Friday, June 26, 2020

Mufti Muhammad Nurullah || ညီနောင်တို့၏စောဒကနှင့် ကုရ်ဘာနီ၏အနှစ်သာရ || Myanmar Bayan

ညီနောင်တို့၏စောဒကနှင့် ကုရ်ဘာနီ၏အနှစ်သာရ


🌾🌾🌾🌾🌾🌾🌾🌾

လေးစားအပ်တဲ့ မွတ်စ်လင်မ်ညီနောင်များခင်ဗျား-----
အစ္စလာမ်သာသနာဟာ သာသနာ၀င်တွေအတွက် တစ်နှစ်မှာ နှစ်ရက်ကို ပျော်ရွှင်စရာ နေ့ရက်တွေအဖြစ် ချီးမြှင့်ထားပါတယ်။ အဲ့ဒီထဲက တစ်ရက်ဖြစ်တဲ့ လမြတ်ရမဇာန်ရဲ့ ရိုဇဟ်ဥပုသ်တွေ အပြည့်အ၀ ဆောက်တည်ပြီးချိန်မှာ ကျရောက်တဲ့ အီးဒုလ်ဖိသိရ်ကိုတော့ အလ္လာဟ်အရှင် သောင်ဖီးက်ပေးလို့ ကျွန်တော်တို့အားလုံးကြုံဆုံခဲ့ပြီး ပျော်ရွှင်ခဲ့ပြီးဖြစ်ပါတယ်။ အခုတစ်ဖန် ဒုတိယမြောက် ပျော်ရွှင်စရာနေ့ရက်ဖြစ်တဲ့ အီဒုလ်အဒ်ွဟာ လို့ခေါ်တဲ့ ကုရ်ဘာနီ ရက်မြတ်ကတော့ သိပ်မကြာခင်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ အဲ့ဒီရက်မြတ်မှာလည်းပျော်ရွှင်ကြဖို့ အချို့လူတွေ အသင့်ဖြစ်နေပြီး အချို့လူတွေ အသင့်ပြုလုပ်ဆဲဖြစ်ပါတယ်။
လေးစားအပ်တဲ့ မွတ်စ်လင်မ်ညီနောင်များခင်ဗျား-----
ကုရ်ဘာနီရဲ့နောက်ခံသမိုင်းကြောင်းလေးဖြစ်တဲ့ တမန်တော် အီဗရာဟီးမ် (အလိုင်) နဲ့ တမန်တော် အစ္စမာအီးလ် (အလိုင်) တို့ရဲ့ သားအဖ အကြောင်းအရာလေးကတော့ လူကြီးမင်းတို့အားလုံး ကြားဖူးပြီးသားဖြစ်ပါလိမ့်မယ်။ ပြန်ကြည့်မယ်ဆိုရင် အစ္စလာမ်ဆိုတဲ့ သာသနာဟာ ဘယ်ခေတ်မှာ ရောက်ရှိလာလဲ အဲ့ဒီခေတ်ရဲ့ ဓလေ့စရိုက်ဆိုးတွေကိုတိုက်ဖျက်ပြီး အဲ့ဒီနေရာမျာ ထာ၀ရအကျိုးရှိစေမယ့် လုပ်ရပ်ကောင်းတွေနဲ့ အစားထိုးလိုက်ပါတယ်။ တမန်တော် အီဗရာဟီးမ် (အလိုင်) ရဲ့ခေတ်မတိုင်မီက လူတွေဟာ ရုပ်တုတွေ နတ်ဘုရားတွေကို ကိုးကွယ်ကြတယ်။ အဲ့ဒီလိုကိုးကွယ်ရင်းနဲ့ ကိုးကွယ်မှုတွေ လွန်ကဲပြင်းထန်လာပြီး နောက်ဆုံးမှာ လူအရှင်လတ်လတ်ကို သတ်ဖြတ်ကာ ရုပ်တုတွေဆီမှာ ပူဇော်ပသတဲ့အဆင့်ထိရောက်လာကြတယ်။ အင်မတန် ဆိုးရွားပြီးကြောက်စရာကောင်းတဲ့ ဒီဓလေ့စရိုက်ဆိုးကြီးကို အစ္စလာမ်သာသနာက ပပျောက်စေခဲ့ပြီး အဲ့ဒီအစား ထာ၀ရ အကျိုးရှိနေမယ့် ကုရ်ဘာနီဆိုတဲ့ အရာနဲ့ အစားထိုးလိုက်ပါတယ်။ အဲ့ဒီခေတ်အခါက စတင်ခဲ့တဲ့ ကုရ်ဘာနီဟာ အအစဉ်အဆက် ပြုလုပ်လာရင်း ကနေ့ ကျွန်တော်တို့ ခေတ်အထိ ရောက်ရှိလာတာဖြစ်ပါတယ်။ ပြန်ကြည့်မယ်ဆိုရင်လည်း ဒီကုရ်ဘာနီကိုအကြောင်းခံပြီး မြောက်မြားစွာသောလူတွေဟာ အကျိုးအမြတ်တွေရရှိကြပါတယ်။ အနိမ့်ဆုံးအဆင့် ဆင်းရဲသားမိသားစုတစ်စုမှာ ရက်အတန်ကြာအထိ ဟင်းစားလုံလောက်သွားပါတယ်။ ဒါက အနိမ့်ဆုံးအဆင့်ပါ။ ဒီထက်ပိုပြီးတွေကြည့်မယ်ဆိုရင် ကုရ်ဘာနီကြောင့် သားကောင်အရောင်းအ၀ယ်စျေးကွက်ကြီး၊ အဲ့ဒီမှာဆို ဘာသာခြားတွေတောင်မှာ များစွာစီးပွားဖြစ်ရပြီး နောက်ဆုံး အခွန်အခတွေနဲ့ တိုင်းပြည်အထိမှာ ၀င်ငွေတွေရရှိပါတယ်။
လေးစားအပ်တဲ့ မွတ်စ်လင်မ်ညီနောင်များခင်ဗျား-----
ဒါပေမယ့်လည်းလည်း တစ်ဖက်မှာရှိတဲ့ ကျွန်တော်နဲ့ ဆန့်ကျင်ဖက် ယုံကြည်ကိုးကွယ်သူတွေကတော့ ကျွန်တော်တို့ရဲ့ကုရ်ဘာနီအပေါ် အင်မတန်မှ အမြင်တွေ စူးနေပါတယ်။ အမျိုးမျိုးဝေဖန်တိုက်ခိုက်ကြတယ်။ သူတို့ဟာ သူတို့ယုံကြည်မှုမှာ သတ္တဝါတွေကို သနားညှာတာရမယ်ဆိုပြီး သက်သတ်လွတ်တောင်စားကြတယ်။ ဒီတော့ သူတို့နဲ့ ကျွန်တော်တို့နဲ့ကြားမှာ အကွာဟကြီး ကွာဟနေပါတယ်။ သူတို့ကလည်း ကျွန်တော်တို့တွေကို သက်ရှိတွေကိုသတ်တဲ့သူ သတ္တဝါတွေအပေါ်မစာနာတတ်တဲ့သူတွေဆိုပြီး အမျိုးမျိုးဝေဖန်ထိုးနှက်ကြတယ်။ သူတို့ အမျိုးမျိုးဝေဖန်တိုက်ခိုက်နေပေမယ့်လည်း တစ်ဖက်မှာ သိပ္ပံကတိုးတက်လာတာနဲ့အမျှ အစ္စလာမ်ရဲ့ အမှန်တရားတွေကို ထောက်ခံပြီး အစ္စလာမ်သာသနာရဲ့မှန်ကန်မှုဟာလည်း တစ်နေ့တခြား ပိုမိုပြီး ထင်ရှားလာပါတယ်။ ဒီတော့ ဘာသာခြားတွေရဲ့အထင်လွဲမှားမှု၊ စွတ်စွဲမှုတွေကို ကျွန်တော်တို့ ဘယ်လိုဆွေးနွေးမလဲ။ သူတို့ရဲ့စောဒကတွေကို ကျွန်တော်တို့ ဘယ်လို အဖြေတွေပေးမလဲ။ ဒါကိုဆွေးနွေးမယ်ဆိုရင် အရင်ဆုံးစပြီးစဉ်းစားရမှာက လောကမှာ သက်ရှိဆိုတာဘာလဲ။
သက်ရှိနဲ့ပတ်သက်ပြီးကျွန်တော်တို့သိထားတာက လောကမှာ လူရယ်၊ ကုန်းနေ ရေနေ လေနေ တွင်းနေ သတ္တဝါတွေကသာ သက်ရှိတွေ ဆိုတာပါပဲ။ ဒါပေမယ့် ကုရ်အာန်ကျမ်းစာမှ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ အရင်ကတည်းက အပင်သည်လည်း သက်ရှိဖြစ်ကြောင်း အချို့အာယသ်တော်များ၏ ညွှန်းဆိုမှုအရ သိရှိရပါတယ်။ (ကုရ်အာန် ၆း၉၅ ကြည့်) ခေတ်တွေပြောင်းလဲတိုးတက်ရင်းနဲ့ ဒီဘက်ခေတ်ရောက်တဲ့အခါကြတော့ အပင်သည်သက်ရှိဖြစ်ကြောင်း သိပ္ပံကပါ အထောက်အထားတွေ အမြောက်အများပေးပြီး ပြောဆိုလာကြပါတယ်။ သူတို့ပြောဆိုမှုအရ ကျွန်တော်တို့သိထားတဲ့ သက်ရှိတွေဖြစ်တဲ့ လူ၊ တိရိစ္ဆာန်တို့ရဲ့ ခန္ဓာဖွဲ့စည်းတည်ဆောက်ပုံနဲ့ အပင်ရဲ့ဖွဲ့စည်းတည်ဆောက်ပုံဟာ အတော်လေးကို သွားပြီးတော့ ဆင်တူနေပါတယ်။ လူ၊ တိရိစ္ဆာန်တို့ရဲ့ ခန္ဓာကို ပရိုတိုပလာဇမ် ပါ၀င်တဲ့ ဆဲလ်တွေနဲ့တည်ဆောက်ထားသလို အပင်ဆီမှာလည်း စတဲ့ ပရိုတိုပလာဇမ် ပါ၀င်တဲ့ ဆဲလ်တွေနဲ့ပဲ ဖွဲ့စည်းတည်ဆောက်ထားတာကိုတွေ့ရှိရပါတယ်။ ဒါတင်မကသေးဘဲ သက်ရှိရဲ့ လက္ခဏာ တော်တော်များများဟာလည်း အပင်တွေမှာပါရှိနေတာကို တွေ့ရှိရပြန်တယ်။ ဥပမာ - nutrition လို့ခေါ်တဲ့ အဟာရပြုခြင်း- အပင်တွေဟာ အမြစ်ကနေ မြေကြီးက အဟာရတွေကိုရယူပြီး အစာချက်ပါတယ်။ respiration အသက်ရှုခြင်း အပင်တွေဟာလည်း ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုရှုပြီး အောက်ဆီဂျင်ကို စွန့်ထုတ်ပါတယ်။ growth- ကြီးထွားခြင်း- အပင်တွေဟာလည်း လူနဲ့ တိရိစ္ဆာန်တွေကဲ့သို့ ကြီးထွားမှုကိုလည်း ပိုင်ဆိုင်ထားပါတယ်။ Reproduction - မျိုးပွားခြင်း သက်ရှိတွေရဲ့ လုပ်ထုံးတစ်ခုဖြစ်တဲ့ မျိုးပွားခြင်းကိုလည်း အပင်တွေမှာတွေ့ရှိရပြန်တယ်။ life - ဘ၀သက်တမ်းရှိခြင်း၊ အပင်တွေဟာလည်း လူတွေတိရိစ္ဆာန်တွေကဲ့သို့ ငယ်ရာမှကြီး၊ ကြီးရာမှအို၊ အိုရာမှသေ အစရှိသည့် ဘ၀သက်တမ်းကိုလည်း ရရှိထားပြန်တယ်။ စတဲ့ အထောက်အထားတွေကို သိပ္ပံပညာရှင်တွေက အကျယ်တ၀င့် လက်တွေ့ကျကျတင်ပြလာတဲ့အခါမှာ အပင်သည် သက်ရှိဖြစ်ကြောင်းကို နယ်ပယ်အစုံမှ လူသားအစုံတို့ဟာ မငြင်းနိုင်ရှာတော့ပါဘူး။ ဒါကြောင့်လည်းပဲ ကနေ့ အစိုးရကျောင်းတွေမှာ ၅ တန်းမှ စ ၁၀ တန်း အထိကျောင်းသင်ရိုးဖြစ်တဲ့ သိပ္ပံနဲ့ ဘိုင်အို စာအုပ်တွေထဲမှာ အပင်သည်လည်းသက်ရှိဖြစ်ကြောင်းကို သင်ကြားနေရပါတယ်။ နောက်ဆုံး သိပ္ပံလောကမှာ အပင်ရဲ့ အခန်းကဏ္ဍဟာ သီးသန့်ဘာသာရပ်တစ်ခုအဖြစ်ခွဲထွက်လာပြီး ဒီဘာသာရပ်ကို botany လို့ခေါ်ပါတယ်။ အဲ့ဒီဘာသာရပ်မှာ အပင်ရဲ့ ရှင်သန်မှုအကြောင်းတွေကို အကျယ်တ၀င့်ပါရှိပြီး တက္ကသိုလ်အသီးသီးမှာ သင်ကြားပို့ချနေသလို ဒီဘာသာရပ်နဲ့ ဘွဲ့ရသူတွေလည်း အမြောက်အများရှိနေပါတယ်။
ဒီလောက်ဆိုရင် အပင်သည်လည်းသက်ရှိဖြစ်ကြောင်း လူကြီးမင်းတို့ ကောင်းကောင်းသဘောပေါက်လောက်ပြီထင်တယ်။ သူ့ရဲ့ ရှင်သန်မှုက လူနဲ့ တိရိစ္ဆာန်တွေရဲ့ ရှင်သန်မှုနဲ့ အနည်းငယ်သာ ကွာခြားတာဖြစ်တယ်။ ဒီတော့ သား ငါး မစားပဲနဲ့ ဟင်းသီးဟင်းရွက်၊အသီးအနှံတို့သာ စားသုံးသူကို သက်သတ်လွက် စားတယ်လို့ ခေါ်နိုင်မလားဆိုတာ စဉ်းစားကြည့်ကြပါတော့။ အပင်တစ်ပင်ကို ခုတ်လိုက်တာလည်း သက်ရှိ သတ္တဝါကို သတ်လိုက်တာ နာကျင်စေလိုက်တာနဲ့အလားတူပါပဲ။
လေးစားအပ်တဲ့ မွတ်စ်လင်မ်ညီနောင်များခင်ဗျား-----
နောက်တစ်ချက်စဉ်းစားကြည့်ရအောင်၊ တချို့လူတွေက သူတို့ကိုယ်သူတို့ သတ္တဝါတွေကို ညှာတာတယ်လို့၊ သူ့အသက်မသက်ဖူးလို့ဆိုပြီး အသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေစားကြတယ်။ ဒီတော့ စဉ်းစားကြည့်ပါ။ ဒီအသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေ ဘယ်ကလာလဲ၊ မိုးပေါ်က ကျလာတာမဟုတ်ပါ၊ စိုက်ခင်းထဲကလာပါတယ်၊ စိုက်ခင်းမှာ စိုက်စဉ်တုန်းက ဘယ်လယ်သမားမဆို ရွက်ဖျန်းဆေးသုံးကြတာချည်းပဲ၊ ရွက်ဖျန်းဆေးဆိုတာ အပင်မှာ ကပ်တွယ်နေတဲ့ သီးနှံဖျက်ပိုးတွေ၊ အင်းဆက်ပိုးတွေကို သေစေဖို့အတွက်သုံးတာ၊ ဒီတော့ သက်သတ်လွတ်စားတဲ့သူစားလိုက်တဲ့ ဒီအသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေက မြောက်များစွာသော ပိုးမွှားတွေရဲ့အသက်တွေကို စတေးပြီးမှ ဖြစ်လာတာ၊ ဒီတော့ သက်သတ်လွတ်စားတဲ့သူလည်း အသကသတ်ခြင်းဆိုတဲ့ အပြစ်ကနေ ဘယ်နည်းနဲ့မှ မကင်းနိုင်ပါဘူး။
လေးစားအပ်တဲ့ မွတ်စ်လင်မ်ညီနောင်များခင်ဗျား-----
လူသားတိုင်းလူသားတိုင်းဟာ နေ့စဉ်လှုပ်ရှားသွားလာရင်း မရည်ရွယ်ဘဲ အသက်ပေါင်းများစွာကို သတ်မိနေတတ်ပါတယ်။ ဥပမာ ကျွန်တော်တို့တွေ အသက်ရှုကြတယ်။ လေထဲမှာ မမြင်နိုင်တဲ့ ရောဂါပိုးမွှားပေါင်းမြောက်မြားစွာပါကြတယ်။ ဒီရောဂါပိုးမွှားတွေဟာ ကျွန်တော်တို့ရဲ့ အသက်ရှုလမ်းကြောင်းထဲကို၀င်ရောက်လာကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အသက်ရှုလမ်းကြောင်းမှာပါရှိတဲ့ ရောဂါကာကွယ်မှုစနစ်က ဒီပိုးမွှားပေါင်းမြောက်မြားစွာကို သေစေလိုက်ပါတယ်။ ဒီအတိုင်းပဲ ရေတွေထဲမှာလည်း ရောဂါပိုးမွှားတွေပါကြပါတယ်။ သာမန်လူ့မျက်စိနဲ့မမြင်တွေ့နိုင်ပါဘူး။ မိုက်ခရိုစကုပ်နဲ့ကြည့်မှသာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ဒီရေကို ကျွန်တော်တို့ ကြိုချက်ကြတယ်။ ဆန်နဲ့ရောပြီး ထမင်းဖြစ်အောင်တည်ကြတယ်။ အဲ့ဒီကိစ္စတွေမှာလည်း ပိုးမွှားပေါင်းမြောက်မြားစွာရဲ့ အသက်တွေ သေကြေဆုံးရှုံးရတာပါပဲ။ ဒီတော့ သူ့အသက်သတ်ခြင်းကနေ ကင်းတဲ့သူဆိုတာ လောကမှာရှိနိုင်ပါဦးမလား။
လေးစားအပ်တဲ့ မွတ်စ်လင်မ်ညီနောင်များခင်ဗျား-----
တစ်ခါတစ်ခါ အသက်သတ်ခြင်းဟာ ရည်ရွယ်ချက်အပေါ်မူတည်ပြီး ကုသိုလ်ရစေမယ့်ကိစ္စပင် ဖြစ်လျင်ဖြစ်နေတတ်ပါတယ်။ ဥပမာ - တရားသူကြီးက တရားရုံးမှာ တရားစီရင်တဲ့အခါ တရားခံကို လိုအပ်လို့ သေဒဏ်ပေးသင့်ရင်ပေးရမှာပါပဲ။ ဒီအခါ တရားသူကြီးကို သွားပြီးတော့ သတ္တဝါတွေကို သတ်လို့ ငရဲကျမယ့်သူလို့ပြောမလား။ပြောမယ်ဆိုရင် လောကမှာ တရားသူကြီးလုပ်မယ့်သူလည်းမရှိ တရားရုံးတွေလည်းရှိတော့မှာမဟုတ်ဘဲ အမှုအခင်းတွေပိုပြီးများလာတော့မှာပေါ့။ ဒီအတိုင်းပဲ နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ ကာကွယ်ရေးတပ်မတော်ဆိုတာရှိတယ်။ ဒီတပ်မတော်ဟာ တိုင်းပြည်ကို ကျူးကျော်လာတဲ့ရန်သူတွေကို သုတ်သင်ရှင်းလင်းမှာပဲ။ အဲ့ဒီအခါ တိုင်းသူပြည်သားတွေက ဒီတပ်မတော်သားတွေကို ကျေးဇူးတင်မလား။ သူများအသက်သတ်တဲ့သူတွေဆိုပြီး ဝုိင်း၀န်းကဲ့ရဲ့ကြမှာလား။ လူကြီးမင်းတို့ပဲ စဉ်းစားကြည့်စမ်းပါ။
အစ္စလာမ်ဟာ အယူမသီး အစွန်းမရောက်တဲ့ သဘာ၀တရားနဲ့ကိုက်ညီတဲ့သာသနာဖြစ်တယ်။ အစ္စလာမ်မှာ လိုအပ်ရင် စစ်တိုက်ခွင့်လည်းရှိတယ်။ ကိုယ့်ကို ကျူးကျော်လာတဲ့ ရန်သူကိုလည်း ပြန်လည် ချေမှုန်းသတ်ဖြတ်ခွင့်လည်းရှိတယ်။ လူတွေကို ခက်ခဲသွားစေအောင် အစ္စလာမ်က အမိန့်ပေးထားခြင်း၊ စေခိုင်းထားခြင်းမျုး လုံး၀လုံး၀မရှိပါဘူး။
လေးစားအပ်တဲ့ မွတ်စ်လင်မ်ညီနောင်များခင်ဗျား-----
အလ္လာဟ်အရှင်မြတ်ဟာ သက်ရှိတွေကို စတင်ဖန်ဆင်းကတည်းက လိုအပ်သလို ပုံစံချဖန်ဆင်းထားပြီးသားဖြစ်ပါတယ်။အဲ့ဒီထဲမှာ သွားရဲ့စနစ်ကလည်းတစ်ခု အပါအ၀င်ပါပဲ။ ဘယ်သတ္တဝါကို ဘယ်လိုအစားအစာ စားစေချင်သလဲ။ အဲ့ဒီ သတ္တဝါကို အဲ့ဒီအစားအစာနဲ့ လိုက်ဖက်တဲ့ သွားစနစ် အစာချေစနစ်ပါ ပြုလုပ်ဖန်ဆင်းပေးထားတာ ကျွန်တော်တို့ရဲ့ မျက်မြင်ပါပဲ။ သွားစနစ် အစာချေစနစ်တွေဟာ ငါးမှာ ပုံစံတစ်မျိုး၊ တီကောင်မှာ ပုံစံတစ်မျိုး၊ မိကျောင်းမှာပုံစံတစ်မျိုး၊ နွားမှာ ပုံစံတစ်မျိုး၊ ကျားမှာ ပုံစံတစ်မျိုး စသဖြင့်တွေ့မြင်ရမှာပါ။ သတ္တဝါတွေကလည်း သူတို့ရဲ့သွားစနစ် အစာချေစနစ်နဲ့ကိုက်ညီတဲ့ အစားအသောက်ကိုပဲစားသုံးကြပါတယ်။ လူသားကို အလ္လာဟ်အရှင်မြတ်က သားငါးဟင်းသီးဟင်းရွက် အစုံကို စားလို့ရတဲ့ သွားစနစ် အစာချေစနစ်ကို ဖန်ဆင်းထားရှိပေးထားပါတယ်။ တကယ်တမ်းကြည့်ရင်လည်း လူသားဟာ အစားအသောက်အစုံကို စားသောက်ဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ် သင့်တင့်မျှတဖို့ ကစီဓာတ်၊ အဆီဓါတ်၊ ဗီတာမင်၊ သတ္တု၊ ပရိုတင်း၊ ရေဓါတ်တို့ လိုအပ်ပါတယ်။ ဒီတော့ ရောဂါကာကွယ်နိုင်ဖို့ ဗီတာမင်၊ သတ္တု ဓါတ်တို့လိုအပ်ပါတယ်။ ဒီဓါတ်တွေကို ဟင်းသီးဟင်းရွက်တွေကနေရမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်ကြီးထွားဖို့ ပရိုတင်းဓါတ်လိုအပ်ပါတယ်။ ဒီဓါတ်ကိုတော့ အသားကနေရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် လူဟာ အသားကိုလည်းစားသုံးဖို့ လိုအပ်ပြန်ပါတယ်။
လေးစားအပ်တဲ့ မွတ်စ်လင်မ်ညီနောင်များခင်ဗျား-----
ကျွန်တော်တို့အစ္စလာမ်သာသနာမှာ သားကောင်ကို အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့် အစ္စလာမ့်နည်းကျ ဇဗဟ်လုပ်ထားမှသာ စားသုံးခွင့်ရှိတာပါ။ အလိုအလျောက် သေသွားတဲ့သတ္တဝါ၊ အစ္စလာမ့်နည်းအတိုင်းမဟုတ်ဘဲ၊ တခြားပုံစံနဲ့ လည်မျိုလိမ်ချိုးပြီးဖြစ်စေ၊ ဦးခေါင်းကိုထုရိုက်၍ဖြစ်စေ သတ်ထားတဲ့ သတ္တဝါတွေကိုလည်း စားသုံးခွင့် လုံး၀မရှိပါ။ အစ္စလာမ့်နည်းကျသားကောင်လှီးဖြတ်ခြင်းကို အချို့သူများက အပ်ါယံကြည့်ပြီး သားကောင် အပေါ် ရက်စက်လွန်းလှတယ်။ ကြမ်းကြုတ်လွန်းလှတယ်ဆိုပြီး ဝေဖန်ကြပါတယ်။ အမှန်တကယ် လေ့လာကြည့်တဲ့အခါမှာတော့ အစ္စလာမ့်နည်းကျသတ်ဖြတ်ခြင်းကသာလျင် သားကောင်ကိုလုံး၀ နာကျင်မှုမရှိဘဲ သေဆုံးရခြင်းဖြစ်ပဲဖြစ်ပါတယ်။ အစ္စလာမ့်နည်းကျ သားကောင်သတ်ဖြတ်ပုံဟာ သားကောင်ရဲ့လည်ပင်းကို အင်မတန် ထက်တဲ့ဓါးနဲ့ လှီးဖြတ်ရပါတယ်။ လှီးဖြတ်ရာမှာလည်း သတ်မှတ်ထားတဲ့ အကြောများကိုသာပြတ်အောင်လှီးရတာပါ။ လည်းပင်တစ်ခုလုံး ပြတ်အောင် မလှီးရပါဘူး။ အဲ့ဒီလိုလှီးလိုက်တာနဲ့ သားကောင်ရဲ့ လည်ပင်းအရေပြားဟာ ကွဲထွက်သွားပြီး လည်မျိုပြတ်ကာ သွေးများဝေါကနဲထွက်လာပါတယ်။ ဒီဖြစ်စဉ်ဟာ ၅ စက္ကန့်လောက်အတွင်းမှာဖြစ်တာပါ။ အဲ့ဒီလို သွေးတွေထွက်လာတာနဲ့ သားကောင်ဟာ သတိလစ်သွားပါတော့တယ်။ သူဟာ ရုန်းသာရုန်းနေပေမယ့် သတိမရှိတော့ပါဘူး။ အရေပြားကို စလှီးဖြတ်ပြီး လည်ပင်းကြီးဟက်တက်ကွဲပြီး သွေးတွေ ထွက်လာတဲ့အထိ သားကောင်ဟာ နာတဲ့ဒဏ် မခံစားရသေးပါဘူး။ ဒီဖြစ်စဉ်ဟာလည်း အရမ်းလျင်မြန်စွာ ၅ စက္ကန့်မျှအတွင်းမှာ ပြီးသွားတာဖြစ်တယ်။ ဒါဟာ ဘာနဲ့ ပမာ တူလဲဆိုရင် ကျွန်တော်တို့ တစ်ခါတစ်ခါ ခန္ဓာကိုယ်မှာ ထိခိုက်ရှနာဖြစ်တဲ့အခါ ချက်ချင်းမှာ သွေးပူနေတဲ့အတွက် နာတဲ့ ဒဏ်ကို မခံစားရဘူး။ တအောင့်လောက်နေမှ သူ့ဟာသူ ဖြေးဖြေးချင်း နာလာတာ ဖြစ်တယ်။ သားကောင်ကလည်း ဒီအတိုင်းပဲ ။ သွေးပူနေစဉ် ၅ စက္ကန့်လောက်အတွင်းမှာ ဖြစ်တဲ့ဖြစ်ရပ်အပေါ် နာကျင်မှုဒဏ် မခံစားရသေးပါဘူး။ ဒီနောက်ပိုင်းသွေးတွေ ဝေါခနဲ ထွက်လာတာနဲ့ သားကောင်ဟာ သတိမေ့သွားပါတယ်။ သွေးထွက်လွန်ရင် လူတောင် သတိမေ့တာပါပဲ။ သားကောင်ဟာ သူ့ဒဏ်ရာ တကယ်နာကျင်လာတဲ့အချိန်မှာ သူသတိမေ့နေတဲ့အတွက် နာကျင်မှုဒဏ်ကို မသိလိုက်ပါဘူး။ မေ့ဆေး ထိုးထားသလိုပါပဲ။ ဒီနောက်ပိုင်းမှာ သားကောင်ဟာ အချိန်အတန်ကြာအထိ ဆန့်ငင်ဆန့်ငင်ဖြစ်ပြီး အကြောတက်နေမယ်။ ဒီအချိန်မှာလည်း သွေးတွေဟာ မကုန်မချင်းထွက်နေတဲ့ အတွက် ပြန်လည် သတိ၀င်လာစရာ အကြောင်းမရှိတော့ပါဘူး။ ဒီလိုဖြစ်နေချိန်မှာ ကျွန်တော်တို့ဟာ ဘေးကနေရပ်ကြည့်ပြီး သားကောင်ငြိမ်ပြီးအသက်ထွက်သွားတဲ့အထိ စောင့်ကြည့်နေရမယ်။ အလျင်လိုပြီး အပြီးသေစေလိုက်တာမျုိး လုံး၀ မလုပ်ရဘူး။ ဘာကြောင့်လဲဆိုရင် ဒီလို ဆန့်ငင်ဆန့်ငင်ဖြစ်ပြီး အကြောတက်တာ ဟာ အင်မတန်ကောင်းတဲ့ ကိစ္စဖြစ်တယ်။ ဒါဟာ သားကောင်ဟာ သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးအကြွင်းအကျန်တွေကို ညှစ်ထုတ်နေတာဖြစ်တယ်။ သွေးတွေ လုံး၀ကုန်သွားရင် အင်မတန် သန့်ရှင်း လတ်ဆတ်တဲ့ အသားကိုရရှိမှာဖြစ်ပါတယ်။ သွေးဟာ အင်မတန် ညစ်ပတ်ပါတယ်။ သွေးထဲမှာ ရောဂါပိုးမွှားပေါင်း မြောက်မြားစွာ ပါလို့ပါပဲ။ သားကောင်တွေမှာ သွေးဟာ သေသွားတာနဲ့ ချက်ချင်း ခဲသွားတတ်ပါတယ်။ အစ္စလာမ့်နည်းကျ လှီးဖြတ်တဲ့အခါ သားကောင်ဟာ သွေးပူနေစဉ်မှာပဲ သူ့ကိုယ်ထဲမှာ ရှိသမျှသွေးအားလုံးကို သူ့ဟာသူ ညှစ်ထုတ်လိုက်ပါတယ်။ အဲ့ဒီအခါ ကျန်းမာရေးနဲ့ အင်မတန်ညီညွတ်တဲ့အသားကိုစားရတာပေါ့။ အစ္စလာမ့်နည်းကျ မဟုတ်ဘဲ အခြားနည်းနဲ့သေရတဲ့၊ အသတ်ခံရတဲ့ သတ္တဝါတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်မှုမှာ အင်မတန်အားနည်းသွားပါတယ်။ ဒါကြောင့်လည်း ကနေ့ အနောက်တိုင်း ပညာရှင် အားလုံးက အစ္စလာမ့်နည်းကျ သတ်ဖြတ်မှုသာလျင် မေ့ဆေး ထုံဆေး မလိုဘဲ သားကောင်ကို မနာကျင်စေသော သတ်ဖြတ်မှုဖြစ်ကြောင်းနဲ့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံေးသာ အသားကို ရရှိစေကြောင်း တစခဲနက် ထောက်ခံလာပါတော့တယ်။
လေးစားအပ်တဲ့ မွတ်စ်လင်မ်ညီနောင်များခင်ဗျား-----
ကျွန်တော်တို့ အစ္စလာမ်သာသနာဟာ အင်မတန်မှ စည်းစနစ်ကျတဲ့ သာသနာ၊ ပြီးပြည့်စုံတဲ့ သာသနာဖြစ်ပါတယ်။ သာသနာက ညွှန်ကြားတဲ့ ကိစ္စတွေကလည်း အခုလို လူသားတွေ အတွက် အကျိုးရှိစရာ ချည်းတွေပါပဲ။ ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ အရင်ကတည်းက တမန်တော်မြတ်ကြီး မုဟမ္မဒ်သခင် (ဆွ) သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။ အချို့သူတွေဟာ အစ္စလာမ်ကို အပေါ်ယံကြည့် ဝေဖန်နေတာဖြစ်ပါတယ်။ အတွင်းကျကျလေ့လာကြည့်လိုက်တဲ့အခါမှာ အစ္စလာမ်ရဲ့ ပြီးပြည့်စုံတဲ့ အနှစ်သာရတွေကို တွေရှိရမှာ ဖြစ်ပါတယ်။ ကြီးကျယ်မြင့်မြတ်မှန်ကန်တော်မူသော အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့ အားလုံးကို အစ္စလာမ်၏ အနှစ်သာရများကိုနားလည်ပြီး သာသနာ့ အမိန့်ပညတ်ချက်များကို အပြည့်အ၀ လိုက်နာဆောက်တည်နိုင်သည့် သောဝ်ဖီးက်စွမ်းအား ချီးမြှင့်ပေးသနားတော်မူပါစေ။ အာမီးန်
်Friday Bayan in Madha Masjid ၊ 136 st ၊ Ma U Gone ၊ Yangon
(11-9-2013)

Preache - Mufti Muhammad Nurullah

Thursday, June 18, 2020

_کم_مدت_میں_حفظ_قرآن_کرنے_والے_علماء || مولانا محمد نعمان صاحب شیخ الحد...

https://youtu.be/IQmMT2LFNGA

ရဟ်မားန် အနန္တဂရုဏာရှင်၏ ဗန္ဒဟ်များ (သို့) အရှင့်ကျွန် ပီသသူတို့၏ အရည်အချင်းများ (၁၂) အိဗာဒုရ်ရဟ်မားန်ရဲ့ ဒုတိယအရည်အချင်း

ရဟ်မားန် အနန္တဂရုဏာရှင်၏ ဗန္ဒဟ်များ
(သို့)
အရှင့်ကျွန် ပီသသူတို့၏ အရည်အချင်းများ (၁၂)
💟💟💟💟💟💟💟💟💟💟💟💟💟💟 💛💛💛💛💛💛💛💛💛💛💛💛💛
အိဗာဒုရ်ရဟ်မားန်ရဲ့ ဒုတိယအရည်အချင်း
💛💛💛(ကရုဏာထားခြင်း ၃)💛💛💛
............💛💛💛💛💛💛💛............
💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜
ဒီလို လူကောင်းဖြစ်ခြင်းက မှန်ကန်တဲ့ လူကောင်းဖြစ်ခြင်း
💜💜💜💜💜💜💜 မဟုတ် 💜💜💜💜💜💜💜💜
............................💜💜💜............................
ဒီလို လူကောင်းဖြစ်ခြင်းက မှန်ကန်တဲ့ ကောင်းသွားခြင်း
မဟုတ်ဘူး။ဒါက မာန်မာနတွေပါတဲ့ လူကောင်းဖြစ်ခြင်းမျိုး
ဖြစ်တယ်။ သူက(တခြားသူတွေနဲ့ပါတ်သက်ပြီး) ဒီလူတွေ
အားလုံးက ဂျဟန္နမ်ဘက်ကို သွားနေတာ။ ငါကတော့
ဂျန္နသ်ကို သွားမယ့်သူ၊ အကယ်၍ ငါက သူတို့ကို ဂျဟန္နမ်
ကနေ မကယ်ရင် ငါကိုယ်တိုင်လည်း ဂျဟန္နမ်သွားနေရမယ်။
အားလုံးကို ဂျဟန္နမီ၊ မိမိကိုယ်မိမိ ဂျန္နသီလို့ မှတ်ယူပြီး
သူတပါးကို ဆက်ဆံတယ်ဆိုရင် ရလာဒ်ကတော့
ကျွန်တော် အပေါ်မှာ ပြောခဲ့သလို(မမှန်ကန်တဲ့
လူကောင်းဖြစ်ခြင်း)ပဲ ဖြစ်မယ်။ ဖာရစီကဗျာလေး တစ်ပုဒ်ပါ။
[تکبر عزازیل را خوار کرد - به زندانِ لعنت گرفتار کرد]
အဓိပ္ပါယ်ကတော့
"မာနတရားက အဇာဇီးလ်(ရှိုင်သွာန်မဖြစ်ခင်က နာမည်)ကို
သိက္ခာမဲ့သေးသိမ် စေခဲ့တယ်။
လအ်နသ်ရဲ့ အကျဉ်းထောင်မှာ ဖမ်းမိသွားစေတာ"
မာနတရားက ရှိုင်သွာန်ကိုလည်း သိက္ခာမဲ့စေသလို
သူ နှစ်ထောင်ပေါင်းများစွာ လုပ်ခဲ့တဲ့ အေဗာဒသ်တွေ
ကိုပါ ဖျက်ဆီးပစ်လိုက်တယ်။
အဲဒီတော့ မိတ်ဆွေတို့ ကျွန်တော်တို့ရဲ့ ဗီဇမှာ ကရုဏာ
ရှိရမယ်။ မိမိရဲ့ အိမ်သူအိမ်သားတွေနဲ့ ပတ်ဝန်းကျင်
အတွက် ကရုဏာ ဖြစ်ဖို့ အာရုံထားရမယ်။ ဘာကြောင့်လဲ
ဆိုတော့ (ကျွန်တော်တို့ရဲ့အရှင်)အလ္လာဟ်အရှင်မြတ်က
ရဟ်မားန်၊ ရဟီးမ် အလွန့်အလွန် သနားကြင်နာတော်
မူသော အရှင်သခင် ဖြစ်လို့ပါပဲ။
💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜
ကိုယ်တော်မြတ်(စွ)ရဲ့ စာရိတ္တတော်နဲ့ပါတ်သက်ပြီး
💜💜ဟဇရသ်အနတ်စ်(ရသွေ့)ရဲ့ ထွက်ဆိုမှု💜💜
.......💜💜💜💜💜💜💜💜💜💜💜💜........
ကိုယ်တော်မြတ်(စွ)က အလွန်ကြင်နာတတ်တဲ့ တမန်တော်
ဖြစ်တယ်။ (အဖန်ဆင်းခံ​တွေထဲမှာ)ကိုယ်တော့်ထက် ပိုပြီး
ဘယ်သူက ကြင်နာတတ်သူ ဖြစ်ဦးမှာလဲ?
ဟဇရသ် အနတ်စ်(ရသွေ့)သခင်က
"ကျွန်တော် ၁၀ နှစ် ကိုယ်တော်မြတ်ကို အလုပ်အကျွေး
ပြုခဲ့တယ်။ ကိုယ်တော်မြတ်က ကျွန်တော့်ကို (အုဖ်)လို့
တောင် မပြောခဲ့ဖူးဘူး။ ဒီအလုပ်ကို အသင်ဘာလို့ လုပ်
လိုက်တာလဲ? ဘာလို့ မလုပ်တာလဲ? လို့ တစ်ခါမျှ
မပြောဖူးပါ" လို့ ပြောပြထားတော်မူပါတယ်။
(ဗုခါရီကျမ်း၊ ကိသားဗုလ်အဒဗ်၊ ဗားဗု ဟုစ်နိလ် ခုလုကိ
ဝတ်စ် စခါးအိ ဝမာ ယုက်ရဟု မိနလ် ဗုခ်လ် 8/14)
ကိုယ်တော်မြတ်(စွ)က အဲဒီ့သခင်ကြီးကို ဆယ်နှစ်မှာ
တစ်ကြိမ်တစ်ခါတောင် မဆူခဲ့ဖူးဘူး။
ဒါဟာ မိမိရဲ့ စိတ်ဆန္ဒတွေကို ထိန်းချုပ်ခြင်း၊ စွန္နသ်တော်ရဲ့
အနောက်လိုက်ခြင်းပဲ ဖြစ်တယ်။
အလ္လာဟ်အရှင်မြတ်က "အိဗားဒုလ္လားဟ်" လို့ မမိန့်ပဲ
"အိဗားဒုရ် ရဟ်မားန်" လို့ မိန့်ထားတော်မူတယ်။
ဒီလို သုံးနှုန်းခြင်းက ရဟ်မားန်အရှင်က အလွန်သနား
ကြင်နာသလို ရဟ်မားန်ရဲ့ ဗန္ဒဟ်ဖြစ်သူတွေလည်း
အလွန် ကြင်နာသနားတတ်သူတွေ ဖြစ်ကြတယ်၊
သူတို့မှာလည်း ကရုဏာတရားရဲ့ အရည်အချင်းက
လွှမ်းမိုးနေတယ် ဆိုတဲ့ အချက်ကို ရည်ညွှန်းလိုက်တာပဲ
ဖြစ်ပါတယ်။
💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜
ကျွန်တော်တို့ရဲ့ ရှေ့ဆောင်လမ်းပြ အကြီးအကဲများ
💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜
အဲဒါကြောင့်ပဲ ကျွန်တော်တို့ တွေ့ခဲ့ရတဲ့ အကြီးအကဲ
တွေကို တစ်ဦးထက်တစ်ဦး ပိုပြီး နှလုံးသား ပျော့ပျောင်း
သူတွေအဖြစ် တွေ့ခဲ့ရတာ ဖြစ်တယ်။
အခုတော့ လူကောင်းဆိုသူတွေကို ကြည့်ပြီး လန့်နေရတယ်။
ဘာဖြစ်လို့လဲဆိုတော့ အများစု လူကောင်းဆိုသူတွေက
အရမ်းဒေသတွေ ကြီးနေတတ်တယ်။ ဒါပေမယ့် ကျွန်တော်
တို့ရဲ့ တွေ့ခဲ့ရသမျှ အကြီးအကဲတွေ တစ်ပါး နှစ်ပါး မကဘူး
မိတ်ဆွေတို့ရှေ့မှာ ဘယ်ဘယ်ဆရာသခင်ကြီးတွေရဲ့
နာမည်တွေ ပြောပြရမလဲ? ကျွန်တော့်ရဲ့ ဒါဒါ(အဖေ့ရဲ့
အဖေ) ဟဇရသ်မောဝ်လာနာ မုဖ်သီ မုဟမ္မဒ် ရှဖီးအ်(ရဟေ့)၊
ကျွန်တော့် နာနာ(အမေရဲ့အဖေ)ဟဇရသ်မောဝ်လာနာ မိုဗီးန် ခသွီးဗ်(ရဟေ့) တို့ဆိုတာ ဟဇရသ် ရှိုက်ခုလ်ဟင်းန်ဒ်
(ရဟေ့)ရဲ့ အနီးကပ် ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ ဒီဆရာကြီး
တွေက အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲမှာ အများကြီး
တာဝန်တွေ ထမ်းဆောင်ခဲ့ကြတယ်။ ဟဇရသ်မောဝ်လာနာ
အိဒ်ရီးစ် ကာန်ဒေလဝီ(ရဟေ့)၊ ဟဇရသ်မောဝ်လာနာ
ကာရီ သွိုင်ယိဗ်(ရဟေ့) အစ ရှိတဲ့ ဘယ်လောက် များပြားတဲ့
အကြီးအကဲတွေကို တွေ့ခဲရသလဲ? သူတို့အနားမှာ အလ္လာဟ်
အရှင် နေထိုင်ခစားခွင့် ပေးခဲ့သလဲ? အဲဒီ အကြီးအကဲတွေ
ထဲမှာ တစ်ဦးထက်တစ်ဦး ပိုပြီး ကြင်နာတတ်သူတွေ ဖြစ်
ကြတယ်။ဒေါသ ဘယ်လောက် မထွက်သလဲ ဆိုရင်
ဒေါသတရားက သူတို့ရဲ့ ဗီဇနဲ့ ထိတောင်မထိဖူးဘူးလို့
ထင်ရလောက်အောင်ပါပဲ။ သူတို့နဲ့ သဘောထားတိုက်ဆိုင်
သူတွေပေါ်မှာလည်း ကြင်နာတယ်။ သဘောထားမတိုက်
ဆိုင်သူတွေပေါ်မှာလည်း အကြင်နာတရား ထားတယ်။
အကြောင်းကတော့ အလ္လာဟ်အရှင်မြတ်က ရဟ်မားန်
အနန္တ ကရုဏာရှင် ဖြစ်တယ်။ အရှင့်ရဲ့ ရဟ်မသ်တော်က
ကျယ်ပြန့်တယ်။ ကျွန်တော်တို့ အကြီးအကဲကလည်း
အိဗားဒုရ်ရဟ်မားန်တွေ ဖြစ်တဲ့အလျှောက် ကရုဏာတွေ၊
အကြင်နာတရားတွေနဲ့ ပြည့်နေတယ်။
(စကားချပ်.....ဒီဗယာန်ပြောတဲ့ ဆရာကြီးက ဒီနေရာမှာ
မိမိကိုယ်ကို နှိမ့်ချပြီး အောက်ပါစကာိးု ပြောနေတာပါ)
စိတ်မကောင်းဘူးဗျာ ဒီခေတ်မှာ ခင်ဗျားတို့ရဲ့ အကြီးအကဲ
ဆိုတာ ကျွန်တော်တို့လို စာရိတ္တပျက်ပြားနေတဲ့လူတွေ
ဖြစ်နေတာ ဝမ်းနည်းစရာပဲဗျာ။
ဒါပေမယ့် ကျွန်တော်တို့ အကြီးအကဲတွေကကျတော့
တစ်ဦးထက်တစ်ဦး ပိုပြီး စာရိတ္တမွန်မြတ်သူတွေ၊ နှလုံးသား
ပျော့ပျောင်းသူတွေ၊ ကြင်နာတတ်သူတွေ ဖြစ်ခဲ့ကြတယ်။
မိမိအိမ်သူအိမ်သားတွေပေါ်မှာလည်း ကြင်နာသူတွေ၊
မိမိ ကျောင်းသားတပည့်တွေပေါ်မှာလည်း ကြင်နာသူတွေ၊
မိတ်ဆွေတွေပေါ်မှာလည်း ကြင်နာသူတွေ၊ အမြင်မတူ
ဆန့်ကျင်သူတွေပေါ်မှာလည်း ကြင်နာသူတွေ ဖြစ်ကြတယ်။
သူတို့ရဲ့ ဘဝဇင်ဒဂီက ရဟ်မသ် ကရုဏာ အကြင်နာ
တရားတွေနဲ့ပဲ ကုန်ဆုံးခဲ့ကြတယ်။ ဒါက သူတို့တွေဟာ
အိဗားဒုရ်ရဟ်မားန် (အနန္တကရုဏာရှင်ရဲ့ ဗန္ဒဟ်တွေ)
ဖြစ်နေကြလို့ပါပဲ။
💜💜💜💜💜💜💜💜💜💜💜💜💜
အိဗားဒုရ်ရဟ်မားန်မှာ အရည်အချင်း ၂ ခု
💜💜💜💜💜💜💜💜💜💜💜💜💜
အိဗားဒုရ်ရဟ်မားန်ရဲ့ အရည်အချင်းတွေထဲက အချက်
နှစ်ချက် ဖြစ်သွားပြီ။
(၁)တစ်ချက်ကတော့ သူတို့ဟာဗန္ဒဟ်ပီသကြတယ်။
အလုပ်တိုင်းကို အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက်ဖို့ပဲ
လုပ်ကြတယ်။ တစ်ဦးတစ်ယောက်က နေ့ရောညပါ
အလုပ်တိုင်းကို အလ္လာဟ်အရှင်မြတ် နှစ်သက်ဖို့အတွက်
ပြုလုပ်မယ်ဆိုရင် အဲဒီ အလုပ်တွေအားလုံးက
အိဗာဒသ် ဖြစ်သွားလိမ့်မယ်။
(၂)ဒုတိယ အချက်ကတော့ ရဟ်မားန် အနန္တကရုဏာရှင်ရဲ့
ဗန္ဒဟ်တွေ ဖြစ်တဲ့အလျောက် ကရုဏာရဲ့ အရည်အချင်းက
လွှမ်းမိုးနေတယ်။
🕋ဤနေရာတွင် ဒုတိယ အရည်အချင်း ပြီး၏။🕋
(မော်လာနာ မုဖ်သီ မဟ်မူးဒ်အရှ်ရဖ် အုစ်မာနီ(DB)
ဟောကြားတော်မူသည်)

ရဟ်မားန် အနန္တဂရုဏာရှင်၏ ဗန္ဒဟ်များ (သို့) အရှင့်ကျွန် ပီသသူတို့၏ အရည်အချင်းများ (၉)

ရဟ်မားန် အနန္တဂရုဏာရှင်၏ ဗန္ဒဟ်များ

(သို့)

အရှင့်ကျွန် ပီသသူတို့၏ အရည်အချင်းများ (၉)

💟💟💟💟💟💟💟💟💟💟💟💟💟💟

အိဗားဒုရ်ရဟ်မားန် ရဲ့ ပထမ အရည်အချင်း
💜💜💜(ကျေးကျွန်ပီသခြင်း ၄)💜💜💜
💜💜💜💜💜💜💜💜💜💜💜💜💜

💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
အခြေအနေတိုင်းမှာ အလ္လာဟ်အရှင့်အ​ပေါ် ကျေနပ်နေခြင်း
၏ ဆုလာဒ်💙💙💙💙💙💙💙💙💙💙💙💙💙💙
💙💙💙💙
လူသားက အခြေအနေတိုင်းမှာ ကျေနပ်နေရင် အလ္လာဟ်
အရှင်မြတ်ကလည်း အဲဒီသူကို အခြေအနေတိုင်းမှာ
ကျေနပ်နေတော်မူလိမ့်မယ်။ ဆွဟာဗဟ်ကြီးများရဲ့
အဆင့်က အဲဒီအဆင့်ပဲ ဖြစ်တယ်။ ခင်ဗျားတို့လည်း
သိကြပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်မှာ ဆွဟာဗဟ်
သခင်ကြီးများကို
{رَضِيَ اللَّهُ عَنْهُمْ وَرَضُوا عَنْهُ}(التوبة.100)
(အလ္လာဟ်အရှင်သည် ၎င်းတို့အား ကျေနပ်တော်မူ၏။
၎င်းတို့သည်လည်း အလ္လာဟ်အရှင့်အား ကျေနပ်တော်မူ၏။)

ခင်ဗျားတို့ ဆွဟာဗီ တစ်ပါးပါးရဲ့ နာမည်ကိုကိုင်ရင်
ဟဇရသ် စကားလုံး မတပ်ဘူး၊ မောဝ်လာနာ ဘွဲ့လည်း
မတပ်ဘူး၊ အေမာမ်လို့လည်း မခေါ်ဘူး၊ ဖကီးဟ်လို့လည်း
မခေါ်ဘူး။ ရသွေ့ယလ္လားဟု အန်ဟွမ် (အလ္လာဟ်အရှင်
၎င်းတို့ကို ​ကျေနပ်တော်မူသည်) ဆိုတဲ့ ဝါကျတစ်ခုပဲ
သုံးတယ်။
အလ္လာဟ်အရှင် ဆွဟာဗဆဟ်ကြီးတွေကို ဘာ့ကြောင့်
ကျေနပ်သွားတာလဲ? ၎င်းတို့က အလ္လာဟ်အရှင့်ကို
ကျေနပ်နေကြလို့ပါပဲ။
ပူရင်လည်း အရှင့်ကို ကျေနပ်ကြတယ်။
အေးရင်လည်း အရှင့်ကို ကျေနပ်ကြတယ်။
အကယ်၍ အဖြစ်အပျက်တွေက မိမိသဘောဆန္ဒနဲ့
ကိုက်ညီရင်လည်း အရှင့်ကို ကျေနပ်ကြတယ်။
မကိုက်ညီရင်လည်း အရှင့်ကို ကျေနပ်ကြတယ်။
ကျန်းမာရင်လည်း အရှင့်ကို ကျေနပ်ကြတယ်။
မကျန်းမာရင်လည်း အရှင့်ကို ကျေနပ်ကြတယ်။

ကိုယ်တော်မြတ်(စွ) အမိန့်ရှိတော်မူတယ်။
[الإيمان نصفان نصف قى الصبر ونصف فى الشكر]
(شعب الإيمان 12/193)
(အီမာန်က ၂ ပိုင်းဖြစ်တယ်။ တစ်ပိုင်းက ဆွဗရ်၊
နောက်တစ်ပိုင်းက ရှုက်ရ် ဖြစ်တယ်။)
အကယ်၍ အဖြစ်အပျက်တွေက မိမိဆန္ဒနဲ့ အညီ ဖြစ်ရင်
ရှုက်ရ်(ကျေးဇူးတင်သမှု)လုပ်လိုက်။ မိမိဆန္ဒနဲ့ မကိုက်ရင်
ဆွဗရ်လုပ်(သည်းခံ) လိုက်။
ဆွဟာဗဟ်ကြီးများက "မိမိ မှန်ကန်တဲ့အလုပ် လုပ်နေလား?
မလုပ်နေဘူးလား?" ဆိုတာပဲ ကြည့်လေ့ရှိတယ်။ ကျန်တဲ့
ကိစ္စတွေအားလုံးက မိမိတို့ရဲ့ ဆန္ဒနဲ့ ကိုက်ညီဖို့ ဖြစ်မှ
မဖြစ်နိုင်တာ။
ကိစ္စအားလုံးက မိမိဆန္ဒနဲ့ ကိုက်ညီရမယ်လို့ ယူဆခြင်းက
အဗ်ဒီယသ်(အရှင့်ကျွန်ပီသခြင်း)နဲ့ ဆန့်ကျင်ပါတယ်။
မိမိကိုယ်တိုင် အရှင့်ကျေးကျွန် ဖြစ်သွားတာက အဗ်ဒီယသ်
(ကျေးကျွန်ပီသခြင်း)ဖြစ်တယ်။ သို့သော် တခြားသူတွေကို
မိမိရဲ့ ကျေးကျွန်ဗန္ဒဟ်တွေ လုပ်ဖို့ မကြိုးစားပါနဲ့။ ဗန္ဒဟ်ဖြစ်
ခြင်းရဲ့ သဘောက ဂိုနာဟ်ဒုစရိုက်တွေကနေ ရှောင်ကျဉ်
ကြရမယ်။ ခင်ဗျားတို့ တတ်နိုင်သလောက် အလ္လာဟ်အရှင်နဲ့
အရှင့်ဗန္ဒဟ်တွေရဲ့ ဝတ္တရားတွေကို ကျေပွန်အောင်း
ထမ်းဆောင်ရမယ်။ အကယ်၍ မှားယွင်းချွတ်ချော်မှုတွေ
ဖြစ်သွားခဲ့ရင် မိုအာဖီ(ခွင့်လွှတ်မှု) တောင်းခံရမယ်။

💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
အားလုံးရဲ့ နောက်ဆုံးမှာ ဘယ်အဆင့်ကို ရယူရတာလဲ?
💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
ဆူဖီသူတော်စင်များက "ရယူဖို့လိုအပ်တဲ့ အဆင့်တွေ
ထဲမှာ နောက်ဆုံးအဆုံးသတ်အဆင့်က မကာမိရေဇွာ
(အရှင့်ဘက်က လာသမျှကို ကျေနပ်ခြင်းရဲ့ အဆင့်)
ဖြစ်တယ်။
ဆွဟာဗဟ်ကြီးတွေက အခြေအနေတိုင်းမှာ အရှင့်ကို
ကျေနပ်ကြတဲ့အတွက် ဒီအဆင့်ကို ရသွားကြတယ်။
ဆွဟာဗဟ်များက အရှင်မြတ်ကို အခြေအနေတိုင်းမှာ
ကျေနပ်ကြတဲ့အတွက် အလ္လာဟ်အရှင်မြတ်ကလည်း
၎င်းတို့ကို အခြေအနေတိုင်းမှာ ကျေနပ်တော်မူသွားတယ်။
သူတို့ရဲ့ နည်းတဲ့ အေဗာဒသ်ပေါ်မှာလည်း ကျေနပ်တော်
မူတယ်။ များတဲ့အေဗာဒသ်ကိုလည်း ကျေနပ်တော်မူတယ်။
သူတို့ ကျန်းမာချိန်မှာလည်း ကျေနပ်တော်မူသလို သူတို့
မကျန်းမာချိန်မှာလည်း အရှင်က ကျေနပ်နေတော်မူတယ်။
"သူတို့က ချည့်နဲ့တဲ့ ဗန္ဒဟ်တွေပဲ။ သူတို့ပြုလုပ်နေသမျှက
ငါအရှင်ကျေနပ်ဖို့ ဖြစ်တယ်" လို့ အရှင်မြတ် သိနေတော်
မူတယ်။ ဒါကိုပဲ အဗ်ဒီယသ်ရဲ့ အဆင့်လို့ခေါ်တာပါ။
ဒွန္နယာမှာ အကယ်၍ သခင်တစ်ယောက်က ကျွန်ကို
အခု မင်း ငါ့ထိုင်တဲ့ ခုံပေါ်မှာ ထိုင်လိုက်လို့ ပြောရင်
ထိုင်ရမှာပဲ။ ငါ့ ဝတ်ရုံကိုဝတ်ပြီး ဈေးထဲကိုသွား လို့ ပြောရင်
သွားရမှာပဲ။ ငါ့ခြေတော်ရင်းမှာ ထိုင်နေလို့ ပြောရင်လည်း
ထိုင်ရမှာပဲ။ ဟိုအလုပ်အတွက်လည်း မရှက်ရဘူး။
ဒီအလုပ်အတွက်လည်း မရှက်ရဘူး။ အဲဒီကျွန်ရဲ့ အလုပ်က
အခြေအနေတိုင်းမှာ မိမိသခင်ကို ကျေနပ်နေစေဖို့ပဲ
ဖြစ်တယ်။
အလ္လာဟ်အရှင်မြတ်ရဲ့ အထူးဗန္ဒဟ်တွေဆိုတာက မိမိရဲ့
သဘောဆန္ဒတွေကို ရှေ့တန်းမတင်ဘူး။ အလ္လာဟ်အရှင်
မြတ်ရဲ့ အမိန့်တော်တွေအတိုင်း အမလ်လုပ်ဖို့ ကြိုးစား
ကြတယ်။ အဲဒါကြောင့် သူတို့က "အဗ်ဒ်" ဖြစ်ကြတာ။

💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
စစ်မှန်တဲ့ အဆင့်က အဗ်ဒီယသ်ရဲ့ အဆင့် ဖြစ်တယ်။
💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
ကျမ်းတော်မြတ်ကုရ်အာန်မှာ ဘယ်နေရာမှာပဲ ကိုယ်တော်
မြတ်(စွ)ရဲ့ ချီးမွမ်းခန်းဖွင့်ဖွင့် ပထမဦးဆုံး ၎င်းနဗီဟာ
အဗ်ဒ်ဖြစ်တယ်လို့ ချီးမွမ်းတာကို ခင်ဗျားတို့ တွေ့ကြပါ
တယ်။ ကျွန်တော်တို့ ခင်ဗျားတို့ ဖတ်တဲ့ ကလိမဟ်
{اشهد ان محمدا عبده ورسوله}
မှာဆိုရင် ရစူလ်စကားလုံးကိုတောင် နောက်မှ ယူလာတယ်။
အရင်ဆုံး (မိုဟမ္မဒ်(စွ)သည် ထိုအရှင်၏ ဗန္ဒဟ်ဖြစ်တယ်)
ဆိုပြီး အဗ်ဒ် ဖြစ်ခြင်းကို အရင် ဖော်ပြတယ်။

စူရသုလ် အိစ်ရားအ် မှာ
{سبحان الذي اسرى بعبده}(الإسراء. 1)
(အကြင်အရှင်သည် သန့်ရှင်းစင်ကြယ်တော်မူ၏။ ထိုအရှင်
သည် မိမိ၏ ကျေးကျွန်(ကိုယ်တော်မြတ်(စွ))ကို ခေါ်ဆောင်
တော်မူလေသည်) လို့ လာရှိတယ်။
အဲဒီတော့ စစ်မှန်တဲ့ အဆင့်က အဗ်ဒီယသ်ရဲ့ အဆင့်
ဖြစ်တယ်။သဘောက လူသားဟာ အလ္လာဟ်အရှင့်ရဲ့ ဗန္ဒဟ်
ဖြစ်ရမယ်။ လူသားက အလ္လာ့ဟ်ဗန္ဒဟ် ပီသသွားရင်
သူ့ရဲ့ စားခြင်းလည်း အိဗာဒသ်၊ လမ်းလျှောက်ခြင်းလည်း
အိဗာဒသ်၊ ရိုဇီ ရှာဖွေခြင်းလည်း အိဗာဒသ်၊ နမားဇ်လည်း
အိဗာဒသ် အချုပ် ပြောရရင် အဲဒီ ဗန္ဒဟ်ရဲ့ အရာတိုင်း
လုပ်ရပ်တိုင်းက အိဗာဒသ် ဖြစ်သွားတော့တယ်။

🕋ဤနေရာတွင် ပထမအရည်အချင်း ပြီး၏။🕋

(မော်လာနာ မုဖ်သီ မဟ်မူးဒ်အရှ်ရဖ် အုစ်မာနီ(DB)
ဟောကြားတော်မူသည်)

ကျွန်ုပ်​အမှား​တွေကို ပြင်​​ပေးမဲ့လူ တ​ယောက်​ ​လျှော့သွားမှာမျိုး အဖြစ်​မခံနိုင်​ဘူး || စည်​ သူ ​အောင်

ကျွန်ုပ်​အမှား​တွေကို ပြင်​​ပေးမဲ့လူ တ​ယောက်​ ​လျှော့သွားမှာမျိုး အဖြစ်​မခံနိုင်​ဘူး

💧💧💧💧💧💧💧💧💧💧💧💧💧💧💧
မဂိုမင်းဆက်​မှာ အာလမ်​ဂီးရ်​ ဆိုတဲ့ တရားမျှတပြီး ထင်​ရှား​ကျော်​ကြားတဲ့ ဘုရင်​ကြီး တပါးရှိတယ်​။အာလမ်​ဂီးရ်​ဘုရင်​ဟာ မိမိကိုယ်တိုင်လည်း​​​အစ်​လ်​မ်​ပညာ ပြည့်​ဝသလို ဘာသာ​ရေး​လေးစားကိုင်းရှိုင်းသူ အာလင်​မ်​ပညာရှင်​များ သူ​တော်​စင်​များကို ချစ်​ခင်​​လေးစားသူ လည်း ဖြစ်​တယ်​။
တရက်​ ဘုရင်​ဟာ မိမိလက်​နဲ့ စာတခု ​ရေး​နေတယ်​။
အနီးမှာ ရှိတဲ့ တ​ယောက်​က ​ပြောတယ်
:ဘုရင်​ကြီး ခင်​ဗျား!
ဒီစာလုံး သတ်​ပုံမှား​နေပါတယ်​။
တကယ်​ဆိုရင်​ အာလမ်​ဂီးရ်​ ဘုရင်​ ​ရေးတာက အမှန်​ ဖြစ်​တယ်​။ထောက်ပြတဲ့ လူက မှား​နေတာ
ဒါ​ပေမဲ့ ဘုရင်​ဟာ ချက်​ချင်းပဲ သူ​ပြောသလို ပြင်​လိုက်​တယ်
သူထွက်​သွား​တော့ အဲဒီစာရွက်​ကို ဖယ်​လိုက်​ပြီး ​နောက်​တရွက်​နဲ့ ​ရေးလက်​စ စာ ကို ပြန်​ပြီး ​ရေးလိုက်​တယ်​။
အပါး​တော်​မြဲ တ​ယောက်​က ​လျှောက်​တယ်
:ဘုရင်​ကြီး ခင်​ဗျား
ခုန ဘာလို့ သူ​ပြောသလို အမှား လိုက်​​ရေးလိုက်​တာလဲ
သူ့ကို ရှင်းပြလိုက်​ပါလား
အာလမ်​ဂီးရ်​ ဘုရင်​(ရ​ဟေ့)က ​ပြောပြတယ်
:ကျွန်ုပ်​ အဲဒီလို လုပ်​လိုက်​ရင်​ သူ ကျွန်ုပ်​ကို ​နောက်​တ​ခေါက်​ အမှား ​ထောက်​ပြရဲ​တော့မှာ မဟုတ်​ဘူး။
ဒီတကြိမ်​ ကျွန်ုပ်​ မှန်​​နေ​ပေမဲ့ ​နောင်​ တကယ်​မှားတဲ့အခါ သူ မြင်​ရင်​လည်း ပြင်​​ပေး​တော့မှာ မဟုတ်​ဘူး။
အဓိက အ​ရေးကြီးတာက ကျွန်ုပ်​အမှား​တွေကို ​ထောက်​ပြ ပြု​ပြင်​​ပေးမဲ့လူ တ​ယောက်​ ​လျှော့သွားမှာမျိုး ကျွန်ုပ်​ အဖြစ်​မခံနိုင်​ဘူး တဲ့
ကျေရာ​ဂေ အစ်​ဆွ်​လားဟ်​ ကျမ်း
စာ ၃၄၃
မိတ်​​ဆွေ!
အသင့်​အမှား​တွေကို ​ထောက်​ပြတတ်​တဲ့ မိဘ၊ဆရာ၊အာလင်​မ်​ပညာရှင်​၊လူကြီးသူမ စတဲ့ ပုဂ္ဂိုလ်​​တွေဟာ အသင့်​ဘဝအတွက်​ တန်​ဖိုးမဖြတ်​နိုင်​တဲ့ လူ​တွေ ဖြစ်​တယ်​။
သူတို့ အမြဲတ​စေ ပြင်​​ပေး​နေတဲ့အတွက်
စိတ်​မညစ်​နဲ့
စိတ်​မပျက်​နဲ့
မာနမတက်​နဲ့
ဒေါသမထွက်​နဲ့
တချိန်​ ကိုယ်​မှား​နေရင်​လည်း အမှားပြင်​မ​ပေးပဲ ​နောက်​ကွယ်​မှာ လက်​တို့ပြီး ဝိုင်းဟား​နေကြမဲ့ လူ​တွေ၊​ချောက်​တွန်းမဲ့လူ​တွေ ချည်းပဲ ရှိတဲ့အခါကျမှ အသင့်​ကို အမြဲ သတိထားပြီး အမှား​ထောက်​ပြ​ပေးသူများရဲ့ တန်​ဖိုးကို သိလာလိမ့်​မယ်​။
စည်​ သူ ​အောင်

အစွန်း​ရောက်​ ဘာသာ​ရေးသမားလည်း မလုပ်​နဲ့ အစွန်း​ရောက်​ ​လောကီ​ရေးသမားလည်း မလုပ်​နဲ့ အလယ်​အလတ်​ လမ်းစဉ်​​ပေါ် ​လျှောက်​လှမ်းပါ

အစွန်း​ရောက်​ ဘာသာ​ရေးသမားလည်း မလုပ်​နဲ့

အစွန်း​ရောက်​ ​လောကီ​ရေးသမားလည်း မလုပ်​နဲ့

အလယ်​အလတ်​ လမ်းစဉ်​​ပေါ် ​လျှောက်​လှမ်းပါ

############################
ကိုယ့်​နိုင်​ငံက ဆရာဝန်​​တွေကို သွားပြီး
ဆရာတို့!
သူများနိုင်​ငံ​တွေက အာကာသထဲ ပျံ​နေကြပြီ ခင်​ဗျားတို့ ဘာလို့ လကမ္ဘာ​ပေါ် သွာနိုင်​​အောင်​ မကြိုးစားတာလဲ လို့ ​ပြောလို့ရမလား??
အဲဒီစကားက နိုင်​ငံထဲက သိပ္ပံပညာရှင်​ ​တွေကို ​ပြောရမှာ​လေ
ဆရာဝန်​​တွေပါ အဲဒါ လိုက်​လုပ်​ရင်​ လူ​တွေကို ဘယ်​သူ ​ဆေးကု​ပေးမလဲ
ကျောင်းဆရာ ဆရာမ​တွေကို ခင်​ဗျားတို့ ဘာလုပ်​​နေတာလဲ သူများနိုင်​ငံ​တွေ အဏုမြူ ဗုံး ပိုင်​ဆိုင်​​နေပြီ လို့ သွားပြီး ​ပြောလို့ရမလား
ဒီစကားက စစ်​တပ်​က တာဝန်​ရှိသူ​တွေကို ​ပြောရမှာ​လေ
သူတို့လည်း ဒါ​တွေ လိုက်​လုပ်​​နေရင်​ က​လေး​တွေ ဘယ်​သူ စာသင်​မလဲ
ဒီလိုပဲ
မွတ်​စ်​လင်​မ်​​တွေရဲ့ အ​ရေး​တွေ ကဏ္ဏအသီးသီးမှာ ရှိတယ်
ဘာသာ​ရေး
စီးပွား​ရေး
ပညာ​ရေး
ကျန်းမာ​ရေး
နိုင်​ငံ​ရေး
၁။ ။ဘာသာ​ရေး
မွတ်​စ်​လင်​မ်​တ​ယောက်​အတွက်​ အဓိက အ​ရေး​ကြီးဆုံးက ဘာသာ​ရေးပဲ
ဘာသာ​ရေး မရှိရင်​ မွတ်​စ်​လင်​မ်​ဆိုတာလည်း မရှိဘူး
မွတ်​စ်​လင်​မ်​ မရှိရင်​ မွတ်​စ်​လင်​မ့်​အ​ရေး ဆိုတာလည်း မရှိဘူး
အုတ်​​ရော​ရော ​ကျောက်​​ရော​ရော ​နေလိုက်​ရုံပဲ
ကျန်​တဲ့ ကဏ္ဏ​တွေ ထည့်​ပြီး စဉ်းစားစရာကို မလို​တော့ဘူး။
قوم مذھب سے ہے مذھب جو نہیں تم بھی نہیں
ربط باہم جو نہیں محفل انجم بھی نہیں
ကျ​နော်​တို့ community ဟာ galaxy ကြယ်​စင်​စု ဆိုရင်
အစ္စလာမ်​ဟာ အဲဒီကြယ်​စဉ်​စု ရဲ့ အချင်းချင်း ဆွဲငင်​အားပဲ
ဆွဲငင်​အားမရှိရင်​ ကြယ်​​တွေ ကစဉ့်​ကလျှား ဖြစ်​သွားမှာ ဖြစ်​သလိုပဲ အစ္စလာမ်​ မရှိရင်​ ကျ​နော်​တို့ မွတ်​စ်​လင်​​တွေ အစိတ်​စိတ်​အမွှာမွှာ ဖြစ်​ပြီး နှစ်​ဘဝနှစ်​ဌာန ပျက်​စီးရလိမ့်​မယ်​။
မွတ်​စ်​လင်​မ်​တို့ရဲ့ ဘာသာ​ရေးကဏ္ဏကို အာလင်​မ်​ပညာရှင်​​တွေက ဦ ​ဆောင်​မှု ​ပေးတယ်​။
မွတ်​စ်​လင်​မ်​တို့ရဲ့ ဘာသာ​ရေး တိုးတက်​မှု ကျဆင်းမှုမှာ သူတို့ဟာ အဓိက တာဝန်​ရှိသူ​တွေ ဖြစ်​တယ်​။
နောက်​တဖက်​မှာ
ကျ​နော်​တို့ဟာ ဆရာဝန်​ပဲ ဖြစ်​ဖြစ်​ စစ်​သားပဲ ဖြစ်​ဖြစ်​ ကုန်​သည်​ပဲ ဖြစ်​ဖြစ်​ အလုပ်​သမားပဲ ဖြစ်​ဖြစ်​ ဘာသာ​ရေးနဲ့ ပါတ်​သတ်​လာရင်​ အာလင်​မ်​ပညာရှင်​​တွေရဲ့ လမ်းညွှန်​မှု ယူရမယ်​။
၂။ ။စီးပွား​ရေး
စီးပွား​ရေးဟာ လွန်​စွာ အ​ရေးကြီးပြီး
ပညာ​ရေး လူမှု​ရေး ကျန်းမာ​ရေး စတာ​တွေက စီးပွား​ရေးအ​ပေါ် အ​ခြေတည်​ပါတယ်​။
တမန်​​တော်မြတ်​ ဆွ ဟာလည်း စီးပွား​ရေးမှာ ဗရ်​ကသ်​တိုးပွားမှု ဖြစ်​ဖို့ ဒိုအာလုပ်​​တော်​မူ​လေ့ရှိတယ်​။
စီးပွား​ရေးကို မွတ်​စ်​လင်​မ်​တို့ရဲ့ အာဏာပိုင်​များ၊ဓနရှင်​များ၊ကုန်​သည်​မျာါးစီးပွား​ရေး ပညာရှင်​များဟာ ဦ ​ဆောင်​မှု ​ပေးတယ်
ဒါ​ပေမဲ့
ကျ​နော်​တို့ဟာ မွတ်​စ်​လင်​မ်​​တွေ ဖြစ်​တဲ့အတွက်​ အစ္စလာမ့်​စည်းမျဉ်းစည်းကမ်း​တွေကို​တော့ လိုက်​နာရမယ်​။စီးပွား​ရေး ပုံစံ​တွေထဲမှာ ပိုင်​တာက ၉၅% မပိုင်​တာက ၅% ပဲ ရှိတယ်​။မပိုင်​တဲ့ ၅%ကလည်း လူ့အသိုင်းအဝိုင်းအတွက်​ ​ဘေးထွက်​ဆိုးကျိုး ရှိလို့ ပိတ်​ပင်​ထားခြင်း ဖြစ်​တယ်​။
ကျန်​တဲ့ ၉၅%အတွင်းထဲက​နေ စီးပွား​ရေးတိုးတက်​​အောင်​ လုပ်​ဖို့က အထက်​​ဖော်​ပြပါ ပုဂ္ဂိုလ်​​တွေရဲ့ တာဝန်​ပဲ ဖြစ်​တယ်​။
မွတ်​စ်​လင်​မ်​တို့ရဲ့ စီးပွား​ရေး တိုးတက်​ခြင်း ကျဆင်းခြင်းအတွက်​ သူတို့က အဓိက တာဝန်​ရှိသူ​တွေ ဖြစ်​ကြတယ်​။
မွတ်​စ်​လင်​မ်​များကလည်း ​မော်​လဝီဆပ်​ပဲ ဖြစ်​ဖြစ်​ ဆရာဝန်​ပဲ ဖြစ်​ဖြစ်​ ​ကျောင်းဆရာပဲ ဖြစ်​ဖြစ်​ စီးပွား​ရေးကိစ္စ​တွေမှာ သူတို့ထံက​နေ အကြံဉာဏ်​​တွေ လမ်းညွှန်​မှု​တွေ ယူကြရပါမယ်​။
၃။ ။ပညာ​ရေး
ပညာ​ရေးဟာ လူသားမျိုးနွယ်​ရဲ့ အသက်​​သွေး​ကြော ဖြစ်​တယ်​။
ပညာ​ရေးမှာ နှစ်​ပိုင်း ရှိတယ်​။
သာသနာ့ပညာ နဲ့ ​လောကီပညာ
မွတ်​စ်​လင်​မ်​တို့အတွက်​ ပညာ၂ခုလုံးဟာ အ​ရေးပါလှတယ်
ပညာ နှစ်​ခုလုံးကို သင်​ယူဆည်းပူဖို့ တမန်​​တော်​မြတ်​ကြီး ဆွ က ညွှန်​ကြား​တော်​မူခဲ့တယ်​။
ကျ​နော်​တို့အတွက်
သာသနာ့ပညာမှာ အထွဋ်​အထိတ်​ကို ​ရောက်​​အောင်​ ကျွမ်းကျင်​တဲ့ ပညာရှင်​​တွေ လိုအပ်​သလိုပဲ ​လောကီပညာကို ​ခေတ်​​ရှေ့​ပြေး​အောင်​ ပိုင်​နိုင်​ကျွမ်းကျင်​တဲ့ ပညာရှင်​​တွေ လိုအပ်​တယ်​။
နောက်​တဖက်​မှာ မွတ်​စ်​လင်​မ်​တိုင်းဟာ ပညာ​ရေးကဏ္ဏမှာ ​ခြေစုံပစ်​ဝင်​ပြီး ကျွမ်းကျင်​အဆင့်​ မ​ရောက်​နိုင်​​ပေမဲ့
သာသနာ့ပညာမှာ​ရော ​လောကီပညာမှာ​ရော လိုအပ်​သ​လောက်​ တတ်​​မြောက်​ထားဖို့ အင်​မတန်​ အ​ရေးကြီးပါတယ်​။မဟုတ်​ရင်​ သာသနာ​ရေး နစ်​နာမှု​တွေ ​လောကီ​ရေး နစ်​နာမှု​တွေနဲ့ ကြုံရပါလိမ့်​မယ်​။
သာသနာ့ပညာ​ရေးကို မွတ်​စ်​လင်​မ်​တို့ရဲ့ သာသနာ့ပညာရှင်​များက ဦ ​ဆောင်​ရမှာ ဖြစ်​ပြီး ​လောကီပညာ​ရေးကို ​လောကီပညာရှင်​များက တာဝန်​ယူကြရပါတယ်​။
သာသနာ့ပညာလိုက်​စားသူများကလည်း ​လောကီပညာကို လိုအပ်​သ​လောက်​ တတ်​​မြောက်​ထားရမှာ ဖြစ်​ပြီး ​လောကီပညာလိုက်​စားသူများလည်း သာသနာ့ပညာကို လိုအပ်​သ​လောက်​ ဆည်းပူထားရပါမယ်​။
သာသနာ့ပညာ တိုးတက်​မှု ကျဆင်းမှုအ​ပေါ် သာသနာ့ပညာရှင်​များက တာဝန်​ခံရမှာ ဖြစ်​ပြီး ​လောကီပညာ အ​ပေါ် ​လောကီပညာရှင်​များက တာဝန်​ခံရပါတယ်​။
မွတ်​စ်​လင်​မ်​များကလည်း ကဏ္ဏအသီးသီးရဲ့ ပညာရှင်​များကို ​လေးစားတန်​ဖိုးထားကြရပါမယ်​။
၎။ ။ကျန်းမာ​ရေး
လူသားတ​ယောက်​အတွက်​ ကျန်းမာ​ရေးဆိုတာ မရှိမဖြစ်​ အရာတခုပါ။
ကျန်းမာ​ရေးကို ​ဆေးပညာ ကျွမ်းကျင်​ပညာရှင်​များက ဦ ​ဆောင်​မှု ​ပေးပြီး တာဝန်​ခံရပါတယ်​။ခေတ်​မှီ​ဆေးပညာ​တွေ သင်​ယူတာ ပို့ချတာ လက်​​တွေ့အသုံးချတာ​တွေကို ဦ ​ဆောင်​မှု ​ပေးရပါတယ်​။
မွတ်​စ်​လင်​မ်​တို့အတွက်
တဖက်​မှာ အာလင်​မ်​ပညာရှင်​​တွေ ကုန်​သည်​​တွေ ​ကျောင်းဆရာ​တွေ လိုသလို ​နောက်​တဖက်​မှာ ဆရာဝန်​​တွေ သမား​တော်​​တွေလည်း လိုအပ်​ပါတယ်​။
မွတ်​စ်​လင်​မ်​များကလည်း အာလင်​မ်​ပဲ ဖြစ်​ဖြစ်​ ကုန်​သည်​ပဲ ဖြစ်​ဖြစ်​ လက်​လုပ်​လက်​စားပဲ ဖြစ်​ဖြစ်​ ကျန်းမာ​ရေးကဏ္ဏမှာ ဆရာဝန်​များ သမား​တော်​များရဲ့ လမ်းညွှန်​မှုကို ယူကြရပါမယ်​။
၎။ ။နိုင်​ငံ​ရေး
လူသားတို့ရဲ့ ကမ္ဘာမှာ နိုင်​ငံ​ရေး ဆိုတာ ​ရှောင်​လွှဲလို့ရတဲ့ ကိစ္စ မဟုတ်​ဘူး။
နိုင်​ငံ​ရေးက လူ့ဘဝရဲ့ ကဏ္ဏအသီးသီးမှာ သက်​​ရောက်​မှု​ ကြီးမားလှပြီး ကျန်​ကဏ္ဏများအတွက်​လည်း ​ရေ​သောက်​မြစ်​ ဖြစ်​တယ်​။
ဒီကဏ္ဏကို မွတ်​စ်​လင်​မ်​​တွေထဲက နိုင်​ငံ​ရေး ကျွမ်းကျင်​သူများက တာဝန်​ခံ ဦ ​ဆောင်​မှု ​ပေးရပါတယ်​။
နိုင်​ငံ​ရေးနဲ့ ပါတ်​သတ်​လာရင်​ မွတ်​စ်​လင်​မ်​များက သူတို့ရဲ့ လမ်းညွှန်​မှုကို ယူကြရပါမယ်​။
ဒီ​နေရာမှာ သိပ်​ပြီး အ​ရေးကြီးတာက ကဏ္ဏတခုကို လုပ်​ရင်းနဲ့ အခြားကဏ္ဏ​တွေကို ထိခိုက်​​အောင်​ မလုပ်​ရဘူး။
ဘာသာ​ရေး လုပ်​တဲ့လူကလည်း ကျန်းမာ​ရေး လိုက်​စားရမယ်​။
နိုင်​ငံ​ရေး လုပ်​တဲ့လူကလည်း ဘာသာ​ရေး ​လေးစားရမယ်​။
ဘာသာ​ရေးထိခိုက်​စရာ​တွေ မလုပ်​ရဘူး။
စီးပွား​ရေးသမားကလည်း ပညာ​ရေးကို ဥပက္ခာ မပြုရဘူး။
ကျ​နော်​တို့ မွတ်​စ်​လင်​မ်​များအ​နေနဲ့ ကျရာကဏ္ဏမှာ ​နေပြီး တိုးတက်​​အောင်​မြင်​​ရေးအတွက်​ စွမ်းစွမ်းတမံ ကြိုးစားရပါမယ်​။
ဘာသာ​ရေး ထိခိုက်​လာရင်​ အာလင်​မ်​ပညာရှင်​များက တည့်​မတ်​​ပေးမယ်
စီးပွား​ရေးကို စီးပွား​ရေးပညာရှင်​များ ကုန်​သည်​များက ထိန်း​ကျောင်း​ပေးမယ်​။
သာသနာ့ပညာ​ရေးကို သာသနာ့ ဆရာ ​တွေက
လောကီပညာ​ရေးကို ​လောကီဆရာဆရာမ​တွေက တိုးတက်​​အောင်​ လုပ်​ကြမယ်​။
ကျန်းမာ​ရေး ထိခိုက်​မှု​တွေကို ဆရာဝန်​​တွေ သမား​တော်​​တွေက ကာကွယ်​​ပေးကြမယ်​။
နိုင်​ငံ​ရေးသမား​တွေက နိုင်​ငံ​ရေးအကျိုးစီးပွားအတွက်​ ကြိုးပမ်းကြမယ်​။
အဲဒီအခါမှာ ကျ​နော်​တို့ ​လောကီ ​လောကုတ္တရာ ​အောင်​မြင်​ကြပါမယ်​။
ကျ​နော့်​ အသိုင်းအဝိုင်းမှာ အစွန်း​ရောက်​တာ​တွေ ဟိုဖက်​အစွန်း​ရော ဒီဖက်​အစွန်း​ရော ရှိတယ်​။
တချို့က စီးပွား​ရေး နိုင်​ငံ​ရေး ​လောကီ​ရေး တိုးတက်​ရင်​ ပြီး​ရော ဘာသာ​ရေးမလိုဘူး။ ဘာသာ​ရေးစည်းမျဉ်း​တွေက ငါတို့ရဲ့ တိုးတက်​​ရေးအတွက်​ အဟန့်​အတား ဖြစ်​တယ်​။သာသနာကို မိမိတို့ ထင်​သလို သ​ဘော​ပေါက်​သလို ဖွင့်​ဆိုပြီး ဘာသာ​ရေးသမား​တွေ ​မော်​လဝီဆပ်​​တွေဟာ ငါတို့ community အတွက်​ အဆိတ်​အ​တောက်​​တွေပဲ သူတို့​ကြောင့်​ ငါတို့ နိမ့်​ပါး​နေကြတယ်​ လို့ ခံယူထားကြတယ်​။
ဒါဟာ တဖက်​စွန်း​ရောက်​တာ ဖြစ်​တယ်​။လွဲမှားတဲ့ အယူအဆ ဖြစ်​ပါတယ်​။
နောက်​တဖက်​မှာ တချို့ ဘာသာ​ရေးသမား​တွေက ​လောကီ​ရေး မလိုဘူး။ ​လောကီပညာ ဆိုတာ အပိုပဲ။ ​ဘာသာ​ရေးမှ ဘာသာ​ရေးပဲ ဆိုပြီး ခံယူထားကြတယ်​။လောကီအ​ရေး​တွေမှာ အချိန်​ ​ပေး​နေသူ​တွေကို အထင်​​သေးပြီး မိမိတို့ကိုယ်​ကို အထင်​ကြီးကြတယ်​။သာသနာကို ရှိတာထက်​ပိုပြီး ခက်​ခဲ​အောင်​ လုပ်​ကြတယ်​။
ဒါကလည်း ​နောက်​တဖက်​အစွန်းကို ​ရောက်​ခြင်း ဖြစ်​တယ်​။လွဲမှားတဲ့ အယူအဆ ဖြစ်​တယ်​။
ကျ​နော်​တို့ဟာ
ဘာသာ​ရေး​ရော ​လောကီ​ရေးပါ အ​လေးထားရမယ်
ဒါ​ပေမဲ့
ဘာသာ​ရေးကို ဦ စား​ပေးရမယ်​။
ဘာသာ​ရေးနဲ့ အညီ ကျန်​​လောကီ​ရေးများကို သူများထက်​သာ​အောင်​ ကြိုးစားရမယ်​။
သူများကို လက်​ညှိုးမထိုးပဲ မိမိကျရာ ​နေရာက​နေ ကိုယ်​စွမ်းဉာဏ်​စွမ်း ရှိသ၍ ကြိုးပမ်းရမယ်​။
ဒါဟာ အစွန်းနှစ်​ဖက်​လွတ်​တဲ့ အလယ်​အလတ်​ လမ်းစဉ်​ ​ဆွေရာ​သွေ မွတ်​စ်​သကီးမ်​ ဖြစ်​ပါတယ်​။
အလ္လာအသျှင်မြတ် ကျွန်ုပ်​တို့အားလုံးကို နားလည်​​သ​ဘော​ပေါက်​ပြီး ကျင့်​သုံးနိုင်​စွမ်း ချီးမြှင့်​​တော်​မူပါ​စေ
မိမိအလုပ်​ မိမိမလုပ်​ပဲ တပါးသူကို လက်​ညှိုးထိုး​နေသည့်​ဘဝမှ ကာကွယ်​​တော်​မူပါ​စေ
အာမီးန်
၁၂.၆.၂၀၁၉
စည်​ သူ ​အောင်

အချစ်​စစ်​ရဲ့ နမူနာတခု

အချစ်​စစ်​ရဲ့ နမူနာတခု

💚 💚 💚 💚 💚 💚

လွန်​ခဲ့တဲ့ နှစ်​​ပေါင်း ၁၄၀၀အရင်​တုန်းက.....

မွတ်​စ်​လင်​မ်​​တွေဟာ မြတ်​ရစူလ်​(ဆွ)နဲ့အတူ ရန်​သူ​တွေရဲ့ ရန်​က​နေ ကာကွယ်​ဖို့ ကျုံးတူး​နေကြတယ်
ဂဇ်​ဝါခန်​ဒ်​ပ်​က်​အတွက်​ အပူတပြင်း ပြင်​ဆင်​​နေကြတယ်

မွတ်​စ်​လင်မ်​ အ​တော်​များများရဲ့ အိမ်​မှာ တနပ်​စာ အစားအ​သောက်​​တောင်​မှ မရှိဘူး။

ဗိုက်​ဆာလွန်းအားကြီးလို့ ​ခြေကုန်​လက်​ပန်းကျသွားတဲ့အခါ ဗိုက်​မှာ ​ကျောက်​ခဲ​တွေ ချည်​​နှောင်​ပြီး မ​လျှော့​သောဇွဲသတ္တိနဲ့ အလုပ်​ ဆက်​လုပ်​​နေခဲ့ကြတယ်

ကိုယ်​​တော်​မြတ်​(ဆွ)ဟာလည်း ဆွဟာဗာများနဲ့အတူ စိတ်​အားထက်​သန်​စွာ ကျုံးတူး​နေ​တော်​မူခဲ့တယ်
မြေကြီး​တွေ သယ်​​နေခဲ့တယ်​။

ဟဇရသ်​အဗူသွလ်​ဟာသခင်​(ရ​သွေ့)က အမိန့်​ရှိတယ်
ကျွန်ုပ်​တို့ဟာ ​နောက်​ဆုံးမှာ မြတ်​ရစူလ်​(ဆွ)ထံ အခစားဝင်​ပြီး အလွန်​အမင်း ဗိုက်​ဆာ​နေကြတဲ့အတွက်​ ဗိုက်​မှာ ​ကျောက်​ခဲတလုံးစီ ချည်​ထားရ​ကြောင်း ပြသကြ​တော့ ကိုယ်​​တော်​မြတ်​(ဆွ)က မိမိရဲ့ ဝမ်းဗိုက်​​တော်​မှာ အဝတ်​ကို ဖယ်​ရှားပြ​တော်​မူတယ်
ကြည့်​လိုက်​​တော့ ကိုယ်​​တော်​မြတ်​(ဆွ)ရဲ့ ဗိုက်​​တော်​မှာ ​ကျောက်​ခဲ နှစ်​လုံး ချည်​ထားတာကို ကျွန်ုပ်​တို့ ​တွေ့ခဲ့ရတယ်​။

မိရှ်​ကားသ်​ကျမ်း တွဲ၂ စာ ၄၄၈

ကိုယ်​​တော်​မြတ်​(ဆွ)နဲ့ ဆွဟာဗာသာဝကများဟာ စားစရာလည်း မရှိ၊လူအင်​အားလည်း နည်း၊ရန်​သူ​တွေ ပတ်​လည်​ ဝိုင်း​နေ၊မြို့ထဲမှာလည်း အတွင်းရန်​သူ​တွေ ရှိ​နေ၊ရာသီဥတုကလည်း အရမ်း ​အေးခဲ​နေ

ဒီလိုအ​ခြေအ​နေမှာလည်း နည်းနည်း​လေးမှ မတွန့်​ဆုတ်​ခဲ့ပဲ
တလကြာ​အောင်​ ကြံ့ကြံ့ခံပြီး ဂဇ်ဝါခန်​ဒပ်​က်​ကို ​အောင်​မြင်​​အောင်​ ဆင်​နွဲနိုင်​ခဲ့တယ်

ဒါ ဘယ်​အင်​အား​တွေနဲ့လဲ???

အ​ဖြေက​တော့
အချစ်​ရဲ့ အင်​အား​တွေနဲ့ပဲ ဖြစ်​တယ်

ဒီ​နေ့ ကျွန်ုပ်​တို့ဟာ စား​ကောင်း​သောက်​ဖွယ်​​တွေကို ​နေ့စဉ်​ စိတ်​ကြိုက်​စား​သောက်​​နေကြတယ်
ဘေးကင်းလုံခြုံစွာ ​အေး​အေးချမ်းချမ်းနဲ့ ​လောကီစည်းစိမ်​​တွေကို ကိုယ်​စီ ရယူခံစား​နေကြတယ်

ဒါ​ပေမဲ့ ကျ​နော်​တို့ရဲ့ နှလုံးသားထဲမှာ အလ္လာအသျှင်​မြတ်​ရဲ့ အချစ်​၊မြတ်​နဗီ(ဆွ)ရဲ့ အချစ်​၊သာသနာရဲ့အချစ်​ အားနည်း​နေတယ်​။
အလ္လာအသျှင်​မြတ်​ရဲ့ ​ကျေးဇူး​တော်​​တွေ ကို ​မေ့​နေသလို
မြတ်​ရစူလ်​(ဆွ) နဲ့ ဆွဟာဗာသာဝကများ အရာရာ​ပေးဆပ်​ပြီး ကျ​နော်​တို့ဆီ အ​ရောက်​ပို့ခဲ့တဲ့ အစ္စလာမ်​သာသနာ​တော်​အ​ပေါ် ​လေးစားလိုက်​နာခြင်းလည်း အပြည့်​အဝ မရှိကြဘူး

အလ္လာအသျှင်​မြတ်​ အချစ်​စစ်​အမှန်​ဖြစ်​တဲ့ မိမိရဲ့ အချစ်​၊တမန်​​တော်​မြတ်​(ဆွ)ရဲ့ အချစ်​၊သာသနာရဲ့ အချစ်​ကို ကျွန်ုပ်​တို့နှလုံးသားထဲမှာ အပြည့်​အဝ ချီးမြှင့်​​တော်​မူပါ​စေ
အာမီးန်

၁၃.၆.၂၀၂၀ စ​နေ​နေ့

ကျမ်းမြတ်​ကုရ်​အာန်​ ကို တကယ်​ချစ်​မြတ်​နိုးကြသူများ || Myanmar Bayan

ကျမ်းမြတ်​ကုရ်​အာန်​ ကို တကယ်​ချစ်​မြတ်​နိုးကြသူမျာ

💗🔸💗🔸💗🔸💗🔸💗🔸💗🔸💗🔸💗🔸

အွမ္မသ်​ထဲမှာ ကျမ်းမြတ်​ကုရ်​အာန်​တအုပ်​လုံးကို နမားဇ်​ တရကအသ်​ထဲမှာ ဖတ်​ခဲ့သူ ၄ဦး ရှိ​ကြောင်း ကျမ်းဂန်​များမှာ ​ဖော်​ပြထားတယ်

ဆွဟာဗာများအနက်​မှ ၂ဦး
သာ​ဗေအီများအနက်​မှ ၂ဦး

ဆွဟာဗာ ၂ဦးက​တော့

၁။ ။ဟဇရသ်​အွတ်​စ်​မားန်​(ရ​သွေ့)
...
[မအ်​ရိဖသုဆွ်​ဆွဟာဗာကျမ်း]

၂။ ။ဟဇရသ်​သမီးမ်​ဒါရီ(ရ​သွေ့)
...
[​စေရ​ရို့အအ်​လာမင်န်​​နိုဗလားကျမ်း]


သ​ဗေအီ ၂ဦးက​တော့

၁။ ။အေမာမ်​အဗူဟနီဖာ(ရ​ဟေ့)
..
[​သဟ်​ဇီဗုလ်​ကမားလ်​ ဝအပ်​စ်​မာအုရ်​​ရေဂျားလ်​ကျမ်း]

၂။ ။ဟဇရသ်​စအီးဒ်​ဗင်​န်​ဂျိုဗိုင်းရ်​(ရ​ဟေ့)
..
[သဇ်​​ကေရသုလ်​ဟွဖ်​ဖားဇ်​ကျမ်း]


နောက်​တခါ
အွမ္မသ်​မှာ တ​နေ့ထဲ ကျမ်းမြတ်​ကုရ်​အာန်​ အစအဆုံး ဖတ်​ရွတ်​သရဇ္ဇယ်​ခဲ့သူများလည်း ရှိခဲ့တယ်

၁။ ။အေမာမ်​ဗိုခါရီ(ရ​ဟေ့)
.
[ဟဒ်​ယွစ်​စာရီကျမ်း]

၂။ ။အေမာမ်​ဝကီးအ်​ဗင်​န်​ဂျရားဟ်​ (ရ​ဟေ့)
.
[​ဆွေဖသုစွ်​စွဖ်​ဝါကျမ်း]

🌱🌱🌱
ကျမ်းမြတ်​ကုရ်​အာန်​ ရဲ့ အချစ်​၊ ​လေးစား တန်​ဖိုးထားစိတ်​၊ အရသာ အလ္လာအသျှင်​မြတ်​ ကျွန်ုပ်​တို့အားလုံးကို ချီးမြှင့်​​တော်​မူပါ​စေ
အာမီးန်

ဘဝအ​မော​ပြေ ဟာသ​လေးတခုပါ

ဘဝအ​မော​ပြေ ဟာသ​လေးတခုပါ

😊😊😊😊😊😊😊😊😊😊😊
ကျော်​ကြီးတ​ယောက်​ အလုပ်​ကအပြန်​ လမ်းမှာ ဝိတ်​​လျှော့ဖို့ အရမ်း လိုအပ်​လာတာနဲ့ အများသုံးသန့်​စင်​ခန်းတခု မှာ ဝင်​လိုက်​တယ်​။
အိမ်​သာထဲ ဝင်​ထိုင်​ပြီး မကြာခင်​ပဲ ​ဘေးချင်းကပ်​အိမ်​သာအခန်းထဲက လူက ​မေးတယ်
အ​ခြေအ​နေ ဘယ်​လိုလဲ ညီ​လေး!
ကျော်​ကြီးလည်း လန့်​ပြီး
ကောင်းပါတယ်​ဗျာ
လို့ အမြန်​ ​ဖြေလိုက်​တယ်
အခု ဘာလုပ်​​နေလဲ??
မေးပြန်​​တော့
ကိစ္စဝိစ္စ လုပ်​​နေတယ်​ဗျာ
လို့ ​ဖြေလိုက်​တယ်
တခါ
ခင်​ဗျား ကိစ္စဝိစ္စ ဘယ်​လို​နေလဲ
မေးပြန်​​တော့
ဒီလိုပဲ
နည်းနည်း ​ပေါ့ဗျာ
လို့ ​ဖြေလိုက်​တယ်
တဖက်​က လူက ​ဆောင့်​​အောင့်​ပြီး ​ပြောတယ်
ညီ​လေး​ရေ ငါ ​နောက်​မှပဲ မင်းကို ဖုံးပြန်​ဆက်​​တော့မယ်
ကပ်​လျှက်​ အိမ်​သာထဲမှာ ဘယ်​က င​ကြောင်​တ​ကောင်​မသိဘူး
မင်းကို ငါ ဖုံးထဲမှာ ​မေးသမျှ လိုက်​​ဖြေ​နေတယ်​ကွာ