Thursday, June 18, 2020

ကျွန်ုပ်​အမှား​တွေကို ပြင်​​ပေးမဲ့လူ တ​ယောက်​ ​လျှော့သွားမှာမျိုး အဖြစ်​မခံနိုင်​ဘူး || စည်​ သူ ​အောင်

ကျွန်ုပ်​အမှား​တွေကို ပြင်​​ပေးမဲ့လူ တ​ယောက်​ ​လျှော့သွားမှာမျိုး အဖြစ်​မခံနိုင်​ဘူး

💧💧💧💧💧💧💧💧💧💧💧💧💧💧💧
မဂိုမင်းဆက်​မှာ အာလမ်​ဂီးရ်​ ဆိုတဲ့ တရားမျှတပြီး ထင်​ရှား​ကျော်​ကြားတဲ့ ဘုရင်​ကြီး တပါးရှိတယ်​။အာလမ်​ဂီးရ်​ဘုရင်​ဟာ မိမိကိုယ်တိုင်လည်း​​​အစ်​လ်​မ်​ပညာ ပြည့်​ဝသလို ဘာသာ​ရေး​လေးစားကိုင်းရှိုင်းသူ အာလင်​မ်​ပညာရှင်​များ သူ​တော်​စင်​များကို ချစ်​ခင်​​လေးစားသူ လည်း ဖြစ်​တယ်​။
တရက်​ ဘုရင်​ဟာ မိမိလက်​နဲ့ စာတခု ​ရေး​နေတယ်​။
အနီးမှာ ရှိတဲ့ တ​ယောက်​က ​ပြောတယ်
:ဘုရင်​ကြီး ခင်​ဗျား!
ဒီစာလုံး သတ်​ပုံမှား​နေပါတယ်​။
တကယ်​ဆိုရင်​ အာလမ်​ဂီးရ်​ ဘုရင်​ ​ရေးတာက အမှန်​ ဖြစ်​တယ်​။ထောက်ပြတဲ့ လူက မှား​နေတာ
ဒါ​ပေမဲ့ ဘုရင်​ဟာ ချက်​ချင်းပဲ သူ​ပြောသလို ပြင်​လိုက်​တယ်
သူထွက်​သွား​တော့ အဲဒီစာရွက်​ကို ဖယ်​လိုက်​ပြီး ​နောက်​တရွက်​နဲ့ ​ရေးလက်​စ စာ ကို ပြန်​ပြီး ​ရေးလိုက်​တယ်​။
အပါး​တော်​မြဲ တ​ယောက်​က ​လျှောက်​တယ်
:ဘုရင်​ကြီး ခင်​ဗျား
ခုန ဘာလို့ သူ​ပြောသလို အမှား လိုက်​​ရေးလိုက်​တာလဲ
သူ့ကို ရှင်းပြလိုက်​ပါလား
အာလမ်​ဂီးရ်​ ဘုရင်​(ရ​ဟေ့)က ​ပြောပြတယ်
:ကျွန်ုပ်​ အဲဒီလို လုပ်​လိုက်​ရင်​ သူ ကျွန်ုပ်​ကို ​နောက်​တ​ခေါက်​ အမှား ​ထောက်​ပြရဲ​တော့မှာ မဟုတ်​ဘူး။
ဒီတကြိမ်​ ကျွန်ုပ်​ မှန်​​နေ​ပေမဲ့ ​နောင်​ တကယ်​မှားတဲ့အခါ သူ မြင်​ရင်​လည်း ပြင်​​ပေး​တော့မှာ မဟုတ်​ဘူး။
အဓိက အ​ရေးကြီးတာက ကျွန်ုပ်​အမှား​တွေကို ​ထောက်​ပြ ပြု​ပြင်​​ပေးမဲ့လူ တ​ယောက်​ ​လျှော့သွားမှာမျိုး ကျွန်ုပ်​ အဖြစ်​မခံနိုင်​ဘူး တဲ့
ကျေရာ​ဂေ အစ်​ဆွ်​လားဟ်​ ကျမ်း
စာ ၃၄၃
မိတ်​​ဆွေ!
အသင့်​အမှား​တွေကို ​ထောက်​ပြတတ်​တဲ့ မိဘ၊ဆရာ၊အာလင်​မ်​ပညာရှင်​၊လူကြီးသူမ စတဲ့ ပုဂ္ဂိုလ်​​တွေဟာ အသင့်​ဘဝအတွက်​ တန်​ဖိုးမဖြတ်​နိုင်​တဲ့ လူ​တွေ ဖြစ်​တယ်​။
သူတို့ အမြဲတ​စေ ပြင်​​ပေး​နေတဲ့အတွက်
စိတ်​မညစ်​နဲ့
စိတ်​မပျက်​နဲ့
မာနမတက်​နဲ့
ဒေါသမထွက်​နဲ့
တချိန်​ ကိုယ်​မှား​နေရင်​လည်း အမှားပြင်​မ​ပေးပဲ ​နောက်​ကွယ်​မှာ လက်​တို့ပြီး ဝိုင်းဟား​နေကြမဲ့ လူ​တွေ၊​ချောက်​တွန်းမဲ့လူ​တွေ ချည်းပဲ ရှိတဲ့အခါကျမှ အသင့်​ကို အမြဲ သတိထားပြီး အမှား​ထောက်​ပြ​ပေးသူများရဲ့ တန်​ဖိုးကို သိလာလိမ့်​မယ်​။
စည်​ သူ ​အောင်

No comments:

Post a Comment