Sunday, April 19, 2020

လူသားဟာ အရာရာ လုပ်နိုင်သလား?? ဒါမှမဟုတ် ဘာမှ မလုပ်နိုင်ဘူးလား?? Myanmar Bayan

လူသားဟာ အရာရာ လုပ်နိုင်သလား?? ဒါမှမဟုတ် ဘာမှ မလုပ်နိုင်ဘူးလား?? ⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛ လူသားဟာ မိမိ လုပ်ချင်တာ လုပ်လို့ရတယ် ကိုယ်လုပ်တဲ့အတိုင်း ရမယ် အလ္လာအသျှင်မြတ်ရဲ့ အလိုတော်နဲ့ ကူညီမှု မလိုအပ်ဘူး လို့ မထင်နဲ့ (ကဒ်ရ်) နောက် မိမိဘာမှမလုပ်နိုင်ဘူး ကောင်းမှု မကောင်းမှု အလ္လာအလိုတူလို့ ဖြစ်လာတာ မိမိမှာ လုပ်နိုင်စွမ်း လုံးဝမရှိဘူး လို့လည်း မထင်နဲ့ (ဂျဗရ်) အမှန်တရားက ဂျဗရ် နဲ့ ကဒရ် ရဲ့ ကြားမှာ ရှိတယ်။ အလ္လာအသျှင်မြတ်က လူသားကို ရွေးချယ်ခွင့် လုပ်ပိုင်ခွင့် တစိတ်တဒေသ ပေးထားတယ်။ အဲဒီအပေါ်မှာပဲ ကောင်းမှုအစား ကုသိုလ်စဝါးဗ် ပေးမယ် မကောင်းမှုအစား ပြစ်ဒဏ် အဇားဗ် ပေးမယ် ဒါပေမဲ့ အင်အားအပြည့်အစုံကတော့ အလ္လာ့လက်ထဲမှာ ရှိတယ် တကယ် ထမြောက်အောင်မြင်အောင် လုပ်ပေးမှာက အလ္လာအသျှင်မြတ် ဖြစ်တယ်။ ဒီအကြောင်းကို ဟဇရသ်အလီ(ရသွေ့)က မေးမြန်းသူတယောက်ကို ရှင်းပြတယ် အသင် ခြေထောက် တဖက် မြှောက်ပါ ရလား ဆိုတော့ ရတယ်တဲ့ ဟုတ်ပြီ နောက်တဖက်ပါ ထပ်ပြီး မြှောက်ပါ ရလား ဆိုတော့ မရဘူး တဲ့ အေး ဒီမတ်စ်အလဟ်ရဲ့ သဘောကလည်း ဒီတိုင်းပဲတဲ့ ဟကီမွတ်လ်အွမ္မသ်ဟဇရသ်ထာနဝီဆပ် (ရဟေ့)က ရှင်းပြတယ် မျက်စိ ဖွင့်ထားမလား ပိတ်ထားမလား ဆိုတာ အသင့်မှာ ရွေးချယ်ခွင့် ရှိတယ် ဖွင့်ချင်ရင် ဖွင့်ထားလို့ရတယ် ပိတ်ထားချင်ရင် လည်း ရတယ် ဒါပေမဲ့ မျက်စိ ဖွင့်ထားပြီးရင်တော့ မြင်ကွင်းတွေ တွေ့မြင်ရမှာပဲ အဲဒီလို မြင်ရတာကိုတော့ အသင့်မှာ ရွေးချယ်ခွင့် မရှိဘူး မျက်စိပိတ်ထားရင် မမြင်ရဘူး မျက်စိပိတ်ထားပြီး မြင်အောင် လုပ်လို့တော့မရဘူး။ ဒါ့ကြောင့် ဘဝမှာ ကြိုးစားပါ မပျင်းရိပါနဲ့ အမလ် လုပ်ပါ ဂိုနာဟ်ရှောင်ပါ စီးပွားရေးလုပ်ပါ မဖြုန်းတီးနဲ့ ကုသပါ မပေါ့ဆပါနဲ့ ထိုင်မနေပါနဲ့ အလေမလိုက်ပါနဲ့ ဒါပေမဲ့ အရာရာအတွက် အလ္လာအသျှင်မြတ်ကို အားကိုးနေပါ အသျှင်မြတ်အမိန့်ကို နာခံနေပါ အသျှင်မြတ်ထံမှာ တောင်းခံနေပါ မိမိအစွမ်းအစ အစီအမံအပေါ် ဂုဏ်မမောက်နဲ့ အလ္လာ့ရဲ့ ရဟ်မသ်အပေါ်မှာပဲ အာရုံထားပါ အခုလို ကပ်ဘေးနဲ့ ရင်ဆိုင်နေရချိန်မှာလည်း ကပ်ရောဂါကာကွယ်ရေး အစီအမံတွေ ဆင်ခြင်မှုတွေကို ဂရုတစိုက် လုပ်ပါ မပေါ့ဆပါနဲ့ ဒါပေမဲ့ အလ္လာအသျှင်မြတ်အပေါ်မှာပဲ အားကိုးပါ ဒိုအာတွေ လုပ်ပါ သောင်ဝ်ဗာ အမလ်အေဗာဒသ် တွေ လုပ်ပါ ဒါဟာ အစ္စလာမ်ရဲ့ အစွန်းနှစ်ဖက်ကင်းတဲ့ ဖြောင့်မတ်မှန်ကန်တဲ့ လမ်း(ဆွေရာသွေမုစ်သကီးမ်)ပဲ ဖြစ်ပါတယ် အလ္လာအသျှင်မြတ် ကျွန်ုပ်တို့အားလုံးကို နားလည်သဘောပေါက်ပြီး လက်တွေ့ကျင့်သုံးနိုင်စွမ်း ချီးမြှင့်တော်မူပါစေ အာမီးန် Crd:::စည် သူ အောင်

No comments:

Post a Comment