· *↶✺ ﷽ ✺↷*
ဟဒီးဆ်တော်လာ ဆွလာသွသ် သပ်စ်ဗီးဟ် နမာဇ်
ဖတ်နည်းနှင့် အကျိုးထူး ( 10 ) ခု᠌᠌᠌ ᠌᠌
الحمد لله وحده والصلاة والسلام على من لا نبي بعده، أما بعد:
فعن ابن عباس أن رسول الله صلى الله عليه وسلم قال للعباس بن عبد المطلب يا عباس يا عماه ألا أعطيك ألا أمنحك ألا أحبوك ألا أفعل بك عشر خصال إذا أنت فعلت ذلك غفر الله لك ذنبك أوله وآخره قديمه وحديثه خطأه وعمده صغيره وكبيره سره وعلانيته عشر خصال أن تصلي أربع ركعات تقرأ في كل ركعة فاتحة الكتاب وسورة فإذا فرغت من القراءة في أول ركعة وأنت قائم قلت سبحان الله والحمد لله ولا إله إلا الله والله أكبر خمس عشرة مرة ثم تركع فتقولها وأنت راكع عشرا ثم ترفع رأسك من الركوع فتقولها عشرا ثم تهوي ساجدا فتقولها وأنت ساجد عشرا ثم ترفع رأسك من السجود فتقولها عشرا ثم تسجد فتقولها عشرا ثم ترفع رأسك فتقولها عشرا فذلك خمس وسبعون في كل ركعة تفعل ذلك في أربع ركعات إن استطعت أن تصليها في كل يوم مرة فافعل فإن لم تفعل ففي كل جمعة مرة فإن لم تفعل ففي كل شهر مرة فإن لم تفعل ففي كل سنة مرة فإن لم تفعل ففي عمرك مرة.
📚 رواه ابن ماجة وابن خزيمة والحاكم والطبراني 📚
တမန်တော်မြတ် ﷺ သခင် မှ ဟဇရသ် အဗ္ဗါစ် ဗင်န် အဗ်ဒွလ် မုသွလိဗ် رضى الله عنه သခင်အား မိန့်တော်မူသည်။ အို…အဗ္ဗါစ်! အို… ဦးရီးတော်! ကျွန်ုပ်အနေနှင့် အသင့်အား မချီးမြှင့်ရဘူးလား? လက်ဆောင်မပေးရဘူးလား? ကောင်းကျိုးမပြု ရဘူးလား? ထူးခြားချက် (10) ခုမပြောပြရဘူးလား? အကယ်၍ အသင် ထိုအလုပ်ကို ပြု လုပ်လိုက်ပါက အလ္လာဟ်အသျှင်သည် အသင့်၏ ရှေ့ပြစ်၊ နောက်ပြစ်၊ အပြစ်ဟောင်း၊ အပြစ်သစ်၊ မေ့မှား၍ဖြစ်ခဲ့သောအပြစ်၊ သိလျက်ကျူ းလွန်ခဲ့သောအပြစ်၊ အပြစ်သေး၊ အပြစ်ကြီး၊ ပေါ်လွင်သောအပြစ်၊ ဖုံးကွယ်နေသောအပြစ် အားလုံးကို ခွင့်လွတ်ပေးမည်။ ထူးခြားချက်(10)ခုသည် ဤသည်ပင်ဖြစ်သည်။
အသင် နမာဇ် (4) ရကအသ်ဆောက်တည်ပါ။ ရကအသ်တိုင်းတွင် စူရဟ်ဖါသေဟဟ် ဖတ်၍ စူရဟ်တွဲဖတ်ပြီးနောက် ရပ်လျက်
سُبْحَانَ اللَّهِ وَالْحَمْدُ لِلَّهِ وَلَا إِلَهَ إِلَّا اللَّهُ وَاللَّهُ أَكْبَرُ
စွဗ်ဟာနလ္လာဟိ ဝလ်ဟမ်ဒုလိလ္လာဟိ ဝလာအိလာဟ အိလ္လလ္လာဟု ဝလ္လာဟု အက္ကဗရ် (15 ကြိမ် ) ဖတ်ပါ။ ပြီးနောက် ရုကူအ်ပြုလုပ်ပါ။ ရုကူအ်တွင် ရုကူအ် သပ်စ်ဗီးဟ်ဆိုပြီးနောက် (သပ်စ်ဗီးဟ် 10 ကြိမ်)ဖတ်ပါ။ ရုကူအ်မှရပ်ပြီးသောအခါ (10 ကြိမ်) ဖတ်ပါ။ ပထမစဂ်ျဒဟ်တွင် စဂ်ျဒဟ် သပ်စ်ဗီးဟ်ဆိုပြီးနောက် ( 10 ကြိမ် ) ဖတ်ပါ။ ပထမစဂ်ျဒဟ်မှ ထ၍ ထိုင်စဉ်( 10 ကြိမ် ) ဖတ်ပါ။ ဒုတိယစဂ်ျ်ဒဟ်တွင် စဂ်ျဒဟ်သပ်စ်ဗီးဟ်ဆိုပြီးနောက် ( 10 ကြိမ် ) ဖတ်ပါ။ ဒုတိယစဂ်ျဒဟ်မှထ၍ ခေတ္တထိုင်ပြီး (10 ကြိမ်) ဖတ်ပါ။ ဤတွင် သပ်စ်ဗီးဟ် 75 ကြိမ်ဖြစ်သွားမည်။ 4 ရကအသ်လုံး၌ ဤအတိုင်းဖတ်ပါ။ အကယ်၍ ဖြစ်နိုင်ပါက တနေ့တစ်ကြိမ် ဤနမာဇ်ကိုဖတ်ပါ။ တနေ့တစ်ကြိမ် မဖတ်နိုင်ပါက ဂျုမုအဟ်နေ့တိုင်း၌ တစ်ကြိမ်ဖတ်ပါ။ အကယ်၍ ဂျုမုအဟ်နေ့တိုင်း၌ မဖတ်နိုင်ပါက တစ်လ တစ်ကြိမ် ဖတ်ပါ။ အကယ်၍ တစ်လ တစ်ကြိမ် မဖတ်နိုင်ပါက တစ်နှစ် တစ်ကြိမ် ဖတ်ပါ။ အကယ်၍ တစ်နှစ် တစ်ကြိမ် မဖတ်နိုင်ပါက အသင်၏ သက်တမ်းတခုလုံး၌ တစ်ကြိမ်ဖတ်ပါဟု တမန်တော်မြတ် ﷺ သခင်မှ ဟဇရသ် အဗ္ဗါစ် ဗင်န် အဗ်ဒွလ် မုသွလိဗ် رضى الله عنه သခင်အားမိန့်တော်မူကြောင်း ဟဇရသ် အဗ်ဒွလ္လာဟ် ဗင်န် အဗ္ဗါစ် رضى الله عنهما သခင် ဆင့်ပြန်သည်။
📚 စုနနေ အိဗ်နေမာဂျဟ်ကျမ်း 📚
📚စုနနေ အိဗ်နေခိုဇိုင်မဟ်ကျမ်း 📚
📚 ဟာကင်မ်ကျမ်း 📚 သွဗ်ရာနီကျမ်း 📚
မှတ်ချက် ။ ။ ရွတ်ဆို ရမည့် သပ်စ်ဗီး
سُبْحَانَ اللَّهِ وَالْحَمْدُ لِلَّهِ وَلَا إِلَهَ إِلَّا اللَّهُ وَاللَّهُ أَكْبَرُ
သပ်စ်ဗီးဟ် အသံထွက် ။ ။
စွဗ်ဟာနလ္လာဟိ ဝလ်ဟမ်ဒုလိလ္လာဟိ ဝလာအိလာဟ အိလ္လလ္လာဟု ဝလ္လာဟု အက္ကဗရ်
သပ်စ်ဗီးဟ် အဓိပ္ပါယ် ။ ။
အလ္လာဟ်အသျှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူသည်။ ၎င်းနောက် ချီးမွမ်းခြင်း အပေါင်းတို့သည် အလ္လာဟ်အသျှင် အတွက်သာလျှင်ဖြစ်သည်။ ၎င်းနောက် အလ္လာဟ်အသျှင်မြတ်မှ အပ အခြားခဝပ်ကိုးကွယ်ထိုက်သော အသျှင်မရှိ။ ၎င်းနောက် အလ္လာဟ်အသျှင်မြတ်သည် အကြီးဆုံး ဖြစ်တော်မူသည်။
ဟဒီးဆ်တော်လား ဆွလာသွသ် သပ်စ်ဗီးဟ်နမာဇ်၏ အကျိုးထူး (10) ခုမှာ … … …
(1) ရှေ့ပြစ် (2) နောက်ပြစ် (3) အပြစ်ဟောင်း
(4) အပြစ်သစ် (5) မေ့မှား၍ဖြစ်ခဲ့သောအပြစ်
(6) သိလျက်ကျူ းလွန်ခဲ့သောအပြစ် (7) အပြစ်သေး
(8) အပြစ်ကြီး (9) ပေါ်လွင်သောအပြစ်
(10) ဖုံးကွယ်နေသောအပြစ် အားလုံးကို
ခွင့်လွတ်ပေးခြင်းခံရမည်။
ဟဒီးဆ်တော်လား ဆွလာသွသ် သပ်စ်ဗီးဟ်နမာဇ်ဖတ်နည်း။
ပထမရကအသ်၌ စနာဖတ်၍ စူရဟ်ဖါသေဟဟ်ဖတ် စူရဟ်တွဲဖတ်ပြီး (1) စွဗ်ဟာနလ္လာဟိ ဝလ်ဟမ်ဒုလိလ္လာဟိ ဝလာအိလာဟ အိလ္လလ္လာဟု ဝလ္လာဟု အက္ကဗရ် (15 ကြိမ် )
(2) ရုကူအ်တွင် ရုကူအ် သပ်စ်ဗီးဟ်ဆိုပြီးနောက် (သပ်စ်ဗီးဟ် 10 ကြိမ်)
(3) ရုကူအ်မှရပ်ပြီးသောအခါ (10 ကြိမ်)
(4) ပထမစဂ်ျဒဟ်တွင် စဂ်ျဒဟ်သပ်စ်ဗီးဟ်ဆိုပြီးနောက် ( 10 ကြိမ် )
(5) ပထမစဂ်ျဒဟ်မှ ထ၍ ထိုင်စဉ် ( 10 ကြိမ် )
(6) ဒုတိယစဂ်ျဒဟ်တွင် စဂ်ျဒဟ်သပ်စ်ဗီးဟ်ဆိုပြီးနောက် ( 10 ကြိမ် )
(7) ဒုတိယစဂ်ျဒဟ်မှထ၍ ခေတ္တထိုင်ပြီး ( 10 ကြိမ် )
မှတ်ချက် ။ ။
၁ ရကအသ်တိုင်း၌ သပ်စ်ဗီးဟ် 75 ကြိမ်
၄ ရကအသ်၌ 300 ကြိမ် ပြည့်အောင်ဖတ်ပါ။
အကယ်၌ တနေရာရာ၌သပ်စ်ဗီးဟ်ကျန်သွားပါက ရုကူအ်မှ ရပ်သောအခါနှင့် စဂ်ျဒဟ်နှစ်ခုကြားထိုင်သောအခါ မှအပ ကျန်နေရာမျ ား၌ ဖြည့်ဖတ်ပါ။
နမာဇ်ဖတ်ခြင်း မက္ကရူးဟ် ဖြစ်သော အချိန်မှ လွဲ၍ နေ့ ၌ဖြစ်စေ ညဉ့် ၌ဖြစ်စေ မိမိလွယ်ကူသည့်အချိန်၌ ဆွလာသွသ် သပ်စ်ဗီးဟ် နမာဇ်ကို ဖတ်နိုင်ပါသည်။ ဆွလာသွသ် သပ်စ်ဗီးဟ် နမာဇ်သည် နဖိလ် ဖြစ်သည်။
အဲဟ်လေ ဟက္က်မျ ား၏ အနွံအတာခံသူ … … …
✍✍᠌ မောင်ဝ်လာနာ ရှိုအိုင်ဗ် မဟ်မူဒီ ရန်ကုန်
No comments:
Post a Comment