Tuesday, March 31, 2020
Saturday, March 28, 2020
Friday, March 27, 2020
Thursday, March 26, 2020
Wednesday, March 25, 2020
Sunday, March 22, 2020
မေ့အ်ရားဂ်ျညမှာ အေဗာဒသ်လုပ်ခြင်းဟာ ကောင်းတာ လုပ်တာပဲ သူများပစ္စည်း ခိုးတာ၊မကောင်းတာ လုပ်တာမှ မဟုတ်တာ
မေ့အ်ရားဂ်ျညမှာ အေဗာဒသ်လုပ်ခြင်းဟာ ကောင်းတာ လုပ်တာပဲ သူများပစ္စည်း ခိုးတာ၊မကောင်းတာ လုပ်တာမှ မဟုတ်တာ ဘာလို့ မပိုင်ရမှာလဲ??
အဖြေကတော့;
မြတ်နဗီ(ဆွ) မေ့အ်ရားဂ်ျ ကြွမြန်းသွားတဲ့ ညဟာ အလွန်ကြီးကျယ်တဲ့ ည၊အလွန် မြင့်မားလှတဲ့ ည ဖြစ်တယ်
မြတ်နဗီ(ဆွ)ကို မေ့အ်ရာဂ်ျညမှာ အလ္လာအသျှင်မြတ်ဟာ ဂုဏ်ပြု ချီးမြှင့်မှုတွေ၊အသိပေးပြသမှုတွေ များစွာ ပြုတော်မူခဲ့သလို အွမ္မသ်အတွက်လည်း ဆုလဒ်များ ချီးမြှင့်တော်မူခဲ့ပါတယ်။
အမှန်တကယ် မေ့အ်ရားဂ်ျညဟာ
ကမ္ဘာ့သမိုင်းရဲ့ အထင်ကရ ညတည ဖြစ်တယ်
ဒါပေမဲ့
ကျနော်တို့ရဲ့ သာသနာက ကျနော်တို့ကို အစွန်းနှစ်ဖက်ကနေ ရှောင်ဖို့ သတိပေးထားတယ်။
အရာတိုင်းကို သာသနာက မိန့်ထားသလိုပဲ ကျင့်သုံးရမယ်
မိမိဖက်ကနေ တစုံတရာ တိုးခြင်း လျှော့ခြင်း လုပ်ခွင့်မရှိဘူး
အရာတိုင်းကို သူ့အဆင့်မှာ သူ့ကို ထားပါ
ရှေ့ကို ထပ်ပြီး မတိုးပါနဲ့
မေ့အ်ရားဂ်ျည နဲ့ ပါတ်သတ်ပြီးတော့ လူအများထံမှာ ရဂျဗ်လ ၂၇ရက်ည ဟာ မေ့အ်ရားဂ်ျည ဖြစ်တယ်လို့
ကျော်ကြားတယ်။
မေ့အ်ရားဂ်ျညဟာ ကဒရ်ညလိုပဲ ထူးမြတ်တယ်
ကဒရ်ညမှာ အေဗာဒသ်လုပ်ရင် ရမဲ့ စဝါးဗ်မျိုး မေ့အ်ရားဂ်ျညမှာ အေဗာဒသ်လုပ်ရင်လည်း ရတယ်။
တချို့ဆိုရင် မေ့အ်ရာဂ်ျည အတွက် သီးသန့်အမလ်တွေပါ ဖော်ပြကျင့်သုံးကြတယ်
နမားဇ် ဘယ်နှစ်ရကအသ် ဖတ်ရမယ်
ဘယ်ရကအသ်မှာ ဘာစူရဟ်ဖတ်ရမယ် ဆိုပြီး ဖော်ပြကြတယ် ကျင့်သုံးကြတယ်။
ဒါတွေ မှန်သလား မှားသလား
မေ့အ်ရားဂ်ျည နဲ့ ပါတ်သတ်ပြီး သာသနာက ဘယ်လို ညွှန်ကြားထားလဲ ကြည့်ရအောင်
ပထမ အချက်အနေနဲ့
မေ့အ်ရာဂ်ျညဟာ ရဂျဗ်လ ၂၇ရက်ည ဖြစ်တယ်
ဒီညမှာပဲ ကိုယ်တော်မြတ်(ဆွ)မေ့အ်ရားဂ်ျကို ကြွမြန်းသွားခဲ့တယ် လို့ အတိအကျ မပြောနိုင်ဘူး။
ဘာကြောင့်လဲဆိုတော့ မေ့အ်ရားဂ်ျညဟာ ဘယ်ညလဲဆိုတာ ဆင့်ပြန်ချက်အမျိုးမျိုး လာရှိထားတယ်။
အချို့ ဆင့်ပြန်ချက်များအရ ရဗီအွတ်လ်အောင်ဝလ်လ လို့သိရပြီး အချို့ ဆင့်ပြန်ချက်များမှာတော့ ရဂျဗ်လ လို့ လာရှိတယ်။အခြားလ တွေလို့ ဆင့်ပြန်ထားတာတွေလည်း ရှိတယ်။
ဒါ့ကြောင့် ညတညကို အတိအကျ သတ်မှတ်ပြီး ဒီညဟာ မေ့အ်ရာဂ်ျည ဖြစ်တာ ရာနှုန်းပြည့် သေချာတယ်။လို့ မပြောနိုင်ဘူး။
ဒုတိယအချက်ကတော့
မေ့အ်ရားဂ်ျ ခရီးစဉ်ဟာ ကိုယ်တော်မြတ်(ဆွ)နဗူဝသ်ရပြီး ၅နှစ်အကြာ သက်တော် ၄၅နှစ်မှာ ကြွမြန်းသွားခဲ့တာ ဖြစ်တယိ။
မေ့အ်ရာဂ်ျ ခရီးစဉ်ပြီးတော့ ကိုယ်တော်မြတ်(ဆွ)ဟာ ၁၈နှစ်တိုင်တိုင် ဒွန္နယာလောကမှာ ရှိနေတော်မူခဲ့တယ်
ဒီ၁၈နှစ် အတောအတွင်းထဲမှာ ထူးခြားတဲ့ အမိန့်တစုံတရာပေးခြင်း၊စုဝေးဆင်နွှဲရန် မိန့်ကြားခြင်းမရှိသလို ကဒရ်ညကဲ့သို့ နိုးကြားပြီး အေဗာဒသ်လုပ်ရင် စဝါးဗ်ကုသိုလ် ပိုရမယ်လို့ မှာကြားခြင်းလည်း မရှိပေ။
ကိုယ်တော်မြတ်(ဆွ)ကိုယ်တိုင်လည်း မေ့အ်ရားဂ်ျညဖြစ်လို့ဆိုပြီး အထူးတလည် နိုးကြားခဲ့ခြင်း မရှိခဲ့ဘူး။ဆွဟာဗာများကို ညွှန်ကြားခဲ့ခြင်းလည်း မရှိသလို ဆွဟာဗာများက မေ့အ်ရားဂ်ျည ဖြစ်လို့ဆိုပြီး အထူးတလည် နိုးကြားခဲ့ခြင်းလည်း မရှိဘူး။
ဒါ့ကြောင့် ရဂျဗ်လ ၂၇ရက်ညကို အခြား ညတွေထက် ဒီညမှာ အေဗာဒသ် လုပ်ရင် စဝါးဗ်ပိုရမယ် စွန္နသ် ဖြစ်တယ် လို့ မှတ်ယူပြီး အေဗာဒသ်လုပ်ခြင်း မပိုင်ဘူး။ဗေဒ်အသ်ဆိုတာ ဒါမျိုးကို ပြောတာပါ။
မှန်တယ်
ဘယ်ညမဆို ရဂျဗ်ည ၂၇ရက်ည ပဲ ဖြစ်ဖြစ် အခြားညပဲ ဖြစ်ဖြစ် အေဗာဒသ်လုပ်မယ် နမားဇ် ဖတ်မယ်
ကုရ်အာန် ဖတ်မယ် ဇစ်က်ရ်လုပ်မယ် ဒိုအာလုပ်မယ် စဝါးဗ်ကုသိုလ်တွေ ရမှာပဲ
သို့သော် ရဂျဗ်လ ၂၇ရက်ညမှာ တခြားညတွေထက် စဝါးဗ်ပိုရမယ် သာသနာက ဒီညမှာ တခြားညများထက် ထူးထူးခြားခြား အေဗာဒသ် များများ ပိုပြီး လုပ်ခိုင်းထားတယ် လို့ မှတ်ယူပြီး လုပ်ရင် မပိုင်ဘူး။
ဗေဒ်အသ် ဖြစ်တယ်။
ဒီလိုပဲ ရဂျဗ်လ ၂၇ရက်နေ့ ရိုဇာထားဖို့နဲ့ ပညတ်သတ်ပြီးတော့လဲ ခိုင်လုံမှန်ကန်တဲ့ ဟဒီးစ် လာရှိထားခြင်း မရှိဘူး။ဒါ့ကြောင့် စွန္နသ်အဖြစ် မှတ်ယူပြီး သာသနာက တခြားနေ့တွေထက် ဒီနေ့ရဲ့ ရိုဇာကို ပိုပြီး အလေးပေးထားတယ် လို့ ယူဆပြီး ရိုဇာ မထားရပါဘူး။
မှန်တယ်
လူတယောက်က ပုံမှန် နဖစ်လ်ရိုဇာ ထားနေကျ ဖြစ်တယိ
သူထားနေကျရက်နဲ့ တိုက်ဆိုင်သွားလို့ ရဂျဗ်လ ၂၇ရက်နေ့မှာ ရိုဇာထားမယ် ဆိုရင် ပြသနာ မရှိဘူး ထားလို့ရပါတယ်။
ပြောချင်တာက ဒီးန် သာသနာဆိုတာ အလ္လာ့အမိန့်ကို တမန်တော်ရဲ့ နည်းစနစ်အတိုင်း ကျင့်သုံးခြင်းကို ခေါ်ပါတယ်
ကျနော်တို့မှာ အမလ်တခုခုကို စဝါးဗ် ပိုရတယ်၊ ပိုပြီး ထွဋ်မြတ်တယ်၊ ဒီနေ့ ဒီရက် လုပ်ရမယ် ဆိုပြီး သာသနာ့အထောက်အထား မရှိပဲ သတ်မှတ် ကျင့်သုံးပိုင်ခွင့် မရှိဘူး။
မိမိ ကောင်းတယ် ထင်တာကို လုပ်ခြင်း၊ မိရိုးဖလာ လုပ်ခဲ့တာ မှန်သမျှကို သာသနာ့အထောက်အထားတွေကို မကြည့်ပဲ မျက်စိမှိတ် လုပ်နေခြင်းဟာ သာသနာမဟုတ်ဘူး။ဝါသနာပဲ ဖြစ်သွားပါလိမ့်မယ်။
အလ္လာအသျှင်မြတ် ကျွန်ုပ်တို့အားလုံးကို နားလည်သဘောပေါက်ပြီး ကျင့်သုံးနိုင်စွမ်း ချီးမြှင့်တော်မူပါစေ
အာမီးန်
ရှိူင်ခွတ်လ်အစ္စလာမ် မွဖ်သီသကီးဆပ်(ဒါမသ်ဗရကားသုဟုမ်)၏ မိန့်ကြားချက်များကို မှီငြမ်းတင်ပြသည်။
စည် သူ အောင်
Saturday, March 21, 2020
Friday, March 20, 2020
Thursday, March 19, 2020
Wednesday, March 18, 2020
Monday, March 16, 2020
Sunday, March 15, 2020
မွတ်စ်လင်မ် စီးပွားရေးလုပ်ငန်းရှင်များသို့ || Myanmar Bayan
မွတ်စ်လင်မ် စီးပွားရေးလုပ်ငန်းရှင်များသို့
စစ်မှန်တဲ့ မွတ်စ်လင်မ် အရည်အချင်းတွေ ဖော်ပြဖို့
အကောင်းဆုံးအချိန်ပါ။
ပွဲလန့်တုန်း ဖျာခင်းကြမယ်ဆိုတဲ့ လောဘသားတွေရဲ့
ဆောင်ပုဒ်ကို ကျောခိုင်းရမယ့်အချိန်ပါ။
အမြတ်ကြီးမစား မှန်ကန်တဲ့ ရောင်းဝယ်ဖောက်ကား
မှု့တွေ လူသားဆန်မှု့တွေနဲ့ လောကကိုအလှဆင်ရမယ့်
အချိန်ပါ။
အလ္လာဟ်အရှင် မွတ်စ်လင်မ် စီးပွားရေးလုပ်ငန်းရှင်
များကို အအ်မလ်ရဲ့ သောင်ဖီးက် ချီးမြှင့်တော်မူပါစေ။
အာမီးန်
မွဖ်သီ ဟဗီဗုလ္လာဟ် ဆွာဟိဗ်
မော်လဝီ ဟာဖိဇ် မုဟမ္မဒ် ယူစွတ်ဖ် အိဗ်နေ ယာစီးန်
နိုအ်မာနီ - ဇီးကုန်း ပြန်လည်မျှဝေပါသည်

မှတ်ညဏ်အားတိုးပွားစေရန် ကျင့်စဉ် || Myanmar Bayan
မှတ်ညဏ်အားတိုးပွားစေရန် ကျင့်စဉ်
အကြောင်းအရာတစ်ခုကို ကျက်မှတ်ပြီး
လုံးဝ မမေ့လိုသော်ကျက်မှတ်ခြင်း မပြုမီ
ဤဒိုအာကို ဖတ်ပါ။
اَللّٰهُمَّ افْتَحْ حِكْمَتَكَ وَانْشُرْ عَلَيْنَا رَحْمَتَكَ يَاذَالْجَلَالِ وَالْاِكْرَامِ
အလ္လာဟွမ်မဖ်သဟ် ဟိက်မသက ဝန်ရွှရ် အလိုင်းနာ
ရဟ်မသက ယာဇလ်ဂျလားလေ့ ဝလ်အိက်ရားမ်
မှတ်ညဏ် အားကောင်းလာပေမည်။
မော်လာနာဟာဖိဇ် နူရ်မုဟမ္မဒ် ဆိုလိုင်မာနီ - သုံးဆယ်
ဟဒီးဆ်အတန်းပြဆရာ - ဂျာမေအဟ် အရ်ှရဖီယဟ်
ဟင်္သာတ

အစ္စလာမ်ဘာသာဝင် ညီနောင်အပေါင်းတို့ခင်ဗျ || Myanmar Bayan
အစ္စလာမ်ဘာသာဝင် ညီနောင်အပေါင်းတို့ခင်ဗျ
ာ
လက်ရှိကမ္ဘာပေါ်မှာ ကြုံတွေ့နေရတဲ့ အသက်ရှူ
လမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရက်စ်
(Covid -19) ကို ကူးစက်မြန်သော ကမ္ဘာလုံးဆိုင်ရာ
ကပ်ရောဂါတစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း
(WHO) က ကြေညာထားပြီးဖြစ်ပါသည်။
ယခုအခါ အဆိုပါရောဂါမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၀
ကျော်သို့ ပြန့်နှံ့နေပြီး သက်ဆိုင်ရာနိုင်ငံအသီးသီး
ကလည်း ရောဂါထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို
အရေးပေါ်စီမံ ဆောင်ရွက်လျက်ရှိသည့်တိုင် လူအများအပြား သေကြေပျက်စီးနေသည်ကို ဝမ်းနည်းစွာ တွေ့ရှိနေရပါသည်။
ကျွန်ုပ်တို့နိုင်ငံတွင် နိုင်ငံတော်အဆင့် သတင်းထုတ်
ပြန်ချက်များအရ အလ္လာဟ့်အလိုတော်နှင့် ယခုအချိန်
အထိ အဆိုပါရောဂါကူးစက်ခံထားရသည့် လူနာ
တစ်ဦးမျှ မတွေ့ရှိသေးပါ။
ထို့ပြင် နိုင်ငံအတွင်းသို့ ကူးစက်မလာနိုင်အောင်လည်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် အမျိုးသား
အဆင့် ဗဟိုကော်မတီတစ်ရပ် ဖွဲ့စည်းပြီး သက်ဆိုင်ရာ
အစိုးရာဌာနများက အပူတပြင်းထိန်းချုပ်ကုသဆာင်ရွက်
မှုများ ပြုလုပ်လျက်ရှိကြာင်းလည်း သိရှိရပါသည်။
ကျွန်ုပ်တို့ အစ္စလာမ်ဘာသာဝင်များအနေဖြင့် အဆိုပါ
ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး
ဌာနက ပြုလုပ်နေသည့် ကျန်းမာရေးဆိုင်ရာ အသိပေး
နှိုးဆော်မှုများကို ကြပ်ကြပ်မတ်မတ် လိုက်နာ
ဆောင်ရွက်ကြရပါမည်။
ထိုကဲ့သို့နှိုးဆော်ချက်များကို လိုက်နာကျင့်သုံးခြင်း
ဟာလည်း အလ္လာဟ်အရှင်မြတ် အပေါ်ယုံကြည်
အားကိုးခြင်းနှင့် ဆန့်ကျင်ဘက်မဟုတ်တဲ့အပြင်
ရှရီအသ်တရားတော်အရ လိုက်နာဖို့အရေးကြီးတဲ့
တာဝန်တွေလို့မှတ်ယူရမှာ ဖြစ်ပါသည်။
မိမိတို့၏ ပတ်ဝန်းကျင်နှင့် ဗလီဝတ်ကျောင်းတော်များ
တွင်လည်း တတ်သိပညာရှင်များနှင့် တိုင်ပင်ပြီး
စနစ်တကျဆောင်ရွက်ပေးကြရန် လိုအပ်ပါသည်။
ထို့အတူ လူအများ အထိတ်တလန့်ဖြစ်စေရန် မမှန်
သတင်းဖြန့်နေသည့် ကောလာဟလများကိုလည်း
နားမယောင်သင့်သလို ကိုယ်တိုင်လည်း ဖြန့်ချိ
မပေးသင့်ပါ။
နိုင်ငံတော်မှ နေ့စဉ်ထုတ်ပြန်ပေးနေသည့် တရားဝင်
သတင်းများကိုသာ ယုံကြည်လက်ခံကြရန် လိုအပ်
ပါသည်။
အစ္စလာမ်ဘာသာဝင်များအနေဖြင့် ယခုလိုအချိန်
ကာလမျိုးတွင် ရုပ်ပိုင်းဆိုင်ရာကာကွယ်ကုသမှုများကို
အထူးလိုက်နာကြရန် လိုအပ်သလို စိတ်ပိုင်းဆိုင်ရာ
နာမ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများနှင့် ကျင့်ကြံ
အားထုတ်မှုများကိုလည်း အာရုံပြုကြရန် အထူးတလည်
အရေးကြီးပါသည်။
ယခုကာလသည် အလ္လာဟ်အရှင်မြတ်သခင်၏
အမျက်တော်ရှနိုင်မည့် မည်သည့်ဂိုနာဟ်ကိစ္စကိုမဆို
ရှောင်ဖယ်နေရန် လွန်စွာအရေးကြီးသော ကာလ
ဖြစ်ပါသည်။
ကျွန်ုပ်တို့အနေဖြင့် လက်ရှိကျူးလွန်မိနေကြသော
ပြစ်မှုဒုစရိုက်များကို စွန့်လွှတ်ကြ၍ မိမိတို့၏ ဂိုနာဟ်
များကို အလ္လာဟ်အရှင်မြတ်သခင်ထံ သောင်ဗဟ်ပြု
အမှားဝန်ချ တောင်းခံကြကာ ယခင်ထက်ပို၍
အိဗာဒသ်ဆောက်တည်မှုများကို လုပ်ဆောင်ကြရန် အထူးတိုက်တွန်းလိုပါသည်။
ထိုနည်းတူစွာ ယခုဖြစ်ပွားနေသည့် ရောဂါဆိုးမှ
ကာကွယ်မှုရယူနိုင်ရန် တမန်တော်မြတ် (ဆွ)
ညွှန်ကြားထားသည့် ဒိုအာများကိုလည်း အချိန်ရတိုင်း
အထူးအာရုံပြု၍ မိမိအတွက်လည်းကောင်း မိမိ
ပတ်ဝန်းကျင်နှင့် တိုင်းသူပြည်သား ကမ္ဘာသူကမ္ဘာ
သားများအပါဝင် မိမိနိုင်ငံတော်အတွက်ပါ ဘေးဘယာ
အပေါင်းမှ ကင်းစင်ကြစေကြောင်း ဆုမွန်ဒိုအာ
တောင်းခံကြပါရန် အထူးတိုက်တွန်းနှိုးဆော်
အပ်ပါသည်။
အလ်ဟာဂ်ျ မော်လာနာ မွဖ်သီ အလီ ဆွာဟိဗ်
MM ရောင်နက်ဗလီ ရှေ့ဆောင်ဆရာကြီး ရန်ကုန်မြို့

Friday, March 13, 2020
Thursday, March 12, 2020
Wednesday, March 11, 2020
Tuesday, March 10, 2020
Monday, March 9, 2020
Sunday, March 8, 2020
Saturday, March 7, 2020
Friday, March 6, 2020
Thursday, March 5, 2020
Tuesday, March 3, 2020
Sunday, March 1, 2020
ဖခင် တာဝန်ခံရမယ် || Myanmar Bayan
ဖခင် တာဝန်ခံရမယ်
⚡⚡⚡⚡⚡⚡⚡
တမန်တော်မြတ်(ဆွ)မိန့်တော်မူတယ်။
အကြင်သူမှာ သားသမီး ထွန်းကားလာတဲ့အခါ
နာမည်ကောင်း မှည့်ခေါ်ပေးပါ
ယဉ်ကျေးလိမ္မာအောင် သွန်သင်ဆုံးမ ပါ
အချိန်တန်အရွယ်ရောက်သည့်အခါ အိမ်ထောင်ပြုပေးပါ
အချိန်တန် အရွယ်ရောက် သော်လည်း အိမ်ထောင်မပြုပေးပဲထားပြီး အကယ်၍ အပြစ်ဂိုနာဟ်တစုံတရာ ကျူးလွန်မိပါက ဖခင်အပေါ် အပြစ်ကျရောက်ပေမည်။
မိရ်ှကားသ်ကျမ်း
ဟဇရသ်ထာနဝီဆပ် (ရဟေ့)မိန့်တယ်
အထက်ပါ ဟဒီးစ်တော်မှာ အပြစ်ကျူးလွန်မိရင်လို့ ပြောတာဟာ ဇေနာ လုပ်မိတာ အပြင်ကို မျက်လုံး နဲ့ ကြည့်ပြီး
နားနဲ့ နားထောင်ပြီး
ပါးစပ်နဲ့ ပြောပြီး
နှလုံးသားနဲ့ စဉ်းစားပြီး မိုက်မှားတာမှန်သမျှရဲ့ အပြစ်ကို အုပ်ထိန်းသူ ဖခင်လည်း ခံရမယ် လို့ ဆိုလိုတာ ဖြစ်တယ်။
အစ္စလာမီရှာဒီကျမ်း
စာ ၅၅
ဆရာ စည် သူ အောင်
🌴ဇင်မင်းထိုက် မျှဝေသည်🌴

ဇနီးနဲ့ စကားစမည် ပြောပါ || Myanmar Bayan
ဇနီးနဲ့ စကားစမည် ပြောပါ
💗💗💗💗💗💗💗💗💗
(သသ်ွယီးဗေကလ်ဗ်) အီမာန်ရှင် ကို ပျော်ရွှင်အောင် လုပ်ခြင်းဟာ အေဗာဒသ် (အသျှင့်အမိန့်နာခံခြင်း)တမျိုး ဖြစ်တယ်။
ဒါ့ကြောင့် မိတ်ဆွေများနဲ့ စကားပြောခြင်းသည်လည်း အေဗာဒသ် ဖြစ်တယ်။
ဇနီးမယား ထက် ပိုပြီး နီးကပ်တဲ့ မိတ်ဆွေဆိုတာ မရှိဘူး
ဒါ့ကြောင့် မိမိဇနီးနဲ့ အချိန် ပေးပြီး စကားပြောပါ။
အစ္စလာမီးရှာဒီကျမ်း
စာ ၃၉၉
ဆင့်ပြန်ချက်များမှာ လာရှိတယ်
ကိုယ်တော်မြတ်(ဆွ)ဟာ အိမ်ပြန်ရောက်တဲ့အခါ အချိန်ကို ၃ပုံ ပုံပြီး
၁ပုံမှာ မိသားစုနဲ့ အချိန်ပေးတယ်
နောက် ၁ပုံမှာ အနားယူတယ်
နောက်ဆုံး ၁ပုံမှာ အလ္လာအသျှင်မြတ်ရဲ့ အေဗာဒသ် လုပ်တော်မူတယ်။
ဆရာစည် သူ အောင်
🌹ဇင်မင်းထိုက် မျှဝေသည်🌹

မေ့အ်ရားဂ်ျခရီးစဉ် အပိုင်း ၅ || Myanmar Bayan
မေ့အ်ရားဂ်ျခရီးစဉ် အပိုင်း ၅
****************
မြတ်ရစူလ် (ဆွ)သည် ဗိုင်သွတ်လ်မိုကဒ်ဒတ်စ်တွင် နမားဇ် ဝတ်ပြု ပြီးနောက် ဗလီအပြင်သို့ ထွက်လာတဲ့အခါ ဟဇရသ်ဂျစ်ဗရအီးလ်(အ)က အရက် ခွက်ရယ် ပျားရည်ခွက်ရယ် နို့ခွက်ရယ် ယူဆောင်လာပြီး ဆက်သတယ်
ကိုယ်တော်မြတ်(ဆွ)က နို့ခွက်ကိုပဲ ရွေးချယ်တော်မူလိုက်တယ်
အဲဒီအခါမှာ ဟဇရသ်ဂျစ်ဗရအီးလ် (အ)က လျှောက်ထားတယ်:ကိုယ်တော်ဟာ ဖစ်သ်ရသ် ဓမ္မတာ တရား(လူသားများကို အလ္လာအသျှင်မြတ် ဖန်ဆင်းထားသော ဗီဇသဘာဝနဲ့ တထပ်တည်းကျသော တရားတော်)ကို ရွေးချယ်လိုက်ခြင်းပဲ ဖြစ်တယ်။လို့ လျှောက်ထားခဲ့တယ်။
မွတ်စ်လင်မ်ကျမ်း
အဟ်မဒ်ကျမ်း
ဟဇရသ်မော်လာနာအရ်ှရဖ်အလီထာနဝီဆပ်(ရဟေ့)မိန့်တယ်
အရက်ခွက်ဟာ ပျော်ပါးခြင်းရဲ့ သဘောကို ဆောင်တယ်
ပျားရည်ခွက်ဟာ ဇိမ်ခံခြင်းရဲ့ သဘောကို ဆောင်တယ်
နို့ကတော့ လူသားရဲ့ အဟာရ ဖြစ်သလို ရေငတ်ခြင်းရော ဗိုက်ဆာခြင်းကိုပါ ပြေပျောက်စေတဲ့အတွက် နို့ခွက်ဟာ လူသားနဲ့သင့်မြတ်ပြီး အကျိုးပေးတဲ့ သဘောကို ဆောင်ပါတယ်
ထို့နောက် ကောင်းကင်ခရီး စတင်ခဲ့တယ်
လှေခါး တခု ယူဆောင်လာကြပြီး ကိုယ်တော်မြတ်(ဆွ)ကို ဂျစ်ဗ်ရအီးလ်(အ)က ကောင်းကင်ပေါ်သို့ တက်ရန် လျှောက်ထားလေရာ ကိုယ်တော်မြတ်(ဆွ)ဟာ အဆိုပါလှေခါးနဲ့ တက်လှမ်းသွားတော်မူခဲ့ရင်း မိုး ကောင်းကင်တံခါးဝအထိ ရောက်ရှိခဲ့တယ်
အိဗ်နေအစ်ဟားက်
ထိုလှေခါးကို ဂျန္နသွတ်လ်ဖစ်ရ်ဒေါင်းစ် မှ ယူလာခြင်း ဖြစ်ပြီး လှေကားရဲ့ တဖက်တချက်စီမှာ ဖရစ်ရ်ှသာများ ဝန်းရံထားကြတယ်
ရှရဖေ မွတ်စ်သွဖာကျမ်း
ကအဗ်(ရသွေ့)ရဲ့ ဆင့်ပြန်ချက်မှာ လာရှိတယ်
ထိုလှေခါးရဲ့ လှေခါထစ်များဟာ ရွှေနဲ့ တထစ် ငွေတထစ် ဖြစ်တယ်
မိုးကောင်းကင် ပထမထပ်ကို ရောက်တဲ့အခါမှာ ဂျစ်ဗ်ရအီးလ် (အ)က တံခါး ဖွင့်ဖို့ ပြောတယ်
(တံခါးစောင့် တာဝန်ကျတဲ့)ဖရစ်ရ်ှသာက ဘယ်သူလဲ လို့ မေးတော့ ဂျစ်ဗ်ရအီးလ် ပါ လို့ ဖြေတယ်
ဘယ်သူပါလဲ မေးတော့ မိုဟမ္မဒ် ပါတယ် လို့ ဖြေတယ်
ဖိတ်ခေါ်ခြင်းခံရတာလား လို့ မေးတော့ ဟုတ်ပါတယ် လို့ ဖြေတယ်
ဗိုခါရီကျမ်း
ထိုတံခါးရဲ့ အမည်မှာ ဗာဗွတ်လ်ဟဖဇွဟ် ဖြစ်ပြီး တာဝန်ကျ ဖရစ်ရ်ှသာ ရဲ့ အမည်မှာ အစ်မာအီးလ် ဖြစ်တယ် ထိုဖရစ်ရ်ှသာကြီးရဲ့ လက်အောက်မှာ ဖရစ်ရ်ှသာပေါင်း ၁၂၀၀၀ရှိတယ်။
ဗိုင်ဟကီကျမ်း
ထိုအခါ ဖရစ်ရ်ှသာ များက အလွန်ကောင်းမြတ်သော လာခြင်း ဖြစ်ပါသည်ဟု ပြောပြီး တံခါး ဖွင့်ပေးလိုက်ကြတယ်
ကိုယ်တော်မြတ်(ဆွ)က အမိန့်ရှိတယ်
ကျွန်ုပ် ရောက်သွားသည့်အခါ ဟဇရသ်အာဒမ်(အ)ရှိနေတယ်
ဂျစ်ဗ်ရအီးလ် (အ)က ဒီပုဂ္ဂိုလ်ဟာ ကိုယ်တော့်ရဲ့ ဖခင်ကြီး ဖြစ်ပါတယ် စလမ်ဆက်သပါလို့ ပြောတဲ့အခါ ကိုယ်တော်မြတ်(ဆွ)က ဆက်သလိုက်တယ်
ဟဇရသ်အာဒမ် (အ)စလာမ် ယူတော်မူပြီး မွန်မြတ်လှသော သားတော် မွန်မြတ်လှသော နဗီကြီးကို ကြိုဆိုပါတယ် လို့ ပြောခဲ့တယ်။
ဗိုခါရီကျမ်း
အာဒမ်(အ)ရဲ့ ညာဖက်မှာ ပုံသဏ္ဏန်အချို့ကို တွေ့ရပြီး ဘယ်ဖက်မှာလည်း ပုံသဏ္ဏန်အချို့ကို တွေ့ရတယ်
သခင်ဟာ မိမိညာဖက်ကို ကြည့်ကာ ပြုံးရယ်တော်မူပြီး ဘယ်ဖက်ကို ကြည့်ကာ ငိုကြွေးတော်မူတယ်
ဂျစ်ဗ်ရအီးလ် (အ)က ပြောပြတယ်
ညာဖက်မှာ သခင့်ရဲ့ သားမြေးများအနက်မှ ဂျန္နသီများရဲ့ ဝိညာဉ်များ ဖြစ်ပြီး ဘယ်ဖက်မှာ ဂျဟန္နမီများရဲ့ ဝိဉာဉ်များ ဖြစ်ကြတယ်
ဒါ့ကြောင့် သခင်ဟာ ညာဖက်ကို ကြည့်ကာ ပြုံးရယ်တော်မူပြီး ဘယ်ဖက်ကို ကြည့်ကာ ငိုကြွေးနေခြင်း ဖြစ်တယ်။
ဗိုခါရီကျမ်း
ဟကီမွတ်လ်အွမ္မသ် ဟဇရသ်ထာနဝီဆပ် ရေးသားပြုစုအပ်သော နရ်ှရွတ်သ်သွီးဗ်ကျမ်းမှ ကောက်နှုတ်တင်ပြသည်
ဆက်လက်တင်ပြပါမယ်

Subscribe to:
Posts (Atom)