သင်ခန်းစာ (၁၇)
✍✍✍✍✍✍✍✍✍✍✍✍✍✍✍
(၁)
နမားဇ်တွင်ရွတ်ဖတ်ရသော စာပိုဒ်တစ်ခု၏အဓိပ္ပါယ်
“အလ်အာလမီးန်” اَلْعَالَمِيْنَ
လောကအားလုံးကို
(၂) စွန္နသ်တော်တစ်ခု
နမားဇ်အတွင်း ကုရ်အာန်ဖတ်ရာတွင်
မြန်လွန်းစွာလည်း မဖတ်ရ။
နှေးလွန်းစွာလည်း မဖတ်ရ။
အသင့်အတင့်ဖတ်ရမည်။
(၃) ကြီးလေးသောအပြစ်တစ်ခု
တစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာကို
ထိခိုက်စေခြင်း။
(၄) အပြစ်ကြောင့်ဆုံးရှုံးရမှု
အပြစ်ကျူးလွန်မှုကြောင့် အပြစ်ကျူးလွန်သူသည် တမန်တော်မြတ်ﷺ၏ကျိန်ဆဲမှုတွင် ပါဝင်သွားသည်။
အဘယ့်ကြောင့်ဆိုသော် တမန်တော်မြတ်ﷺသည် များစွာသော ပြစ်မှုများနှင့် စပ်လျဉ်း၍ လအ်နသ်
(ကျိန်ဆဲမှု) ပြုတော်မူခဲ့သည်။
ဥပမာဆိုရသော် အတိုးပေးသူ ၊ ယူသူ ၊
အတိုးနှင့်စပ်လျဉ်းသည့် စာရွက်စာတမ်းရေးသားသူ ၊ အတိုးနှင့်ပက်သတ်၍ သက်သေနေခဲ့သူတို့ကို
လအ်နသ်ပြုတော်မူခဲ့သည်။
ထို့အတူ ခိုးသူကိုလည်းကောင်း၊ သက်ရှိရုပ်ပုံရေးဆွဲသူကိုလည်းကောင်း၊လိင်တူဆက်ဆံသူများကိုလည်းကောင်း၊ ဆွဟာဗဟ်သခင်များကို
မကောင်းပြောသူများကိုလည်းကောင်း၊
တမန်တော်မြတ်ﷺသည်
လအ်နသ်ပြုတော်မူခဲ့သည်။
အကယ်၍ အပြစ်ကျူးလွန်မှုကြောင့်
အခြားဆုံးရှုံးမှုတစ်စုံတစ်ရာ မဖြစ်လျှင်လည်း
တမန်တော်မြတ်ﷺ၏ လအ်နသ်တွင် ပါဝင်ခြင်းသည် သေးငယ်သော ဆုံးရှုံးမှုမဟုတ်ပေ။
(၅)
နာခံမှုနှင့် ကောင်းမှုပြုခြင်းအတွက် ရရှိမည့်အကျိုး
အမိန့်နာခံခြင်းအားဖြင့် မိမိအုပ်ချုပ်မှုနှင့် အာဏာတည်ရှိနေမည်။
📖 စာအုပ်အမည် 📖
တစ်မိနစ် သင်ခန်းစာ
📝ပြုစုသူ📝
ဟဇ်ရသ် မော်လာနာ ဟကီးမ် မုဟမ္မဒ် အခ်သရ် ဆွာဟိဗ်
ပြန်ဆိုသူ - မော်လာနာ ဟာဖိဇ် အပ်ဒုစ် စလာမ် ( မဟ်မူဒီ)
📝ပြန်လည်တင်ပြသူ📝
မိုဟမ္မဒ် အီဗရာဟီးမ် (ခ) ဇင်မင်းထိုက်
လွတ်လပ်စွာ Share ပြုနိုင်ပါသည်။
Copy ယူပြီး ပြန်တင်သောအခါ
မူရင်းစာအုပ်အမည် ၊ ပြုစုသူ အမည် နှင့်
Page အမည်ကို ဖြုတ်၍ ပြန်တင်ခွင့်
လုံးဝ ခွင့်မပြုပါ …
အွမ်မသ်အတွက် စာပို့လုလင် Page
အင်ရှာအလ္လာဟ်ဆက်လက် တင်ပြပါမည်။
No comments:
Post a Comment