ဖခင် တာဝန်ခံရမယ်
⚡⚡⚡⚡⚡⚡⚡
တမန်တော်မြတ်(ဆွ)မိန့်တော်မူတယ်။
အကြင်သူမှာ သားသမီး ထွန်းကားလာတဲ့အခါ
နာမည်ကောင်း မှည့်ခေါ်ပေးပါ
ယဉ်ကျေးလိမ္မာအောင် သွန်သင်ဆုံးမ ပါ
အချိန်တန်အရွယ်ရောက်သည့်အခါ အိမ်ထောင်ပြုပေးပါ
အချိန်တန် အရွယ်ရောက် သော်လည်း အိမ်ထောင်မပြုပေးပဲထားပြီး အကယ်၍ အပြစ်ဂိုနာဟ်တစုံတရာ ကျူးလွန်မိပါက ဖခင်အပေါ် အပြစ်ကျရောက်ပေမည်။
မိရ်ှကားသ်ကျမ်း
ဟဇရသ်ထာနဝီဆပ် (ရဟေ့)မိန့်တယ်
အထက်ပါ ဟဒီးစ်တော်မှာ အပြစ်ကျူးလွန်မိရင်လို့ ပြောတာဟာ ဇေနာ လုပ်မိတာ အပြင်ကို မျက်လုံး နဲ့ ကြည့်ပြီး
နားနဲ့ နားထောင်ပြီး
ပါးစပ်နဲ့ ပြောပြီး
နှလုံးသားနဲ့ စဉ်းစားပြီး မိုက်မှားတာမှန်သမျှရဲ့ အပြစ်ကို အုပ်ထိန်းသူ ဖခင်လည်း ခံရမယ် လို့ ဆိုလိုတာ ဖြစ်တယ်။
အစ္စလာမီရှာဒီကျမ်း
စာ ၅၅
ဆရာ စည် သူ အောင်
🌴ဇင်မင်းထိုက် မျှဝေသည်🌴
No comments:
Post a Comment