စူရာဟ်ဖီးလ်ကို အလွတ် ကျက်မှတ်ပြီး
အဓိပ္ပာယ်လေးကို ဖတ်ရွတ်မှတ်သားကြမယ်
အကျယ်ဖွင့်ဆိုချက်အနှစ်ချုပ်
(အို, နဗီတမန်တော်) အသင့်အား
ဖန်ဆင်းမွေးမြူတော်မူသော အသျှင်မြတ်သည်
ဆင်တပ်ရှင်တို့အား မည်ကဲ့သို့ ပြုမူဆက်ဆံတော်မူခဲ့သည်ကို အသင် မသိရှိခဲ့ပါသလော
(ဤသို့ မေးမြန်းရခြင်း၏ ရည်ရွယ်ချက်မှာ
ဤဖြစ်ရပ်၏ ကြီးကျယ်မှု နှင့် ကြောက်မက်ဖွယ်
ကောင်းခြင်းတို့ကို သတိပေးနှိုးဆော်ရန် ဖြစ်သည်။
ရှေ့တွင် ဤဖြစ်ရပ်အကြောင်း လာရှိသည်မှာ
အလ္လာဟ်အသျှင်မြတ်သည်) ၄င်းတို့၏ ကြံစည်မှု (“ကအ်ဗာဟ်”ကျောင်းတော်အား ဖြိုခွင်းမည့် အကြံအစည်) ကို ပျက်ပြားစေတော်မူခဲ့သည်
မဟုတ်ပါသလော။
(ဤသို့ မေးမြန်းရခြင်းမှာ ဖြစ်ရပ်၏ မှန်ကန်မှုကို အတည်ပြုရန် ဖြစ်သည်။) ထိုအသျှင်မြတ်သည်
၄င်းတို့အပေါ်၌ ငှက်များကို အုပ်စုလိုက်အုပ်စုလိုက် စေလွှတ်တော်မူခဲ့သည်။
ထိုငှက်ကလေးများသည် ၄င်း (ဆင်တပ်ရှင်) တို့အား ကျောက်စရစ်ခဲများဖြင့် ပစ်ပေါက်လျက်ရှိခဲ့ကြသည်။
သို့ဖြစ်ပေရာ အလ္လာဟ်အသျှင်မြတ်သည် ၄င်းတို့အား စားထားပြီးသော ကောက်ရိုးဖတ်များကဲ့သို့
ပျက်စီးစေတော်မူခဲ့သည်။
(ဆိုလိုသည်မှာ အလ္လာဟ်အသျှင်မြတ်၏
အမိန့်တော်များကို မလေးမစားပြုသူများအဖို့
ဤကဲ့သို့သော 'အဇားဗ်” အပြစ်ဒဏ်မှ
မကြောက်မရွံ့ သောကမထားဘဲ မနေသင့်ပေ။
ဆင်တပ်ရှင်များအပေါ်၌ ကျရောက်ခဲ့သကဲ့သို့
ဤ “အဇားဗ်” အပြစ်ဒဏ်မျိုးသည် လောက၌လည်း ကျရောက်လာနိုင်သည်။
ထိုသို့မဟုတ်ပါက တမလွန်၏ `အဇာဗ်”
အပြစ်မှာမူ မုချ တွေ့ကြုံရမည်ပင် ဖြစ်သည်။)
မိုဟမ္မဒ်အီဗရာဟီးမ်(ခ)ဇင်မင်းထိုက်
No comments:
Post a Comment