Covid -19 ရောဂါဟာ ဒေသတွင်း ပျံ့နှံ့မှု စတင်နေပြီ
ဖြစ်သလို တချို့တိုင်းဒေသကြီးတွေမှာ မကြာခင်
အဆင့်ဆင့် ပိတ်ပင်မှုတွေလည်း ပြုလုပ်တော့မယ်
ဆိုတာ သက်ဆိုင်ရာက ကြေညာပြီးဖြစ်ပါတယ်။
လုပ်ငန်းများ ရပ်ဆိုင်သွားတဲ့အတွက် ထိခိုက်နစ်နာ
မှုတွေ ဖြစ်လာမှာကတော့ မလွဲမသေပါပဲ၊ ဒီအချိန်မှာ
အစ္စလာမ် ဘာသာဝင်များအနေဖြင့် မိမိတို့နိုင်တဲ့
အပိုင်းကနေ ကိုယ်ကျင့်တရား အခ်လားက်ကို ပြသ
ရမယ့်အချိန်ဖြစ်ပါတယ်။
မွတ်စ်လင်လုပ်ငန်းရှင်များအနေနဲ့ဝန်ထမ်းတွေ
အပေါ်မှာ စာနာထောက်ထားပေးပါ။ ပုံမှန်လစာ
အပြင် ကိုယ်နိုင်သလောက် ထောက်ပံ့ပေးပါ။
ငွေကြေးဖြစ်စေ ၊ စားသောက်ကုန်ပစ္စည်းများဖြစ်စေ
မိမိဝန်ထမ်းတွေအပေါ်မှာ ကူညီပေးပါ။
ကိုယ့်မိသားစုအတွက်ဂရုစိုက်သလို ဆွေမျိုးသားချင်းများ
အိမ်နီးနားခြင်းများကိုလည်း ဂရုစိုက်ပေးပါ။
ဆွေမျိုးထဲမှာ ပတ်ဝန်းကျင်မှာ တစ်နေ့လုပ်မှ တစ်န့စား
ရတဲ့ မိသားစုတွေအများကြီးရှိနေပါတယ်။
ဒီကပ်ရောဂါကြီးက ဘယ်လောက် ကြာမယ်မှန်း
မသိတော့ ဘယ်အချိန်ထိ အလုပ်တွေရပ်ဆိုင်း
နေမလဲဆိုတာလည်း ခန့်မှန်းလို့မရပါဘူး။
မကြာခင် နဖူးတွေ့ဒူးတွေ့ ကျွန်တော်တို့ကြုံရတော့
မှာ ဖြစ်တဲ့အတွက် ကိုယ့် တစ်ပိုင်တစ်နိုင် ဆွေမျိုး
တွေကိုရော အိမ်နီးနားခြင်းတွေကိုပါကြည့်ပေးပါ။
တတ်နိုင်တယ်ဆိုရင် တစ်ကယ်လိုအပ်နေတဲ့
ရပ်ကွက်တွေ၊ ကျေးရွာတွေကို စုပေါင်း လှူဒါန်းမှုတွေ
ပြုလုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။
အလ္လာဟ်အရှင်မြတ် အများကြီး အစားပေးပါလိမ့်မယ်။
နောက်ထပ် အရေးအကြီးဆုံးက သက်ဆိုင်ရာ အစိုးရရဲ့
ထုတ်ပြန်မယ့် ဥပဒေများနှင့် ကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ ညွှန်ကြားချက်များကိုလည်း
တိတိကျကျ လိုက်နာဆောင်ရွက်ပေးကြပါ။
ကျွန်တော်တို့ရဲ့မဆင်မခြင် လုပ်ရပ် တစ်ခုကြောင့်
အစ္စလာမ်ဘာသာဝင်တွေအားလုံး သိက္ခာကျစေမယ့်
ကိစ္စရပ်များကနေ တင်းတင်းကြပ်ကြပ် ရှောင်ရှား
ပေးကြပါလို့အနူးအညွှတ် မေတ္တာရပ်ခံလိုပါတယ်။
Crd Muft Ali MM Rounak
No comments:
Post a Comment