Sunday, March 22, 2020

မေ့အ်ရားဂ်ျညမှာ အေဗာဒသ်လုပ်ခြင်းဟာ ကောင်းတာ လုပ်တာပဲ သူများပစ္စည်း ခိုးတာ၊မကောင်းတာ လုပ်တာမှ မဟုတ်တာ 

မေ့အ်ရားဂ်ျညမှာ အေဗာဒသ်လုပ်ခြင်းဟာ ကောင်းတာ လုပ်တာပဲ သူများပစ္စည်း ခိုးတာ၊မကောင်းတာ လုပ်တာမှ မဟုတ်တာ ဘာလို့ မပိုင်ရမှာလဲ?? အဖြေကတော့; မြတ်နဗီ(ဆွ) မေ့အ်ရားဂ်ျ ကြွမြန်းသွားတဲ့ ညဟာ အလွန်ကြီးကျယ်တဲ့ ည၊အလွန် မြင့်မားလှတဲ့ ည ဖြစ်တယ် မြတ်နဗီ(ဆွ)ကို မေ့အ်ရာဂ်ျညမှာ အလ္လာအသျှင်မြတ်ဟာ ဂုဏ်ပြု ချီးမြှင့်မှုတွေ၊အသိပေးပြသမှုတွေ များစွာ ပြုတော်မူခဲ့သလို အွမ္မသ်အတွက်လည်း ဆုလဒ်များ ချီးမြှင့်တော်မူခဲ့ပါတယ်။ အမှန်တကယ် မေ့အ်ရားဂ်ျညဟာ ကမ္ဘာ့သမိုင်းရဲ့ အထင်ကရ ညတည ဖြစ်တယ် ဒါပေမဲ့ ကျနော်တို့ရဲ့ သာသနာက ကျနော်တို့ကို အစွန်းနှစ်ဖက်ကနေ ရှောင်ဖို့ သတိပေးထားတယ်။ အရာတိုင်းကို သာသနာက မိန့်ထားသလိုပဲ ကျင့်သုံးရမယ် မိမိဖက်ကနေ တစုံတရာ တိုးခြင်း လျှော့ခြင်း လုပ်ခွင့်မရှိဘူး အရာတိုင်းကို သူ့အဆင့်မှာ သူ့ကို ထားပါ ရှေ့ကို ထပ်ပြီး မတိုးပါနဲ့ မေ့အ်ရားဂ်ျည နဲ့ ပါတ်သတ်ပြီးတော့ လူအများထံမှာ ရဂျဗ်လ ၂၇ရက်ည ဟာ မေ့အ်ရားဂ်ျည ဖြစ်တယ်လို့ ကျော်ကြားတယ်။ မေ့အ်ရားဂ်ျညဟာ ကဒရ်ညလိုပဲ ထူးမြတ်တယ် ကဒရ်ညမှာ အေဗာဒသ်လုပ်ရင် ရမဲ့ စဝါးဗ်မျိုး မေ့အ်ရားဂ်ျညမှာ အေဗာဒသ်လုပ်ရင်လည်း ရတယ်။ တချို့ဆိုရင် မေ့အ်ရာဂ်ျည အတွက် သီးသန့်အမလ်တွေပါ ဖော်ပြကျင့်သုံးကြတယ် နမားဇ် ဘယ်နှစ်ရကအသ် ဖတ်ရမယ် ဘယ်ရကအသ်မှာ ဘာစူရဟ်ဖတ်ရမယ် ဆိုပြီး ဖော်ပြကြတယ် ကျင့်သုံးကြတယ်။ ဒါတွေ မှန်သလား မှားသလား မေ့အ်ရားဂ်ျည နဲ့ ပါတ်သတ်ပြီး သာသနာက ဘယ်လို ညွှန်ကြားထားလဲ ကြည့်ရအောင် ပထမ အချက်အနေနဲ့ မေ့အ်ရာဂ်ျညဟာ ရဂျဗ်လ ၂၇ရက်ည ဖြစ်တယ် ဒီညမှာပဲ ကိုယ်တော်မြတ်(ဆွ)မေ့အ်ရားဂ်ျကို ကြွမြန်းသွားခဲ့တယ် လို့ အတိအကျ မပြောနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ မေ့အ်ရားဂ်ျညဟာ ဘယ်ညလဲဆိုတာ ဆင့်ပြန်ချက်အမျိုးမျိုး လာရှိထားတယ်။ အချို့ ဆင့်ပြန်ချက်များအရ ရဗီအွတ်လ်အောင်ဝလ်လ လို့သိရပြီး အချို့ ဆင့်ပြန်ချက်များမှာတော့ ရဂျဗ်လ လို့ လာရှိတယ်။အခြားလ တွေလို့ ဆင့်ပြန်ထားတာတွေလည်း ရှိတယ်။ ဒါ့ကြောင့် ညတညကို အတိအကျ သတ်မှတ်ပြီး ဒီညဟာ မေ့အ်ရာဂ်ျည ဖြစ်တာ ရာနှုန်းပြည့် သေချာတယ်။လို့ မပြောနိုင်ဘူး။ ဒုတိယအချက်ကတော့ မေ့အ်ရားဂ်ျ ခရီးစဉ်ဟာ ကိုယ်တော်မြတ်(ဆွ)နဗူဝသ်ရပြီး ၅နှစ်အကြာ သက်တော် ၄၅နှစ်မှာ ကြွမြန်းသွားခဲ့တာ ဖြစ်တယိ။ မေ့အ်ရာဂ်ျ ခရီးစဉ်ပြီးတော့ ကိုယ်တော်မြတ်(ဆွ)ဟာ ၁၈နှစ်တိုင်တိုင် ဒွန္နယာလောကမှာ ရှိနေတော်မူခဲ့တယ် ဒီ၁၈နှစ် အတောအတွင်းထဲမှာ ထူးခြားတဲ့ အမိန့်တစုံတရာပေးခြင်း၊စုဝေးဆင်နွှဲရန် မိန့်ကြားခြင်းမရှိသလို ကဒရ်ညကဲ့သို့ နိုးကြားပြီး အေဗာဒသ်လုပ်ရင် စဝါးဗ်ကုသိုလ် ပိုရမယ်လို့ မှာကြားခြင်းလည်း မရှိပေ။ ကိုယ်တော်မြတ်(ဆွ)ကိုယ်တိုင်လည်း မေ့အ်ရားဂ်ျညဖြစ်လို့ဆိုပြီး အထူးတလည် နိုးကြားခဲ့ခြင်း မရှိခဲ့ဘူး။ဆွဟာဗာများကို ညွှန်ကြားခဲ့ခြင်းလည်း မရှိသလို ဆွဟာဗာများက မေ့အ်ရားဂ်ျည ဖြစ်လို့ဆိုပြီး အထူးတလည် နိုးကြားခဲ့ခြင်းလည်း မရှိဘူး။ ဒါ့ကြောင့် ရဂျဗ်လ ၂၇ရက်ညကို အခြား ညတွေထက် ဒီညမှာ အေဗာဒသ် လုပ်ရင် စဝါးဗ်ပိုရမယ် စွန္နသ် ဖြစ်တယ် လို့ မှတ်ယူပြီး အေဗာဒသ်လုပ်ခြင်း မပိုင်ဘူး။ဗေဒ်အသ်ဆိုတာ ဒါမျိုးကို ပြောတာပါ။ မှန်တယ် ဘယ်ညမဆို ရဂျဗ်ည ၂၇ရက်ည ပဲ ဖြစ်ဖြစ် အခြားညပဲ ဖြစ်ဖြစ် အေဗာဒသ်လုပ်မယ် နမားဇ် ဖတ်မယ် ကုရ်အာန် ဖတ်မယ် ဇစ်က်ရ်လုပ်မယ် ဒိုအာလုပ်မယ် စဝါးဗ်ကုသိုလ်တွေ ရမှာပဲ သို့သော် ရဂျဗ်လ ၂၇ရက်ညမှာ တခြားညတွေထက် စဝါးဗ်ပိုရမယ် သာသနာက ဒီညမှာ တခြားညများထက် ထူးထူးခြားခြား အေဗာဒသ် များများ ပိုပြီး လုပ်ခိုင်းထားတယ် လို့ မှတ်ယူပြီး လုပ်ရင် မပိုင်ဘူး။ ဗေဒ်အသ် ဖြစ်တယ်။ ဒီလိုပဲ ရဂျဗ်လ ၂၇ရက်နေ့ ရိုဇာထားဖို့နဲ့ ပညတ်သတ်ပြီးတော့လဲ ခိုင်လုံမှန်ကန်တဲ့ ဟဒီးစ် လာရှိထားခြင်း မရှိဘူး။ဒါ့ကြောင့် စွန္နသ်အဖြစ် မှတ်ယူပြီး သာသနာက တခြားနေ့တွေထက် ဒီနေ့ရဲ့ ရိုဇာကို ပိုပြီး အလေးပေးထားတယ် လို့ ယူဆပြီး ရိုဇာ မထားရပါဘူး။ မှန်တယ် လူတယောက်က ပုံမှန် နဖစ်လ်ရိုဇာ ထားနေကျ ဖြစ်တယိ သူထားနေကျရက်နဲ့ တိုက်ဆိုင်သွားလို့ ရဂျဗ်လ ၂၇ရက်နေ့မှာ ရိုဇာထားမယ် ဆိုရင် ပြသနာ မရှိဘူး ထားလို့ရပါတယ်။ ပြောချင်တာက ဒီးန် သာသနာဆိုတာ အလ္လာ့အမိန့်ကို တမန်တော်ရဲ့ နည်းစနစ်အတိုင်း ကျင့်သုံးခြင်းကို ခေါ်ပါတယ် ကျနော်တို့မှာ အမလ်တခုခုကို စဝါးဗ် ပိုရတယ်၊ ပိုပြီး ထွဋ်မြတ်တယ်၊ ဒီနေ့ ဒီရက် လုပ်ရမယ် ဆိုပြီး သာသနာ့အထောက်အထား မရှိပဲ သတ်မှတ် ကျင့်သုံးပိုင်ခွင့် မရှိဘူး။ မိမိ ကောင်းတယ် ထင်တာကို လုပ်ခြင်း၊ မိရိုးဖလာ လုပ်ခဲ့တာ မှန်သမျှကို သာသနာ့အထောက်အထားတွေကို မကြည့်ပဲ မျက်စိမှိတ် လုပ်နေခြင်းဟာ သာသနာမဟုတ်ဘူး။ဝါသနာပဲ ဖြစ်သွားပါလိမ့်မယ်။ အလ္လာအသျှင်မြတ် ကျွန်ုပ်တို့အားလုံးကို နားလည်သဘောပေါက်ပြီး ကျင့်သုံးနိုင်စွမ်း ချီးမြှင့်တော်မူပါစေ အာမီးန် ရှိူင်ခွတ်လ်အစ္စလာမ် မွဖ်သီသကီးဆပ်(ဒါမသ်ဗရကားသုဟုမ်)၏ မိန့်ကြားချက်များကို မှီငြမ်းတင်ပြသည်။ စည် သူ အောင်

No comments:

Post a Comment