Thursday, June 18, 2020

lock down ကာလနှင့်​ ကျမ်းမြတ်​ကုရ်​အာန်​ သင်​ကြား​ပေး​နေတဲ့ မပ်​က်​သဗ်​ ဆရာများ || Myanmar Bayan

  lock down ကာလနှင့်​ ကျမ်းမြတ်​ကုရ်​အာန်​ သင်​ကြား​ပေး​နေတဲ့ မပ်​က်​သဗ်​ ဆရာများ

 

ဒီ​နေ့ ကျ​နော်​တို့အသိုင်းအဝိုင်းမှာ အ​ကောင်းမြတ်​ဆုံးလူ ဘယ်​သူလဲ ဆိုတာ ကျ​နော်​တို့ ကိုယ့်​အမြင်​နဲ့ကိုယ်​ သတ်​မှတ်​ထားကြတယ်​။
တမန်​​တော်​မြတ်​(ဆွ)က​တော့
خيركم من تعلم القرآن و علمه
အသင်​တို့အနက်​ အ​ကောင်းမြတ်​ဆုံး​သောသူဟာ ကျမ်းမြတ်​ကုရ်​အာန်​ သင်​ယူပြီး ပြန်​လည်​သင်​ကြား​ပေးသူ ဖြစ်​တယ်​ လို့ မိန့်​ကြားထား​တော်​မူတယ်​။
(ဗိုခါရီကျမ်း)
ကျမ်းမြတ်​ကုရ်​အာန်​ သင်​ကြားပို့ချ​ပေး​နေသူကို ချစ်​မြတ်​နိုးခြင်းဟာ ကျမ်းမြတ်​ကုရ်​အာန်​ ကို ချစ်​မြတ်​နိုးခြင်း​ကြောင့်​ ဖြစ်​တယ်​။
ကျမ်းမြတ်​ကုရ်​အာန်​ ကို ချစ်​မြတ်​နိုးခြင်းဟာ အလ္လာအသျှင်​မြတ်​ကို ချစ်​မြတ်​နိုးခြင်း​ကြောင့်​ ဖြစ်​တယ်​။
အလ်​ခိုင်​ရာသုလ်​​ဟေစားန်​ကျမ်းမှာ လာရှိတယ်​။
တရက်
အေမာမ်​အဗူဟနီဖာ(ရ​ဟေ့)သခင်​ကို သားဖြစ်​သူဟမ္မားဒ်​က ​ကျောင်းက ပြန်​လာပြီး စူရဟ်​ဖာ​သေဟာ ဖတ်​ပြတယ်
အေမာမ်​ဆပ်​က အရမ်း ဝမ်း​မြောက်​​ပျှော်​ရွှင်​ပြီး ဆရာအတွက်​ ​ငွေဒင်္ဂါးတ​ထောင်​ လက်​​ဆောင်​​ပေးလိုက်​တယ်​။
ငွေဒင်္ဂါးတ​ထောင်​ဟာ မြန်​မာ​ငွေနဲ့ ဆိုရင်​ ဒီ​ခေတ်​မှာ ​ငွေကျပ်​ ၂၅သိန်းနီးပါး ရှိတယ်​။
အရင်​​ခေတ်​က ​ငွေသားတန်​ဖိုးမြင့်​​တယ်​ဆို​တော့ ဒီထက်​​တောင်​ ပိုများအုံးမယ်​။
ဆရာဖြစ်​သူက ဘာလို့ ဒီလို လက်​​ဆောင်​​ပေးရတာလဲ ​မေး​တော့
အေမာမ်​ဆပ်​က ​ပြောတယ်
အိမ်​မှာ ​လော​လောဆယ်​ ပိုက်​ဆံ ဒီ​လောက်​ပဲ ရှိလို့ ဒီ​လောက်​ပဲ ​ပေးရတာ စိတ်​ထဲ အားမရဘူး
ဒီထက်​ ပိုပြီး ရှိခဲ့ရင်​ ကျ​နော်​ ပိုပြီး ​ပေးချင်​တာပါတဲ့
ဒါ့​ကြောင့်​ ကျမ်းမြတ်​ကုရ်​အာန်​ သင်​ကြား​ပေး​နေတဲ့ ဆရာများ၊မပ်​က်​သဗ်​ သာသနာ့အ​ခြေခံ​ကျောင်းဆရာများကို ​လေးစားတန်​ဖိုးထားရပါမယ်​။
အခုလို lock down ကာလ တချို့​ဒေသ​တွေမှာ ဆရာ​တွေကို လစာမ​ပေးကြတာမျိုး​တွေ၊​ထုတ်​ပယ်​တာမျိုး​တွေ ကြား​နေရတာ ​တော်​​တော်​ စိတ်​မ​ကောင်း ဖြစ်​စရာပါ။
ဆရာ​တွေကို ဝန်​ထမ်းလို သ​ဘောထားပြီး
ကိုယ်​ချင်းစာတရားကင်းမဲ့စွာ လုပ်​​ဆောင်​​နေကြတယ်​။
ဆရာ​တွေကို ​ပေးတဲ့ လစာဟာ လူကြီးမင်းတို့ မိသားစု​တွေရဲ့ နာရှ်​သာဖိုး​တောင်​ မရှိပါဘူး။
တာဝန်ရှိသူ​တွေဟာ မိမိ မိသားစုအတွက်​ ​သောကထား အကြံထုတ်​ပြီး ရှာ​ဖွေသလို ဆရာ​တွေအတွက်​လည်း ​သောကထား ကြိုးပမ်းရပါမယ်​။
ဆရာ​တွေ တာဝန်​သိ တာဝန်​ခံ မှု ရှိ​အောင်​ အရင်​က မပ်​က်​သဗ်​​တွေမှာ လူကြီးမင်းတို့ ကြပ်​မတ်​ခဲ့ကြသလို အခု လူကြီးမင်းတို့လည်း မိမိတာဝန်​သိပြီး တာဝန်​ခံကြဖို့ လိုပါတယ်​။
လူတ​ယောက်​ရဲ့ ရပိုင်​ခွင့်​ကို မ​ပေးခဲ့ဘူး
သူ့ဖက်​က​နေ ရပ်​တည်​ပြီး ​တောင်းဆို​ပေးမဲ့သူလည်း မရှိခဲ့ဘူး ဆိုရင်​ ​ကေယာမသ်​​နေ့ကျရင်​ တမန်​​တော်​ကိုယ်​တိုင်​ အလ္လာအသျှင်​မြတ်​ရဲ့ ရုံး​တော်​မှာ ဒီကိစ္စအတွက်​ တရားစွဲဆို​တော်​မူမယ်​ ဆိုတဲ့ ဟဒီးစ်​​တော်​ဟာ ကျ​နော်​ သတိပြုစရာပါ။
အလ္လာအသျှင်​မြတ်​ ကျွန်ုပ်​တို့အားလုံးကို ​သောင်​ဝ်​ဖီးက်​ ချီးမြှင့်​​တော်​မူပါ​စေ
အာမီးန်
17.6.2020 ဗုဒ္ဓဟူး​နေ့
စည်​ သူ ​အောင်

No comments:

Post a Comment