Saturday, February 15, 2020

နာမည် အမှန်များ (သို့) နာမည် အပျက်များအား ပြင်ဆင်ခြင်

နာမည် အမှန်များ (သို့) နာမည် အပျက်များအား ပြင်ဆင်ခြင်း ⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡ မနေ့က ကျွန်တော် ရေးခဲ့တဲ့ နာမည်ပျက်များ နဲ့ ထပ်တိုး နာမည်ပျက်များရဲ့ နာမည် အမှန်များကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ ၁။ ဂျွမ်းဘား = ဂျမားလ် ၂။ ဖားသူမုသု =ဖာသွေမဟ် ၃။ ဂေါ်ဖီ =ကဗီးရ် ၄။ ဂေါ်ဖီရားမွတ် =ကဗီးရ်အဟ်မဒ် ၅။ ရှော်ဖီရားမွတ် =ရှဗီးရ်အဟ်မဒ် ၆။ ဂျဗူးရား = ဆွဖူရဟ် ၇။ ဂျက်လဲ့ =ဇိုလိုက်ခဟ် ၈။ ဆိုက်ကားမှောက် =ရှိုက်ခ်အဟ်မဒ် ၉။ ဒေါ်လာ =အဗ်ဒုလ္လာဟ် ၁၀။ စွပ်ပရားမွတ် =ဆွာဗိရ်အဟ်မဒ် ၁၁။ ကွပ်ရားမွတ် =ကဗီးရ်အဟ်မဒ် ၁၂။ နူရားမွတ် = နူးရ်မုဟမ္မဒ် ၁၃။ အာရှော = အရ်ှရဖ်အလီ ၁၄။ ရှိတ်သားမွတ် =ရှိုက်ခ်အဟ်မဒ် ၁၅။ အီဆတ် =အစ္စဟားက် ၁၆။ မူဆတ် = မူဆာ ၁၇။ အီနွတ် =ယူနွတ်စ် ၁၈။ အီစွတ် =ယူစွတ်ဖ် ၁၉။ အမီနန်းစံ = အမီရ်ဟမ်ဇဟ် ၂၀။ ဇဗေရာ =ဇိုဗိုင်ဒဟ် ၂၁။ ရှင်မင်း =ရှမီးမ် ၂၂။ နံပတ်ဆယ့်တစ် = မုဟမ္မဒ် ဆွိဒ္ဒီးက် ၂၃။ မေဒင် = မိုဟီယွဒ္ဒီးန် ၂၄။ မိုင်းနဒင်း = မိုအီနွဒ္ဒီးန် ၂၅။ အဆင်မသင့် = အဗ်ဒုစ်ဆွမဒ် ၂၆။ ဒွလ္လားဘူး = အဗ်ဒုလ် ဝဟ်ဟားဗ် ၂၇။ ဒူးခလောက် = အဗ်ဒုလ် ခါလိက် ၂၈။ ချဉ်ငံစပ် = စေကန်ဒရ် ၂၉။ ဂွလ်ဘား = ဂုလေ့ ဘဟားရ် ၃၀။ နွရ်ဂျန် = နူးရေ့ ဂျဟားန် ၃၁။ မဆလာ = မာဂျေဒဟ် ၃၂။ မာမွတ် = မဟ်မူးဒ် ၃၃။ ခတီ = ခဒီဂျ ဟ် ၃၄။ တောခွေးလား = သုဖိုင်းလ် အဟ်မဒ် ၃၅။ ဒါမက်ဘီ = ရဟ်မသ်ဘီ ၃၆။ ဒေါင်းမန်း ၊ ဒေါင်းဖမ်း = အဗ်ဒုရ် ရဟ်မားန် ၃၇။ မန်ဒါလီ = မုဟမ္မဒ် အလီ ၃၈။ အလီယားမွတ် = အလီအဟ်မဒ် ၃၉။ နုဇ်ရာမွတ် = နဇီးရ်အဟ်မဒ် ၄၀။ ဂေါ်ရခါးဂွေးစိ = ကုရ်ဗားန်အလီ အခုလို နာမည် အမှန်တွေ ဖော်ပြပေးတာက နာမည်မှန် သိဖို့ ဖြစ်သလို ပျက်နေတဲ့ နာမည် တွေကို ပြင်ခေါ်ဖို့ပဲ ဖြစ်ပါတယ်။ ပျက်အစဉ် ပြင်ခဏ ဆိုတာ ကြားဖူးနေကျပဲ။ နာမည်ပျက်နေတာကို အပျက်အတိုင်း ထားရင် အမြဲတမ်း ပျက်နေဦးမှာပဲ။ ပြင်လိုက်ရင် ပြင်ပြီးသား ဖြစ်သွားမှာပဲ။ အဲဒါကြောင့် ကိုယ့်နာမည်ကို အပျက်လည်း မခံနဲ့။ သူများကိုလည်း နာမည်ပျက်နဲ့ မခေါ်မိပါစေနဲ့။ မိဘများက သားသမီးတွေကို နာမည် သေချာ ရွေးပြီး မှည့်ခေါ်ခဲ့တာက နာမည် ကောင်း စေချင်လို့ပါ။ ပျက်စေချင်လို့ မဟုတ်ဘူး။ပြီးတော့ နာမည်တွေကို ဖျက်တာက ဂိုနာဟ်လည်း ဖြစ်တယ်။ ကိုယ့်နာမည် ပျက်နေရင် နီးစပ်ရာ အာလင်မ်တွေ ဆီမှာ မေးမြန်းပြီး ပြင်ဖို့ အရေးကြီးပါတယ်။ ပြီးတော့ မင်္ဂလာဆောင် ဖိတ်စာ ပြသနာ ကျွန်တော်တို့က ဖိတ်စာ ရိုက်ရင် နာမည်တွေကို ကြိုက်သလို ရေးတာ။ မှန်လား မှားလား ဘယ်သူ့ကိုမှ မမေးဘူး။ ပြီးလို့ ဖတ်လိုက်ရင် ရယ်ရမလို ငိုရမလို နာမည်တွေ။ ဖိတ်စာရိုက်တဲ့ ကဏ္ဏမှာ ရမ်းဖြီး ဆရာကြီးများ အုပ်စု တစ်စု ရှိသေးတယ်။ သိသလို တတ်သလို နဲ့ ရေးလိုက် တော့ တစ်လွဲ။အဲလို လူတွေကို သတိထားပါ။ တတ်ကျွမ်းတဲ့ အာလင်မ်တွေကို သေချာ မေးပြီး ရေးပါ။ အင်န်ရှာအလ္လာဟ် နောက် ဆက်လက်ပြီး ရေးပေးပါ ဦးမယ်။အခုက စပြီး နာမည် ပျက်များကို ပြင်ဆင် ကြပါစို့။ အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့ အားလုံးကို နားလည် သဘောပေါက်ပြီး နာမည်များကို လက်တွေ့ ပြုပြင် ပြောင်းလဲ နိုင်တဲ့ သောဝ်ဖီးက် ချီးမြှင့် ပေးသနားတော် မူပါစေ။ အာမီးန်။

 Saeed Ahmad Khaan

No comments:

Post a Comment