Thursday, February 20, 2020

အမေး။ ။ဂျာဒူ ပယောဂမှ အကာအကွယ် ရရှိစေရန်

အမေး။ ။ဂျာဒူ ပယောဂမှ အကာအကွယ် ရရှိစေရန်
           သအ်ဝီးဇ်ယူခွင့်/လုပ်ပေးခွင့်ရှိပါသလား?
အဖြေ။ ။ဟဒီးဆ်ကျမ်းလာများ ကိုးကား၍ အာလင်မ်
           သာသနာ့ပညာရှင်များမှ စည်းကမ်းချက်(၃)
           ချက်နှင့်အတူ သအ်ဝီးဇ် ပြုပိုင်ကြောင်း တင်ပြ
           ထားပါသည်။
၎င်းတို့မှာ သအ်ဝီးဇ်၌
(၁)အသျှင်မြတ်၏ ကလာမ် ကုရ်အာန်၊ ဂုဏ်တော်၊
    နာမတော်များ ပါဝင်ခြင်း
(၂)အရဗီဘာသာမှ အဓိပ္ပါယ် နားလည်နိုင်မည့် အရေး
    အသားနှင့် စာသားများဖြစ်ခြင်း။
(၃)အလ္လာဟ်အသျှင်မြတ်အပေါ်သာလျှင် ယုံကြည်မှု
    ထားခြင်း၊ ချိတ်ဆွဲထားသည့် သအ်ဝီးဇ်အပေါ်ယုံ
    ကြည်စိတ်မရှိရခြင်း။  စသည်တို့ဖြစ်သည်။
အထက်ပါ စည်းကမ်းချက်များဖြင့် သအ်ဝီးဇ်ပြုလုပ်၊
ချိတ်ဆွဲခွင့်ရှိပါသည်။
[ကျမ်းကိုး{ဂျဒီးဒ်မစာအိလ် စာ ၉၈}ဒါရုလ်အိဖ်သ]
وبالحدیث جوازالرقیة بکتاب اللہ ویلتحق بہ ماکان بالذکروالدعا۶المأثورة (کتاب الأجارہ ٤ ٥٧٧)
وفیہ دلیل علی أن الرقیةعلی قسمین : حق وباطل فرقیةالحق ماکانت بالکتاب والسنةأوغیرھمامن ذکراللہ تعالی وأن کان بغیرذلک ممالایعرف معناہ لایجوزلاحتمال ان یکون فیھاکفر  (بذل المجھود ١١ ٦٢٤ )
ဖြေကြားသူ- မုဟမ္မဒ်ယူနွတ်စ် မော်လမြိုင်

No comments:

Post a Comment