Thursday, June 18, 2020

ရဟ်မားန် အနန္တဂရုဏာရှင်၏ ဗန္ဒဟ်များ (သို့) အရှင့်ကျွန် ပီသသူတို့၏ အရည်အချင်းများ (၁၂) အိဗာဒုရ်ရဟ်မားန်ရဲ့ ဒုတိယအရည်အချင်း

ရဟ်မားန် အနန္တဂရုဏာရှင်၏ ဗန္ဒဟ်များ
(သို့)
အရှင့်ကျွန် ပီသသူတို့၏ အရည်အချင်းများ (၁၂)
💟💟💟💟💟💟💟💟💟💟💟💟💟💟 💛💛💛💛💛💛💛💛💛💛💛💛💛
အိဗာဒုရ်ရဟ်မားန်ရဲ့ ဒုတိယအရည်အချင်း
💛💛💛(ကရုဏာထားခြင်း ၃)💛💛💛
............💛💛💛💛💛💛💛............
💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜
ဒီလို လူကောင်းဖြစ်ခြင်းက မှန်ကန်တဲ့ လူကောင်းဖြစ်ခြင်း
💜💜💜💜💜💜💜 မဟုတ် 💜💜💜💜💜💜💜💜
............................💜💜💜............................
ဒီလို လူကောင်းဖြစ်ခြင်းက မှန်ကန်တဲ့ ကောင်းသွားခြင်း
မဟုတ်ဘူး။ဒါက မာန်မာနတွေပါတဲ့ လူကောင်းဖြစ်ခြင်းမျိုး
ဖြစ်တယ်။ သူက(တခြားသူတွေနဲ့ပါတ်သက်ပြီး) ဒီလူတွေ
အားလုံးက ဂျဟန္နမ်ဘက်ကို သွားနေတာ။ ငါကတော့
ဂျန္နသ်ကို သွားမယ့်သူ၊ အကယ်၍ ငါက သူတို့ကို ဂျဟန္နမ်
ကနေ မကယ်ရင် ငါကိုယ်တိုင်လည်း ဂျဟန္နမ်သွားနေရမယ်။
အားလုံးကို ဂျဟန္နမီ၊ မိမိကိုယ်မိမိ ဂျန္နသီလို့ မှတ်ယူပြီး
သူတပါးကို ဆက်ဆံတယ်ဆိုရင် ရလာဒ်ကတော့
ကျွန်တော် အပေါ်မှာ ပြောခဲ့သလို(မမှန်ကန်တဲ့
လူကောင်းဖြစ်ခြင်း)ပဲ ဖြစ်မယ်။ ဖာရစီကဗျာလေး တစ်ပုဒ်ပါ။
[تکبر عزازیل را خوار کرد - به زندانِ لعنت گرفتار کرد]
အဓိပ္ပါယ်ကတော့
"မာနတရားက အဇာဇီးလ်(ရှိုင်သွာန်မဖြစ်ခင်က နာမည်)ကို
သိက္ခာမဲ့သေးသိမ် စေခဲ့တယ်။
လအ်နသ်ရဲ့ အကျဉ်းထောင်မှာ ဖမ်းမိသွားစေတာ"
မာနတရားက ရှိုင်သွာန်ကိုလည်း သိက္ခာမဲ့စေသလို
သူ နှစ်ထောင်ပေါင်းများစွာ လုပ်ခဲ့တဲ့ အေဗာဒသ်တွေ
ကိုပါ ဖျက်ဆီးပစ်လိုက်တယ်။
အဲဒီတော့ မိတ်ဆွေတို့ ကျွန်တော်တို့ရဲ့ ဗီဇမှာ ကရုဏာ
ရှိရမယ်။ မိမိရဲ့ အိမ်သူအိမ်သားတွေနဲ့ ပတ်ဝန်းကျင်
အတွက် ကရုဏာ ဖြစ်ဖို့ အာရုံထားရမယ်။ ဘာကြောင့်လဲ
ဆိုတော့ (ကျွန်တော်တို့ရဲ့အရှင်)အလ္လာဟ်အရှင်မြတ်က
ရဟ်မားန်၊ ရဟီးမ် အလွန့်အလွန် သနားကြင်နာတော်
မူသော အရှင်သခင် ဖြစ်လို့ပါပဲ။
💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜
ကိုယ်တော်မြတ်(စွ)ရဲ့ စာရိတ္တတော်နဲ့ပါတ်သက်ပြီး
💜💜ဟဇရသ်အနတ်စ်(ရသွေ့)ရဲ့ ထွက်ဆိုမှု💜💜
.......💜💜💜💜💜💜💜💜💜💜💜💜........
ကိုယ်တော်မြတ်(စွ)က အလွန်ကြင်နာတတ်တဲ့ တမန်တော်
ဖြစ်တယ်။ (အဖန်ဆင်းခံ​တွေထဲမှာ)ကိုယ်တော့်ထက် ပိုပြီး
ဘယ်သူက ကြင်နာတတ်သူ ဖြစ်ဦးမှာလဲ?
ဟဇရသ် အနတ်စ်(ရသွေ့)သခင်က
"ကျွန်တော် ၁၀ နှစ် ကိုယ်တော်မြတ်ကို အလုပ်အကျွေး
ပြုခဲ့တယ်။ ကိုယ်တော်မြတ်က ကျွန်တော့်ကို (အုဖ်)လို့
တောင် မပြောခဲ့ဖူးဘူး။ ဒီအလုပ်ကို အသင်ဘာလို့ လုပ်
လိုက်တာလဲ? ဘာလို့ မလုပ်တာလဲ? လို့ တစ်ခါမျှ
မပြောဖူးပါ" လို့ ပြောပြထားတော်မူပါတယ်။
(ဗုခါရီကျမ်း၊ ကိသားဗုလ်အဒဗ်၊ ဗားဗု ဟုစ်နိလ် ခုလုကိ
ဝတ်စ် စခါးအိ ဝမာ ယုက်ရဟု မိနလ် ဗုခ်လ် 8/14)
ကိုယ်တော်မြတ်(စွ)က အဲဒီ့သခင်ကြီးကို ဆယ်နှစ်မှာ
တစ်ကြိမ်တစ်ခါတောင် မဆူခဲ့ဖူးဘူး။
ဒါဟာ မိမိရဲ့ စိတ်ဆန္ဒတွေကို ထိန်းချုပ်ခြင်း၊ စွန္နသ်တော်ရဲ့
အနောက်လိုက်ခြင်းပဲ ဖြစ်တယ်။
အလ္လာဟ်အရှင်မြတ်က "အိဗားဒုလ္လားဟ်" လို့ မမိန့်ပဲ
"အိဗားဒုရ် ရဟ်မားန်" လို့ မိန့်ထားတော်မူတယ်။
ဒီလို သုံးနှုန်းခြင်းက ရဟ်မားန်အရှင်က အလွန်သနား
ကြင်နာသလို ရဟ်မားန်ရဲ့ ဗန္ဒဟ်ဖြစ်သူတွေလည်း
အလွန် ကြင်နာသနားတတ်သူတွေ ဖြစ်ကြတယ်၊
သူတို့မှာလည်း ကရုဏာတရားရဲ့ အရည်အချင်းက
လွှမ်းမိုးနေတယ် ဆိုတဲ့ အချက်ကို ရည်ညွှန်းလိုက်တာပဲ
ဖြစ်ပါတယ်။
💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜
ကျွန်တော်တို့ရဲ့ ရှေ့ဆောင်လမ်းပြ အကြီးအကဲများ
💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜
အဲဒါကြောင့်ပဲ ကျွန်တော်တို့ တွေ့ခဲ့ရတဲ့ အကြီးအကဲ
တွေကို တစ်ဦးထက်တစ်ဦး ပိုပြီး နှလုံးသား ပျော့ပျောင်း
သူတွေအဖြစ် တွေ့ခဲ့ရတာ ဖြစ်တယ်။
အခုတော့ လူကောင်းဆိုသူတွေကို ကြည့်ပြီး လန့်နေရတယ်။
ဘာဖြစ်လို့လဲဆိုတော့ အများစု လူကောင်းဆိုသူတွေက
အရမ်းဒေသတွေ ကြီးနေတတ်တယ်။ ဒါပေမယ့် ကျွန်တော်
တို့ရဲ့ တွေ့ခဲ့ရသမျှ အကြီးအကဲတွေ တစ်ပါး နှစ်ပါး မကဘူး
မိတ်ဆွေတို့ရှေ့မှာ ဘယ်ဘယ်ဆရာသခင်ကြီးတွေရဲ့
နာမည်တွေ ပြောပြရမလဲ? ကျွန်တော့်ရဲ့ ဒါဒါ(အဖေ့ရဲ့
အဖေ) ဟဇရသ်မောဝ်လာနာ မုဖ်သီ မုဟမ္မဒ် ရှဖီးအ်(ရဟေ့)၊
ကျွန်တော့် နာနာ(အမေရဲ့အဖေ)ဟဇရသ်မောဝ်လာနာ မိုဗီးန် ခသွီးဗ်(ရဟေ့) တို့ဆိုတာ ဟဇရသ် ရှိုက်ခုလ်ဟင်းန်ဒ်
(ရဟေ့)ရဲ့ အနီးကပ် ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ ဒီဆရာကြီး
တွေက အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲမှာ အများကြီး
တာဝန်တွေ ထမ်းဆောင်ခဲ့ကြတယ်။ ဟဇရသ်မောဝ်လာနာ
အိဒ်ရီးစ် ကာန်ဒေလဝီ(ရဟေ့)၊ ဟဇရသ်မောဝ်လာနာ
ကာရီ သွိုင်ယိဗ်(ရဟေ့) အစ ရှိတဲ့ ဘယ်လောက် များပြားတဲ့
အကြီးအကဲတွေကို တွေ့ခဲရသလဲ? သူတို့အနားမှာ အလ္လာဟ်
အရှင် နေထိုင်ခစားခွင့် ပေးခဲ့သလဲ? အဲဒီ အကြီးအကဲတွေ
ထဲမှာ တစ်ဦးထက်တစ်ဦး ပိုပြီး ကြင်နာတတ်သူတွေ ဖြစ်
ကြတယ်။ဒေါသ ဘယ်လောက် မထွက်သလဲ ဆိုရင်
ဒေါသတရားက သူတို့ရဲ့ ဗီဇနဲ့ ထိတောင်မထိဖူးဘူးလို့
ထင်ရလောက်အောင်ပါပဲ။ သူတို့နဲ့ သဘောထားတိုက်ဆိုင်
သူတွေပေါ်မှာလည်း ကြင်နာတယ်။ သဘောထားမတိုက်
ဆိုင်သူတွေပေါ်မှာလည်း အကြင်နာတရား ထားတယ်။
အကြောင်းကတော့ အလ္လာဟ်အရှင်မြတ်က ရဟ်မားန်
အနန္တ ကရုဏာရှင် ဖြစ်တယ်။ အရှင့်ရဲ့ ရဟ်မသ်တော်က
ကျယ်ပြန့်တယ်။ ကျွန်တော်တို့ အကြီးအကဲကလည်း
အိဗားဒုရ်ရဟ်မားန်တွေ ဖြစ်တဲ့အလျှောက် ကရုဏာတွေ၊
အကြင်နာတရားတွေနဲ့ ပြည့်နေတယ်။
(စကားချပ်.....ဒီဗယာန်ပြောတဲ့ ဆရာကြီးက ဒီနေရာမှာ
မိမိကိုယ်ကို နှိမ့်ချပြီး အောက်ပါစကာိးု ပြောနေတာပါ)
စိတ်မကောင်းဘူးဗျာ ဒီခေတ်မှာ ခင်ဗျားတို့ရဲ့ အကြီးအကဲ
ဆိုတာ ကျွန်တော်တို့လို စာရိတ္တပျက်ပြားနေတဲ့လူတွေ
ဖြစ်နေတာ ဝမ်းနည်းစရာပဲဗျာ။
ဒါပေမယ့် ကျွန်တော်တို့ အကြီးအကဲတွေကကျတော့
တစ်ဦးထက်တစ်ဦး ပိုပြီး စာရိတ္တမွန်မြတ်သူတွေ၊ နှလုံးသား
ပျော့ပျောင်းသူတွေ၊ ကြင်နာတတ်သူတွေ ဖြစ်ခဲ့ကြတယ်။
မိမိအိမ်သူအိမ်သားတွေပေါ်မှာလည်း ကြင်နာသူတွေ၊
မိမိ ကျောင်းသားတပည့်တွေပေါ်မှာလည်း ကြင်နာသူတွေ၊
မိတ်ဆွေတွေပေါ်မှာလည်း ကြင်နာသူတွေ၊ အမြင်မတူ
ဆန့်ကျင်သူတွေပေါ်မှာလည်း ကြင်နာသူတွေ ဖြစ်ကြတယ်။
သူတို့ရဲ့ ဘဝဇင်ဒဂီက ရဟ်မသ် ကရုဏာ အကြင်နာ
တရားတွေနဲ့ပဲ ကုန်ဆုံးခဲ့ကြတယ်။ ဒါက သူတို့တွေဟာ
အိဗားဒုရ်ရဟ်မားန် (အနန္တကရုဏာရှင်ရဲ့ ဗန္ဒဟ်တွေ)
ဖြစ်နေကြလို့ပါပဲ။
💜💜💜💜💜💜💜💜💜💜💜💜💜
အိဗားဒုရ်ရဟ်မားန်မှာ အရည်အချင်း ၂ ခု
💜💜💜💜💜💜💜💜💜💜💜💜💜
အိဗားဒုရ်ရဟ်မားန်ရဲ့ အရည်အချင်းတွေထဲက အချက်
နှစ်ချက် ဖြစ်သွားပြီ။
(၁)တစ်ချက်ကတော့ သူတို့ဟာဗန္ဒဟ်ပီသကြတယ်။
အလုပ်တိုင်းကို အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက်ဖို့ပဲ
လုပ်ကြတယ်။ တစ်ဦးတစ်ယောက်က နေ့ရောညပါ
အလုပ်တိုင်းကို အလ္လာဟ်အရှင်မြတ် နှစ်သက်ဖို့အတွက်
ပြုလုပ်မယ်ဆိုရင် အဲဒီ အလုပ်တွေအားလုံးက
အိဗာဒသ် ဖြစ်သွားလိမ့်မယ်။
(၂)ဒုတိယ အချက်ကတော့ ရဟ်မားန် အနန္တကရုဏာရှင်ရဲ့
ဗန္ဒဟ်တွေ ဖြစ်တဲ့အလျောက် ကရုဏာရဲ့ အရည်အချင်းက
လွှမ်းမိုးနေတယ်။
🕋ဤနေရာတွင် ဒုတိယ အရည်အချင်း ပြီး၏။🕋
(မော်လာနာ မုဖ်သီ မဟ်မူးဒ်အရှ်ရဖ် အုစ်မာနီ(DB)
ဟောကြားတော်မူသည်)

No comments:

Post a Comment