိနေရမယ်။ ထွက်တဲ့ အမျက်ဒေါသကလည်း သိမ်မွေ့မှုကို
အခြေခံရမယ်။
အဲဒါကြောင့် အလ္လာဟ်အရှင့် ဗန္ဒဟ်တွေကလည်း အလ္လာဟ်
အရှင်မြတ်နဲ့ ကိုယ်တော်မြတ်(စွ)ကဲ့သို့ သနားကြင်နာ
တတ်သူတွေဖြစ်ပြီး နှလုံးသားထဲမှာ ကြမ်းတမ်းခက်ထန်မှု
တွေ မရှိပါမှ အလ္လာဟ်အရှင်ရဲ့ အထူးဗန္ဒဟ်တွေ ဖြစ်ကြ
လိမ့်မယ်။
💜💜💜💜💜💜💜💜
ဝမ်းနည်းစရာ ကိစ္စတစ်ခု
💜💜💜💜💜💜💜💜
စိတ်ထိခိုက်စရာ အခြေအနေတစ်ခု ကျွန်တော် ပြောပြ
မယ်။ ကျွန်တော်တို့ သက်တမ်းအချိန်အများစုက
အလ်ဟမ်းဒုလိလ္လားဟ် လူကောင်းသူကောင်းတွေကြား
ထဲမှာပဲ နေခဲ့ရတယ်။ ကျွန်တော် မိမိ ကလေးဘဝနဲ့
လူရွယ်ဘဝမှာ လူတွေ လူကောင်းသူကောင်း ဖြစ်သွား
ကြတာ တွေ့ခဲ့ရတယ်။ အခု အသက်ကြီးရင့်လာပြန်
တော့လည်း လူကောင်းဖြစ်သွားတာတွေ တွေ့နေရဆဲပဲ။
ဒါပေမယ့် ကလေးဘဝတို့ လူရွယ်ဘဝတို့နဲ့ ယှဉ်ကြည့်ရင်
အကွာကြီး ကွာနေတာကို တွေ့နေရတယ်။ မိတ်ဆွေတို့ကို
ရှင်းပြမယ်။
ကျွန်တော်တို့ ကလေးဘဝ နဲ့ လူရွယ်ဘဝ တုန်းက
တကယ်လို့ လူတစ်ယောက်က လူကောင်းဖြစ်သွားရင်
သူ့ရဲ့ အိမ်သူအိမ်သားတွေလည်း အရမ်းပျော်ကြတယ်။
ဒီလူ လူကောင်းဖြစ်သွားပြီ ဆိုပြီး ရက်ကွက်ထဲမှာလည်း
ပျော်ရွှင်ကုန်ကြတယ်။ "ဒီလူ့ရဲ့ မကောင်းတဲ့ အကျင့်စရိုက်
တွေ မရှိတော့ဘူး။ အခု သူ ဘယ်သူ့ကိုမှ ဒုက္ခပေးတော့မှာ
မဟုတ်ဘူး။ အကြပ်ရိုက်အောင်လည်း လုပ်မှာ မဟုတ်
တော့ဘူး။ ပါးစပ်ကြမ်းတမ်းမိုက်ရိုင်းတာတွေ၊ ဆဲရေး
တိုင်းထွာတာတွေ လုပ်တော့မှာ မဟုတ်ဘူး။ ကောင်းကောင်း
မွန်မွန်နဲ့ စာရိတ္တကောင်းကောင်းနဲ့ နေထိုင်တော့မယ်" လို့
လူတိုင်းက ပြောကြတယ်။ ပြောချင်တာက လူတစ်ယောက်
ရပ်ကွက်ထဲမှာ လူကောင်းသူကောင်း ဖြစ်သွားရင် ရပ်ကွက်
တစ်ခုလုံးနဲ့ အိမ်အတွက် ရဟ်မသ်ရဲ့ အကြောင်းခံ
ဖြစ်သွားတယ်။
ဒါပေမယ့် အားတော့နာတယ် မိုအားဖ်လုပ်ပါ။ အခု လက်ရှိ
ကျွန်တော်တို့ မျက်လုံးနဲ့ တပ်အပ်မြင်နေရတာက တခြား
တစ်ပုံစံ ဖြစ်နေတယ်။
လူတစ်ယောက် (အမြင်အားဖြင့်)လူကောင်းဖြစ်သွားရင်
အိမ်မှာ သူကအားလုံးထက်ပိုပြီး အဖျက်သမား ဖြစ်လာ
တယ်။ သူ့ကိုမွေးတဲ့အိမ်ကိုပဲ ပြုပြင်ပြောင်းလဲဖို့ အတင်း
အဓမ္မ လုပ်လာတော့တယ်။ ငါ အခု ငါ့အဖေ၊ ငါ့အမေ၊
ငါ့ညီအစ်ကိုမောင်နှမ အားလုံးကို ပြင်တော့မယ်။ သူတို့
မပြောင်းလဲလို့ကတော့ ငါ သူတို့ကို အတင်းမရမက
အဓမ္မ လုပ်မယ် ဆိုတာမျိုးတွေ ကြိုးစားလာတယ်။
ပြီးရင်သူက အိမ်သားတွေကို ပြုပြင်ဖို့ စတာနဲ့ သူ့ဆီက
ကရုဏာတရားရဲ့ အရည်အသွေး ပျောက်သွားတော့တယ်။
အမျက်ဒေါသတွေ ရောက်လာတယ်။ အချိန်တိုင်း သူရဲ့
မျက်ထောက်နီနေမယ်။
ကျွန်တော် "အခုခေတ်မှာ ငါ အချက်တစ်ချက်ကို နားမလည်
နိုင်ဘူး ဖြစ်နေတယ်။ လူတစ်ယောက် လူကောင်းမဖြစ်သေး
သ၍ ဇနီး၊ သားသမီး၊ ဆွေမျိုးသားချင်းတွေနဲ့ ရယ်မောပြော
ဆိုပြီး ပုံမှန် ဘဝတစ်ခုကို ဖြတ်သန်းနေတယ်။ ဒါပေမယ့်
အဲဒီသူ (အမြင်အားဖြင့်)လူကောင်း ဖြစ်သွားတာနဲ့ သူ့ရဲ့
မျက်ထောက်တွေနီသွားတယ်။ ဒေါသတွေ စထွက်တော့
တာပဲ။ ပုံမှန် မဟုတ်တော့ဘူး" လို့ကျောင်းသားမိတ်ဆွေ
အများစုကို ပြောလေ့ရှိတယ်။
ဒါက ကျွန်တော်တို့အားလုံးအတွက် အရမ်းကို အာရုံ
စိုက်သင့်တဲ့ အချက် ဖြစ်တယ်။
(မော်လာနာ မုဖ်သီ မဟ်မူးဒ်အရှ်ရဖ် အုစ်မာနီ(DB)
ဟောကြားတော်မူသည်)
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment