အသင် ဒီအရာ ၄ခုကို ရရှိပိုင်ဆိုင်ထားပြီးဆိုရင်....
နောက်အရာ ၄ခုကနေ လက်မဲ့ ဖြစ်စရာ မရှိတော့ဘူး
💎💎💎💎💎💎💎💎💎💎💎💎💎💎💎
မုလ်လာ အလီကာရီသခင်(ရဟေ့)မိန့်တယ်။
💎
အသင်ဟာ ရွှတ်က်ရ် ကျေးဇူးသိတတ်ခြင်းတရားကို ရရှိပိုင်ဆိုင်ထားပြီးဆိုရင်.....
အသျှင်မြတ်ရဲ့ ထပ်ဆောင်းချီးမြှင့်မှုတွေ ကနေ
လက်မဲ့ ဖြစ်စရာ မရှိတော့ဘူး
💎💎
အသင်ဟာ သောင်ဝ်ဗာ အမှာဝန်ခံပြုပြင်ခြင်းတရားကို ရရှိပိုင်ဆိုင်ထားပြီဆိုရင်.....
ကဗူလီယသ် အလ္လာ လက်ခံသူဖြစ်ခြင်း ကနေ
လက်မဲ့ ဖြစ်စရာ မရှိတော့ဘူး။
💎💎💎
အသင်ဟာ အစ်သေခါရာ လုပ်တတ်တဲ့ အကျင့် ရရှိပိုင်ဆိုင်ထားပြီဆိုရင်.......
ကောင်းခြင်းတွေကနေ လက်မဲ့ ဖြစ်စရာ မရှိတော့ဘူး။
💎💎💎💎
အသင်ဟာ မရ်ှဝရာ လုပ်တတ်တဲ့အကျင့် ရရှိပိုင်ဆိုင်ထားပြီဆိုရင်.....
မှန်ကန်တဲ့ ရွေးချယ်မှုတွေကနေ လက်မဲ့ ဖြစ်စရာ မရှိတော့ဘူး။
မစ်ရ်ကားသုလ်မဖာသီးဟ်ကျမ်း
တွဲ ၈ စာ ၃၃၂၆
စည် သူ အောင်
No comments:
Post a Comment